English Speaking Basics (2) အင်္ဂလိပ်စကားပြော အခြေခံများ (၂)
======================
I'M GOOD AT ..
………………..
ကျနော်တို့ တစ်စုံတစ်ခုမှာ ကျွမ်းကျင်ပိုင်နိုင်တာ ၊ တော်တာကို ဖေါ်ပြချင်တဲ့အခါမှာသုံးပါတယ်..
နောက်ကနေ နာမ်ပုဒ်လေးတစ်ခု ထည့်ပေးလိုက်တာပါပဲ..
.
(1) I'm good at drawing.
ကျနော်က ပုံဆွဲတာမှာ တော်ပါတယ်
(2) I'm good at video games.
ကျနော်က ဗီဒီယိုဂိမ်း ကစားရာမှာ တော်ပါတယ်
(3) I'm good at sports.
ကျနော်က အားကစားမှာ တော်ပါတယ်
(4) I'm good at math.
ကျနော်က သချာင်္တွက်ရာမှာ တော်ပါတယ်
(5) I'm good at chess.
ကျနော်က စစ်တုရင် ကစားတာမှာ ကျွမ်းကျင်ပါတယ် ။
စသည်ဖြင့် သုံးနိုင်ပါတယ်..
အရေးအသားမှာတော့ good အစား clever, smart တို့လည်း သုံးလို့ရနိုင်ပါတယ် ။
…………………………………………………………………… ……………………………………….
I'M GETTING..
……………………..
အခြေအနေတစ်ရပ်ကို ကျနော်တို့က ရရှိပြီးပြီ ၊ ပိုင်ဆိုင်ပြီးပြီ ဆိုတဲ့သဘောကို ပြောချင်တဲ့အခါ သုံးပါ (gaining possession, being affected )
(1) I'm getting better.
ကျနော်နေကောင်းလာပြီ
I'm getting a tooth ache.
ကျနော် သွားကိုက်နေပြီ
I'm getting a cold.
ကျနော် အအေးမိနေပြီ
I'm getting a job.
ကျနော် အလုပ်တစ်ခု ရနေပြီ ( ရပြီးသွားပြီ)
I'm getting tired.
ကျနော်မောပန်းနေပြီ
(ကျနော်ပင်ပန်းနေပြီ ဆိုလျင် I’m tiring လို့ မှားတတ်ပါတယ် ၊ tiring က adj ဖြစ်ပြီး မောပန်းဖွယ်ဖြစ်သော လို့ ယူရမယ် ၊ အဲဒီကျ ကျနော်က မောပန်းဖွယ်ရာ ဖြစ်ပါတယ် လို့ တလွဲအဓိပ္ပါယ် ဖြစ်သွားမယ် )
………….
~ ရုပ်ဝတ္ထုတွေ အတွက်လည်း သုံးလို့ရတာပါပဲ
I'm getting a new car.
ကျနော့်မှာ ကားသစ်တစ်စီး ရနေပြီ
I'm getting a puppy.
ကျနော့်မှာ ခွေးပေါက်စလေးတစ်ကောင် ရနေပြီ
……………….
~ တစ်ခုခုအတွက် အဆင်သင့် ဖြစ်ပြီဆိုလျင်တော့
I'm getting ready for bed.
ကျနော်အိပ်ယာဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ
I’m getting ready for the match.
ကျနော် ပြိုင်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်ပါပြီ
………………..
ခေါင်းစားမယ် ၊ နားမလည်သေးလည်း ရပါတယ် ၊ ရေးသူက တာဝန်ကျေကြောင်းပြချင်လို့ စာကြောရှည်ခဲ့တာပါ ..
ဒီဝါကျတွေမှာ Continuous tense ရဲ့ သဘောကိုရချင်တာ ဖြစ်တဲ့အတွက် get ကို ing ပေါင်းလိုက်တာ ဖြစ်ပါတယ် ၊ ဥပမာ
ကျနော်မောပန်းတယ် ဆိုလျင်
I’m tired. ပေါ့ ( -ed ပါရမယ် ၊ I’m tire မဟုတ်ဘူးနော် tire ကမောပန်းစေသည် )
အဲဒီမှာ ကျနော်က မောပန်း “နေ” ပါတယ် လို့ ရချင်တော့ -ing ပေါင်းပေးဖို့ verb တစ်ခုခုလိုလာတယ် ၊ အဲဒါကြောင့် get ရောက်လာတာပဲ ..
get ဟာ “ရသည်” ဆိုတဲ့ အဓိပ္ပါယ်ထက်ပိုပြီး helping verb (အကူကြိယာ) တစ်ခုကဲ့သို့လည်း တာဝန်ထမ်းဆောင်တဲ့ နေရာတွေရှိတယ်ဆိုတာကို နောက်ပိုင်းမှာ ပိုသိလာပါလိမ့်မယ် ..( ဥပမာ get passive, causative စတာတွေမှာ ဖြစ်ပါတယ်)
………………….
မေတ္တာဖြင့်
======================
I'M GOOD AT ..
………………..
ကျနော်တို့ တစ်စုံတစ်ခုမှာ ကျွမ်းကျင်ပိုင်နိုင်တာ ၊ တော်တာကို ဖေါ်ပြချင်တဲ့အခါမှာသုံးပါတယ
နောက်ကနေ နာမ်ပုဒ်လေးတစ်ခု ထည့်ပေးလိုက်တာပါပဲ..
.
(1) I'm good at drawing.
ကျနော်က ပုံဆွဲတာမှာ တော်ပါတယ်
(2) I'm good at video games.
ကျနော်က ဗီဒီယိုဂိမ်း ကစားရာမှာ တော်ပါတယ်
(3) I'm good at sports.
ကျနော်က အားကစားမှာ တော်ပါတယ်
(4) I'm good at math.
ကျနော်က သချာင်္တွက်ရာမှာ တော်ပါတယ်
(5) I'm good at chess.
ကျနော်က စစ်တုရင် ကစားတာမှာ ကျွမ်းကျင်ပါတယ် ။
စသည်ဖြင့် သုံးနိုင်ပါတယ်..
အရေးအသားမှာတော့ good အစား clever, smart တို့လည်း သုံးလို့ရနိုင်ပါတယ် ။
……………………………………………………………………
I'M GETTING..
……………………..
အခြေအနေတစ်ရပ်ကို ကျနော်တို့က ရရှိပြီးပြီ ၊ ပိုင်ဆိုင်ပြီးပြီ ဆိုတဲ့သဘောကို ပြောချင်တဲ့အခါ သုံးပါ (gaining possession, being affected )
(1) I'm getting better.
ကျနော်နေကောင်းလာပြီ
I'm getting a tooth ache.
ကျနော် သွားကိုက်နေပြီ
I'm getting a cold.
ကျနော် အအေးမိနေပြီ
I'm getting a job.
ကျနော် အလုပ်တစ်ခု ရနေပြီ ( ရပြီးသွားပြီ)
I'm getting tired.
ကျနော်မောပန်းနေပြီ
(ကျနော်ပင်ပန်းနေပြီ ဆိုလျင် I’m tiring လို့ မှားတတ်ပါတယ် ၊ tiring က adj ဖြစ်ပြီး မောပန်းဖွယ်ဖြစ်သော လို့ ယူရမယ် ၊ အဲဒီကျ ကျနော်က မောပန်းဖွယ်ရာ ဖြစ်ပါတယ် လို့ တလွဲအဓိပ္ပါယ် ဖြစ်သွားမယ် )
………….
~ ရုပ်ဝတ္ထုတွေ အတွက်လည်း သုံးလို့ရတာပါပဲ
I'm getting a new car.
ကျနော့်မှာ ကားသစ်တစ်စီး ရနေပြီ
I'm getting a puppy.
ကျနော့်မှာ ခွေးပေါက်စလေးတစ်ကောင် ရနေပြီ
……………….
~ တစ်ခုခုအတွက် အဆင်သင့် ဖြစ်ပြီဆိုလျင်တော့
I'm getting ready for bed.
ကျနော်အိပ်ယာဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ
I’m getting ready for the match.
ကျနော် ပြိုင်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်ပါပြီ
………………..
ခေါင်းစားမယ် ၊ နားမလည်သေးလည်း ရပါတယ် ၊ ရေးသူက တာဝန်ကျေကြောင်းပြချင်လို့ စာကြောရှည်ခဲ့တာပါ ..
ဒီဝါကျတွေမှာ Continuous tense ရဲ့ သဘောကိုရချင်တာ ဖြစ်တဲ့အတွက် get ကို ing ပေါင်းလိုက်တာ ဖြစ်ပါတယ် ၊ ဥပမာ
ကျနော်မောပန်းတယ် ဆိုလျင်
I’m tired. ပေါ့ ( -ed ပါရမယ် ၊ I’m tire မဟုတ်ဘူးနော် tire ကမောပန်းစေသည် )
အဲဒီမှာ ကျနော်က မောပန်း “နေ” ပါတယ် လို့ ရချင်တော့ -ing ပေါင်းပေးဖို့ verb တစ်ခုခုလိုလာတယ် ၊ အဲဒါကြောင့် get ရောက်လာတာပဲ ..
get ဟာ “ရသည်” ဆိုတဲ့ အဓိပ္ပါယ်ထက်ပိုပြီး helping verb (အကူကြိယာ) တစ်ခုကဲ့သို့လည်း တာဝန်ထမ်းဆောင်တဲ့ နေရာတွေရှိတယ်ဆိုတာကို နောက်ပိုင်းမှာ ပိုသိလာပါလိမ့်မယ် ..( ဥပမာ get passive, causative စတာတွေမှာ ဖြစ်ပါတယ်)
………………….
မေတ္တာဖြင့်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။