English Speaking Basics (20) အင်္ဂလိပ်စကားပြောအခြေခံများ (၂၀)
……………………………………….
ကျနော်တို့ စကားပြောကြတဲ့ အခါမှာ တစ်စုံတစ်ခုကို လက်ခံတယ် ငြင်းပယ်တယ် စသည်ဖြင့် အပြတ်ပြောတဲ့သဘော မဟုတ်ပဲနဲ့ ထင်မြင်ချက် သဘောထားကိုပဲ တစ်စုံတစ်ဦးအတွက် အကြံပြုတဲ့သဘော သုံးသပ်တဲ့သဘောပြောတဲ့ အခါတွေလည်းရှိပါတယ် ၊ အဲလိုပြောချင်တဲ့အခါ ဒီပုံစံလေးတွေကို သုံးနိုင်ပါတယ်
……………………………………....
I THINK YOU SHOULD + (VERB)
……………………………………….
1. I think you should practice meditation to improve your concentration.
ခင်ဗျားရဲ့ အာရုံစူးစိုက်မှု တိုးတက်လာစေဖို့အတွက် ခင်ဗျား တရားထိုင်သင့်တယ်လို့ ကျနော်ထင်ပါတယ်
.
2. I think you should join a study group.
ခင်ဗျား လေ့လာရေး အုပ်စုတစ်ခုကို ၀င်ရောက်သင့်တယ်လို့ ကျနော်ထင်ပါတယ်
.
3. I think you should handle this problem as soon as possible.
ခင်ဗျား ဒီပြဿနာကို ဖြစ်နိုင်သမျှမြန်မြန် ဖြေရှင်းသင့်တယ်လို့ ကျနော်ထင်ပါတယ်
.
4. I think you should earn a degree before marriage.
ခင်ဗျား အိမ်ထောင်မပြုခင် ဘွဲ့တစ်ခုရသင့်တယ်လို့ ကျနော်ထင်ပါတယ်
.
5. I think you should explain about the situation yourself.
ခင်ဗျားအနေနဲ့ အဖြစ်အပျက်နဲ့ စပ်လျဉ်းပြီး ကိုယ်တိုင်ပဲ ရှင်းပြသင့်တယ်လို့ ကျနော်ထင်ပါတယ်
.
6. I think you should take care of yourself.
ခင်ဗျား ကိုယ့်ကိုယ်ကို ဂရုစိုက်သင့်တယ်လို့ ကျနော်ထင်ပါတယ်
7. I think you should pay your rent in advance.
ခင်ဗျား အနေနဲ့ ငှားရမ်းခကို ကြိုတင်ပြီး ပေးသင့်တယ်လို့ ကျနော်ထင်ပါတယ်
………………..
** ဘယ်သူနဲ့ပတ်သက်ပြီး ထင်တာလဲ I, you, he, she, we စသည်ဖြင့် လိုသလို ပြောင်းလဲပြီးပြောပါ
.
8. I think (he) should think about the future.
သူ့အနေနဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး တွေးတောစဉ်းစားသင့်တယ် လို့ ကျနော်ထင်ပါတယ်
( think နှစ်လုံးပါနေတာမှာ နေရာကိုလိုက်ပြီး ထင်တယ် ၊ တွေးတောစဉ်းစားတယ် စသည်ဖြင့် နှစ်ခုမတူပဲ အဓိပ္ပါယ် ယူလိုက်တာကို သတိပြုလိုက်ပါ ..နေရာပေါ်မှာ မူတည်ပြီး ရှိတဲ့အဓိပ္ပါယ်တွေထဲကနေ သင့်တော်ရာကိုယူပါ )
………………
** Always, ever, never စတဲ့ adverb လေးတွေ ထည့်လို့ရသေးတယ်
.
9. I think we should (always) obey our parents.
ကျနော်တို့ဟာ မိဘတွေကို အမြဲတန်းပဲ ရိုသေလိုက်နာသင့်တယ်လို့ ကျနော်ထင်ပါတယ်
.
10. I think we should (ever) remember the gratitude of our parents.
ကျနော်တို့ဟာ မိဘများရဲ့ ဂုဏ်ကျေးဇူးတွေကို အမြဲအမှတ်ရ နေသင့်တယ်လို့ ကျနော်ထင်ပါတယ်
.
11. I think we should (never) associate with the bad people.
ကျနော်တို့ဟာ မကောင်းတဲ့သူများနဲ့ ဘယ်တော့မှ အပေါင်းအဖေါ်မလုပ် သင့်ဘူးလို့ ကျနော်ထင်ပါတယ်
…………………
** အဲလို…ကျနော်မထင်ပါဘူးလို့ ပြောချင်လည်း ရသေးတာပေါ့
.
12. I don’t think you should complain so much.
ခင်ဗျား တိုင်ကြားတာတွေ အများကြီး လုပ်သင့်တယ်လို့ ကျနော်မထင်ပါဘူး
.
13. I don’t think you should doubt me.
ခင်ဗျား ကျနော့်ကို သံသယရှိသင့်တယ်လို့ ကျနော်မထင်ပါဘူး
.
14. I don’t think you should tell him the truth.
ခင်ဗျားသူ့ကို အမှန်အတိုင်း ပြောသင့်တယ်လို့ ကျနော်မထင်ပါဘူး
.
15. I don’t think you should waste your time in playing games.
ခင်ဗျား ဂိမ်းတွေကစားတာမှာ အချိန်ဖြုန်းသင့်တယ်လို့ ကျနော်မထင်ပါဘူး
………………………..
ဝေါဟာရတွေက..
.
Practice (v) လေ့ကျင့်သည်
Improve(v) တိုးတက်သည်
Meditation (n) တရားထိုင်ခြင်း
Concentration (n) အာရုံစူးစိုက်မှု
as soon as possible (ASAP) ဖြစ်နိုင်သမျှစောစော ၊ ဖြစ်နိုင်သမျှမြန်မြန်
pay in advance (v) ကြိုတင်ပေးသည်
Obey (v) လိုက်နာသည်
Gratitude (n) ကျေးဇူးတရား
Associate (v) အပေါင်းအဖေါ်ပြုသည်
Marriage (n) လက်ထပ်ခြင်း
Complain (v) တိုင်ကြားသည် ၊ အပြစ်တင်သည်
Doubt (v,n) သံသယဖြစ်သည် ၊ သံသယ
……………………
စာကြောင်းတစ်ကြောင်းကို ရတာနဲ့ အမျိုးမျိုး မွှေနှောက်ပြီး ပြောတတ်စေချင်လို့ အသေးစိတ်ရှင်းလင်း တင်ဆက်ခဲ့တာဖြစ်ပါတယ် ..
.
မေတ္တာဖြင့်
Win Naing Oo
https://web.facebook.com/ winnaing.oo.79?fref=nf

https://web.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။