ဦးသိန်းစိန်လက်ထက် စီးပွားရေးပြု ပြင်ပြောင်းလဲမှု ဘာတွေလွဲခဲ့လဲ
************************** ************************** *********************
ပြဿနာက အဲဒီကိစ္စတွေက အခြေခံမိသားစုတွေအတွက်ကတော့ ထင်သာမြင်သာရှိတဲ့ဖွံ့ဖြိုး မှုရလဒ်အနေနဲ့ ကျွန်တော်တို့က မလုပ်နိုင်ခဲ့ဘူး။ ထင်သာမြင်သာတဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းတွေလုပ် ဖို့ကျတော့ ၂၀၁၄ လောက်မှာ ကျေးလက်ဖွံ့ဖြိုးရေးတို့ ဘာတို့ စတဲ့အချိန်မှာ၊ အဲဒီပရောဂျက်တွေ စတင်ရတာကိုက အတော်ကြီးကြာတယ်။ လုပ်ပြီဆိုတဲ့အချိန်ကျတော့ ၂၀၁၅ ရွေးကောက်ပွဲကဖြစ်နေပြီ။ အခုလောက်မှ ဇာတ်ရေလည်တဲ့ကိစ္စပေါ့။
.
ပြန်ပြောရရင်တော့ ကျွန်တော်တို့လည်း လုပ်တဲ့နေရမှာ ပြီးခဲ့တဲ့အစိုးရအတွက် နည်းနည်းအပြစ်တော့မကင်းဘူး။
ကျွန်တော်တို့ မဟာဗျူဟာအားဖြင့် ဖော်နိုင်တယ်ဆိုပေမဲ့လည်း
နည်းဗျူဟာအားဖြင့် ဆင်းရဲမှုလျှော့ချရေးကို ပိုပြီးတော့ထိထိရောက်ရောက်
ဖြစ်အောင် တိုက်ရိုက်ဟာတွေကို စောစောစီးစီးကတည်းက လုပ်ခဲ့သင့်တယ်။
အဲဒါဆိုရင် လူထုထဲမှာ ထင်သာမြင်သာရှိတဲ့ဟာတွေကို
အရင်ဆုံးပိုပြီးတော့ပြောင်း မယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဒီဘက်က စီးပွားရေးတစ်ခုလုံးကြီးကို တည့်အောင်လုပ်တယ်ဆိုတဲ့ကိစ္စ ကလည်း တခြားဘာတွေတောင်းလာပြီလဲဆို တော့ ရေမီးကိစ္စတွေ၊ အဲဒါတွေကို ပြင်ဖို့ဆိုတဲ့ဟာကလည်း အကြီးအကျယ်ဖြစ်လာတယ်။
.
ဒီဟာကိုလုပ်မလားဆိုတော့ ဘတ်ဂျက်အားဖြင့်ကြည့်ရင်လည်း ရေမီးကအရေးကြီးတော့ ရေမီးကိစ္စက ဦးသိန်းစိန်ရဲ့စေတနာလည်းပါ ပါတယ်။ အဲဒီကိစ္စကို တော်တော်ကြီးလုပ်ပစ်ချင်တယ် ။ အဲဒါဖြစ်သင့်တယ်။ အဲဒါတွေမလုပ်ဖြစ်ရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်
ရေမီးပြသနာကို မဖြေရှင်းရင် မလွယ်ဘူးဆိုတော့ ရေမီးဘက်မှာ အထူးသဖြင့်
လျှပ်စစ်မီးရရှိရေးကို တော်တော်ကြီးအားထည့်ပြီးတော့ လုပ်တယ်။
မီးကတော့ သိတဲ့အတိုင်းပဲ။ ၂၀၁၁၊ ၂၀၁၂ လောက်က တော်တော်ဆိုးတယ်။ ၂၀၁၃၊ ၂၀၁၄
လောက်က နည်းနည်းကောင်းလာတယ်။ ၂၀၁၅ လောက်ကျတော့ တော်တော်ကောင်းသွားတယ်။
အဲဒီဟာသာမလုပ်ခဲ့ဘဲနဲ့ ဆင်းရဲမှုလျှော့ချရေးကို လုပ်ရင်လည်းပဲ အဲဒီအချိန်က
ဆင်းရဲမှုလျှော့ချရေးမှာ တော်တော်ကြီးတက်လာနိုင်တယ်။
.
ဒေါက်တာဇော်ဦး
(စီးပွားရေးသုတေသီနှင့် သမ္မတဟောင်းဦးသိန်းစိန်၏ စီးပွားရေးအကြံပေး)
.
(မကြာမီထွက်ရှိမည့် အောက်တိုဘာလထုတ် Myanmar B2B Management Magazine ပါ "စီးပွားရေးသုတေသီ ဒေါက်တာဇော်ဦးနှင့် တွေ့ဆုံခြင်း" အင်တာဗျူးမှ ကောက်နုတ်ချက်)
**************************
ပြဿနာက အဲဒီကိစ္စတွေက အခြေခံမိသားစုတွေအတွက်ကတော့
.
ပြန်ပြောရရင်တော့ ကျွန်တော်တို့လည်း လုပ်တဲ့နေရမှာ ပြီးခဲ့တဲ့အစိုးရအတွက် နည်းနည်းအပြစ်တော့မကင်းဘူး။
.
ဒီဟာကိုလုပ်မလားဆိုတော့ ဘတ်ဂျက်အားဖြင့်ကြည့်ရင်လည်
.
ဒေါက်တာဇော်ဦး
(စီးပွားရေးသုတေသီနှင့် သမ္မတဟောင်းဦးသိန်းစိန်၏ စီးပွားရေးအကြံပေး)
.
(မကြာမီထွက်ရှိမည့် အောက်တိုဘာလထုတ် Myanmar B2B Management Magazine ပါ "စီးပွားရေးသုတေသီ ဒေါက်တာဇော်ဦးနှင့် တွေ့ဆုံခြင်း" အင်တာဗျူးမှ ကောက်နုတ်ချက်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။