သင်ဟာ အောင်မြင်မှုကို ကြောက်နေသလား?
=========================
လူအများစု သူတို့ရဲ့ ရည်မှန်းချက်တွေကို မအောင်မြင်ကြတဲ့ အကြောင်းအရင်းတစ်ခုကတော့ ရှုံးနိမ့်မှာကို ကြောက်နေလို့ ဖြစ်ပါတယ်။ ဒါပေမယ့် သတိမပြုမိကြတဲ့အချက်တစ်ခုကို သင်သိပါသလား? အဲဒါကတော့ အောင်မြင်မှုကို ကြောက်ရွံ့ခြင်းပါပဲ။
ရှုံးမှာကို ကြောက်ခြင်းဟာ လူတွေကို မလှုပ်ရှားနိုင်အောင် လုပ်တယ်၊ ဆုံးဖြတ်ချက်တွေ မချနိုင်ဘူး၊ တစ်ခုခုကို မလုပ်ဆောင်နိုင်စေဘူး။ ဒီလိုစိတ်အခြေအနေမျိုးက သတိပြုမိဖို့လွယ်ကူပါတယ်။ အဲဒီစိတ်ကို ပြန်ပြီး ထိန်းချုပ်နိုင်ဖို့ စာအုပ်တွေလည်း အများကြီး ရှိနေပါတယ်။ ဒါပေမယ့် အောင်မြင်မှုကို ကြောက်ရွံ့ခြင်းကတော့ ပိုပြီး နက်နဲတယ်။ သတိထားမိဖို့ခက်တယ်။ ဖျောက်ဖျက်ပစ်ဖို့ကတော့ ပိုပြီး ခက်ခဲပါတယ်။
သင့်မှာလည်း အဲဒီလို ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်။ အောင်မြင်မှုကို
ကြောက်နေတယ်ဆိုတာကို ပြတဲ့ အချက်တွေကတော့ ဒီမှာပါ။
* အောင်မြင်ရေး တက်ကျမ်းတွေ၊ တိုးတက်ရေး စာအုပ်တွေ အများကြီး ဖတ်တယ်၊ လေ့လာတယ်။ ဒါပေမယ့် သင့်ဘ၀က တိုးတက်မလာတဲ့အပြင် ပိုဆိုးလာနေတယ်။
* သင်ဟာ သင့်ကိုယ်သင် သင်လုပ်နိုင်တယ်လို့ ထင်တာထက်
လျှော့လုပ်နေတယ်။
* ကိစ္စအသစ်တစ်ခုခုကို စိတ်အားထက်သန်မှုအပြည့်နဲ့ စလုပ်တယ်။ ဒါပေမယ့် ခဏလုပ်ပြီးတော့ မပြီးခင်မှာပဲ အားထုတ်မှုတွေ လျော့သွားတယ်၊ ဒါမှမဟုတ် ရပ်ပစ်လိုက်တယ်။
အပေါ်က ဖော်ပြထားတဲ့အချက်တွေထဲက သင်နဲ့တူတဲ့ အချက်တစ်ခုခု ရှိသလား။
အောင်မြင်မှုကို ကြောက်တဲ့စိတ်ဟာ သင့်ကို နောက်ပြန်ဆွဲထားလေ့ရှိတယ်။ ဒီအောက်က စာရင်းကို ကြည့်လိုက်ပါ။ ဒါတွေကတော့ အောင်မြင်မှုကို ကြောက်တဲ့စိတ်ရဲ့ အရိပ်လက္ခဏာတွေပါပဲ။
အချိန်ဆွဲခြင်း
– လုပ်မှဖြစ်မယ့်အရာတွေကို အချိန်ရွှေ့ဆိုင်းတာ၊ ဒါမှမဟုတ် သင်လိုချင်တဲ့ရလာဒ်ကို ပေးနိုင်မှန်းသိပေမယ့် အဲဒီအလုပ်ကို အချိန်ဆွဲနေတာ။ လူတိုင်းလူတိုင်းဟာ တစ်ချိန်တစ်ခါတော့ သူတို့ကိုယ်တွင်းက အဲဒီ သရဲတစ္ဆေကို ကြုံဖူးကြတာပါပဲ။
အချိန်ဆွဲခြင်းဟာ အောင်မြင်မှုကို သတ်ပစ်တယ်။ သင်ဟာ ရှေ့ကို ခြေလှမ်းတစ်လှမ်းမှ မလှမ်းဘဲနဲ့ သင်ရည်ရွယ်ရာကို ဘယ်လိုရောက်ဖို့ မျှော်လင့်ပါသလဲ။ သင့်ရည်မှန်းချက်ကို ပိုပြီးနီးလာစေမယ့် ခြေလှမ်းငယ်လေးတွေကို နေ့စဉ်လုပ်ဆောင်ဖို့ ဆန္ဒပြင်းပြပါ။ လက်တွေ့ဆောင်ရွက်ပါ။ ဘယ်လိုဆောင်ရွက်မှုမျိုးပြဲ ဖစ်ဖြစ် စလုပ်ပါ။ သင်သွားနေစဉ်မှာ သင့်ခြေလှမ်းတွေကို ပြန်ဆန်းစစ်ပါ၊ ဒါပေမယ့် ဘာမှမလုပ်ဘဲ ထိုင်နေတာမျိုးတော့ မလုပ်ပါနဲ့။
လက်တွေ့လုပ်ဆောင်ခြင်းဟာ အောင်မြင်မှုတံခါးကို ဖွင့်မယ့်သော့ပါပဲ။ သင့်ရဲ့ လုပ်ဆောင်ခြင်းတွေက သင့်ကို သင့်ရည်မှန်းချက်နဲ့ ဝေးရာကို
ခေါ်ဆောင်သွားရင်တောင်မှ သင်ဟာ ဘယ်ဟာက အလုပ်မဖြစ်ဘူး ဆိုတာကိုတော့ အသိအမြင် ရလိုက်ပါလိမ့်မယ်။
ခြောက်ပစ်ကင်း သဲလဲစင် (perfect) ဖြစ်ဖို့ ကြိုးစားခြင်း
– ဒါဟာလည်း အပေါ်က ဖော်ပြထားတဲ့အချက်နဲ့ အကျိုးသက်ရောက်မှုခြင်းက အတူတူပါပဲ။ သင်ဟာ ရှေ့ကို ရွေ့နိုင်မှာမဟုတ်ပါဘူး။
ပြဿနာများကိုပဲ မြင်ခြင်း
– သင့်ရဲ့ အာရုံစူးစိုက်မှုကို သင် ဘယ်လိုအသုံးပြုပါသလဲ? သင်ဟာ အခက်အခဲတွေနဲ့ ပြဿနာတွေကိုပဲ အဆက်မပြတ် မြင်နေတတ်သလား။ ဒီလိုဆိုရင်တော့ နေ့ချင်းညချင်း ပြောင်းလဲဖို့ ကြိုးစားနေခြင်းဟာ အဓိပ္ပါယ်မရှိနိုင်ပါဘူး။ ဒါပေမယ့် ဒီစိတ်အခြေအနေကို သင့်ရဲ့ အောင်မြင်မှုအတွက် အသုံးချနိုင်တယ်။
“ပြဿနာတွေချည်းပဲ မြင်နေတဲ့စိတ်ကို အောင်မြင်မှုအတွက် ဘယ်လိုအသုံးချနိုင်လဲ” လို့ သင်က မေးမယ်။
ပြဿနာတွေကို ကြည့်ပါ။ ပြီးတော့ အဲဒါတွေကို ဖြေရှင်းနိုင်ဖို့ အစီအစဉ်
(plan) တစ်ခုလည်း ကြိုပြင်ထားပါ။ တစ်ခုခုကို ကျော်လွှားနိုင်တဲ့အ
ခါတိုင်း သင့်ကိုယ်သင် ချီးကျူးပါ။ နောက်ထပ် အခက်အခဲပြဿနာတွေကိုပဲ
မြင်နေသေးတယ်ဆိုရင် တခြားပြဿနာတွေကိုလည်း သင်ဘယ်လိုကျော် လွှားနိုင်ခဲ့တယ်ဆိုတာ သင့်ကိုယ်သင် သတိပေးပါ။ သင် ဘယ်လောက်
ဝေးဝေး ရောက်ခဲ့ပြီဆိုတာ ကြည့်လိုက်ပါ။ ပြဿနာတွေကို အချက်အလက် ရှာဖွေဖို့ အသုံးပြုပါ။ ဒါဟာ အခုဖြစ်နေတဲ့ ပြဿနာလား။ ဒါဆို ဖြေရှင်းပါ။ ဒါဟာ ဖြစ်လာနိုင်တဲ့ ပြဿနာလား။ ဒါဆိုရင်တော့ အစီအစဉ်တစ်ခုကို လုပ်ထားပါ။ ပြင်ဆင်ထားပါ။ ဒါပေမယ့် အဲဒီပြဿနာရဲ့ အတွေးထဲမှာပဲ ညပ်မိမနေပါစေနဲ့။
သင့်ရဲ့ခရီးကို ပျော်ရွှင်ခံစားပါ။ အပေါ်က လမ်းညွှန်ချက်တွေအတိုင်း လိုက်သွားပါ။ သင်ဟာ အောင်မြင်မှုကို ရယူနိုင်ပါလိမ့်မယ်။ သင့်ရဲ့ ‘အောင်မြင်မှုကို ကြောက်တဲ့စိတ်’ တွေ နောက်ဆုံးတော့ ပျောက်ကွယ်
သွားပြီး သင့်ရဲ့ တိုးတက်ရေးခရီးမှာ ရှေ့ကို အများကြီး ရောက်နေပြီး သား ဖြစ်ပါလိမ့်မယ်။
Ref: Are You Afraid of Success? by Ministry of Education, St. Kitts & Nevis
Your Life Success
#သုတဇုန်
www.thutazone.com
=========================
လူအများစု သူတို့ရဲ့ ရည်မှန်းချက်တွေကို မအောင်မြင်ကြတဲ့ အကြောင်းအရင်းတစ်ခုကတော့ ရှုံးနိမ့်မှာကို ကြောက်နေလို့ ဖြစ်ပါတယ်။ ဒါပေမယ့် သတိမပြုမိကြတဲ့အချက်တစ်ခုကိ
ရှုံးမှာကို ကြောက်ခြင်းဟာ လူတွေကို မလှုပ်ရှားနိုင်အောင် လုပ်တယ်၊ ဆုံးဖြတ်ချက်တွေ မချနိုင်ဘူး၊ တစ်ခုခုကို မလုပ်ဆောင်နိုင်စေဘူး။ ဒီလိုစိတ်အခြေအနေမျိုးက သတိပြုမိဖို့လွယ်ကူပါတယ်။ အဲဒီစိတ်ကို ပြန်ပြီး ထိန်းချုပ်နိုင်ဖို့ စာအုပ်တွေလည်း အများကြီး ရှိနေပါတယ်။ ဒါပေမယ့် အောင်မြင်မှုကို ကြောက်ရွံ့ခြင်းကတော့ ပိုပြီး နက်နဲတယ်။ သတိထားမိဖို့ခက်တယ်။ ဖျောက်ဖျက်ပစ်ဖို့ကတော့ ပိုပြီး ခက်ခဲပါတယ်။
သင့်မှာလည်း အဲဒီလို ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်။ အောင်မြင်မှုကို
ကြောက်နေတယ်ဆိုတာကို ပြတဲ့ အချက်တွေကတော့ ဒီမှာပါ။
* အောင်မြင်ရေး တက်ကျမ်းတွေ၊ တိုးတက်ရေး စာအုပ်တွေ အများကြီး ဖတ်တယ်၊ လေ့လာတယ်။ ဒါပေမယ့် သင့်ဘ၀က တိုးတက်မလာတဲ့အပြင် ပိုဆိုးလာနေတယ်။
* သင်ဟာ သင့်ကိုယ်သင် သင်လုပ်နိုင်တယ်လို့ ထင်တာထက်
လျှော့လုပ်နေတယ်။
* ကိစ္စအသစ်တစ်ခုခုကို စိတ်အားထက်သန်မှုအပြည့်နဲ့ စလုပ်တယ်။ ဒါပေမယ့် ခဏလုပ်ပြီးတော့ မပြီးခင်မှာပဲ အားထုတ်မှုတွေ လျော့သွားတယ်၊ ဒါမှမဟုတ် ရပ်ပစ်လိုက်တယ်။
အပေါ်က ဖော်ပြထားတဲ့အချက်တွေထဲက သင်နဲ့တူတဲ့ အချက်တစ်ခုခု ရှိသလား။
အောင်မြင်မှုကို ကြောက်တဲ့စိတ်ဟာ သင့်ကို နောက်ပြန်ဆွဲထားလေ့ရှိတယ်။ ဒီအောက်က စာရင်းကို ကြည့်လိုက်ပါ။ ဒါတွေကတော့ အောင်မြင်မှုကို ကြောက်တဲ့စိတ်ရဲ့ အရိပ်လက္ခဏာတွေပါပဲ။
အချိန်ဆွဲခြင်း
– လုပ်မှဖြစ်မယ့်အရာတွေကို အချိန်ရွှေ့ဆိုင်းတာ၊ ဒါမှမဟုတ် သင်လိုချင်တဲ့ရလာဒ်ကို ပေးနိုင်မှန်းသိပေမယ့် အဲဒီအလုပ်ကို အချိန်ဆွဲနေတာ။ လူတိုင်းလူတိုင်းဟာ တစ်ချိန်တစ်ခါတော့ သူတို့ကိုယ်တွင်းက အဲဒီ သရဲတစ္ဆေကို ကြုံဖူးကြတာပါပဲ။
အချိန်ဆွဲခြင်းဟာ အောင်မြင်မှုကို သတ်ပစ်တယ်။ သင်ဟာ ရှေ့ကို ခြေလှမ်းတစ်လှမ်းမှ မလှမ်းဘဲနဲ့ သင်ရည်ရွယ်ရာကို ဘယ်လိုရောက်ဖို့ မျှော်လင့်ပါသလဲ။ သင့်ရည်မှန်းချက်ကို ပိုပြီးနီးလာစေမယ့် ခြေလှမ်းငယ်လေးတွေကို နေ့စဉ်လုပ်ဆောင်ဖို့ ဆန္ဒပြင်းပြပါ။ လက်တွေ့ဆောင်ရွက်ပါ။ ဘယ်လိုဆောင်ရွက်မှုမျိုးပြဲ
လက်တွေ့လုပ်ဆောင်ခြင်းဟာ အောင်မြင်မှုတံခါးကို ဖွင့်မယ့်သော့ပါပဲ။ သင့်ရဲ့ လုပ်ဆောင်ခြင်းတွေက သင့်ကို သင့်ရည်မှန်းချက်နဲ့ ဝေးရာကို
ခေါ်ဆောင်သွားရင်တောင်မှ သင်ဟာ ဘယ်ဟာက အလုပ်မဖြစ်ဘူး ဆိုတာကိုတော့ အသိအမြင် ရလိုက်ပါလိမ့်မယ်။
ခြောက်ပစ်ကင်း သဲလဲစင် (perfect) ဖြစ်ဖို့ ကြိုးစားခြင်း
– ဒါဟာလည်း အပေါ်က ဖော်ပြထားတဲ့အချက်နဲ့ အကျိုးသက်ရောက်မှုခြင်းက အတူတူပါပဲ။ သင်ဟာ ရှေ့ကို ရွေ့နိုင်မှာမဟုတ်ပါဘူး။
ပြဿနာများကိုပဲ မြင်ခြင်း
– သင့်ရဲ့ အာရုံစူးစိုက်မှုကို သင် ဘယ်လိုအသုံးပြုပါသလဲ? သင်ဟာ အခက်အခဲတွေနဲ့ ပြဿနာတွေကိုပဲ အဆက်မပြတ် မြင်နေတတ်သလား။ ဒီလိုဆိုရင်တော့ နေ့ချင်းညချင်း ပြောင်းလဲဖို့ ကြိုးစားနေခြင်းဟာ အဓိပ္ပါယ်မရှိနိုင်ပါဘူး။ ဒါပေမယ့် ဒီစိတ်အခြေအနေကို သင့်ရဲ့ အောင်မြင်မှုအတွက် အသုံးချနိုင်တယ်။
“ပြဿနာတွေချည်းပဲ မြင်နေတဲ့စိတ်ကို အောင်မြင်မှုအတွက် ဘယ်လိုအသုံးချနိုင်လဲ” လို့ သင်က မေးမယ်။
ပြဿနာတွေကို ကြည့်ပါ။ ပြီးတော့ အဲဒါတွေကို ဖြေရှင်းနိုင်ဖို့ အစီအစဉ်
(plan) တစ်ခုလည်း ကြိုပြင်ထားပါ။ တစ်ခုခုကို ကျော်လွှားနိုင်တဲ့အ
ခါတိုင်း သင့်ကိုယ်သင် ချီးကျူးပါ။ နောက်ထပ် အခက်အခဲပြဿနာတွေကိုပဲ
မြင်နေသေးတယ်ဆိုရင် တခြားပြဿနာတွေကိုလည်း သင်ဘယ်လိုကျော် လွှားနိုင်ခဲ့တယ်ဆိုတာ သင့်ကိုယ်သင် သတိပေးပါ။ သင် ဘယ်လောက်
ဝေးဝေး ရောက်ခဲ့ပြီဆိုတာ ကြည့်လိုက်ပါ။ ပြဿနာတွေကို အချက်အလက် ရှာဖွေဖို့ အသုံးပြုပါ။ ဒါဟာ အခုဖြစ်နေတဲ့ ပြဿနာလား။ ဒါဆို ဖြေရှင်းပါ။ ဒါဟာ ဖြစ်လာနိုင်တဲ့ ပြဿနာလား။ ဒါဆိုရင်တော့ အစီအစဉ်တစ်ခုကို လုပ်ထားပါ။ ပြင်ဆင်ထားပါ။ ဒါပေမယ့် အဲဒီပြဿနာရဲ့ အတွေးထဲမှာပဲ ညပ်မိမနေပါစေနဲ့။
သင့်ရဲ့ခရီးကို ပျော်ရွှင်ခံစားပါ။ အပေါ်က လမ်းညွှန်ချက်တွေအတိုင်း လိုက်သွားပါ။ သင်ဟာ အောင်မြင်မှုကို ရယူနိုင်ပါလိမ့်မယ်။ သင့်ရဲ့ ‘အောင်မြင်မှုကို ကြောက်တဲ့စိတ်’ တွေ နောက်ဆုံးတော့ ပျောက်ကွယ်
သွားပြီး သင့်ရဲ့ တိုးတက်ရေးခရီးမှာ ရှေ့ကို အများကြီး ရောက်နေပြီး သား ဖြစ်ပါလိမ့်မယ်။
Ref: Are You Afraid of Success? by Ministry of Education, St. Kitts & Nevis
Your Life Success
#သုတဇုန်
www.thutazone.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။