"ရခိုင်အရေးနဲ့ မြန်မာနိုင်ငံ ဂုဏ်သိက္ခာ"
ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့
ဒီအမျိုးသမီးကြီးက သူဆုံးဖြတ်ချက်ချပြီးရင်
ဘယ်တော့မှ ပြန်ပြင်တတ်တဲ့ လူစားမဟုတ်ဘူး
သူဆုံးဖြတ်ချက်တွေကလည်း အများအံ့အားသင့်
ရလောက်အောင် ထင်မှတ်မထားတာတွေချည်း
လုပ်ပြခဲ့တာ ဒီနေ့အထိပဲလေ ...
အေးမောင်တို့ စွေစောင်းတို့ ဆန္ဒပြ
ကန့်ကွက်တာလောက် မပြောနဲ့
စစ်အစိုးရက နေအိမ် အကျယ်ချုပ်နဲ့ ၁၅ နှစ်
ဖမ်းဆီးအကျပ်ကိုင်ခဲ့တာတောင် ပြည်သူတွေကို
စစ်ဖိနပ်အောက်က ကယ်တင်မယ့်
သူ့ဆုံးဖြတ်ချက်ကို ပြန်မပြင်ခဲ့ဘူး။
အာဇာနည်သွေးပီပီ သူ့ဆုံးဖြတ်ချက်တွေဟာ
ပြတ်သားတယ် ခေါင်းမာတယ် ထင်ရပေမယ့်
အားလုံးဟာ ပြည်သူ့အတွက် သူလုပ်ခဲ့တာတွေချည်းပဲ
သူ့အတွက် တစ်ခုမှမပါသလို
သူ့မိသားစုအတွက်လည်း တစ်ခုမှမပါဘူးဆိုတာ
အထူးပြောစရာ လိုမယ်မထင်ပါဘူး။
ဒီတော့ သူ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်နေလို့ ဘာမှ
မထူးခြားမှာကို သိနေမှတော့ ရခိုင်တွေ လုပ်ရမှာ
တနည်းပဲ ရှိတော့တယ်။ ရခိုင်ပြည်နယ် အတွက်
အကောင်းဆုံး အဖြေထွက်အောင်
နိုင်ငံတကာကို သမိုင်းအမှန် သိအောင်
အာနန်ကော်မရှင် နဲ့ ပူးပေါင်းလုပ်ဆောင်မှုကသာ
ရခိုင်ပြည်နယ်အတွက် အကောင်းဆုံး
ရွေးချယ်မှုဖြစ်မှာပါ။
ကိုယ့်ပြည်တွင်းရေးကို အခကြေးငွေမပါပဲ
ကိုယ့်တိုင်းပြည်ခေါင်းဆောင်ကို လေးစားကြည်ညို မှုကြောင့်
လာကူညီတဲ့သူကို မြန်မာနိုင်ငံက ရခိုင်လူမျိုးတွေ
ဧည့်ဝတ်ဘယ်လောက်ကျေလဲဆိုတာ ပြကြပါ
ကမ္ဘာအနှံ့က ကိုဖီအာနန်ရဲ့ ပထမဆုံး ခရီးကို
စိတ်ဝင်စားစွာ စောင့်ကြည့်နေပါတယ်။
ကိုဖီအာနန်ကို ဆန္ဒပြတဲ့ ပုံရိပ်ဟာ ကမ္ဘာ့အမြင်မှာ
ဒီတစ်ကြိမ်တော့ ကိုဖီအာနန်ကိုယ်တိုင် ရောက်လာလို့
မြန်မာတွေ ကြောက်ရွံ့နေကြပြီဆိုတာမျိုး
အမြင်မလွဲသွားပါစေနဲ့။
ဒါမျိုးဖြစ်ရင် တဖက်ကတော့ ကမ္ဘာပေါ်မှာ
မီဒီယာအားအကောင်းဆုံး လွှမ်းမိုးထားနိုင်ပြီး
ဖြစ်တာကြောင့် အကြိုက်တွေ့မှာ အသေအချာပါပဲ။
ရှင်းအောင် ထပ်ပြောရရင် ဘင်္ဂလီပြဿ နာဟာ
ရခိုင်အရေးတင်သာမက မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ပါ
တိုက်ရိုက်သက်ဆိုင်ပါတယ်ဗျာ ...
အေးမောင်စကား နားယောင်နေတဲ့ ရခိုင်အချို့ကြောင့်
ရခိုင်ပြည်နယ်ရော မြန်မာနိုင်ငံပါ ကမ္ဘာ့အလည်မှာ
သိက္ခာမကျပါစေနဲ့ ....
ZN.H@via..ဇင်ဇင်နိုင်
ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့
ဒီအမျိုးသမီးကြီးက သူဆုံးဖြတ်ချက်ချပြီးရင်
ဘယ်တော့မှ ပြန်ပြင်တတ်တဲ့ လူစားမဟုတ်ဘူး
သူဆုံးဖြတ်ချက်တွေကလည်း အများအံ့အားသင့်
ရလောက်အောင် ထင်မှတ်မထားတာတွေချည်း
လုပ်ပြခဲ့တာ ဒီနေ့အထိပဲလေ ...
အေးမောင်တို့ စွေစောင်းတို့ ဆန္ဒပြ
ကန့်ကွက်တာလောက် မပြောနဲ့
စစ်အစိုးရက နေအိမ် အကျယ်ချုပ်နဲ့ ၁၅ နှစ်
ဖမ်းဆီးအကျပ်ကိုင်ခဲ့တာတောင
စစ်ဖိနပ်အောက်က ကယ်တင်မယ့်
သူ့ဆုံးဖြတ်ချက်ကို ပြန်မပြင်ခဲ့ဘူး။
အာဇာနည်သွေးပီပီ သူ့ဆုံးဖြတ်ချက်တွေဟာ
ပြတ်သားတယ် ခေါင်းမာတယ် ထင်ရပေမယ့်
အားလုံးဟာ ပြည်သူ့အတွက် သူလုပ်ခဲ့တာတွေချည်းပဲ
သူ့အတွက် တစ်ခုမှမပါသလို
သူ့မိသားစုအတွက်လည်း တစ်ခုမှမပါဘူးဆိုတာ
အထူးပြောစရာ လိုမယ်မထင်ပါဘူး။
ဒီတော့ သူ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်နေလို့ ဘာမှ
မထူးခြားမှာကို သိနေမှတော့ ရခိုင်တွေ လုပ်ရမှာ
တနည်းပဲ ရှိတော့တယ်။ ရခိုင်ပြည်နယ် အတွက်
အကောင်းဆုံး အဖြေထွက်အောင်
နိုင်ငံတကာကို သမိုင်းအမှန် သိအောင်
အာနန်ကော်မရှင် နဲ့ ပူးပေါင်းလုပ်ဆောင်မှုကသာ
ရခိုင်ပြည်နယ်အတွက် အကောင်းဆုံး
ရွေးချယ်မှုဖြစ်မှာပါ။
ကိုယ့်ပြည်တွင်းရေးကို အခကြေးငွေမပါပဲ
ကိုယ့်တိုင်းပြည်ခေါင်းဆောင
လာကူညီတဲ့သူကို မြန်မာနိုင်ငံက ရခိုင်လူမျိုးတွေ
ဧည့်ဝတ်ဘယ်လောက်ကျေလဲဆိုတာ ပြကြပါ
ကမ္ဘာအနှံ့က ကိုဖီအာနန်ရဲ့ ပထမဆုံး ခရီးကို
စိတ်ဝင်စားစွာ စောင့်ကြည့်နေပါတယ်။
ကိုဖီအာနန်ကို ဆန္ဒပြတဲ့ ပုံရိပ်ဟာ ကမ္ဘာ့အမြင်မှာ
ဒီတစ်ကြိမ်တော့ ကိုဖီအာနန်ကိုယ်တိုင် ရောက်လာလို့
မြန်မာတွေ ကြောက်ရွံ့နေကြပြီဆိုတာမျို
အမြင်မလွဲသွားပါစေနဲ့။
ဒါမျိုးဖြစ်ရင် တဖက်ကတော့ ကမ္ဘာပေါ်မှာ
မီဒီယာအားအကောင်းဆုံး လွှမ်းမိုးထားနိုင်ပြီး
ဖြစ်တာကြောင့် အကြိုက်တွေ့မှာ အသေအချာပါပဲ။
ရှင်းအောင် ထပ်ပြောရရင် ဘင်္ဂလီပြဿ နာဟာ
ရခိုင်အရေးတင်သာမက မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ပါ
တိုက်ရိုက်သက်ဆိုင်ပါတယ်ဗျာ
အေးမောင်စကား နားယောင်နေတဲ့ ရခိုင်အချို့ကြောင့်
ရခိုင်ပြည်နယ်ရော မြန်မာနိုင်ငံပါ ကမ္ဘာ့အလည်မှာ
သိက္ခာမကျပါစေနဲ့ ....
ZN.H@via..ဇင်ဇင်နိုင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။