Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 7, 2016

# ကြီးပွားအောင်မြင်ဖို့ တက်လှမ်းရမယ့် လှေကားထစ် (၅၂) ခု # လှေကားထစ် (၁၀)။ စိတ်အားထက်သန်မှု (Enthusiasm)

# ကြီးပွားအောင်မြင်ဖို့ တက်လှမ်းရမယ့် လှေကားထစ် (၅၂) ခု #

လှေကားထစ် (၁၀)။ စိတ်အားထက်သန်မှု (Enthusiasm)

၁၉ ရာစုနှစ်က အမေရိကန်လူနေမှုစံနစ်ကို ပြောင်းလဲသွားစေခဲ့တဲ့ စာရေးဆရာ၊ ကဗျာဆရာကြီး Ralph Waldo Emerson က မှတ်မှတ်သားသား စကားတစ်ခွန်းကို ပြောခဲ့တယ်။ “ကြီးကျယ်တဲ့ အရေးအရာ၊ ကိစ္စမှန်သမျှကို လုပ်တဲ့နေရာမှာ စိတ်အားထက်သန်မှုမရှိရင် ဘယ်လိုမှ ဖြစ်မြောက်အောင် မလုပ်နိုင်ပါဘူး”တဲ့။ သူ့စကားကို တနည်း ပြန်ပြောရရင် စိတ်အားထက်သန်မှု ရှိရင် ဘယ်လိုကိစ္စမျိုးကိုမဆို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာပါတဲ့။ အဲဒီစကားမှန် မမှန်သိရအောင် ဆက်ဖတ်ကြည့်လိုက်ပါ။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ ဟောပြောပွဲတစ်ခုမှာ ဟောပြောသူ စကားပြောပြီးသွားတာနဲ့ ပရိသတ်သောင်းချီတဲ့ လူတွေဟာ မတ်တတ်ရပ်ပြီး ခန်းမကြီးတစ်ခုလုံး မြည်ဟိန်းသွားအောင် လက်ခုတ်တီးသြဘာပေးကြတယ်။ ဘာကြောင့် လူပေါင်းများစွာဟာ သြဘာ ပေးကြတာလဲ။ ဘာအကြောင်းတွေများ ဟောပြောလိုက်လို့လဲ။ တကယ်တော့ ဟောပြောတဲ့အကြောင်းအရာ အသေးစိပ်ကိုလည်း ဟောပြောပွဲပြီးသွားချိန်မှာ လူအတော်များများက မမှတ်မိကြပါဘူး။ လူတွေ သြဘာပေးရတဲ့ အကြောင်းရင်းက ဟောပြောသူရဲ့ စိတ်အားထက်သန်စွာ အားပါးတရ ဟောပြောသွားမှုပါ။ သူ့ရဲ့စိတ်အားထက်သန်စွာ ပြောဆိုမှုက သူတို့နှလုံးသားကို ရိုက်ခတ်လှုပ်ရှားသွားစေခဲ့လို့ပါ။ သူ့နာမည်က Tony Robbins ခေါ် Anthony Robbins ပါ။ သူဟာ ဘယ်လောက် စိတ်အားထက်သန်စွာ ဟောပြောတတ်တယ်ဆိုတာ သိချင်ရင် YouTube မှာ ဝင်ကြည့်လိုက်ပါ။ သူ့ဟာ စိတ်ဓါတ်မြှင့်တင်ရေး ဟောပြောပွဲတွေနဲ့ စာအုပ်တွေရေးသားမှုကြောင့် မီလျံနာတစ်ယောက် ဖြစ်နေတာ ကြာပါပြီ။

လူးဝစ် (Louis Victor Eytinge) ဆိုတဲ့ အမေရိကန် လူမျိုးတစ်ယောက်ကို လူသတ်မှု ကျုးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ တရားရုံးက ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ချမှတ်လိုက်တယ်။ သူ့မှာ ကူညီမယ့် အပေါင်းအသင်း၊ ရှေ့နေနဲ့ ငွေကြေးလည်း မရှိဘူး။ ဒါပေမဲ့ သူ့ရဲ့စိတ်အားထက်သန်မှုက သူ့ကို အကျဉ်းထောင်က လွတ်မြောက်အောင် လုပ်ပေးနိုင်ခဲ့တယ်။ ဘယ်လိုလုပ်ပေးတာလဲ။ ဆက်ဖတ်ကြည့်ပါ။

လူးဝစ်ဟာ ထောင်ထဲကနေ စာတစ်စောင်ရေးပြီး လက်နှိပ်စက်ရောင်းတဲ့ Remington Typewriter Company ကုမ္ပဏီဆီကို ပို့လိုက်တယ်။ စာထဲမှာ ရေးလိုက်တာက သူ့ကို လက်နှိပ်စက်တစ်လုံး အကြွေးနဲ့ ရောင်းပေးဖို့ပါ။ ကုမ္ပဏီက ထောင်သားတစ်ယောက်ရဲ့ ထူးထူးဆန်းဆန်း မေတ္တာရပ်ခံချက်မို့ သနားတာနဲ့ လက်နှိပ်စက်တစ်လုံးကို ငွေကြေးမယူပဲ လက်ဆောင်အဖြစ် ထောင်ထဲကသူ့ဆီိကို ပို့ပေးလိုက်တယ်။

လူးဝစ်ဟာ လက်နှိပ်စက်ရတော့ ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေဆီကို စာရေးပြီး သူတို့ပစ္စည်းကြော်ငြာတွေကို တောင်းယူလိုက်တယ်။ အဲဒီကြော်ငြာတွေကို သူက ပြန်ပြင်ရေးတယ်။ ထောင်ထဲမှာ တခြားဘာအလုပ်မှမရှိလို့ အချိန်တွေအားနေတာကြောင့် အနှောက်အယှက်ကင်းကင်းနဲ့ အဲဒီအလုပ်ကို အာရုံသွင်းပြီး စိတ်အားထက်သန်စွာနဲ့ အကောင်းဆုံးဖြစ်အောင် ပြင်ရေးတယ်။ ရေးပြီးသွားတဲ့ ကြော်ငြာတွေကို ကုမ္ပဏီတွေဆီ ပြန်ပို့ပေးလိုက်တယ်။ သူပြင်ပေးလိုက်တဲ့ ကြော်ငြာတွေကြောင့် ကုမ္ပဏီတွေဟာ ပစ္စည်းတွေ အများကြီး ပိုရောင်းလာရတယ်။ ကုမ္ပဏီတွေက သဘောကျလို့ သူ့ကို ကြော်ငြာရေးခတွေ ပို့ပေးကြတယ်။ နောက်ဆုံးမှာ လူးဝစ်ဟာ အဲဒီရတဲ့ ငွေကြေးနဲ့ ရှေ့နေကောင်းကောင်းတစ်ယောက်ကို ငှားလိုက်တယ်။ ရှေ့နေက သူ့အမှုကို ကောင်းကောင်း ခုခံလျှောက်လဲချက် ပေးလိုက်လို့ လူးဝစ်ဟာ အမှုကနေ ကွင်းလုံးကျွတ် လွတ်သွားခဲ့တယ်။

သူထောင်က လွတ်တဲ့နေ့မှာ New York ကြော်ငြာအေဂျင်စီရဲ့ အယ်ဒီတာချုပ်က လာတွေ့တယ်။ အယ်ဒီတာချုပ်က ထောင်ဘူးဝက ထွက်လာတဲ့ သူ့ကို ခုလို နူတ်ဆက်စကားပြောလိုက်တယ်။ “ဟေ့ လူးဝစ် မင်းရဲ့ စိတ်အားထက်သန်မှုဟာ ထောင်ထဲက သံတိုင်တွေထက်တောက် ပိုအားကြီးပါလားကွ”တဲ့။ လူးဝစ်ဟာ အဲဒီအေဂျင်စီမှာပဲ ကြော်ငြာရေးပေးတဲ့ အလုပ်ရသွားပါတယ်။

ဘယ်တော့မှ မရိုးနိုင်တဲ့ ဆိုရိုးစကားတစ်ခုရှိတယ်။ “Nothing is so catching as enthusiasm” တဲ့။ အဓိပ္ပါယ်က enthusiasm စိတ်အားထက်သန်မှုလို လူတွေဆီ ကူးစက်ပြန့်ပွားလွယ်တာ ဘယ်အရာမှ မရှိပါဘူးတဲ့။ စိတ်အားထက်ထက်သန်သန်နဲ့ ပြောလိုက်တာဟာ ဆင်ခြင်ဥာဏ်နဲ့ ပြောပြတာ၊ ကျိုးကြောင်းဆက်စပ်ပြောပြတာတွေထက်တောင် လူတဖက်သားရဲ့ နှလုံးသားထဲကို ပိုပြီး စူးစူးနစ်နစ် ဝင်သွားစေပါတယ်။

အရမ်းအောင်မြင်ပြီး တနှစ်ကို ဝင်ငွေသန်းချီရနေတဲ့ အရောင်းကိုယ်စားလှယ်တစ်ယောက်က အခုလို ပြောပြဖူးပါတယ်။ “စိတ်အားထက်သန်မှုဆိုတာ အောင်မြင်တဲ့ အရောင်းသမားဖြစ်ဖို့ အရေးကြီးဆုံး လိုအပ်ချက် တစ်ခုပါ။ ဒါပေမဲ့ စိတ်အားထက်သန်မှု ပြတဲ့နေရာမှာ ရိုးသားပြီး ပွင့်လင်းဖို့တော့ လိုပါတယ်။ လက်ဆွဲနူတ်ဆက်ရင်တောင် ခင်ဗျားရဲ့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဝမ်းသာအားရနဲ့ နူတ်ဆက်နေတယ် သူသိပါစေ။ တစ်ခုတော့ သတိပေးပါရစေ။ တကယ်စိတ်မပါပဲ သွားင်္ကြီးဖြီးပြပြီး ဟန်ဆောင်စိတ်အားထက်သန်မှုမျိုးကို မလုပ်ပါနဲ့။ တဖက်သားက အတုအယောင်ဆိုတာကို ရိပ်စားမိသွားပြီး ခင်ဗျားကို သူ ဘယ်တော့မှ ယုံကြည်တော့မှာ မဟုတ်ဘူး။ ယုံကြည်မှု မရှိရင် ခင်ဗျားနဲ့ ဘယ်တော့မှ အရောင်းအဝယ် လုပ်မှာ မဟုတ်တော့လို့ပါ” တဲ့။

စိတ်အားထက်သန်မှုကြောင့် အကြီးအကျယ် အောင်မြင်မှုရခဲ့သူ နောက်တစ်ဦးကတော့ ဂျင်နင်းရန်ဒေါ့ဖ် (Jennings Randolph) ပါ။ ဂျင်နင်းဟာ အမေရိကန်နိုင်ငံ၊ အနောက်ဗာဂျီးနီးယားမြို့က ဆာလင်ကောလိပ်ကနေ ဘွဲ့ရပြီးတော့ အမေရိကန်နိုင်ငံရေးလောကထဲကို ခြေစုံပစ်ဝင်လိုက်တယ်။ သူ့ရဲ့ဟောပြောစည်းရုံးမှု ကောင်းတာကြောင့် သူ့ထက်အသက်ကြီးပြီး အတွေ့အကြုံပိုများတဲ့ ပြိုင်ဖက်ကို အနိုင်ရပြီး ကွန်ဂရက်လွှတ်တော်အမတ်တစ်ယောက် ဖြစ်လာခဲ့တယ်။ လွတ်တော်အတွင်းမှာ ဂျင်နင်းဟာ တခြားအမတ်တွေကို သဘောတူလက်ခံလာအောင် ပြောဆိုစည်းရုံးနိုင်မှုကြောင့် နာမည်ရလာတဲ့အတွက် သမ္မတရူစဘဲလ်က သူ့ကို တခြားနိုင်ငံတွေနဲ့ စစ်မက်ဖြစ်ပွားရင် လိုက်နာကျင့်သုံးရမယ့် ဥပဒေပြဋ္ဌါန်းတဲ့ အဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် ခန့်အပ် တာဝန်ပေးလိုက်တယ်။

တက္ကသိုလ်က ပါမောက္ခတွေပါဝင်တဲ့ စစ်တမ်းကောက်ချက်အရ သမ္မတရူစဘဲလ်နဲ့ ဂျင်နင်းတို့ ၂ ယောက်ဟာ လူကြိုက်များမှုမှာ မတိမ်းမယိမ်းရှိကြပေမဲ့ ဂျင်နင်းဟာ လွတ်တော်အမတ်တွေကို လက်ခံသဘောတူလာအောင် ပြောဆိုစည်းရုံးနိုင်မှုဟာ ပိုပြီးသာတယ်လို့ ဖေါ်ပြထားတယ်။ ဒါပေမဲ့ ဂျင်နင်းဟာ သမ္မတရူစဘဲလ်နဲ့ သမ္မတရာထူးနေရာကို ယှဉ်ပြိုင်အရွေးမခံချင်လို့ နိုင်ငံရေးလောကကနေ ၁၄ နှစ်ကြာနေပြီးမှ နူတ်ထွက်လိုက်တယ်။

သူ့ကို အလုပ်ကမ်းလှမ်းတဲ့ ကုမ္ပဏီတွေထဲက Capital လေကြောင်းကုမ္ပဏီကြီးရဲ့ အုပ်ချုပ်ရေးရာထူးကို လက်ခံလိုက်တယ်။ Capital လေကြောင်းကုမ္ပဏီးရဲ့ ဥက္ကဋ္ဌက ဂျင်နင်းရဲ့ အရည်အချင်းနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။ “ဂျင်နင်းဟာ သူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရုံသာမကပဲ သူ့ရဲ့စိတ်အားထက်သန်မှုက လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ ဝန်ထမ်းတွေကိုပါ ကူးစက်သွားလို့ ဝန်ထမ်းအားလုံးကို စိတ်ဓါတ်တက်ကြွစွာ အလုပ်လုပ်ကြတာကို ဖြစ်ပေါ်လာစေခဲ့တယ်”တဲ့။

စိတ်အားထက်သန်မှုဆိုတာ မွေးရာပါဗီဇအကျင့်တစ်ခု မဟုတ်ပါ။ မွေးမြူကျင့်ယူလို့ ရပါတယ်။ သင်လည်း ကျင့်ယူနိုင်ပါတယ်။ သင်လုပ်နေတဲ့ အလုပ်တိုင်းမှာ စိတ်အားထက်သန်မှုဆိုတဲ့ အားထဲ့ပေးလိုက်ပါ။ အဲဒါဆိုရင် သင်ဘာကိုပဲလုပ်လုပ် မုချမသွေ အောင်မြင်ပါလိမ့်မယ်။ စမ်းကြည့်ပါ။

ဗန်းမော်သိန်းဖေ
၀၈-၀၈-၂၀၁၆

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။