သင့်အချိန်ကို ခိုးယူနေတဲ့ အန္တာရာယ် ငါးမျိုး
************************** ****************
အန္တာရာယ်လို့ ပြောလိုက်ကတည်းက သင်သတိထားရတော့မယ့်အရာ (သို့မဟုတ်) သင့်ကို တစ်နည်းနည်းနဲ့ ဒုက္ခပေးနေတဲ့အရာဆိုတာ သင်သိရပါမယ်။ ဒီတော့
ဒီအန္တာရာယ်တွေက သင့်ကို ဘယ်လောက်တောင် ဆိုးကျိုးတွေဖြစ်နေစေသလဲ? သင့်အချိန်တွေကို တိုးတိုးတိတ်တိတ်နဲ့ ဘယ်လောက်တောင် ဝါးမြိုနေသလဲဆိုတာတော့
ကိုယ်တိုင် သတိထားကြည့်လိုက်ရအောင်..
၁။ Facebook, BeeTalk, WeChat, Coc, Cok, ...
Facebook လိုမျိုး လူမှုကွန်ယက် Website တွေကို အကျိုးရှိရှိအသုံးမချဘဲ လိုတာထက်ပိုပြီး ကိုယ့်အချိန်တွေကို သုံးနေမိပြီဆိုရင်တော့ ဒါဟာ သင့်အချိန်ကို
ကျေကျေနပ်နပ်ကြီးကို ဖြုန်းတီးနေရာကျပါတယ်။
Mobile Phone ကနေ အလွယ်တကူဆော့လို့ရတဲ့ Online game တွေဟာလည်း သင့်ကို မကစားဘဲ မနေနိုင်လောက်အောင် ဆွဲဆောင်နေပြန်ပါတယ်။
ဒါတွေဟာ သင့်လက်ထဲက ဖုန်းကတဆင့် သင့်အချိန်တွေကို ခိုးယူနေတဲ့အရာတွေပါ။
၂။ သင့်ကို အာရုံနောက်စေတဲ့သူတွေ။
လောကကြီးက မကောင်းမြင်စိတ်ရှိပြီး သင့်ကို စိတ်အာရုံနောက်စေတဲ့သူတွေကေ တာ့ သင့်ကိုအနှောက်အယှက်ပေးတဲ့ အန္တာရာယ်စာရင်းထဲမှာ ပါပါတယ်။
သူ့အကြောင်းကို ကိုယ်စဉ်းစားလိုက်ပြီဆိုကတည်းက စိတ်မသက်မသာဖြစ်ရသလို၊ ကိုယ့်အချိန်တွေလည်း ကုန်ပါပြီ။ ဒါ့ကြောင့် ကိုယ်နဲ့သဘောထားချင်း
မတိုက်ဆိုင်တဲ့သူတွေအတွက် သင်လုံးဝအချိန်မပေးဘဲ ဥပက္ခောသာ ပြုလိုက်ပါ။
၃။ ရုပ်ရှင်တွေ။
တစ်နေ့ကို ရုပ်ရှင်တစ်ကား ပုံမှန်ကြည့်မယ်ဆိုရင် အဲဒီ့အတွက် သင်အချိန်နှစ်နာရီလောက်သုံး ရပါ့မယ်။ ဒီနှုန်းထားအတိုင်း တွက်ကြည့်တဲ့အခါ
သင်ဟာ လူ့ဘဝမှာ အသက် ၆၀ အထိနေရမယ်ဆိုရင် ရုပ်ရှင်ကြည့်ဖို့အတွက် အချိန် ငါးနှစ်လောက် သုံးရပါ့မယ်။ ဆိုတော့ကာ သင့်ကို ရုပ်ရှင်မကြည့်ပါနဲ့လို့ မပြောပါဘူး။
သင့်အချိန်ဘယ်လောက်တောင် ပေးရသလဲဆိုတာကိုပဲ သင်သိစေချင်တာပါ။ (တစ်ချို့လူငယ်တွေ ရုပ်ရှင်ကို နာရီပေါင်းများစွာကြည့်တတ်တ ယ်ဆိုရင်တော့
ဒီ့ထက်တောင် အချိန်ပိုပေးရနိုင်ပါတယ်။)
၎။ ဆင်ခြေတွေနဲ့ ဘဝအပေါ် ငြီးတွားအလိုမကျမှုတွေ။
အောင်မြင်ချင်ပါတယ် လို့တတွတ်တွတ်ပြောပြီး ဘာလို့မအောင်မြင်သေးတာပါဆို ပြီး သင်ပေးနေကျ ဆင်ခြေတွေ။ သူကတော့ ဘဝပေးကံ ဘယ်လိုကောင်းတယ်။
ငါ့ဘဝကတော့ ဘယ်လိုဖြစ်တယ်ဆိုပြီး ငြီးတွားမှုတွေ။ ဒီအရာတွေက မသိမလိုက်မသိဖာသာနဲ့ သင့်အချိန်တွေနဲ့ အားထုတ်မှုတွေကို တိုက်စားနေပါတယ်။
၅။ နားချိန်မရှိလောက်အောင် အလုပ်များနေမှုတွေ။
သေချာပါတယ်။ နားချိန်မရှိအောင်တောင် အလုပ်ရှုပ်နေတယ်ဆိုရင်တော့ သင့်အချိန်တွေကို သင့်အလုပ်က ခိုးနေပါပြီ။ ဒါကတော့ သင့်ရဲ့အချိန်အပေါ် စီမံခန့်ခွဲမှုအားနည်းလို့
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ အထူးသဖြင့် ရည်မှန်းချက်ကြီးမားပြီး အောင်မြင်လိုတဲ့သူတွေမှာ အဖြစ်များပါတယ်။ သင့်အချိန်ကို စနစ်တကျလုပ်ပြီး စီမံပါ။
အချိန်ပိုတွေထွက်လာပါ့မယ်။ သင့်ကိုယ်ပိုင်အချိန် မရှိတော့ရလောက်အောင် အလုပ်များတဲ့အခါ သင့်ကိုယ်သင် ဂုဏ်ယူရမှာမဟုတ်ပါဘူး။ သင့်အလုပ်က သင့်အချိန်တွေကို
ခိုးနေပြီဆိုပြီး ပြန်လည်ဆန်းစစ်ရမှာပါ။
ရွှေညာမောင် (Focus Youth E-magazine)
Ref: SAC
**************************
အန္တာရာယ်လို့ ပြောလိုက်ကတည်းက သင်သတိထားရတော့မယ့်အရာ (သို့မဟုတ်) သင့်ကို တစ်နည်းနည်းနဲ့ ဒုက္ခပေးနေတဲ့အရာဆိုတာ သင်သိရပါမယ်။ ဒီတော့
ဒီအန္တာရာယ်တွေက သင့်ကို ဘယ်လောက်တောင် ဆိုးကျိုးတွေဖြစ်နေစေသလဲ? သင့်အချိန်တွေကို တိုးတိုးတိတ်တိတ်နဲ့ ဘယ်လောက်တောင် ဝါးမြိုနေသလဲဆိုတာတော့
ကိုယ်တိုင် သတိထားကြည့်လိုက်ရအောင်..
၁။ Facebook, BeeTalk, WeChat, Coc, Cok, ...
Facebook လိုမျိုး လူမှုကွန်ယက် Website တွေကို အကျိုးရှိရှိအသုံးမချဘဲ လိုတာထက်ပိုပြီး ကိုယ့်အချိန်တွေကို သုံးနေမိပြီဆိုရင်တော့ ဒါဟာ သင့်အချိန်ကို
ကျေကျေနပ်နပ်ကြီးကို ဖြုန်းတီးနေရာကျပါတယ်။
Mobile Phone ကနေ အလွယ်တကူဆော့လို့ရတဲ့ Online game တွေဟာလည်း သင့်ကို မကစားဘဲ မနေနိုင်လောက်အောင် ဆွဲဆောင်နေပြန်ပါတယ်။
ဒါတွေဟာ သင့်လက်ထဲက ဖုန်းကတဆင့် သင့်အချိန်တွေကို ခိုးယူနေတဲ့အရာတွေပါ။
၂။ သင့်ကို အာရုံနောက်စေတဲ့သူတွေ။
လောကကြီးက မကောင်းမြင်စိတ်ရှိပြီး သင့်ကို စိတ်အာရုံနောက်စေတဲ့သူတွေကေ
သူ့အကြောင်းကို ကိုယ်စဉ်းစားလိုက်ပြီဆိုကတည
မတိုက်ဆိုင်တဲ့သူတွေအတွက် သင်လုံးဝအချိန်မပေးဘဲ ဥပက္ခောသာ ပြုလိုက်ပါ။
၃။ ရုပ်ရှင်တွေ။
တစ်နေ့ကို ရုပ်ရှင်တစ်ကား ပုံမှန်ကြည့်မယ်ဆိုရင် အဲဒီ့အတွက် သင်အချိန်နှစ်နာရီလောက်သုံး
သင်ဟာ လူ့ဘဝမှာ အသက် ၆၀ အထိနေရမယ်ဆိုရင် ရုပ်ရှင်ကြည့်ဖို့အတွက် အချိန် ငါးနှစ်လောက် သုံးရပါ့မယ်။ ဆိုတော့ကာ သင့်ကို ရုပ်ရှင်မကြည့်ပါနဲ့လို့ မပြောပါဘူး။
သင့်အချိန်ဘယ်လောက်တောင် ပေးရသလဲဆိုတာကိုပဲ သင်သိစေချင်တာပါ။ (တစ်ချို့လူငယ်တွေ ရုပ်ရှင်ကို နာရီပေါင်းများစွာကြည့်တတ်တ
ဒီ့ထက်တောင် အချိန်ပိုပေးရနိုင်ပါတယ်။)
၎။ ဆင်ခြေတွေနဲ့ ဘဝအပေါ် ငြီးတွားအလိုမကျမှုတွေ။
အောင်မြင်ချင်ပါတယ် လို့တတွတ်တွတ်ပြောပြီး ဘာလို့မအောင်မြင်သေးတာပါဆို
ငါ့ဘဝကတော့ ဘယ်လိုဖြစ်တယ်ဆိုပြီး ငြီးတွားမှုတွေ။ ဒီအရာတွေက မသိမလိုက်မသိဖာသာနဲ့ သင့်အချိန်တွေနဲ့ အားထုတ်မှုတွေကို တိုက်စားနေပါတယ်။
၅။ နားချိန်မရှိလောက်အောင် အလုပ်များနေမှုတွေ။
သေချာပါတယ်။ နားချိန်မရှိအောင်တောင် အလုပ်ရှုပ်နေတယ်ဆိုရင်တော့ သင့်အချိန်တွေကို သင့်အလုပ်က ခိုးနေပါပြီ။ ဒါကတော့ သင့်ရဲ့အချိန်အပေါ် စီမံခန့်ခွဲမှုအားနည်းလို့
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ အထူးသဖြင့် ရည်မှန်းချက်ကြီးမားပြီး အောင်မြင်လိုတဲ့သူတွေမှာ အဖြစ်များပါတယ်။ သင့်အချိန်ကို စနစ်တကျလုပ်ပြီး စီမံပါ။
အချိန်ပိုတွေထွက်လာပါ့မယ်။ သင့်ကိုယ်ပိုင်အချိန် မရှိတော့ရလောက်အောင် အလုပ်များတဲ့အခါ သင့်ကိုယ်သင် ဂုဏ်ယူရမှာမဟုတ်ပါဘူး။ သင့်အလုပ်က သင့်အချိန်တွေကို
ခိုးနေပြီဆိုပြီး ပြန်လည်ဆန်းစစ်ရမှာပါ။
ရွှေညာမောင် (Focus Youth E-magazine)
Ref: SAC

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။