`#ရင်ဘတ်မိတ်ဆွေ´
.....................
ဆရာတော် အရှင်ဆန္ဒာဓိက မိန့်ခဲ့ဖူးတဲ့စကားထဲက အနှစ်သက်ဆုံးစကားလုံးက` #ရင်ဘတ်မိတ်ဆွေ ´ဆိုတဲ့ စကားလုံးလေးပါ။
လူတွေမှာ မိတ်ဆွေတွေ အများကြီးရှိနိုင်ပေမယ့် ရင်ဘတ် မိတ်ဆွေဆိုတာကတော့အနည်းငယ်သာ ရှိတတ်ပါတယ်တဲ့။
ရင်ဘတ်မိတ်ဆွေဆိုတာ သူ့အကြောင်းကိုယ့်အကြောင်း ယုံကြည်စိတ်ချစွာ ဖွင့်ဟတိုင်ပင်ရင်ဖွင့်လို့ ရသူ ၊ကွယ်ရာမှာအတင်းမတုတ်သူ။ကို ယ့်ပေါ် စေတနာကောင်းထားပြီး ကိုယ့်အကျိုးစီးပွားကို လိုလားသူ ၊ကိုယ့်အောင်မြင်မှုအတွက်ဝမ်းမြောက်ပေးပြီး ကိုယ့်ကျရှုံးမှုအတွက် စာနာဖေးမ အားပေးနိုင်သူမျိုးပေါ့။
ဘဝမှာ အပေါင်းအသင်းတွေများများရှိ ဖို့လိုအပ်ပေမယ့် ရင်ဘတ်မိတ်ဆွေကတော့ တစ်ယောက်လောက်ရှိရင် တော်တော် လုံလောက်နေပါပြီ။
ငယ်ငယ်တုန်းကတော့ ကိုယ့်ဇာတိရပ်ရွာမှာ ကိုယ့်ကျောင်းနေဖက် ငယ်သူငယ်ချင်းဆိုတာတွေနဲ့ ရင်ဘတ်မိတ်ဆွေဆိုတာ ပေါပေါများများရှိနေနိုင်ပေ မယ့် ကြီးပြင်းလာတာနဲ့အမျှ အလုပ်တွေအများကြီလုပ်လာတာနဲ့ အမျှ အပြိုင်အဆိုင်များတဲ့လောကကြီးမှာ ရင်ဘတ်မိတ်ဆွေဆိုတာ တဖြည်းဖြည်းရှားပါးလာပြီး နောက်ကျောကိုဓားနဲ့ထိုးတဲ့သူမျိုးသာ များများလာတတ်ပါတယ်။
ကိုယ်က သူများထက် ထူးချွန်အောင်မြင်လေ ရင်ဘတ်မိတ်ဆွေနည်းလာလေပါ။လူ့ လောက သဘာဝမှာ နိမ့်ပါးနေတဲ့သူတစ်ယောက်ကို သာ သနားလိုက်တာလို့ကရုဏာထားနို င်သူများလာပေမယ့် ကိုယ်နဲ့ပခုံးချင်းယှဉ်လာသူ ကိုယ့်အောက်ကနေကိုယ့်အထက်တက်သွားသူတွေအပေါ်မှာတော့ မုဒိတာထားနိုင်ခဲတာပါပဲ။
ဒါကြောင့် မုဒိတာဟာအခက်ဆုံးလို့ တရားတော်တွေမှာဟောကြားခဲ့တာ ပါ။အသက်အရွယ်လာတာနဲ့အမျှ လူ့စိတ်သဘာဝအမျိုးမျိုးကို နားလည်လာရတဲ့အခါ တရားကျစရာကိစ္စတွေကိုလည်း တွေ့မြင်ကြုံဖူးလာရတတ်ပါတယ် ။
ကိုယ့်ကို ပညာသားတွေနဲ့ဆက်ဆံသူလား၊ စိတ်ရင်းအမှန်နဲ့ဆက်ဆံသူလား ဆိုတာခွဲခြားတတ်လာပါတယ်။ကို ယ့်အပေါ် `ရှိသာခိုး...ငြိုးလျက်ပါပဲ ´ဆိုတာမျိုးသဘောထားသူလားဆို တာလည်းသိလာရတတ်ပါတယ်။
တစ်ခါတစ်ခါ ကိုယ့်ကို ညာနေတယ်ဆိုတာ သိပေမယ့် ..ပက်ခနဲတုန့်ပြန်ပြောပစ်လိုက်စရာ အကြောင်းအရာစကားလုံးလည်းရှိ ပေမယ့် အပြုံးမပျက်ငြိမ်နားထောင်နေ လိုက်ရတာမျိုးတွေလည်းရှိတတ် ပါတယ်။
သိခြင်းတွေများလာလေ ထိန်းချုပ်ရတာများလာလေ ရင်ဘတ်မိတ်ဆွေရှားလာလေပါ။မယုံကြည်ရသော လူများစွာက မယုံတတ်အောင် သင်ကြားပေးတဲ့အခါ ပေါင်းသင်းဆက်ဆံရေးမှာ ယုံကြည်မှုဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ သိမြင်လာရတတ်ပါတယ်။
အဲ့ဒီအခါမျိုးမှာ ဘာမှမသိ နားမလည်တဲ့ ငယ်ဘဝဆီက ရင်ဘတ်မိတ်ဆွေများရဲ့တန်ဖိုးကို သိမြင်လွမ်းဆွတ်လာရတတ်ပါတယ် ။
တကယ်တော့...
လူ့ဘဝရဲ့တန်ဖိုးအရှိဆုံးတွေ ထဲက တန်ဖိုး မဖြတ်နိုင်သော အရာတစ်ခုဟာ.....
ရင်ဘတ်မိတ်ဆွေပါ.....။
( ပုညခင်)
.....................
ဆရာတော် အရှင်ဆန္ဒာဓိက မိန့်ခဲ့ဖူးတဲ့စကားထဲက အနှစ်သက်ဆုံးစကားလုံးက` #ရင်ဘတ်မိတ်ဆွေ ´ဆိုတဲ့ စကားလုံးလေးပါ။
လူတွေမှာ မိတ်ဆွေတွေ အများကြီးရှိနိုင်ပေမယ့် ရင်ဘတ် မိတ်ဆွေဆိုတာကတော့အနည်းငယ်သ
ရင်ဘတ်မိတ်ဆွေဆိုတာ သူ့အကြောင်းကိုယ့်အကြောင်း ယုံကြည်စိတ်ချစွာ ဖွင့်ဟတိုင်ပင်ရင်ဖွင့်လို့
ဘဝမှာ အပေါင်းအသင်းတွေများများရှိ
ငယ်ငယ်တုန်းကတော့ ကိုယ့်ဇာတိရပ်ရွာမှာ ကိုယ့်ကျောင်းနေဖက် ငယ်သူငယ်ချင်းဆိုတာတွေနဲ့ ရင်ဘတ်မိတ်ဆွေဆိုတာ ပေါပေါများများရှိနေနိုင်ပေ
ကိုယ်က သူများထက် ထူးချွန်အောင်မြင်လေ ရင်ဘတ်မိတ်ဆွေနည်းလာလေပါ။လူ
ဒါကြောင့် မုဒိတာဟာအခက်ဆုံးလို့ တရားတော်တွေမှာဟောကြားခဲ့တာ
ကိုယ့်ကို ပညာသားတွေနဲ့ဆက်ဆံသူလား၊ စိတ်ရင်းအမှန်နဲ့ဆက်ဆံသူလား
တစ်ခါတစ်ခါ ကိုယ့်ကို ညာနေတယ်ဆိုတာ သိပေမယ့် ..ပက်ခနဲတုန့်ပြန်ပြောပစ်လိ
သိခြင်းတွေများလာလေ ထိန်းချုပ်ရတာများလာလေ ရင်ဘတ်မိတ်ဆွေရှားလာလေပါ။မယ
အဲ့ဒီအခါမျိုးမှာ ဘာမှမသိ နားမလည်တဲ့ ငယ်ဘဝဆီက ရင်ဘတ်မိတ်ဆွေများရဲ့တန်ဖို
တကယ်တော့...
လူ့ဘဝရဲ့တန်ဖိုးအရှိဆုံးတွေ
ရင်ဘတ်မိတ်ဆွေပါ.....။
( ပုညခင်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။