Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 16, 2016

ဒီလိုအခြေအနေတွေမှာ တက်တူးလုံးဝ မထိုးသင့်ပါ

ဒီလိုအခြေအနေတွေမှာ တက်တူးလုံးဝ မထိုးသင့်ပါ
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တစ်သက်လုံးစွဲထင်ကျန်ရစ်နေမယ့် တက်တူးထိုးတော့မယ်ဆိုရင် မထိုးခင် သေချာစဉ်းစားသင့်တဲ့ အပိုင်းတွေ ရှိနေပါတယ်။ အဲ့ဒီလိုစဉ်းစားရမယ့် အပိုင်းတွေထဲကမှ သင်ဟာ ဒီလိုအခြေအနေမျိုး ရင်ဆိုင်နေရတယ်၊ ဒီလိုအကြောင်းအရာတွေ ဖြစ်နေတယ်ဆိုရင် တက်တူးလုံးဝမထိုးသင့်ပါဘူး။ ဒါ့ကြောင့် တက်တူးမထိုးသေးပဲ စောင့်ဆိုင်းသင့်သေးတဲ့ အကြောင်းအရင်းတွေကို ခုလို ဖော်ပြပေးလိုက်ပါတယ်။

၁။ တက်တူးဆရာအကြောင်းမသိပဲ၊ သူဘာပုံတွေ ထိုးတာတော်မှန်းမသိပဲ ထိုးဖို့ဆုံးဖြတ်မိတာဆိုရင်
သင်ဟာ ခုမှ လက်တည့်စမ်းနေုတုန်း တက်တူးဆရာဆီကိုသွားပြီး ဈေးသက်သက်သာသာနဲ့ ပေါချောင်ကောင်း ပုံလေး ထိုးလိုက်မယ်ဆိုရင် ထွက်လာတဲ့ပုံကို စိတ်ကျေနပ်မှုရှိမှာ မဟုတ်တာ ၇၀ရာခိုင်နှုန်းပါ။ ဒါ့ကြောင့် တက်တူးထိုးတော့မယ်ဆို ကိုယ်ထိုးမယ့် တက်တူးဆရာအကြောင်း သိအောင် ကြိုးစားသင့်သလို၊ သူက ဘယ်အပိုင်းကို ကျွမ်းကျင်သလဲ၊ ဘယ်အပိုင်းတွေထိုးတာ တော်သလဲဆိုတာတွေကိုပါ သေချာလေ့လာသင့်ပါတယ်။ တက်တူးဆိုင် ဆိုတဲ့ ဆိုင်းဘုတ်မြင်တိုင်း ၀င်ပြီး ထိုးလိုက်တာမျိုးလုံးဝ မလုပ်ပါနဲ့။
၂။ မူးယစ်ဆေးဝါးသုံးထားတာကြောင့် အလောသုံးဆယ် ထိုးဖို့ ဆုံးဖြတ်လိုက်တာမျိုးဆိုရင်
အရက်တွေမူးနေတဲ့အချိန် တွေ့ကရာတက်တူးကောက်ထိုးလိုက်တာမျိုးဟာ ကောင်းမွန်တဲ့ အဖြေတစ်ခုတော့ မဟုတ်ပါဘူး။ အမူးပြေတဲ့အချိန်ကျမှ သင့်ခန္ဓာကိုယ်ပေါ် နေရာယူထားပြီးဖြစ်တဲ့ တက်တူးကို မြင်တွေ့လိုက်မယ်ဆိုရင် သင်လည်း ရှော့ခ်ဖြစ်သွားနိုင်သလို ထိုးထားတဲ့ တက်တူးက သင်ကြိုက်နှစ်သက်တဲ့ ပုံ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။
၃။ ကျန်းမာရေး မကောင်းတဲ့အတွက် ဆေးကုသမှုခံယူနေချိန်အတွင်း ဆုံးဖြတ်တာမျိုးဆိုရင်
တက်တူးထိုးတော့မယ်ဆိုရင် သင့်ကျန်းမာရေးအခြေအနေကိုလည်း လျစ်လျူရှုထားလို့ မရပါဘူး။ သင်ဟာ ဆေးကုသမှုခံယူနေရတဲ့သူတစ်ယောက်ဆိုရင် တက်တူးကို ကောက်ထိုးဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နှလုံးရောဂါရှိသူတစ်ယောက်ဆိုရင် ပိုလို့တောင် သတိထားသင့်ပါတယ်။
၎။ ကိုယ်နဲ့လက်ရှိချစ်ကြိုက်နေသူရဲ့ နာမည်ကို တက်တူးထိုးတော့မယ်ဆိုရင်
အချစ်ရေးဆိုတာ ဘာမှကြိုဟောကိန်းထုတ်လို့ ရတဲ့အရာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ်နဲ့ခုလက်ရှိချစ်ကြိုက်နေတဲ့ ချစ်သူနာမည်ကို ထိုးပြီးကာမှ ပြတ်သွားတာတို့ ဘာတို့ကြုံလာရမယ်ဆိုရင် ဒီနာမည်ကို ဘယ်လိုပြန် cover up လုပ်မလဲဆိုပြီး ခေါင်းရှုပ်ရပါဦးမယ်။ မဟုတ်လို့ သင့်ရဲ့နောက်ထပ် တွေ့လာမယ့် ချစ်သူက လုံးဝဖျက်ခိုင်းတာမျိုး ဘာမျိုး ရှိလာရင်လည်း လေဆာပစ်တာတွေဘာတွေနဲ့ အလုပ်ရှုပ် အသားနာရပါဦးမယ်။
၅။ ခုလက်ရှိသဘောကျနေပေမယ့် နောက်ပိုင်း မကြိုက်တော့ရင် ဖျက်လိုက်မယ်ဆိုပြီး ထိုးမယ.့် တက်တူးဆိုရင်
သင်ဟာ ခုလက်ရှိ ထိုးမယ့်ပုံကို ပြီးပြီးရော အမြန်ရွေးချယ်ပြီး ထိုးတာမျိုး ဘယ်တော့မှ မလုပ်သင့်ပါဘူး။ အဲ့ဒီလို ခုတော့ သဘောကျတယ်၊ နောက်ပိုင်း မကြိုက်တော့လည်း cover up လုပ်လိုက်မယ်၊ လေဆာနဲ့ ဖျက်လိုက်မယ်ဆိုပြီး ပြီးပြီးရော လုပ်တတ်တဲ့ လူတွေမှာ အိမ်ထောင်ရေးမှာလည်း ခု လက်ထပ်လိုက်မယ်၊ အဆင်မပြေတော့လည်းကွဲလိုက်တာပေါ့ ဆိုတဲ့ အလွယ်လုပ်တဲ့ လူစားမျိုးတွေမို့ ကိုယ့်ဘသာကိုယ် မကျိန်းသေရင် မထိုးသေးတာ အကောင်းဆုံးပါ။
၆။လောင်းကြေးစားကြေးနဲ့ ထိုးတာမျိုး၊ နောက် တစ်ယောက်ယောက်က အတင်းထိုးခိုင်းလို့ ထိုးတာမျိုးဆိုရင်
သင်ဟာ ကိုယ်တကယ် ထိုးချင်တဲ့ တက်တူးမျိုး မဟုတ်ပဲ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ လောင်းကြေးစားကြေး ရှုံးသွားလို့ ထိုးရတာမျိုးဆိုရင် ဒါကို လုံးဝလက်မခံသင့်ပါဘူး။ နောက်တစ်ခုက သူများက အတင်းတိုက်တွန်းလို့ ကိုယ်လည်း မကြိုက်ပဲ ထိုးရတဲ့ အခြေအနေမျိုးဆိုရင်လည်း ဒါကိုရအောင် ငြင်းဖို့ လိုအပ်ပါတယ်။
၇။ သင်ထိုးချင်တဲ့ ပုံရဲ့အဓိပ္ပါယ်ကို သေချာမသိပဲ၊ ထိုးမယ့် ဘာသာစကားရဲ့ အဓိပ္ပါယ်ကို သေချာမသိပဲ ထိုးဖို့ရွေးထားတာမျိုးဆိုရင်
ကိုယ့်ဘာသာစကားမဟုတ်တဲ့ အခြားသော ဘာသာတစ်ခုခုကို ထိုးတော့မယ်ဆို အဓိပ္ပါယ်ဘယ်လိုရှိတာဆိုတာ သေချာပိုင်နိုင်စွာ ရှာဖို့၊ သိဖို့ လိုပါတယ်။ မဟုတ်ရင် ဒါဟာ အရှက်ရစရာ ကိစ္စရပ်ကြီးပါ။
၈။ ကိုယ့်ထိုးမယ့် ပုံဒီဇိုင်း၊ စာလုံးဒီဇိုင်းကို စိတ်တိုင်းမကျသေးဘူးဆိုရင်
တစ်ခါတစ်လေ ထိုးဖို့ရက်ချိန်းက ကပ်နေပေမယ့် သင်သဘောကျတဲ့ စာလုံးဒီဇိုင်းမျိုး၊ ပုံမျိုး မရသေးဘူး၊ သင်ကိုယ်တိုင်လည်း စိတ်က အမျိုးမျိုးပြောင်းနေတယ်ဆိုရင် ဒိတ်ကို ရွှေ့လိုက်တာ ကောင်းပါတယ်။ ကိုယ်တကယ်လည်း သဘောမကျတဲ့ပုံမျိုးကို မျက်စိမှိတ်ပြီး မထိုးပါနဲ့။
၉။ သင့်မှာ တက်တူးအတွက် လုံလောက်တဲ့ငွေပမာဏ မရှိသေးဘူးဆိုရင်
တစ်ခါတစ်လေ ကိုယ်ထိုးချင်တဲ့ တက်တူးပုံအတွက် ပိုက်ဆံမရှိသေးလို့၊ ရှိသလောက်နဲ့ ဈေးချိုတဲ့ တက်တူးဆရာဆီသွားလိုက်တာမျိုး၊ မဟုတ်လည်း ပုံကို ဆိုက်သေးပြီး၊ ဒီဇိုင်းပြောင်းထိုးလိုက်တာမျိုးတွေ မလုပ်မိဖို့ကလည်း အရေးကြီးပါတယ်။ ပိုက်ဆံမလုံလောက်သေးရင် လုံလောက်တဲ့အထိ စုလိုက်ပါ။ အဲ့ဒီလိုမဟုတ်ပဲ ပြီးပြီးရော ထိုးလိုက်တာမျိုးတော့ မလုပ်စေချင်ပါဘူး။
၁၀။ တက်တူးထိုးဖို့ ခွင့်ပြုထားတဲ့အရွယ် မရောက်သေးဘူးဆိုရင်
သင်ဟာ အသက် ၁၈နှစ်မပြည့်သေးပဲ တက်တူးဆိုင် ကိုယ့်စိတ်ကူးနဲ့သွားပြီး ထိုးလိုက်မယ်ဆိုရင် သင့်ထိုးမယ့်တက်တူးပုံနဲ့ ပတ်သက်ပြီး အကြံပေးနိုင်တဲ့သူလည်း နည်းပါးပါလိမ့်မယ်။ ကျန်းမာရေးဆိုင်ရာဘက်ကိုလည်း လျစ်လျူရှုရာကျပါတယ်။ ဒီအချက်တွေက သင့်အတွက် အထူးစဉ်းစားရမယ့် အချက်ပါပဲ။
Ref:tattoo.about
Trend Myanmar

Admin-Mssk

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။