Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, August 15, 2016

ခရိုနီထက် ကြောက်စရာကောင်းတဲ့ စူပါခရိုနီများ



ခရိုနီ တိုးနိုင်မန်း၏ အရှုပ်တော်ပုံများ added 5 new photos.

ခရိုနီထက် ကြောက်စရာကောင်းတဲ့ စူပါခရိုနီများ
====================================
ဒါတွေဟာ ဦးအောင်သက်မန်း၊ ဦးတိုးနိုင်မန်းတို့ မိသားစုရဲ့ စီးပွားတွေဘဲဖြစ်တယ်။ သူတို့က ဦးရွှေမန်းရဲ့ သားတွေဖြစ်ပါတယ်။ ဦးတိုးနိုင်မန်းဆိုရင် ဦးခင်ရွှေရဲ့ သားမက်လည်းဖြစ်ပါတယ်။ ဦးရွှေမန်းရဲ့ ပိုင်ဆိုင်မှုတွေ၊ ချမ်းသာကြွယ်ဝမှုတွေကတော့ ဦးတေဇ၊ ဦးထွန်းမြင့်နိုင်တို့ နီးပါးလောက်ကို ရှိပါလိမ့်မယ်။ ခမည်း၊ ခမက်လည်း တော်ကြတော့ ဦးရွှေမန်း ပိုင်တဲ့ဟာတွေကလည်း ဦးခင်ရွှေပိုင်သလိုပဲဖြစ်မှာပေါ့။ ပိုင်ဆိုင်မှုတွေက ဘယ်လောက် တောင်ချမ်းသာပြီး ဘယ်ကနေရ လာသလဲဆိုတာကိုတော့ စဉ်းစားကြည့်ဖို့ လိုပါမယ်။ ဦးရွှေမန်းဟာ လူရိုးလူဖြောင့် တစ်ယောက်ဖြစ်တယ်ဆိုရင် ရတဲ့လစာ နဲ့ပိုင်ဆိုင်မှုတွေကို ချိန်ဆကြည့်ရင် သိနိုင်လောက်မယ် ထင်ပါတယ်။


ဧရာဝတီတိုင်းမှူးတုန်းက လယ်ယာမြေတွေ၊ ရေနက်ကွင်းတွေ ရထားတယ်လို့ သိရပါတယ်။ ဒါတွေကလည်း တိုင်းမှူးရဲ့အရှိန်အ၀ါကိုသုံးပြီးတော့ ဘယ်လိုနည်းလမ်းတွေနဲ့ ရထားလည်းတော့ ကာယကံရှင်တွေက အသိဆုံးပါ။ သူ့သားတွေပိုင်တဲ့ ဧရာရွှေဝါဆိုတဲ့ ကုမ္ပဏီက ဧရာဝတီတိုင်းထဲက ဆန်စပါးလုပ်ငန်းတွေအပြင် အခြား လုပ်ငန်းတွေ ကိုလည်း လက်ဝါးကြီးအုပ် လုပ်တယ်လို့ လယ်သမားတွေ ဆီက သိရပါတယ်။ ပုသိမ်တိုင်းမှူးတုန်းကလည်း ကုမ္ပဏီလုပ်ငန်းကို အကြောင်းပြပြီးတော့ မွေးမြူရေးနဲ့ ရေလုပ်ငန်းမှာ ပိုက်ဆံတွေတောင် ချေးငှားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီပိုက်ဆံတွေကို ပြန်ဆပ်လား၊ မဆပ်လားဆိုတာ ဘယ်သူမှ မသိခဲ့ပါဘူး၊ ဒီပိုက်ဆံ တွေနဲ့လည်း အခုလို ဆီဆိုင်တွေ၊ လုပ်ငန်းတွေ လုပ်နိုင်လာတာ ဖြစ်နိုင်ပါတယ်။

ဒီလောက်ကတော့ အောင်သက်မန်း၊ တိုးနိုင်မန်းတို့အတွက်လောက်က ပျင်းတောင် ပျင်းပါ သေးတယ်။ ဦးရွှေမန်းရဲ့ အရှိန်နဲ့ ဒီကောင်တွေ ထူးကုမ္ပဏီတို့၊ မက်စ်ကုမ္ပဏီတို့နဲ့ ဘော်ဒါတွေမို့ ရှယ်ယာတွေလည်း ပါပါလိမ့်မယ်။ တိုးနိုင်မန်းဆိုတဲ့ကောင်က ဂျာနယ်တွေတော်တော်များများကိုတောင် ထိန်းထားနိုင်သူပါ။ သူနဲ့အတူ မက်စ် ဇော်ဇော်၊ တေဇတို့နဲ့ ပေါင်းပြီးတော့ မီဒီယာတွေကိုလည်း နောက်ကွယ်ကနေ ပံ့ပိုးပေးထားပါသေးတယ်။ နောက်တစ်ခုကတော့ တိုးနိုင်မန်းဟာ အီးဂရက်က နေ၀င်းမောင်ရဲ့ တပည့်ကြီးလည်းဖြစ်တယ်။ အဖေ၊အမေရဲ့ပိုင်ဆိုင်မှု၊ ယောက္ခမရဲ့ပိုင်ဆိုင်မှု တွေပေါင်းပြီး ထင်တိုင်းကျဲနေတာပါ။ သူ့အစ်ကို အောင်သက်မန်းဆိုလည်း ဧရာဝတီတိုင်းထဲမှာ မြေဆီလို့ခေါ်တဲ့ ဓာတ်မြေသြဇာ အညံ့စားတွေကို မယူမနေရ အတင်းရောင်းချပြီးတော့ သူဌေးကြီးဖြစ်လာတာပါ။ မကြာခင်က အပိတ်ခံလိုက်ရတဲ့ E-lite ကားလိုင်း၊ Red link ကုမ္ပဏီကလည်း သူတို့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေပါဘဲ။ တိုးနိုင်မန်းနဲ့ နီးစပ်သူတစ်ယောက်ရဲ့ အဆိုအရ Red link ကိုတောင် ထပ်ပြီး တိုးချဲ့ဦးမယ်လို့ သိရပါတယ်။ ဂျပန်က ကုမ္ပဏီကြီးတစ်ခုနဲ့လည်း Internet နဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေ ချဲ့ထွင်ဖို့ ညှိနှိုင်းထားပြီးပါပြီ။ ဘယ်ကဘယ်လိုရလာတဲ့ ပိုက်ဆံတွေ၊ ဒေါ်လာတွေနဲ့ချဲ့ထွင်ပြီး ပြည်သူတွေ ဆီက ပိုက်ဆံတွေကို နည်းအမျိုးမျိုးနဲ့ ချူစားဦးမလဲ မသိရပါဘူး။

ဒါ့အပြင် အောင်လံမြို့နယ်ထဲက ပဒဲကျေးရွာမှာလည်း တိုးနိုင်မန်းနဲ့ ယောက္ခမ ဇေကမ္ဘာကြီးတို့ ပိုင်တဲ့ ကျွန်းစိုက်ခင်းတွေလည်းရှိပါသေးတယ်။ တောင်သူတွေ စိုက်ပျိုးစားသောက်တဲ့ မြေနေရာတွေကို ကုမ္ပဏီပိုင်တဲ့ စိုက်ပျိုးမြေဆိုပြီးတော့ သိမ်းခဲ့တာပါ။ မသိနားမလည်တဲ့ တောင်သူလယ်သမား ပြည်သူ တွေကို လိမ်ညာလှည့်ဖြားပြီး လုပ်အားတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ အမြတ်ထုတ်ကာ သူတို့စီးပွားအတွက် မတရားအနိုင်ကျင့်တာပါ။ ပြီးတော့ ပါးစပ်ကတော့ ဒေသဖွံ့ဖြိုးရေး၊ ရွာသားတွေစီးပွား တိုးတက်ဖို့ဆိုပြီး အမြဲမပြတ်ပြောနေပေမယ့် နောက်ဆုံးတော့ ရွာသားတွေကိုယ်တိုင် သည်းမခံကြတော့ပါဘူး။ ILO ကို တိုင်ကြားခဲ့ပေမယ့် သူတို့အရှိန်အ၀ါကြောင့် ဒီကနေ့အထိ ဘာမှ မထူးပါဘူး။ ဆီဆိုင်တွေအပြင် ဦးတိုးနိုင်မန်းပိုင်တဲ့ ကျွန်းစိုက်ခင်းပုံတွေလည်း ရှိပါသေးတယ်။

ဦးရွှေမန်းတို့နဲ့ မိသားစုတွေလို ရင်းရင်းနှီးနှီးနေခဲ့ဖူးတဲ့ သူအချို့ရဲ့ ရင်ဖွင့်သံတွေအရ တပ်ထဲမှာ အရှိန်အ၀ါသုံးပြီးတော့ သားနှစ်ယောက်ပါ စီးပွားရေးသောင်းကျန်းခဲ့လို့ အခုအခါ ကျိကျိတက်ချမ်းသာပြီး အာရှမှာ ထိပ်တန်းအဆင့် ၁၀ အတွင်း မှာရှိနေတယ်လို့ ဆိုကြပါတယ်။ အခုလည်း လွှတ်တော်ဥက္ကဋ္ဌဘ၀နဲ့ မတင်းတိမ်နိုင်သေးပါဘူး။ သမ္မတထိုင်ခုံကိုတောင် မှန်းနေပါသေးတယ်။ အကယ်၍များ သမ္မတဖြစ်ခဲ့ရင် တော့ ပြည်သူလူထုအတွက် အကျိုးစီးပွားထက် သူတို့အကျိုးစီးပွားအတွက်သာ လုံးပန်းနေကြမှာ သေချာ ပါတယ်။
‪#‎စောနိုင်‬

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။