သင့်ထံက အလှတရားကို ရှာဖွေခြင်း
□□□□□□□□□□□□□□□□□□□□□□
၁။ သင့်ကိုယ်သင် အနေနဲ့သာ လှပပါ။
သင်ဟာ မာရီလင်မွန်ရိုး မဖြစ်နိုင်တဲ့အတွက် သူ့အလှအပမျိုး သင်ရနိုင်မှာ မဟုတ်ပါဘူး။ သင်ဟာ အင်ဂျလီနာ ဂျိုလီမဟုတ်တဲအတွက်လည်း
သူ့ ဆွဲဆောင်မှုမျိုး သင်ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်ဟာ သင်ဖြစ်နေတဲ့အတွက် သင့်ကိုယ်ပိုင်ပုံစံနဲ့ လှပနိုင်ပါတယ်။ ဆွဲဆောင်မှု
ရှိနိုင်ပါတယ်။ အလှတရားဆိုတာ အရေပြားပေါ်မှာ ရှိနိုင်သလို၊ စိတ်နှလုံးထဲမှာလည်း ရှိနိုင်ပါတယ်။ သင့်ကိုယ်သင် ယုံကြည်မှုရှိပါ။
လွတ်လပ်စွာ ပြုံးလိုက်တဲ့အခါတိုင်း သင်ဟာ သိပ်လှပါတယ်။
၂။ ပြီးပြည့်စုံတဲ့ အပြုံးတစ်ခု။
အပြုံးဟာ လူတိုင်းအတွက် ကျက်သရေရှိတဲ့ လှပခြင်းရဲ့ သင်္ကေတပါ။ ပြုံးလိုက်တဲ့အချိန်ဟာ သင့်ရဲ့ အလှဆုံးအချိန်ဆိုတာကို သင်လက်ခံဖို့
လိုပါမယ်။ နှစ်လိုတဲ့အပြုံးဟာ သင့်အနေနဲ့ တစ်ဖက်သားကို ပေးနိုင်တဲ့ တန်ဖိုးအရှိဆုံး လက်ဆောင်ပါ။ တစ်နည်းပြောရရင် သင့်ရဲ့အလှတရားကို
တစ်ဖက်သားကို မြင်တွေ့ခွင့်ပေးလိုက်ခြင်း ပါ။
၃။ နှိုင်းယှဉ်မှုတွေ ရပ်လိုက်ပါတော့။
သင့် ပတ်ဝန်းကျင်က အများစုက လှတယ်လို့ သတ်မှတ်ထားတဲ့ အရာတွေနဲ့ သင့်ကိုယ်သင် မနှိုင်းယှဉ်ပါနဲ့။ ဒါဟာ သင့်ရဲ့ မွေးကတည်းက
ပါလာတဲ့ အလှတရားလက်ဆောင်ကို သင်ကိုယ်တိုင်စော်ကားလိုက်တာ၊ တန်ဖိုးမထားလိုက်တာပါပဲ။ သင်ကိုယ်တိုင် တန်ဖိုးမထားတဲ့
အလှတရားကို တခြားသူကလည်း တန်ဖိုးထားစရာတစ်ခုလို့ မြင်မှာ မဟုတ်ပါဘူး။ မနှိုင်းယှဉ်ပါနဲ့။ သင်ဟာ သင့်အနေနဲ့ သိပ်လှပါတယ်။
၎။ သင့် ခနာကိုယ်အချိုးအစားနဲ့ ပုံပန်းသွင်ပြင်ကိုလက်ခံပါ။
လောကမှာ ရုပ်ဆိုးတယ်ဆိုတဲ့သူ မရှိပါဘူး။ ကိုယ်ပိုင်အလှတရား ကိုယ်စီနဲ့ပါ။ ဒါပေမယ့် တခြားအရာတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ကြည့်ကောင်းတယ်၊
ကြည့်မကောင်းဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ထွက်ပေါ်လာပါတော့တယ်။ တကယ်တော့ အလှတရားဆိုတာ နှိုင်းယှဉ်ရမယ့်အရာမဟုတ်ပါဘူး။
ခံစားရမယ့် အရာပါ။ သင်ပိုင်ဆိုင်ထားတဲ့ သင့်သွင်ပြင်နဲ့ ခနာကိုယ်အချိုးအစားကို သင် စိတ်ပျက်စရာမလိုပါဘူး။ ဒီ့ထက်ပိုလှအောင် သင်
ပြုပြင်ထိန်းသိမ်း ကြိုးစားနိုင်ပါတယ်။ ဒါပေမယ့် အခုကတည်းက လှပါတယ်ဆိုတာကိုတော့ သင်လက်ခံလိုက်ပါ။
၅။ အလှတရားဆိုတာ ရွေးချယ်မှုပါပဲ။
သင့်ကိုယ်သင် လှတယ်ထင်ရင်, သင် မှန်ပါတယ်။ သင့်ကိုယ်သင် မလှဘူး ထင်ရင်လည်း, သင်မှန်ပါတယ်။
သင်နဲ့လိုက်ဖက်တဲ့ အပြင်အဆင်၊ အဝတ်အစား၊ မိတ်ကပ်တွေနဲ့ဆို သင်လှပါလိမ့်မယ်။ သင်နဲ့ မလိုက်ဖက်တဲ့ အပြင်အဆင်၊ အဝတ်အစား၊
မိတ်ကပ်တွေနဲ့ဆို သင် မလှနိုင်ပါဘူး။ အပေါ်ယံ လှပခြင်းဆိုတာ သင်ဘယ်လိုဖြစ်ချင်လဲဆိုတဲ့ သင့်ရဲ့ရွေးချယ်မှုပါပဲ။
စိတ်ရဲ့ အလှတရားဆိုတာလည်း သင်စိတ်ကောင်းရှိချင်လား၊ မရှိချင်ဘူးလားဆိုတဲ့ ရွေးချယ်မှုနဲ့ ဆိုင်ပါတယ်။
အလှတရားဆိုတာ သင်ကိုယ်တိုင်ရွေးနိုင်တဲ့ ရွေးချယ်မှုပါ။
လှပသောသူများဖြစ်နိုင်ကြပါေ စ
ရွှေညာမောင် (Focus Youth E-magazine)
Ref: TEL
□□□□□□□□□□□□□□□□□□□□□□
၁။ သင့်ကိုယ်သင် အနေနဲ့သာ လှပပါ။
သင်ဟာ မာရီလင်မွန်ရိုး မဖြစ်နိုင်တဲ့အတွက် သူ့အလှအပမျိုး သင်ရနိုင်မှာ မဟုတ်ပါဘူး။ သင်ဟာ အင်ဂျလီနာ ဂျိုလီမဟုတ်တဲအတွက်လည်း
သူ့ ဆွဲဆောင်မှုမျိုး သင်ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်ဟာ သင်ဖြစ်နေတဲ့အတွက် သင့်ကိုယ်ပိုင်ပုံစံနဲ့ လှပနိုင်ပါတယ်။ ဆွဲဆောင်မှု
ရှိနိုင်ပါတယ်။ အလှတရားဆိုတာ အရေပြားပေါ်မှာ ရှိနိုင်သလို၊ စိတ်နှလုံးထဲမှာလည်း ရှိနိုင်ပါတယ်။ သင့်ကိုယ်သင် ယုံကြည်မှုရှိပါ။
လွတ်လပ်စွာ ပြုံးလိုက်တဲ့အခါတိုင်း သင်ဟာ သိပ်လှပါတယ်။
၂။ ပြီးပြည့်စုံတဲ့ အပြုံးတစ်ခု။
အပြုံးဟာ လူတိုင်းအတွက် ကျက်သရေရှိတဲ့ လှပခြင်းရဲ့ သင်္ကေတပါ။ ပြုံးလိုက်တဲ့အချိန်ဟာ သင့်ရဲ့ အလှဆုံးအချိန်ဆိုတာကို သင်လက်ခံဖို့
လိုပါမယ်။ နှစ်လိုတဲ့အပြုံးဟာ သင့်အနေနဲ့ တစ်ဖက်သားကို ပေးနိုင်တဲ့ တန်ဖိုးအရှိဆုံး လက်ဆောင်ပါ။ တစ်နည်းပြောရရင် သင့်ရဲ့အလှတရားကို
တစ်ဖက်သားကို မြင်တွေ့ခွင့်ပေးလိုက်ခြင်း
၃။ နှိုင်းယှဉ်မှုတွေ ရပ်လိုက်ပါတော့။
သင့် ပတ်ဝန်းကျင်က အများစုက လှတယ်လို့ သတ်မှတ်ထားတဲ့ အရာတွေနဲ့ သင့်ကိုယ်သင် မနှိုင်းယှဉ်ပါနဲ့။ ဒါဟာ သင့်ရဲ့ မွေးကတည်းက
ပါလာတဲ့ အလှတရားလက်ဆောင်ကို သင်ကိုယ်တိုင်စော်ကားလိုက်တ
အလှတရားကို တခြားသူကလည်း တန်ဖိုးထားစရာတစ်ခုလို့ မြင်မှာ မဟုတ်ပါဘူး။ မနှိုင်းယှဉ်ပါနဲ့။ သင်ဟာ သင့်အနေနဲ့ သိပ်လှပါတယ်။
၎။ သင့် ခနာကိုယ်အချိုးအစားနဲ့ ပုံပန်းသွင်ပြင်ကိုလက်ခံပါ။
လောကမှာ ရုပ်ဆိုးတယ်ဆိုတဲ့သူ မရှိပါဘူး။ ကိုယ်ပိုင်အလှတရား ကိုယ်စီနဲ့ပါ။ ဒါပေမယ့် တခြားအရာတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ကြည့်ကောင်းတယ်၊
ကြည့်မကောင်းဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ထွက်ပေါ်လာပါတော့တယ်။ တကယ်တော့ အလှတရားဆိုတာ နှိုင်းယှဉ်ရမယ့်အရာမဟုတ်ပါဘ
ခံစားရမယ့် အရာပါ။ သင်ပိုင်ဆိုင်ထားတဲ့ သင့်သွင်ပြင်နဲ့ ခနာကိုယ်အချိုးအစားကို သင် စိတ်ပျက်စရာမလိုပါဘူး။ ဒီ့ထက်ပိုလှအောင် သင်
ပြုပြင်ထိန်းသိမ်း ကြိုးစားနိုင်ပါတယ်။ ဒါပေမယ့် အခုကတည်းက လှပါတယ်ဆိုတာကိုတော့ သင်လက်ခံလိုက်ပါ။
၅။ အလှတရားဆိုတာ ရွေးချယ်မှုပါပဲ။
သင့်ကိုယ်သင် လှတယ်ထင်ရင်, သင် မှန်ပါတယ်။ သင့်ကိုယ်သင် မလှဘူး ထင်ရင်လည်း, သင်မှန်ပါတယ်။
သင်နဲ့လိုက်ဖက်တဲ့ အပြင်အဆင်၊ အဝတ်အစား၊ မိတ်ကပ်တွေနဲ့ဆို သင်လှပါလိမ့်မယ်။ သင်နဲ့ မလိုက်ဖက်တဲ့ အပြင်အဆင်၊ အဝတ်အစား၊
မိတ်ကပ်တွေနဲ့ဆို သင် မလှနိုင်ပါဘူး။ အပေါ်ယံ လှပခြင်းဆိုတာ သင်ဘယ်လိုဖြစ်ချင်လဲဆိုတဲ့ သင့်ရဲ့ရွေးချယ်မှုပါပဲ။
စိတ်ရဲ့ အလှတရားဆိုတာလည်း သင်စိတ်ကောင်းရှိချင်လား၊ မရှိချင်ဘူးလားဆိုတဲ့ ရွေးချယ်မှုနဲ့ ဆိုင်ပါတယ်။
အလှတရားဆိုတာ သင်ကိုယ်တိုင်ရွေးနိုင်တဲ့ ရွေးချယ်မှုပါ။
လှပသောသူများဖြစ်နိုင်ကြပါေ
ရွှေညာမောင် (Focus Youth E-magazine)
Ref: TEL
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။