မိန်းမအတွက် နားကြားကိရိယာ။
ကောလိပ်ကျောင်းတစ်ခုက ပရောဖက်ဆာ တစ်ယောက်ရဲ့ ဇနီးသည်ဟာ အတော်ကို နားလေးနေတယ်။ ပရောဖက်ဆာဟာ သူ့မိန်းမကို ချစ်လွန်းလို့ နားကြားစေမယ့် ပစ္စည်းတစ်ခုကို တီထွင်ဖို့ ကြံစည်တယ်။ သူရတဲ့ လခထဲကနေ လျှပ်စစ်ပစ္စည်းလေးတွေ ဝယ်ပြီး အဲဒီပစ္စည်းကို ရတဲ့အချိန်မှာ ကြိုးစားပြီး တီထွင်နေတယ်။
ဒါပေမယ့် သူ့မိန်းမအတွက် နားကြားကိရိယာ တီထွင်တာ မအောင်မြင်ပါဘူး။ ဒါပေမဲ့ အဲဒီကိရိယာအစား တယ်လီဖုန်းကို တီထွင်လိုက်နိုင်ခဲ့တယ်။ သူဟာ သူ့မိန်းမကို ကူညီဖို့ ကြိုးစားတာ မအောင်မြင်ပေမယ့် လူသန်းပေါင်းများစွာကို ဆက်သွယ်ရေးလွယ်ကူအောင် ကူညီနိုင်ခဲ့ပါတယ်။

သူ့နာမည်က ဂရေဟမ်ဘဲလ် (Graham Bell) ပါ။
ဗန်းမော်သိန်းဖေ
၂၀-၀၉-၂၀၁၆
ဗန်းမော်သိန်းဖေ
၂၀-၀၉-၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။