Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 15, 2016

တန်ဖိုးကို မဖော်ပြရင်

တန်ဖိုးကို မဖော်ပြရင်
***********************
ရေးသူ-ထက်ကျော်

တန်ဖိုးကိုမဖော်ပြရင် အဲဒီပစ္စည်းဟာပိုပြီးတန်ဖိုးရှိသွားမလားလို့တွေးမိတယ်။ ပစ္စည်းတစ်ခုရဲ့တန်ဖိုးဟာ သတ်မှတ်ထားတဲ့ဂဏန်း အရေအတွက်ပေါ်မှာ တည်နေတတ်တယ်။ ဥပမာ- အခေါက်ရွှေ တစ်ကျပ်သားကို ရှစ်သိန်းပဲ ဆိုပါတော့၊ ရှစ်သိန်းဆိုတဲ့တန်ဖိုးသတ်မှတ်ချက်ဘောင်ထဲကနေ အဲဒီပစ္စည်း ကိုရောင်းဝယ်ရတော့မယ်။ ရှစ်သိန်းထက်လျော့ရင်လည်းအနည်းအကျဉ်း၊ ပိုရင် လည်းအနည်းအကျဉ်းပဲဖြစ်လိမ့်မယ်။အကျိုးအကြောင်း အမျိုးမျိုးကြောင့် အဲဒီပစ္စည်းဟာ အတက်ကြမ်းခြင်း၊အကျကြမ်းခြင်းတို့ကြောင့် တန်ဖိုးသတ် မှတ်မှုကွာခြားတာရှိကောင်းရှိနိုင်ပေမဲ့သူ့ရဲ့တန်ဖိုးကိုစံတစ်ခုနဲ့သတ်မှတ်ပြီးဖြစ်နေလေတော့အဲဒီမာဂျင်အနီးအနားတစ်ဝိုက်မှာပဲတန်ဖိုးဟာရှိနေတတ်ပါတယ်။
အဲဒီသဘောတရားကိုသိနားလည်ပြီး ပစ္စည်းရဲ့တန်ဖိုးကိုကိုယ်ကြိုက်နှစ်သက် သလိုကစားလို့ရနိုင်ဖို့ အတွက်ဆိုရင်အဲဒီပစ္စည်းရဲ့တန်ဖိုးကိုမဖော်ပြဘဲထား တာကကိုယ်ဖြစ်စေချင်တဲ့ဈေးနှုန်းနဲ့အနီးဆုံးဖြစ်လာတတ်တယ်။အဲဒါကိုရှားပါးတဲ့ပစ္စည်းထုတ်လုပ်ယူဖို့ခက်ခဲတဲ့ပစ္စည်းတွေကိုစမ်းသပ်ပုံဖော်ကြည့်ကြတယ်။အချိန်ကာလတစ်ခုလည်းလိုအပ်ပါသည်။ဒီလိုလုပ်ကြည့်ခြင်းအားဖြင့်ရှားပါးတဲ့ပစ္စည်းရဲ့တန်ဖိုးသတ်မှတ်မှုကိုထိန်းချုပ်နိုင်လိမ့်မယ် လို့လည်း ယုံကြည်ကြတယ်။

စိန်ဆိုတာရှားပါးပြီးတန်ဖိုးရှိတဲ့ပစ္စည်းအဖြစ် ကမ္ဘာ့လူသားတွေက သတ်မှတ် ကြတယ်။ သူ့ရဲ့တန်ဖိုးဟာ ရှားပါးမှုအပေါ်မှာမူတည်တယ်လို့ပြောရင်ရတယ်။ စိန်ရဲ့တန်ဖိုးကိုထပ်ဆင့်တိုးမြှင့်နိုင်ဖို့အတွက် ပိုမိုရှားပါးလာမှုနဲ့ တန်ဖိုးဖြတ်ရ ခက်ခဲမှုတွေပေါ်ပေါက်လာမယ်ဆိုရင်ဈေးနှုန်းသတ်မှတ်ချက်အသေအချာကိုပဲဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ စိန်ဆိုတာမြေအောက်ကီလိုမီတာ ၁၅၀အောက်မှာ သဘာဝအတိုင်းဖိအားနဲ့အပူတို့ကြောင့်ဖြစ်ပေါ်လာတဲ့ ကာဗွန်ပဲဖြစ်ပါတယ်။ အဲဒီရှားပါးတဲ့ကာဗွန်ကို လူတွေကတန်ဖိုး သတ်မှတ်ပြီးရောင်းကြ၀ယ်ကြတာ

စိန်ကို လူတွေခုံမင်တဲ့ပစ္စည်းဖြစ်လာတာဟာ ဘယ်လိုအကျိုးအကြောင်းကြောင့် ဆိုတာမသိရပေမဲ့ ပိုမိုတန်ဖိုးတက်လာအောင်ကြိုးစားနေတာကိုတော့တွေ့ရ တယ်။မူလရှိပြီးဖြစ်တဲ့တန်ဖိုးထက်ပိုပိုပြီးတန်ဖိုးတက် စေဖို့အတွက်လုပ်ကိုင်နေတဲ့နည်းတစ်ခုကိုဒီလိုတွေ့ရတယ်။ဘယ်လောက်အောင်မြင်မှုရမယ်ဆိုတာကိုမသိနိုင်သလိုဘယ်တော့လောက်နှစ်ကာလတွေမှာအောင်မြင်လိမ့်မယ်လို့လည်းမသိပါဘူး။ဒါပေမဲ့လေ့လာစရာကိစ္စ အဖြစ်ရှိတာ မို့ လေ့လာတင်ပြလိုက်ပါတယ်။

‘A Diamond is Forever’ဆိုတဲ့ စကားတစ်ခုရှိတယ်။ အဲဒီဆောင်ပုဒ်နဲ့ စကား လုံးကိုပဲသုံးပြီး စိန်တွေ၊ စိန်ထည်ပစ္စည်းတွေကို ကြော်ငြာတဲ့ကုမ္ပဏီတစ်ခုရှိ တယ်။ ထူးခြားတာက အဲဒီကုမ္ပဏီ ဟာ အဲဒီစိန်တွေနဲ့ စိန်ထည်ပစ္စည်းတွေ ကိုကြေငြာတာမှန်ပေမဲ့ကုမ္ပဏီရဲ့နာမည်ကိုလျှို့ဝှက်ထားပါတယ်။စိတ်ဝင်စားတဲ့သူတွေဝယ်ယူချင်တဲ့သူတွေက အဲဒီကုမ္ပဏီရဲ့လိပ်စာကို မရအရရှာဖွေပြီး ဆက်သွယ်ဝယ်ယူရတယ်။

ဒီအတိုင်းပဲ ဘီယာတစ်မျိုးရှိတယ်။ အတော်နာမည်ကြီးတယ်။ သူက သူ့ဘီယာ ကိုကြော်ငြာရာမှာ ဘီယာကိုမကြော်ငြာဘဲ စိန်ကို အဓိကထားကြော်ငြာတာ ကိုတွေ့ရတယ်။ De Beerရဲ့ ကြော်ငြာမှာ သူ့ရဲ့ De Beer တံဆိပ်ကြော်ငြာ ထက် စိန်ကိုပဲအဓိကထားပြီး ကြော်ငြာတာကိုတွေ့ရတယ်။ အတော်ထူးဆန်း တယ်။ စိန်ဝယ်မယ့်လူတွေကဘီယာသောက်ရင်းစိန်ဝယ်မှာလား၊ စိန်ဝယ်ရင်း ဘီယာသောက်မှာလားတော့မသိတော့ပါဘူး။တကယ်တော့ De Beer ဟာပေါင်းစားတဲ့၊ပေးစားတဲ့ Kingfish Concept ငါးသလောက်ယူဆချက် မျိုးနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ်အဲဒီလိုတန်ဖိုးကိုမဖော်ပြဘဲကြော်ငြာတဲ့ကြော်ငြာနည်းမျိုးဟာစိန်ရဲ့တန်ဖိုးကိုမဖြတ်နိုင် အောင်လုပ်ထားတာပါ။ရှားပါးတဲ့စိန်တွေကိုချုပ်ကိုင်ထားတဲ့စိန်ကုမ္ပဏီကြီးတွေထဲမှာကုမ္ပဏီကြီးတစ်ခုရှိတယ်။ မိုနိုပိုလီ(Monopoly)လို့ခေါ် တယ်။သူ့ကုမ္ပဏီဟာကမ္ဘာ့စိန်အထွက်ရဲ့၂၅ရာခိုင်နှုန်းကိုတောင်ချုပ်ကိုင်ထား တယ်။ သူကစိန်ကို မကြေညာဘူး။ရောင်းမယ်မပြောသလိုကြော်ငြာတော့ေ ကြာ်ငြာတယ်။တန်ဖိုးတွေကိုသတ်မှတ်မထားဘူး။

ပစ္စည်းကိုပြပြီးလူကိုမြူဆွယ်တဲ့သဘောနဲ့ပစ္စည်းဝယ်မယ့်လူကပေးနိုင်တဲ့ဈေးကိုဖွင့်ခိုင်းပြီးမှညှိနှိုင်းရောင်းချတဲ့သဘောရောက်အောင်ဆောင်ရွက်တာဖြစ်ပါတယ်။စိန်ရဲ့တန်ဖိုးလား၊ရောင်းတဲ့လူနဲ့ဝယ်တဲ့လူရဲ့တန်ဖိုးလား၊အချိန်ကာလရဲ့တန်ဖိုးလားတော့မသိတော့ပါဘူး။တန်ဖိုးမြင့်တဲ့စိန်တွေကိုMononpoly ကအဲဒီလို လုပ်ပြီးရောင်းနေတယ်ဆိုတာကို ကြားဖူးတယ်။
ဒါဟာစိန်သာမကတခြားရှားပါးပစ္စည်းတွေမှာလည်းဒီလိုပဲတွေ့ရတတ်တယ်။ ပစ္စည်းတစ်ခုရဲ့တန်ဖိုးဟာ ရောင်းသူ၊ ၀ယ်သူနဲ့အချိန်ကာလရဲ့တန်ဖိုး အရ ဖြစ်ပေါ်လာတတ်တယ်။ အဲဒီ အချိန်မှာ တက်တာရှိသလို ကျတာလည်း ရှိမှာသေချာပါတယ်။ ပစ္စည်းရဲ့တန်ဖိုးဟာ ခန့်မှန်းရခက်လိမ့်မယ်။ ကုန်ပစ္စည်း တစ်မျိုးကို ရှားပါးပြီးတန်ဖိုးရှိတဲ့ပစ္စည်းဖြစ်ချင်ရင် အချက်သုံးချက်ကိုအခြေ ခံရတယ်လို့ကြားဖူးတယ်။ နံပါတ် ၁ အချက်က ကုန်ပစ္စည်းထုတ်လုပ်ရာမှာ အရေးပါတဲ့သွင်းအားစုတစ်မျိုးမျိုးကိုအဲဒီလုပ်ငန်းက ပိုင်ဆိုင်ထားတာမျိုးဖြစ် ပါတယ်။

နံပါတ် ၂ ကတော့ အစိုးရက တစ်ဦးတည်းမူပိုင်လုပ် ပိုင်ခွင့်ပေးထားတာမျိုးနဲ့ နံပါတ် ၃ အနေနဲ့ကတော့ ကုန်ပစ္စည်းကိုထုတ်လုပ်တဲ့နေရာမှာ ထုတ်လုပ်သူ ဟာ ပြိုင်ဘက်ကင်းနည်းပညာ တွေရရှိထားတာပဲဖြစ်လိမ့်မယ်။ အဲဒီသုံးချက် နဲ့ပြည့်စုံရင်ပစ္စည်းကိုရှားအောင်လုပ်လို့ရတယ်။တန်ဖိုးမြင့်တက်အောင်လုပ်လို့ရတယ်။ဈေးကွက်ကိုချုပ်ကိုင်လို့ရတယ်။

'စိန်'နဲ့ပတ်သက်ရင်လည်းဒီလိုပါပဲ။အာဖရိကတိုက်မှာစိန်တွေအများကြီးထွက်တယ်လို့ကြားဖူးကြလိမ့်မယ်။ ဒါပေမဲ့ အဲဒီစိန်တွေကို ဘယ်လိုလူတွေက ချုပ်ကိုင် ထားသလဲ။ ဈေးကွက်မှာ ဘယ်သူတွေက ဘယ်လိုကစားကွက်တွေနဲ့ ကစားနေ ကြသလဲ ဆိုတာ လေ့လာကြည့်ရင်သိနိုင်ပါတယ်။ ပစ္စည်းတွေရှားလေ၊ တန်ဖိုး ရှိလေဆိုတာကလေးကစပြီးသိနေတဲ့ကိစ္စပဲလေ။ ဒီတော့တန်ဖိုးကိုမဖော်ပြ ဘဲရောင်းဝယ်နေတဲ့စိန်ဈေးကွက်ဟာ အလွန်ဆန်းတဲ့ ရိုးရိုးလေးဈေးကွက်ပဲဖြစ် လိမ့်မယ်။

တန်ဖိုးကိုမဖော်ပြရင် ပိုပြီးတန်ဖိုးရှိသွားလေမလားဆိုတဲ့အတွေးကြောင့် ရှားပါးတဲ့ပစ္စည်းတွေ ပိုမိုရှားပါးတန်ဖိုးရှိလာအောင် လုပ်တတ်ကြတဲ့ပညာ ကလည်း လေ့လာစရာပါပဲ။

#MyanmarB2BManagementMagazine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။