`` တူးပို့ နဲ့ပတ်သက်လို့ ပြောပါရစေ.. ´´
ကိုလိုနီခေတ်နှောင်းပိုင်းနဲ့
စစ်ပြီးခေတ်အစောပိုင်းကာလ မန္တလေးမြို့က အနုပညာဝါသနာအခံကြီးကြတဲ့
လူငယ်တစ်စုဟာ ဂီတဝိုင်းလေးတစ်ခု ထူထောင်ခဲ့ကြတယ်.. ဦးဆောင်သူတွေထဲမှာ
မြို့မျက်နှာဖုံးလို့ ဆိုရမဲ့ ဗန္ဓုလဦးဆိုင်တို့လိုလူတွေလဲ ပါခဲ့တယ်.. အနောက်နိုင်ငံက တူရိယာပစ္စည်းတွေကို မှာယူခဲ့ကြတယ်..
မြန်မာနားနဲ့ လိုက်ဖက်မဲ့ တေးသီချင်းတွေကို ဖန်တီးခဲ့ကြတယ်.. သူတို့အိပ်မက်ကတော့ မြန်မာ့ရိုးရာဂီတ ပစ္စည်းတွေကို နိုင်ငံတကာ Orchestra သံစုံတီးဝိုင်းကြီးတွေနဲ့ တွဲဖက်တီးမှုတ်ကြပြီး ဂီတကိုပေါင်းစပ်ကြဖို့ပါပဲ. . အင်တာနေရှင်နယ်နုတ်ကို မြန်မာ့ဂီတမှာ အသုံးပြုနိုင်ခဲ့တယ်.. မြန်မာသံတလှည့် နိုင်ငံတကာသံတလှည့် တေးဂီတသီချင်းပေါင်းများစွာ ဖန်တီးခဲ့ကြရာမှာ ဂီတစာဆို ဆရာမြို့မငြိမ်းက အဓိကနေရာက ပါဝင်ခဲ့ပါတယ်..
သူ့ဘဝရဲ့ အချိန်အားလုံးကို ဂီတထဲမှာပဲ နှစ်မြုပ်ထားခဲ့တဲ့ ပါရမီရှင် ဂီတပညာရှင်တစ်ယောက်ဖြစ်ပါတယ်..
၁၉၅၂ ခုနှစ်မှာ မန္တလေးမြို့မှာ ပြည်ထောင်စုသင်္ကြန်ပွဲတော် ကျင်းပဖို့
စီစဉ်ကြရာမှာ သင်္ကြန်သီချင်းများ ရေးဖွဲ့ဖို့ ဖြစ်လာပါတယ်.. အရင်က
သင်္ကြန်သီချင်းများ ရေးဖွဲ့ခဲ့ကြဖူးပေမဲ့ မြူးကြွတဲ့ ကဗျာလွတ်ကိုအခြေခံတဲ့
ယိမ်းများနဲ့ လိုက်ဖက်တဲ့ ဒိုးတီးကွက် အသစ်ကို ဖန်တီးခဲ့ကြတယ်..
ဆရာငြိမ်းနဲ့အတူ မြန်မာဆိုင်းဝိုင်း ဒိုးဆရာကိုထွန်းရင်တို့ ပူးတွဲဖန်တီးခဲ့တယ်လို့ ဆိုရမယ်.. စည်း၊ ဝါး၊ စည်တို၊ လင်းကွင်းနဲ့ စခွန့်လို့ ခေါ်တဲ့ နှစ်ဖက်တီးစည် တူရိယာတို့ကို ပေါင်းစပ်ပြီး ဒိုးဆစ်တီးကွက် ထွင်နိုင်ခဲ့တယ်.. အသံထွက်က ` ဗေပုံ.. တူးပို့ တူးပို့ တူး ´ လို့ ထွက်တယ်.. ယနေ့ခေတ်အထိ အောင်မြင်ဆဲ သင်္ကြန်သီချင်းပေါင်းများစွာ ဟာ ဒီဒိုးတီးကွက်ကိုပဲ အခြေခံထားကြတယ်..
သင်္ကြန်ဂန္တဝင်သီချင်းတစ်ပုဒ် ဖြစ်တဲ့
`မန်းတောင်ရိပ်ခို´ သီချင်းဟာလဲ ဒီဒိုးနဲ့ပဲ တီးခတ်ထားတယ်.. ` ချို ပြုံး
ရွှင် သော နှမပျိုငယ်.. ( ဗေပုံ.. တူးပို့.. တူးပို့ .. တူး ) ဆိုတာ
မြန်မာတိုင်းနဲ့ မစိမ်းတဲ့ စာသားနဲ့ သံစဉ်ဖြစ်ပါတယ်.. ဒါကြောင့် သင်္ကြန်နဲ့
တူးပို့ ခွဲခြားမရသလို ဒီသံစဉ်ကြားရင် လူတိုင်းရင်ထဲမှာ အလိုလို
မြူးကြွလာတတ်လို့ ယနေ့ခေတ်အထိ သူ့ကိုကျော်နိုင်တဲ့ တီးကွက်မရှိသေးပါ..
ဥာဏနဲ့ ပါရမီကိုအခြေခံပြီး အသစ်တီထွင်ဖန်တီးထားတဲ့ အနုပညာတစ်ခုမို့ တန်ဘိုးရှိပါတယ်.. အလေးထားကြရပါမယ်.. နိုင်ငံတကာမှာလဲ တန်ဘိုးထားကြသလို မူပိုင်ခွင့်လဲ ရှိပါတယ်.. တူးပို့ဆိုတာ စကားလုံးတစ်လုံး မဟုတ်ပါဘူး.. အရင်က မရှိခဲ့တဲ့ စကားရပ်တစ်စုဖြစ်ပါတယ်.. ဂီတအနုပညာရှင် ဆရာကြီးတွေကို အလေးထားကြရပါမယ်.. မန္တလေးနဲ့မြို့မဟာ ခွဲခြားလို့ မရနိုင်သလို မြန်မာတွေရဲ့ အနုပညာတစ်ခုအဖြစ် အားလုံးက အသိအမှတ်ပြုကြရမှာ ဖြစ်ပါတယ်..
သက်တမ်း ၇၅ နှစ်ပြည့်သွားပြီးဖြစ်တဲ့ မြို့မတီးဝိုင်းဟာ ယနေ့အချိန်ထိ ရပ်တည်ဆဲဖြစ်သလို ဂီတသီချင်းပေါင်းများစွာကို
လက်ဆင့်ကမ်း ထိမ်းသိမ်းထားဆဲ ဖြစ်ပါတယ်.. မြန်မာရိုးရာ တူရိယာနဲ့
အနောက်တိုင်းတူရိယာတွေ ပေါင်းစပ်တီးခတ်တဲ့ ဂီတသံများဟာ ဘယ်တော့မှ
မရိုးနိုင်ပါဘူး.. အခုချိန်ကျွန်တော်တို့ အလွယ်တကူ နားထောင်ရပေမဲ့
စတင်ဖန်တီးစဉ်ကတော့ သိပ်ခက်ခဲခဲ့ပါတယ်.. အမွေအနှစ်တစ်ခုလိုပါပဲ.... ။
( ဒတ်ခ်ျထုတ် TUBORG ဘီယာရဲ့ မူလအမည်က ၁၇ ရာစုခေတ်က ဥရောပ ရှေးဟောင်းရဲတိုက်တစ်ခုဖြစ် တဲ့ TUES CASTLE ကျူ့စ်ရဲတိုက်ကို အမည်စွဲပြီး ပေးခဲ့တာ ဖြစ်ပါတယ်.. ခေတ်ကာလရွေ့လျားရင်းနဲ့ TUBORG ဖြစ်လာတာပါ..
ဒေသခံအသံထွက်အနေနဲ့ ကျူဘာ့ဂ် လို့ခေါ်ကြပါတယ်.. ကမ္ဘာ့နိုင်ငံအနှံ့  မူလနေးတစ်အသံထွက်နဲ့ ယိုင်ပြီး ခေါ်ဆိုကြတာမျိုးရှိပေမဲ့ တူးပို့အသံထွက်တော့ မရှိပါ.. မြန်မာတွေ နားယဉ်ပြီးသား တူးပို့အမည်ကို ယူငင်သုံးစွဲတာဟာ မူပိုင်ခွင့် ချိုးဖောက်ရာ ကျပါတယ်.. အဆိုးဆုံးက ထုတ်ကုန်တွေမှာ တူးပို့အမည်ကို ရိုက်နှိပ်ထားတာပါ..
အနောက်နိုင်ငံလိုမျိုးမှာဆိုရင် ဒေါ်လာသန်းချီလျော်ကြေးတောင်းနိုင်ပါတယ်..
မြန်မာပြည်ရောင်းချရေး ကိုယ်စားလှယ်တွေအပေါ်မှာ တာဝန်အရှိဆုံးဖြစ်ပါတယ်..
အချောင်စိတ်ဓာတ်နဲ့ ဝိသမလောဘတွေလို့ ဆိုရမှာပါ.. ။ )
ကိုလိုနီခေတ်နှောင်းပိုင်းန
မြန်မာနားနဲ့ လိုက်ဖက်မဲ့ တေးသီချင်းတွေကို ဖန်တီးခဲ့ကြတယ်.. သူတို့အိပ်မက်ကတော့ မြန်မာ့ရိုးရာဂီတ ပစ္စည်းတွေကို နိုင်ငံတကာ Orchestra သံစုံတီးဝိုင်းကြီးတွေနဲ့ တွဲဖက်တီးမှုတ်ကြပြီး ဂီတကိုပေါင်းစပ်ကြဖို့ပါပဲ.
သူ့ဘဝရဲ့ အချိန်အားလုံးကို ဂီတထဲမှာပဲ နှစ်မြုပ်ထားခဲ့တဲ့ ပါရမီရှင် ဂီတပညာရှင်တစ်ယောက်ဖြစ်ပါတယ
ဆရာငြိမ်းနဲ့အတူ မြန်မာဆိုင်းဝိုင်း ဒိုးဆရာကိုထွန်းရင်တို့ ပူးတွဲဖန်တီးခဲ့တယ်လို့ ဆိုရမယ်.. စည်း၊ ဝါး၊ စည်တို၊ လင်းကွင်းနဲ့ စခွန့်လို့ ခေါ်တဲ့ နှစ်ဖက်တီးစည် တူရိယာတို့ကို ပေါင်းစပ်ပြီး ဒိုးဆစ်တီးကွက် ထွင်နိုင်ခဲ့တယ်.. အသံထွက်က ` ဗေပုံ.. တူးပို့ တူးပို့ တူး ´ လို့ ထွက်တယ်.. ယနေ့ခေတ်အထိ အောင်မြင်ဆဲ သင်္ကြန်သီချင်းပေါင်းများစွာ
သင်္ကြန်ဂန္တဝင်သီချင်းတစ်ပုဒ်
ဥာဏနဲ့ ပါရမီကိုအခြေခံပြီး အသစ်တီထွင်ဖန်တီးထားတဲ့ အနုပညာတစ်ခုမို့ တန်ဘိုးရှိပါတယ်.. အလေးထားကြရပါမယ်.. နိုင်ငံတကာမှာလဲ တန်ဘိုးထားကြသလို မူပိုင်ခွင့်လဲ ရှိပါတယ်.. တူးပို့ဆိုတာ စကားလုံးတစ်လုံး မဟုတ်ပါဘူး.. အရင်က မရှိခဲ့တဲ့ စကားရပ်တစ်စုဖြစ်ပါတယ်.. ဂီတအနုပညာရှင် ဆရာကြီးတွေကို အလေးထားကြရပါမယ်.. မန္တလေးနဲ့မြို့မဟာ ခွဲခြားလို့ မရနိုင်သလို မြန်မာတွေရဲ့ အနုပညာတစ်ခုအဖြစ် အားလုံးက အသိအမှတ်ပြုကြရမှာ ဖြစ်ပါတယ်..
သက်တမ်း ၇၅ နှစ်ပြည့်သွားပြီးဖြစ်တဲ့ မြို့မတီးဝိုင်းဟာ ယနေ့အချိန်ထိ ရပ်တည်ဆဲဖြစ်သလို ဂီတသီချင်းပေါင်းများစွာကို
( ဒတ်ခ်ျထုတ် TUBORG ဘီယာရဲ့ မူလအမည်က ၁၇ ရာစုခေတ်က ဥရောပ ရှေးဟောင်းရဲတိုက်တစ်ခုဖြစ်
ဒေသခံအသံထွက်အနေနဲ့ ကျူဘာ့ဂ် လို့ခေါ်ကြပါတယ်.. ကမ္ဘာ့နိုင်ငံအနှံ့  မူလနေးတစ်အသံထွက်နဲ့ ယိုင်ပြီး ခေါ်ဆိုကြတာမျိုးရှိပေမဲ့ တူးပို့အသံထွက်တော့ မရှိပါ.. မြန်မာတွေ နားယဉ်ပြီးသား တူးပို့အမည်ကို ယူငင်သုံးစွဲတာဟာ မူပိုင်ခွင့် ချိုးဖောက်ရာ ကျပါတယ်.. အဆိုးဆုံးက ထုတ်ကုန်တွေမှာ တူးပို့အမည်ကို ရိုက်နှိပ်ထားတာပါ..
အနောက်နိုင်ငံလိုမျိုးမှာဆိ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။