Goodbye Half-Blood Prince
-------------------------- -------
ရှေ့ရက်က မျက်လှည့်ကမ္ဘာမှာ ဝမ်းနည်းစရာအကောင်းဆုံး သတင်းတစ်ပုဒ်ထွက်ခဲ့တယ်။ အဲဒီသတင်းက မြင့်မြတ်တဲ့မှော်ဆရာ ပါရော်ဖက်ဆာSnape လူ့လောကကနေ ထွက်ခွာသွားပြီဆိုတဲ့ သတင်းဖြစ်တယ်။
သရုပ်ဆောင် Alan Rickman ဟာ ကျွန်တော့်တို့ရင်ထဲက ပါရော်ဖက်ဆာSnapeဖြစ်အောင် ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့ပါတယ်။ သူဟာ အဲဒီဇာတ်ရုပ်နဲ့ ဟယ်ရီပေါ်တာနှစ်သက်သူတွေရဲ့လူငယ်ဘဝကို အဖော်ပြုခဲ့ပါတယ်။
Harry Potter and the Half-Blood Prince စာအုပ်ထဲမှာ သူဟာ အထီးကျန်ဆန်သူတစ်ဦးဖြစ်တယ် ။
သွေးနှောတဲ့အတွက် သူ့ကိုယ်သူသိမ်ငယ်ခဲ့သလို မာနလည်းကြီးခဲ့တယ်။ သူ့ကိုယ်သူ "သွေးနှောမင်းသား" Half-Blood Prince လို့ တင်စားခဲ့တယ်။
အမျိုးသမီးတစ်ဦးကို သူချစ်မိချိန်မှာ သူ့ဘဝက အဓိပ္ပာယ်ရှိရှိ လင်းလက်လာခဲ့တယ်။ ဒါပေမယ့် အချစ်ကို သူမျိုသိပ်ထားရပြန်တယ်။
အချစ်အတွက် သူရှုးသွပ်ခဲ့ပေမယ့် Voldemort ရဲ့လိုက်လံသတ်ဖြတ်မှုကိုတော့ အကာအကွယ်မပေးနိုင်ခဲ့ဘူး။
သေဆုံးသွားတဲ့လီလီကိုပွေ့ဖက်ရင်း သူ့နှလုံးသားက မြားအခွင်းခံလိုက်ရသလို ကြေမွနာကျင်နေခဲ့တယ်။
"မင်းအစား ငါသေသွားတာပဲကောင်းပါတယ် လီလီ..."
အဲဒီကစ သူ့နှလုံးသားဟာ ကျောက်ဆောင်လိုမာခဲ့တယ်။
Voldemort ကို တိုက်ခိုက်ချေမှုန်းဖို့ သူဟာ ဟန်ဆောင်ကောင်းသူတစ်ယောက်ဖြ စ်လာခဲ့တယ်။
လီလီရဲ့ကလေး-- ဟယ်ရီပေါ်တာကို သူ့အသက်နဲ့လဲကာကွယ်ခဲ့တယ်။
သန်စွမ်းကြံ့ခိုင်တဲ့ခန္ဓာကိုယ်မှာ အထီးကျန်တဲ့ဝိညာဉ်ကိုသယ်ဆော င်ရင်း
သူဟာ ဝတ်ရုံနက်လူသားဖြစ်လာခဲ့တယ် ။
အေးစက်စက်မျက်နှာထားနဲ့ သံယောဇဉ်ချစ်ခြင်းတွေကို ရင်ခွင်ထဲ သူသိုဝှက်ထားခဲ့တယ်။
သူ့ရင်ထဲ ဘာဖြစ်နေမှန်း လူတွေနားမလည်ခဲ့ကြဘူး၊ ရက်စက်ကြေကွဲမှုတွေကို သူနာနာကျင်ကျင် ခံစားနေခဲ့တယ်။
သူဟာ အပြုံးအရယ်နည်းပြီး ကျောင်းသားတွေအပေါ် စရိုက်ဆိုးတဲ့မှော်ဆရာတစ်ဦးဖြစ်ခဲ့တယ်။
ဒါပေမယ့်လည်း အန္တရာယ်ကိုမကြောက် ကျောင်းသားတွေကို အသက်နဲ့လဲပြီး ကာကွယ်ပြန်တယ်။
သူဟာ မာန်မာနကြီးပေမယ့် မျက်ဝန်းမှာမျက်ရည်အမြဲရစ်ဝိုင်းတယ်။
သူမသေဆုံးခင် ဟယ်ရီပေါ်တာကို "မင်းလည်း မင်းအမေလိုမျက်လုံးမျိုးရှိ တယ်" လို့ ပြောခဲ့တယ်။
ကိုယ်ချစ်တဲ့အမျိုးသမီးနဲ့ သူ့ကလေးကို တစ်သက်တာကာကွယ်စောင့်ရှောက် ခဲ့ရတဲ့အတွက်
သူနောင်တမရခဲ့ဘူး....
ပါရော်ဖက်ဆာ Dumbledore က သူ့ကို "အချိန်ဒီလောက်ကြာခဲ့တာတောင် လီလီကို မင်းချစ်နေတုန်းလား" လို့ မေးတော့ သူ စကားတစ်ခွန်းပဲ ပြန်ပြောခဲ့တယ်.... Always ထာဝရ တဲ့....
Alan Rickmanဟာ သူရဲ့ပီပြင်တဲ့သရုပ်ဆောင်မှု တွေနဲ့ လူငယ်လူရွယ်တော်တော်များများရဲ့ ဘဝကို အဖော်ပြုခဲ့ပါတယ်။
၂ဝ၁၆ခုနှစ် ဇန်နဝါရီ ၁၄ရက်နေ့မှာတော့ သူကွယ်လွန်သွားခဲ့ပါပြီ။
သူဟာ အင်္ဂလန်နိုင်ငံ လန်ဒန်က ရိုးရိုးသာမာန်အလုပ်သမားမိသားစုက မွေးဖွားကြီးပြင်းခဲ့သူဖြစ် တယ်။
သူ့အသက် ၆၉နှစ်မှာ သူရဲ့သရုပ်ဆောင်သက်က ၃၆နှစ်ဖြစ်တယ်။
အောင်မြင်ခဲ့တဲ့ သူဇာတ်ကား၊ ရရှိခဲ့တဲ့ဆုတွေကိုတော့ မပြောတော့ပါဘူး။
၂ဝဝဝခုနှစ်မှာတော့ လူအများနှစ်သက်တဲ့ "ဟယ်ရီပေါ်တာ" ထဲက မှော်ဆရာအဖြစ် သူစတင်သရုပ်ဆောင်ခဲ့ပါတယ်။
လူတွေဟာ သူ့နာမည်အရင်း Alan Rickman ကိုတောင်မေ့ပြီး သူ့ကို Professor Snape လို့ ခေါ်ဝေါ်ခဲ့တဲ့အထိပါပဲ။
၂ဝဝဝခုနှစ်မှာစရိုက်လိုက်တဲ့  ဟယ်ရီပေါ်တာဇာတ်ကားစီးရီးဟာ ၁၂နှစ်တာကြာသွားခဲ့တယ်။ ဒီဇာတ်ကားဟာ လူငယ်တော်တော်များများရဲ့ ကြီးပြင်းရာလမ်းတစ်လျှောက်မှာ အမှတ်တရတစ်ပိုင်းတစ်စဖြစ်စေ ခဲ့တယ်။
ဟယ်ရီပေါ်တာရဲ့နောက်ဆုံးစီးရီး Harry Potter and the Deathly Hallows ရိုက်ကူးပြီးတဲ့နှစ်မှာပဲ Alan Rickman ဟာ သူနဲ့ ၃၅နှစ်ကြာရင်းနှီးကျွမ်းဝင် ခဲ့တဲ့ချစ်သူနဲ့ လက်ထပ်လိုက်တယ်။ အဲဒီနှစ်မှာ သူ့အသက် ၆၅နှစ်ဖြစ်တယ်။
စစ်မှန်တဲ့ချစ်ခြင်းနဲ့ အချစ်တစ်ခုကို ၃၅နှစ်ကြာ သူထိန်းသိမ်းစောင့်ရှောက်ခဲ့ တယ်။
"သူဟာ ကျွန်တော့်အိပ်မက်ထဲကလီလီပေါ့"လို့ သူပြောခဲ့တယ်။
ဒါပေမယ့် လှပတဲ့အရာက ကြာရှည်မခံခဲ့ပါဘူး။ ချစ်သူနဲ့လက်ထပ်ပြီး ၄နှစ်အကြာမှာ ကင်ဆာရောဂါက သူ့အသက်ကိုလုယူသွားခဲ့ပါတယ် ။
Voldemort တိုက်ခိုက်လို့ ရှင်ကွဲကွဲခဲ့ရတဲ့ဇာတ်ရုပ်က သူ့တကယ့်ဘဝမှာ လက်တွေ့ဖြစ်လာခဲ့ပါတယ်။
ဒါကပဲ လူ့ဘဝဖြစ်မှာပေါ့... ကြီးပြင်းရာလမ်းတစ်လျှောက်မှာ အဖော်ပြုခဲ့တဲ့လူတွေ၊ နှလုံးသားနက်နက်ထဲ ထည့်သိမ်းထားခဲ့ဖူးတဲ့ မျက်နှာတွေဟာ လူ့လောကထဲတရွေ့ရွေ့ထွက်ခွာသွားခဲ့ကြပြီ။
ကြီးပြင်းခြင်းဆိုတာ ခရီးဝေးလေးတစ်ထောက်ပါ။
ဒီခရီးလမ်းမှာ လူတချို့က သင့်ကို တိတ်တဆိတ်အဖော်ပြုလိုက်ပါကြ တယ်။
တချို့ကလည်း သင့်ကို လမ်းခုလတ်လောက်ပဲ အဖော်ပြုတယ်။
လူငယ်လူရွယ်ဘဝကို ကျော်လွန်ခဲ့ပေမယ့်လည်း
ကိုယ်နဲ့အဖော်ပြုလိုက်ပါခဲ့ တဲ့ လူတွေ၊ အမှတ်တရတွေက
သင့်မှတ်ဉာဏ်နက်နက်ထဲ သိမ်းဆည်းထားသေးတယ်။
ကျန်ခရီးလမ်းတစ်လျှောက်မှာလ ည်း ချစ်ခြင်းတွေပါတဲ့အမှတ်တရများစွာသာ
ကိုယ်နဲ့အတူ လိုက်ပါနိုင်ပါစေကြောင်း... .. Always.....
---
ဖတ်မိသမျှ မျှဝေပါတယ်..
နိုင်းနိုင်းစနေ (Jan. 16. 2016)
--------------------------
ရှေ့ရက်က မျက်လှည့်ကမ္ဘာမှာ ဝမ်းနည်းစရာအကောင်းဆုံး သတင်းတစ်ပုဒ်ထွက်ခဲ့တယ်။ အဲဒီသတင်းက မြင့်မြတ်တဲ့မှော်ဆရာ ပါရော်ဖက်ဆာSnape လူ့လောကကနေ ထွက်ခွာသွားပြီဆိုတဲ့ သတင်းဖြစ်တယ်။
သရုပ်ဆောင် Alan Rickman ဟာ ကျွန်တော့်တို့ရင်ထဲက ပါရော်ဖက်ဆာSnapeဖြစ်အောင် ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့ပ
Harry Potter and the Half-Blood Prince စာအုပ်ထဲမှာ သူဟာ အထီးကျန်ဆန်သူတစ်ဦးဖြစ်တယ်
သွေးနှောတဲ့အတွက် သူ့ကိုယ်သူသိမ်ငယ်ခဲ့သလို မာနလည်းကြီးခဲ့တယ်။ သူ့ကိုယ်သူ "သွေးနှောမင်းသား" Half-Blood Prince လို့ တင်စားခဲ့တယ်။
အမျိုးသမီးတစ်ဦးကို သူချစ်မိချိန်မှာ သူ့ဘဝက အဓိပ္ပာယ်ရှိရှိ လင်းလက်လာခဲ့တယ်။ ဒါပေမယ့် အချစ်ကို သူမျိုသိပ်ထားရပြန်တယ်။
အချစ်အတွက် သူရှုးသွပ်ခဲ့ပေမယ့် Voldemort ရဲ့လိုက်လံသတ်ဖြတ်မှုကိုတော့
သေဆုံးသွားတဲ့လီလီကိုပွေ့ဖက
"မင်းအစား ငါသေသွားတာပဲကောင်းပါတယ် လီလီ..."
အဲဒီကစ သူ့နှလုံးသားဟာ ကျောက်ဆောင်လိုမာခဲ့တယ်။
Voldemort ကို တိုက်ခိုက်ချေမှုန်းဖို့ သူဟာ ဟန်ဆောင်ကောင်းသူတစ်ယောက်ဖြ
လီလီရဲ့ကလေး-- ဟယ်ရီပေါ်တာကို သူ့အသက်နဲ့လဲကာကွယ်ခဲ့တယ်။
သန်စွမ်းကြံ့ခိုင်တဲ့ခန္ဓာကိ
သူဟာ ဝတ်ရုံနက်လူသားဖြစ်လာခဲ့တယ်
အေးစက်စက်မျက်နှာထားနဲ့ သံယောဇဉ်ချစ်ခြင်းတွေကို ရင်ခွင်ထဲ သူသိုဝှက်ထားခဲ့တယ်။
သူ့ရင်ထဲ ဘာဖြစ်နေမှန်း လူတွေနားမလည်ခဲ့ကြဘူး၊ ရက်စက်ကြေကွဲမှုတွေကို သူနာနာကျင်ကျင် ခံစားနေခဲ့တယ်။
သူဟာ အပြုံးအရယ်နည်းပြီး ကျောင်းသားတွေအပေါ် စရိုက်ဆိုးတဲ့မှော်ဆရာတစ်ဦ
ဒါပေမယ့်လည်း အန္တရာယ်ကိုမကြောက် ကျောင်းသားတွေကို အသက်နဲ့လဲပြီး ကာကွယ်ပြန်တယ်။
သူဟာ မာန်မာနကြီးပေမယ့် မျက်ဝန်းမှာမျက်ရည်အမြဲရစ်ဝ
သူမသေဆုံးခင် ဟယ်ရီပေါ်တာကို "မင်းလည်း မင်းအမေလိုမျက်လုံးမျိုးရှိ
ကိုယ်ချစ်တဲ့အမျိုးသမီးနဲ့ သူ့ကလေးကို တစ်သက်တာကာကွယ်စောင့်ရှောက်
သူနောင်တမရခဲ့ဘူး....
ပါရော်ဖက်ဆာ Dumbledore က သူ့ကို "အချိန်ဒီလောက်ကြာခဲ့တာတောင
Alan Rickmanဟာ သူရဲ့ပီပြင်တဲ့သရုပ်ဆောင်မှု
၂ဝ၁၆ခုနှစ် ဇန်နဝါရီ ၁၄ရက်နေ့မှာတော့ သူကွယ်လွန်သွားခဲ့ပါပြီ။
သူဟာ အင်္ဂလန်နိုင်ငံ လန်ဒန်က ရိုးရိုးသာမာန်အလုပ်သမားမိသ
သူ့အသက် ၆၉နှစ်မှာ သူရဲ့သရုပ်ဆောင်သက်က ၃၆နှစ်ဖြစ်တယ်။
အောင်မြင်ခဲ့တဲ့ သူဇာတ်ကား၊ ရရှိခဲ့တဲ့ဆုတွေကိုတော့ မပြောတော့ပါဘူး။
၂ဝဝဝခုနှစ်မှာတော့ လူအများနှစ်သက်တဲ့ "ဟယ်ရီပေါ်တာ" ထဲက မှော်ဆရာအဖြစ် သူစတင်သရုပ်ဆောင်ခဲ့ပါတယ်။
လူတွေဟာ သူ့နာမည်အရင်း Alan Rickman ကိုတောင်မေ့ပြီး သူ့ကို Professor Snape လို့ ခေါ်ဝေါ်ခဲ့တဲ့အထိပါပဲ။
၂ဝဝဝခုနှစ်မှာစရိုက်လိုက်တဲ
ဟယ်ရီပေါ်တာရဲ့နောက်ဆုံးစီးရ
စစ်မှန်တဲ့ချစ်ခြင်းနဲ့ အချစ်တစ်ခုကို ၃၅နှစ်ကြာ သူထိန်းသိမ်းစောင့်ရှောက်ခဲ
"သူဟာ ကျွန်တော့်အိပ်မက်ထဲကလီလီပေ
ဒါပေမယ့် လှပတဲ့အရာက ကြာရှည်မခံခဲ့ပါဘူး။ ချစ်သူနဲ့လက်ထပ်ပြီး ၄နှစ်အကြာမှာ ကင်ဆာရောဂါက သူ့အသက်ကိုလုယူသွားခဲ့ပါတယ်
Voldemort တိုက်ခိုက်လို့ ရှင်ကွဲကွဲခဲ့ရတဲ့ဇာတ်ရုပ်က
ဒါကပဲ လူ့ဘဝဖြစ်မှာပေါ့... ကြီးပြင်းရာလမ်းတစ်လျှောက်မ
ကြီးပြင်းခြင်းဆိုတာ ခရီးဝေးလေးတစ်ထောက်ပါ။
ဒီခရီးလမ်းမှာ လူတချို့က သင့်ကို တိတ်တဆိတ်အဖော်ပြုလိုက်ပါကြ
တချို့ကလည်း သင့်ကို လမ်းခုလတ်လောက်ပဲ အဖော်ပြုတယ်။
လူငယ်လူရွယ်ဘဝကို ကျော်လွန်ခဲ့ပေမယ့်လည်း
ကိုယ်နဲ့အဖော်ပြုလိုက်ပါခဲ့
သင့်မှတ်ဉာဏ်နက်နက်ထဲ သိမ်းဆည်းထားသေးတယ်။
ကျန်ခရီးလမ်းတစ်လျှောက်မှာလ
ကိုယ်နဲ့အတူ လိုက်ပါနိုင်ပါစေကြောင်း...
---
ဖတ်မိသမျှ မျှဝေပါတယ်..
နိုင်းနိုင်းစနေ (Jan. 16. 2016)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။