စလုံး
2006 စလုံးကိုရောက်စပေါ့
သူများတွေ လုံးလို့ လိုက်လုံးတာ
တောသားဆိုတော့ ဘာဆိုဘာမှမသိ
လူရည် လည်တာလေးတခုအားကိုးပြီး သာရောက်လာရတာ
တလလောက် ကြာတော့ အလုပ်ပိတ်ရက် သူငယ်ချင်းနှစ်ယောက် မြန်မာစုရပ်ဖြစ်တဲ့
penisulla plaza ကို ဟိုမေသည်စမ်း နဲ့ထွက်လာလိုက်တာ ၄၅ မိနစ်ခရီးကို ၎
နာရီလောက် ရထားစီးလိုက်ရတယ် မှတ်မှတ်ရရ ရထား ခုနှစ်ခါ မှားစီးပစ်လိုက်တာ
ရှက်လို့ ဘယ်သူ့မှမပြောဘူး
plaza ရှေ့ရောက်တော့တံခါးမဖွင့်သေးတာနဲ့
နှစ်ယောက်သား ပလက်ဖောင်းဘေးမှာ ခြေပစ်လက်ပစ် ထိုင်ချပစ်လိုက်တယ်
စဉ်းစားကြည့်ဦး တစ်မနက်လုံး ရထားပတ်စီး လာရတာ လေ
ဖြတ်သွားဖြတ်လာ အတိုအပြတ် လည်ဟိုက်ကလေးတွေ မျက်စိ တဆုံးငေးရင်း
အမောဖြေနေရသေးတယ် စိတ်ကတော့ သိပ်မဖြောင့်ပါဘူး တံခါးဘယ်ချိန် ဖွင့်မလဲ ဆိုတာလဲ လှန်းရှိုးရသေးတယ်လေ
လွယ်တာမှတ်လို့~~~~~
အထဲမှာလူတွေ သွားလာနေတာတော့တွေ့တယ်
"ဆိုင်ရှင်တွေ အဆင်သင့်မဖြစ်သေးလို့ မဖွင့်သေးတာကွ"
"ခဏစောင့်ဦး"
အရာရာကို ကြိုမြင်နိုင်စွမ်းတဲ့ ဆင်ဖြူကျွန်းသား ကိုမျိုးကြီးရဲ့ သုံးသပ်ချက်ပါ
အေးပေါ့ အာ့ဆိုလည်း ကြည့်စရာရှိတာ ဆက်ထိုင်ကြည့်ရုံပေါ့
နာရီ ကြည့်တော့ ၁း၃၀ ဗိုက်ထဲကတော့ ဆိုင်းဘုတ်မပါပဲ ဆန္ဒပြနေပီ
ဒီချိန်ထိ မဖွင့်သေးတာတော့ တခုခုမှားနေသလိုလို
ခဏနေလို့ စုံတွဲ တတွဲထွက်လာတာတွေ့တော့ ကိုယ့်ထက်လူရည်လည်တဲ့ ကိုမျိုးကြီးက အထဲကိုချောင်းကြည့်ဖို့ တံခါးနားကပ်သွားတယ်
ပီးတော့ကျွန်တော့်ကိုလက်ယပ်ပြီး လှမ်းခေါ်တယ် နောက်ပြ်ီးတိုးတိုးကပ်ပြောတယ်
"ဘယ်သူ့မှ လျှောက်မပြောနဲ့" တဲ့
ဒီတခါးတွေက
"လူအနားကပ်မှ ပွင့်တာတဲ့"
"အံ့သြပါ့"
ဟိုကြည့် ဒီကြည့်နဲ့ တဆိုင်ဝင် တဆိုင်ထွက် ကိုယ်ဝယ်နိုင်တာ တခုမှမရှိတော့ လူသွားလမ်းဘေး မတ်တပ်ရပ်လို့
နက်ပြာရောင် ဝတ်စုံနဲ့ ယူနီဖောင်းဝတ်နှစ်ယောက် အနားကပ်လာပီး
(နောက်မှသိရတာက စကာင်္ပူရဲတွေပါ)
ကန် ယူ ရှိုး မီ အိုင်ဒီ
လေသံ ပျော့လေးနဲ့ တခုခု အကူညီလာတောင်းနေတာ သိတာပေါ့
ဟာ ကန် တာပေါ့ ဆိုပီး
နှစ်ချက်သုံးချက်ခေါင်းညိတ်ပြလိုက်တယ်
အိုင်ဒီ ပြခိုင်းတာသိတယ်
ကူညီချင်တာသာသိတာ
် ဒါပေမဲ့ အဲဒီ အိုင်ဒီဆိုတာ ဘာမှန်းမသိတော့
ဘာပြလို့ ပြရမှန်းမသိ
'ဖင်ကုတ်'
'ခေါင်းကုတ်'
ကုတ်စရာကုန်တော့ မျက်နှာချိုသွေး
ဟုတ်လိုဟုတ်ငြား
အိမ်သာ ဘက် လက်ညှိုးထိုးပြတော့လည်း ခေါင်းခါတယ်
အူကြောင်ကြောင် ဖြစ်နေလို့
ဟိုနှစ်ယောက်က ဖမ်းချုပ်ချင်နေပီ ဒီနှစ်ယောက်ကလည်း ဖင်မှာ သွေး စို့နေပြီ
အကုတ် လွန်သွားတာ
အာ့နဲ့ ကိုယ့်ဟာကြည့်ချင်တဲ့လူနှစ်ယောက် သူတို့ကတ်ကလေးတွေ ထုတ်ပြရှာတယ် ဒါမျိုးပြပါတဲ့
" အော်"
် "အာ့နဲ့များဗျာ"
"နမူနာရှိရက်သားနဲ့ အစောကပြရင်ပီးရော
ခုတော့ အားလုံးစိတ်ညစ်ရတာပေါ့"
ဆိုပီး
ပိုက်ဆံအိပ်ထဲ ရှိသမျှ လိပ်စာကတ်တွေ mrt ကတ်တွေ atm ကတ်တွေ အကုန်ထုတ်ပေးလိုက်တယ်
လိုရာသုံးပေါ့
သူတို့လိုချင်တဲ့ ကတ်တကတ်ယူကြည့်ပီး ဖုန်းဆက်တယ်
ဘလား ဘလား ဘလား
နံပါတ်တွေ ရွတ်တယ်
ဘလား ဘလား ဘလား
နားလည်းမလည်ဘူး တခွန်းမှလည်းဝင်မပြောဘူး
အကြိုက်သာပြော သူတို့ဖုန်းဘေ ကုန်တာကိုယ်ကုန်တာမှတ်လို့
ခဏနေတော့ ကိုယ်တွေရိုးသားမှန်းသိသွားပုံရတယ် thank you ဆိုပီးထွက်သွားရော
အဲလိုနဲ့ လခထုတ်ရက်ရောက်တော့ အဆောင်အောက်မှာ သူငယ်ချင်းတွေစုပြီး ဘီယာသောက်ကြတယ် စလုံးရောက်ပြီး ပထမဦးဆုံးသောက်ဖူးတာပဲ မြင်ကွင်းသစ်တွေနဲ့ စင်ကပေါ ရဲ့ရောင်စုံမီးရောင်တွေအောက် ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းနေတာပေါ့
ရှူးးးး ရှူးးးးးးး
ရှူးပေါက်ချင်လာလို့ လမ်းဘေးမြောင်းနားမတ်တပ်ရပ်ပီး ကွကို သေး တည်နေတာ
ဝေါ ဆိုပြီး ဆိုင်ကယ်နှစ်စီး ထိုးရပ်လာတယ်
နက်ပြာရောင်ဝတ်စုံနဲ့ပါပဲ
ရှိုး မီ အိုင်ဒီ
လာပြန်ပီ
ဒီတခါတော့ အတွေ့ကြုံ ရှိပြီးသားမို့ တန်းပြီး ထုတ်ပြလိုက်တယ် အထာသိသွားပြီလေ ဘယ်ရမလဲ အရင်လိုအူကြောင်ကြောင် မှမဟုတ်တော့တာ
ဘာမှမပြောဘူး (ရှက်နေတော့ ကိုယ်မကြားလိုက်တာလည်းဖြစ်နိုင်တယ်) စာရွက်ကလေးတရွက်ထုတ်ပေးပြီး လစ်သွားတယ် အချိန်မရလို့လားမသိဘူးပေါ့
လိပ်စာကဒ် လည်းမဟုတ် အော်တိုလည်းမရေးခိုင်းရပါဘဲ တကူးတက လာပေးသွားတာဆိုတော့ နည်းနည်းတော့ထူးဆန်းနေတယ်
အလုပ်မရှိ အလုပ်ရှာ သူများ အိုင်ဒီပဲ လိုက်တောင်းကြည့်နေကြတာပဲ
ဝိုင်းနားပြန်ရောက်မှ စီနီယာ ဖြစ်တဲ့ ကိုကို ဆိုတဲ့ လူကဝင်ပြောတယ်
"အဲဒါ လမ်းဘေးသေးပေါက်လို့ ဒဏ်ရိုက်တာကွ
အဲဒီ စလစ်သိမ်းထား နောက်နေ့ကျ ဘဏ်မှာ သွားဆောင်လိုက်"
" ငင့်"
တေပီဆြာ
$ ၅၀၀ ကြီးများတောင်
ဘာမှန်းမသိဘဲ လက်ခံထားလိုက်တော့ ဈေးစစ်ချိန်တောင် မရလိုက်တော့ဘူး
(အဲဒီ အချိန်က တစ်ဒေါ်လာ ၈၅၀ ဝန်းကျင်နဲ့ဆို လေးသိန်းကျော်ပေါ့)
ဈေးကြီးလိုက်တာ
ရွာမှာ ၁၀၀ ဖိုးဆို နှစ်ခါတောင်ပေါက်လို့ရတယ်
နော့လေ~~~~~
နောက်တခါလည်း အဲလိုပဲ ဘီယာထိုင်သောက်နေရင်း ရွာက ချစ်တုံးလေး ဖုန်းလာလို့ ထပြောတာ သစ်ပင်လေးမှီ ဆေးလိပ်ကလေး လက်ကြားညှပ်လို့ပေါ့
(ဆုံးသွားပြီ ဖြစ်တဲ့ ကိုသားကြီး စတိုင်လေး ပြေးမြင်ပါ) ဖုန်းထဲမှာသာယာနေတော့ အပြင်လောကကြီးကို မေ့သွားပြန်တာပေါ့
ကုန်ခါနီး ဆေးလိပ်လေး လက်မ နဲ့ လက်ခလယ်ကြားညှပ်လို့ 'ထောက်' ဆိုပိတ်ပစ်လိုက်တာ
ရှိုး မီ အိုင်ဒီ
လှည့်ကြည့်စရာ မလိုပဲ မှတ်မိနေပါပီ
ကြားနေကျ အသံ နဲ့နက်ပြာရောင်ကြီး
ထူးဆန်းတာက ဒီတခါတော့တစ်ယောက်တည်း
အရင်တခါလည်း မသေရုံတမယ် ခံထားရတာ
တစ်ယောက်ချင်းကတော့ ဖင်ဖြဲငြင်းမယ်ဆိုပီး ရှိသမျှ အတွင်းအား တွေ ဖင်ဝပို့ပြီး အသင့်အနေထားနဲ့
လိုအပ်ရင်မူးနေတဲ့ကိုယ့်သူငယ်ချင်းတွေတောင်
ကူ ငြင်းခိုင်းလို့ရသေးတယ်
သူတို့လည်းအတွင်းအား ကောင်းတဲ့ လူတွေချည်းပဲ
"ကဲ ငါအမှိုက်ပစ်တာဟုတ်တယ်ကွာ" ဒါပေမဲ့
ငါနဲ့ ငါ့သူငယ်ချင်းတွေက မပစ်ဘူး လို့ ဇွတ်ငြင်းမယ် မင်းကတယောက်တည်း ငါတို့ကအများ ဘယ်လိုလုပ်မလဲ ဆိုတော့
သူ့ဖုန်းထဲက ကျွန်တော်ဆေးလိပ်သောက်ပြီး လွှင့်ပစ်တဲ့ ဗီဒီယို ဖိုင်လေးလာပြတယ်
ဟီးးးးးးး
အာ့ကြောင့်ခင်ဗျားတို့ကို ပြန်ပြောနိုင်တာပေါ့
ကိုသားကြီး စတိုင် နဲ့ပါဆို~~~
အဲကျတော့ ချက်ချင်းလေသံပြန်ပြောင်းရတယ်
အဟီးးးးးးးးသားက စတာ
ဂျပ်စ် ဂျုပ်ကင်းပေါ့
အဲဒီနေ့ကတော့ အငိုကောင်းလို့ $ ၂၀၀ ပဲ ကျပါတယ်
မှတ်ထား
မပိုင်ရင်မလုပ်တာ စင်္ကာပူရဲ
မပိုင်ပဲ လုပ်ရက်တာ မြန်မာ့ ရဲ
အဲဒီနောက်ပိုင်း မဟုတ်တာလုပ်ခါနီးဆို (လမ်းဘေးသေးပေါက်တာတို့
တံတွေး ထွေးတာတို့ ပြောတာ) နက်ပြာရောင်ဝတ်စုံတွေ အရင်ကြည့်ရတယ်
တခါတရံ မာဖီ နဲ့လည်းလာတတ်သေးတယ်
မလုပ်ပဲကတော့ မနေနိုင်ပါဘူး မြန်မာပြည်မှာ ၅၄ နှစ်လုံးလုံး နေသားကျလာပီးသားလေ
ရိုးမသစ္စာ သာယာဝတီသား ရိုးမသစ္စာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။