Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, August 15, 2016

အရင်ကကျား အခုတော့.....

၃၀.၇ ၁၅ နေ့ တစ်နိုင်ငံလုံးနီးပါး ၀မ်းနည်းဒေါသဖြစ်တဲ့နေ့ အုပ်ချုပ်သူ
အစိုးရ အရှက်သိက္ခာကျတဲ့နေ့ဆို မှားမယ်မထင်ပါ။ ပြည်သူအားလုံးနီးပါး
တောက်တခေါက်ခေါက်နဲ့ လုပ်ရက်လေခြင်းဆိုပြီး အစိုးရအပေါ်
ဒေါသထွက်ကုန်ကြပါတယ်။ ဇူလိုင် ၂၂ ရက်တွင် သစ်ခိုးထုတ်မှု၊ မူးယစ်ဆေးမှု ၊ လ၀က ပုဒ်မတို့ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံထားရသော တရုတ်နိုင်ငံသား ၁၅၅ ဦးအား ပြစ်ဒဏ်ချမှတ်လို့ ၈ ရက်မြောက်တဲ့နေ့မှာပဲ အစိုးရမှာ လွှတ်ငြိမ်းချမ်းသာခွင့်ပေးပြီး လွှတ်ပေးခဲ့တယ်။
တစ်နိုင်ငံလုံးအံ့အားသင့် ဒေါသထွက် ဆူညံကုန်ကြပါတယ်။

သစ်တန်ပေါင်းများစွာခိုးထုတ်လို့မိတဲ့ တရုတ်နိုင်ငံသားတွေကို ဇူလိုင်လ ၂၂
ရက်နေ့မှာ ထောင်တန်တစ်သက်တစ်ကျွန်းချလိုက်ခဲ့ပါတယ်။
ထောင်ဒဏ်အများအကြီးရဲရဲဝံ့ဝံ့ချရဲလို အံ့အားသင့်တဲ့လူတွေကတော့
အံ့အားသင့်ခဲ့ပါတယ်။ တကယ်လုပ်ပြီးဆိုပြီး ၀မ်းသာနေကြတာပါ။ ဒါပေမယ့်
ကျွန်တော်ကတော့ ဒီချမှတ်မှုအပေါ်မှာ သံသယရှိခဲ့ပါတယ်။ ဘယ်လိုနည်းလမ်းနဲ့ပြန်လွတ်ပေးမလဲ ဆိုတာကိုပဲစောင့်ကြည့်နေခဲ့ပါတယ်။
နှစ်နိုင်ငံချစ်ကြည်ရေးအကြောင်းပြ ပြန်လွဲပေးမယ်ပဲထင်ခဲ့တာပါ။ ခုတော့
အမိန့်ချလို့ နောက်ရက်မှာပဲ ပေါက်ဖော်ကြီးက သူ့နိုင်ငံသားတွေဘက်က
ရပ်တည်ပြီး ဟိန်းဟောက်သံတွေဆူညံသွားပါတယ်။
နဂါးဟိန်းသံကိုကြောက်တဲ့ကျုပ်တို့ ခြင်္သေ့ကြီးကတော့ ကြောက်အားလန့်အားနဲ့ ချက်ခြင်းပဲလွှတ်ငြိမ်းချမ်းသာခွင့်နဲ့ ၁၀ ရက်ပြည့်အောင်တောင်မထားနိုင်ပဲ လွတ်ပေးလိုက်ရပါတယ်။

ပြည်သူအားလုံး ၀မ်းနည်းဒေါသဖြစ်ကုန်ကြရပါတယ်။ ငါတို့ဟာ
တရုတ်ရဲ့လက်အောက်ခံ အနိုင်ကျင့်ခံဘ၀ရောက်သွားပြီလား ဆိုပြီး
ဝမ်းနည်းအားငယ်စိတ် ဖြစ်ကုန်ကြရပါတယ်။ နောက်တစ်ချိန်တည်းမှာ
အားလုံးပြေးမြင်မိကြတာက ကိုယ့်နိုင်ငံသားတစ်ယောက်ဖြစ်တဲ့
စိုင်းနော်ခမ်းပါ။ ဟုတ်ပါတယ် ကိုယ့်နိုင်ငံသားတစ်ယောက်ကိ
တရုတ်အရာရှိတွေအလယ်မှာ ဒူးထောက်ခိုင်းပြီး လူအခွင့်အရေးတပြားသားမှ မရှိအောင်ဆက်ဆံပြီး ကြက်ကလေးငှက်ကလေးလို လွယ်လွယ်ကူကူ သတ်သွားတဲ့မြင်ကွင်းကို အားလုံးပြန်မြင်ရောင်ကုန်တာပါပဲ။
စိုင်းနော်ခမ်းသေဒဏ်ပေးစီရင်မှုကို ကမ္ဘာသိအောင် ရုပ်သံကနေတိုက်ရိုက်ပြပြီး ငါတို့နိုင်ငံသားထိရင်မရဘူး မြန်မာနိုင်ငံအပေါ်ငါတို့ဘယ်နိုင်တယ်တယ်ဆိုတာ ပြသခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ အချုပ်အခြာပိုင်နိုင်ငံတစ်ရဲ့ ဂုဏ်သိက္ခာကို အနိုင်ကျင့်စော်ကားပြတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။

စိုင်းနော်ခမ်းဟာ မိမိအစိုးရရဲ့အကာအကွယ်ပေးမှုတစ်ခုမှ မရရှိပဲ
အမိမဲ့သားပမာ သူများနိုင်ငံမှာ သေဆုံးခဲ့ရပါတယ်။ ကျွန်တော်ပြောချင်တာက စိုင်းနော်ခမ်းဘက်က ကာကွယ်ပြောနေတာမဟုတ်ပါဘူး စိုင်းနော်ခမ်းဟာ
အပြစ်ရှိသူတစ်ယောက်မို့ အပြစ်ပေးခံရတာနားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် လူသားတစ်ဦးအပေါ် ဆက်ဆံသွားပုံ ဆေးထိုးသတ်တာကို ရုပ်သံကတိုက်ရိုက်ထုတ်လွင့်သွားပုံတွေကတော့ စော်ကားတယ်လို့မြင်မိပါတယ်။ ရိုးရိုးလေးစဉ်းစားကြည့်ပါ စိုင်းနော်ခမ်းနေရာမှာအမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ခဲ့မယ်ဆိုရင်
သူတို့ဒီလိုဆက်ဆံအပြစ်ပေးလို့ရမလား၊ အမေရိကန်နိုင်ငံကရော
ကိုယ့်နိုင်ငံသားအပေါ်မျက်နှာလွဲ ခဲပစ်လုပ်မယ်လို့ ထင်ပါသလား။

ကိုယ့်နိုင်ငံသားတွေကြတော့ ကိုယ့်နိုင်ငံကထွက်တဲ့ ကျွန်းသစ်ကို
ဆိုက်ကားလေးနဲ့ တစ်ချောင်း နှစ်ချောင်းတင်လာလို့မိရင်တောင် ကြီးလေးစွာနှစ်ချီပြီးထောင်ဒဏ်အပြစ်ပေးခံရပေမယ့် နိုင်ငံပိုင်သစ်တောတွေကိုနှစ်ပေါင်းရာချီပြီး မတရားခိုးယူနေတဲ့ တစ်ရုတ်တွေကို မိတာကျတော့ ထောင်ဒဏ်ရှစ်ရက်ပဲ အပြစ်ပေးတာဟာ ဦးသိန်းစိန်အစိုးရတွက် အင်မတန်အရှက်ရစရာဖြစ်ပါတယ်။ မကြာသေးခင်က လောက်ကိုင်စစ်ပွဲမှာ သူ့နိုင်ငံဘက်ကို ကျည်ဆံကျရောက်တော့ ပေါက်ဖော်ကြီးက ဘယ်လိုဆက်ဆက်ထိမခံ ဆက်ဆံခဲ့သလဲဆိုတာ တွေ့ရမှာပါ။ ကိုယ့်နိုင်ငံက လူကြီးတွေဟာလည်း သိက္ခာတစ်ပြားသားမှ မရှိအောင် သူ့နိုင်ငံထိသွားပြီး
ရှိခိုးမတောင်းပန်ရရုံတောင်းပန်ရ လျော်ကြေးငွေတွပေးရ
လုပ်ခဲ့ရတာအားလုံးအသိပဲဖြစ်မှာပါ။

တရုတ်တွေကြတော့ အောက်ကျို့ အလျော့ပေးအခွင့်အရေးတွေပေးပြီး ဆက်ဆံကြပေမယ့် ကိုယ့်နိုင်ငံသားတွေကြတော့ တရုတ်နဲ့ပတ်သတ်ရင် နည်းနည်းမှအလျော့မပေး မျက်နှာသာမပေးခဲ့ပါဘူး။ ပေါက်ဖော်ကြီးအတွက်ဆိုရင် ကိုယ့်နိုင်ငံသားတောင်ပြန်သတ်တဲ့အထိ လုပ်ခဲ့တာ လက်ပံတောင်းကိစ္စမှာ
တွေရမှာဖြစ်ပါတယ်။ ပြည်သူမပြောနဲ့ သံဃာတောင် မီးလောင်ဗုန်း နဲ့
ပစ်ခဲ့တာပါ။ တရုတ်သံရုံးရှေ့ ဆန္ဒပြလို့ တရုတ်အလံမီးရှို့လို့ဆိုပြီး
မျက်နှာအားရ ကိုယ့်နိုင်ငံသားတွေကို ထောင်ချအပစ်ပေးခဲ့တာတွေ
စတဲ့လုပ်ရပ်တွေကို ပြည်သူအားလုံးက ယခု တရုတ်နိုင်ငံသားတွေကို
လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာနဲ့ချိန်ထိုးပြီး
ရင်ထုမနာဖြစ်ကုန်ကြပါတော့တယ်။

အုပ်ချုပ်သူအစိုးရကိုယ်တိုင်က နေရာတကာပေါက်ဖော်တွဘက်က အကာအကွယ်ပေး မျက်နှာလုပ်နေကြတော့ တရုတ်တွေဟာ ကိုယ့်နိုင်ငံထဲမှာတောင်နိုင်ငံသားတွေအပေါ် သူတို့ရဲ့ကျွန်တွေပမာ ဆက်ဆံနေကြတာတွေ့ရမှာပါ။
ကိုယ့်နိုင်ငံက မြေပေါ်မြေအောက် သဘာဝ သယံဇာတတွေ မတရားစွာ ပေါ်တင်ရယူနေရုံမက ကိုယ့်နိုင်ငံက အမျိုးသမီးငယ်လေးတွေပါ အပျော်မယားအဖြစ်ဝယ်ယူပေါင်းသင်းပြီး လိင်ကျွန်အဖြစ်ဆက်ဆံနေတာဟာ တွေးလေ တွေးလေ
အရိုးထိအောင်နာပြီး ကမ္ဘာတုန်အောင်ကုန်းအော်ပစ်လိုက်ချင်တယ်။

ကျွန်တော်တို့နိုင်ငံသားတွေဟာ တိုင်းတစ်ပါးရောက်တော့လည်း
လူမလေးခွေးမခန့်နဲ့ နားရွက်တံတွေးဆွတ် အနိုင်ကျင့်ခံနေရသလို
ကိုယ့်နိုင်ငံမှာနေတော့လည်း တိုင်းတပါးသားတွေနဲ့ အာဏာရှင်တွေရဲ့
အနိုင်ကျင့် မတရားလုပ်သမျှကို ခေါင်းငုံ့ခံနေရပါတယ်။ တစ်ချိန်က
အာရှမှာကျားရဲတစ်ကောင်လို ဟိန်းနိုင်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံဟာ
စစ်အာဏာရှင်တွေရဲ့ နှစ်ပေါင်း ၅၀ ကျော် အမိန်အာဏာနဲ့
အပြစ်ဒဏ်နှစ်ခုတွဲပြီး ထင်ရာစိုင်းဖိနှိပ်အုပ်ချုပ်ခဲ့တာကနေ အရင်ကျား
ဘ၀ကနေ ယနေ့တော့ နွားဘ၀ရောက်ရှိလို့သွားပါပြီ။ တိုင်းပြည်ဟာလည်း
ချွတ်ခြုံကျအောင်ဆင်းရဲမွဲတေသွားသလို ပြည်သူတွေရဲ့ဘ၀ဟာလည်း
မျော်လင့်ချက်မဲ့ဘ၀ရောက်ရှိကုန်ပါတော့တယ်။ ကျွန်တော်တို့နိုင်ငံမှာ
အာဏာရှင်တွေသက်ဆိုးရှည်ပြီး တိုင်းပြည်ဒုက္ခဆင်းရဲတွင်းထဲရောက်ခဲ့ရတဲ့
အဓိကတရားခံတွေထဲမှာ အိမ်နီးချင်းတရုတ်နိုင်ငံက ထိပ်ဆုံးကပါဝင်ခဲ့ပါတယ်။

မိမိအာဏာတည်မြဲရေးကလွဲပြီး ကမ္ဘာ့နိုင်ငံတွေက ဘယ်လောက်ပိတ်ဆို့နေပါစေ တရုတ်ကိုအားကိုးရှာပြီး တရုတ်လုပ်သမျှလည်စင်းခံပြီး
ရုပ်သေးရုပ်အစိုးရဘ၀နဲ့နေနေရတာ ပြည်သူတစ်ယောက်အနေနဲ့
အင်မတန်ဝမ်းနည်းကြေကွဲရပါတယ်။ တစ်ခါတစ်ခါ ကိုယ့်နိုင်ငံဟာ
လွတ်လပ်ရေးရပြီဆိုတာတောင် သံသယဖြစ်မိပါတယ်။
တိုင်းပြည်ရဲ့ရှိသမျှစီမံကိန်း လုပ်ငန်းအားလုံးဟာ
တရုတ်ပိုင်တွေချုပ်ကိုင်လုပ်ကိုင်နေကြပါတယ်။ အထက်မြန်မာပြည် မူဆယ်၊
လာရှိုး၊ မန်းလေးမြို့တွေဟာ တရုတ်တွေသိမ်းပိုက်လိုက်ပါပြီ။

တစ်နိုင်ငံလုံးမှာရှိသော တရုတ်တွေပိုင်ဆိုင်တဲ့ မြေနေရာတွေဟာလည်း
နိုင်ငံတစ်ဝက်လောက်တောင်ရှိတော့မယ်ထင်ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းကိုဖြတ်ပြီး ဓာတ်ငွေ့ပိုက်လိုင်းတွေဖောက်ခဲ့တယ်
ရထားလမ်းတွေ၊ ကားလမ်းတွေလည်း ဖောက်ဖို့လုပ်နေကြတယ်။ ဖားကန့်မှာရှိတဲ့ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ၊ နိုင်ငံအ၀ှမ်းက
ရွှေတူးဖော်ရေးလုပ်ငန်းတွေဟာ မြန်မာနာမည်ခံ တရုတ်နိုင်ငံသားတွေချည်းပါပဲ။

နောက်ဆုံး တိုင်းပြည်တစ်ခုရဲ့ အရေးကြီးဆုံးဖြစ်သော တံခါးပေါက်ဖြစ်တဲ့
အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ဆိပ်ကမ်းတွေကို လုပ်ကိုင်ခွင့်ရနေတာက
ဘိန်းဘုရင် မိသားစုက ဆင်းသက်လာတဲ့ တရုတ်တွေဖြစ်တဲ့ အေးရှားဝေါလ်
ကုမ္ပဏီဆိုတော့ စဉ်းစားသာကြည့်ကြပါတော့ဗျာ။ ကမ္ဘာ ကုလသမဂ္ဂမှာ
တရုတ်ပြည်သူ့သမ္မတ မြန်မာနိုင်ငံလို့မပြောင်းသေးတာပဲရှိပါတော့တယ်။

နောက်ဆုံးပြောချင်တာက အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးဆိုပြီး မစားရ
ဝခမန်းအော်နေယုံနဲ့မရဘူးဆိုတာ အုပ်ချုပ်သူအစိုးခေါင်းဆောင်တွေကို
အသိပေးပြောကြားချင်ပါတယ်။

- ကျော်ကြီး (MDY)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။