ဘ၀တွေတိုးတက်ဖို့ မြန်မာတွေ ဘာတွေပြင်ရမလဲ
(၁) သူများအချိန်ကို မဖြုန်းမိဖို့
မေးတာကိုဘဲ တိကျစွာဖြေဖို့ လုပ်ငန်းခွင်၊ လူမှုဝန်းကျင်နဲ့ အခြားသောနေရာများစွာမှာ လိုနေပါတယ်။ ဥပမာ- သင်ဟာ ရာထူးတစ်ခုအတွက် လူတွေ့အင်တာဗျူးလုပ်စဉ်မှာ မေးမြန်းသူက
သင့်ဘ၀မှာ အအောင်မြင်ဆုံးစွမ်းဆောင်နိုင်မှုတစ်ခုပြောပြပါလို့
ဆိုလာရင် မြန်မာတွေအများစု ယောင်ဝါးဝါးဖြေကြပါလိမ့်မယ် ။
နောက်တစ်ခု သင်အထက်အရာရှိ (သို့) သင့်အလုပ်ရှင်က ဒီအလုပ်ကို ဘယ်တော့ပြီးမလဲမေးလာရင် မြန်မာတွေအများစုက ဒါကဒီလို... ဟိုဟာကဟိုလို.. စသည်ဖြင့် ဖြေတတ်ကြလိမ့်မယ်။ အဲဒီလိုဆိုရင် သင့်အလုပ်ရှင်/ အထက်အရာရှိရဲ့ မျက်နှာသာပေးမှုကို မရမှာ သေချာသလောက်ဘဲ။ ထမင်းစားပြီးပြီလားမေးရင် စားပြီးပြီးလို့ဘဲဖြေဖို့လိုတယ်။ ဘာဟင်းနဲ့စားတယ်ပြောစရာမလို ဘူး။ ဒါတွေဟာ တစ်ဖက်သားအချိန်ကို အလေးထားရာရောက်တယ်။
(၂) ကိုယ့်ကိုကိုယ်သိပြီ တတ်ပြီလို့ ဘယ်တော့မှမထင်လေနဲ့ - အိုးကပြည့်နေရင် ရေထပ်ထည့်လို့ရမှာမဟုတ်တော့ ဘူး။ အိုးကို ဗလာဖြစ်အောင်လုပ်ထားရင် ရေတွေ ထပ်ထည့်လို့ရနေမှာပါဘဲ။ ထို့အတူ
ဘဲ ကျွန်တော်တို့ သိပြီ တတ်ပြီလို့ယူဆထားရင် ဘယ်လောက်ဘဲတော်ပါတယ်သိပါတယ် ပြောတဲ့ဆရာနဲ့သင်သင် ထင်သလောက်မတတ်မသိနိုင်ဘူး။
နောက်သိပြီတတ်ပြီလို့ မိမိအသိဦးနှောက်ကို block လုပ်လိုက်တဲ့
အတွက် ထပ်ပြီးသိစရာ တတ်စရာတွေ သိဖို့တတ်ဖို့ မရှိနိုင်တော့ဘူး။
ဒါဆိုရင် ဘ၀မှာ အထူးချွန်အပြောင်မြောက်ဆုံး အသိတရား အတတ်ပညာတွေရရှိတဲ့လူတစ်ယောက် မဖြစ်နိုင်တာသေချာသွားပြီ။
(၃) မရောင်ရာ ဆီမလူးကြဖို့
အင်္ဂလိပ်စာကို ဘ၀မှာ အဓိကလေ့လာမှုတစ်ခုအဖြစ် အာရုံမထားဘဲ ကမ္ဘာကြီးမှာရှိတဲ့ အသိ အတတ်ပညာရပ်တွေကို လေ့လာဖို့ရန် မရှိမဖြစ်လိုအပ်တဲ့ အချိန်အတိုင်းအတာတစ်ခုသာပေး ပြီး
လေ့လာသွားကာ အသုံးချသွားဖို့လိုတဲ့ ဘာသာစကား အကူပစ္စည်းအနေနဲ့ သဘောထားပြီး
သေချာလေ့လာ ပြီးရင် အသုံးချ - နောက် ဘ၀တိုးတက်ဖို့ အခွင့်အလမ်းရှာ -
အကောင်အထည်ဖော်။ ဒါမှ ဘ၀မှာ တစ်ကယ်အောင်မြင်တဲ့လူတစ်ဦး ဖြစ်မှာ။ ကျွန်တော်တို့မြန်မာတွေ အင်္ဂလိပ်စာတွေသင်နေတာ မပြီးမစီးနိုင်တော့သလိုဖြစ်နေတာ မိမိတို့ဘဝ
ကို မရောင်ရာဆီလူး မလိုအပ်ဘဲ အချိန်တွေ ဖြုန်းနေသလိုဘဲ။
(၄) အကောင်းမြင်စိတ်ဓါတ် မွေးမြူကြဖို့ ထားရှိကြဖို့ အရေးကြီး -
မြန်မာတွေ အများစု အဆိုးမြင်ကြတာ လုပ်ငန်းခွင်မှာရော ကျောင်းတွေ
မှာရော ပြင်ပလူမှုရေးနယ်ပယ်တွေမှာေ ရာ တွေ့နေရတယ်။ ဥပမာ - ကိစ္စတစ်ခုကို အကောင်အထည်ဖော်တော့မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်တွေကိုဘဲ ဦးစားပေးစဉ်းစားတတ်ကြတယ်။
(၅) အဲဒီတော့ ဖြစ်နိုင်တဲ့ဆိုတဲ့ စိတ်ထားမွေးမြူဖို့ လိုတယ် -
Should have can do attitude - မဖြစ်နိုင်ဘူးလို့ စစဉ်းစားလို့ကတော့ ဖြစ်ကိုမဖြစ်တော့ဘူး။ ဖြစ်နိုင်တယ်လို့ စပြီးတွေးတော - ပြီးတော့ ဖြစ်နိုင်တဲ့အချက်အလက်တွေရှာ - ဖြစ်အောင်လုပ် - ဒါမှ ဖြစ်မြောက်မှာပေါ့။ ဒါတွေ ကျွန်တော်တို့ မြန်မာတွေ ပြင်ဖို့လိုနေတယ်။
(၆) လူ၊ အမည်နာမကို မကြည့်ဘဲ ပြဿနာကိုသာ အာရုံစိုက်
ဖြေရှင်းဖို့လို
- မြန်မာတွေ အများစုဟာ များသောအားဖြင့် ပြဿနာတွေ ပဋိပက္ခတွေ ဖြစ်ကြပြီဆိုရင် လူ၊ အမည်နာမ၊ အဖွဲ့အစည်းအနေနဲ့ ကြည့်ရှုပြောဆိုပြီး
လူ၊ အမည်နာမ၊ အဖွဲ့အစည်းလိုက် မုန်းတီး ကြည့်မရဖြစ်တတ်ကြတယ်။ အာဃာတတွေ ထားတတ်ကြတယ်။
တစ်ကယ်အရေးကြီးတာက ဖြစ်တဲ့ပြဿနာ ပဋိပက္ခကို ပြေလည်အောင်ဖြေ
ရှင်းဖို့ - ဒါကြောင့် ပြဿနာ ပဋိပက္ခတွေ ပေါ်ပေါက်လာရင် ထိုကိစ္စရပ်အပေါ်
ဘဲ အာရုံစိုက်ပြီး ပြေလည်အောင်ဖြေရှင်းသွားသင့် တယ်။ ပြေလည်မှု
ရရင် ဖြစ်သူပြောဆိုဖြေရှင်းသူအချ င်းချင်း အာဃာတမထားဘဲ အခင်အမင်မပျက် ဆက်ရှိနေဖို့လိုတယ်။ ဒါကို အလေ့အကျင့်
တစ်ခုဖြစ်အောင် လုပ်ဖို့ မြန်မာတွေ လိုအပ်နေတယ်။
Michael Aung (Myanmar-Network)
K.K(ကနောင်)
(၁) သူများအချိန်ကို မဖြုန်းမိဖို့
မေးတာကိုဘဲ တိကျစွာဖြေဖို့ လုပ်ငန်းခွင်၊ လူမှုဝန်းကျင်နဲ့ အခြားသောနေရာများစွာမှာ လိုနေပါတယ်။ ဥပမာ- သင်ဟာ ရာထူးတစ်ခုအတွက် လူတွေ့အင်တာဗျူးလုပ်စဉ်မှာ မေးမြန်းသူက
သင့်ဘ၀မှာ အအောင်မြင်ဆုံးစွမ်းဆောင်နု
ဆိုလာရင် မြန်မာတွေအများစု ယောင်ဝါးဝါးဖြေကြပါလိမ့်မယ်
နောက်တစ်ခု သင်အထက်အရာရှိ (သို့) သင့်အလုပ်ရှင်က ဒီအလုပ်ကို ဘယ်တော့ပြီးမလဲမေးလာရင် မြန်မာတွေအများစုက ဒါကဒီလို... ဟိုဟာကဟိုလို.. စသည်ဖြင့် ဖြေတတ်ကြလိမ့်မယ်။ အဲဒီလိုဆိုရင် သင့်အလုပ်ရှင်/
(၂) ကိုယ့်ကိုကိုယ်သိပြီ တတ်ပြီလို့ ဘယ်တော့မှမထင်လေနဲ့ - အိုးကပြည့်နေရင် ရေထပ်ထည့်လို့ရမှာမဟုတ်တော့
ဘဲ ကျွန်တော်တို့ သိပြီ တတ်ပြီလို့ယူဆထားရင် ဘယ်လောက်ဘဲတော်ပါတယ်သိပါတယ်
နောက်သိပြီတတ်ပြီလို့ မိမိအသိဦးနှောက်ကို block လုပ်လိုက်တဲ့
အတွက် ထပ်ပြီးသိစရာ တတ်စရာတွေ သိဖို့တတ်ဖို့ မရှိနိုင်တော့ဘူး။
ဒါဆိုရင် ဘ၀မှာ အထူးချွန်အပြောင်မြောက်ဆုံး
(၃) မရောင်ရာ ဆီမလူးကြဖို့
အင်္ဂလိပ်စာကို ဘ၀မှာ အဓိကလေ့လာမှုတစ်ခုအဖြစ် အာရုံမထားဘဲ ကမ္ဘာကြီးမှာရှိတဲ့ အသိ အတတ်ပညာရပ်တွေကို လေ့လာဖို့ရန် မရှိမဖြစ်လိုအပ်တဲ့ အချိန်အတိုင်းအတာတစ်ခုသာပေး
ကို မရောင်ရာဆီလူး မလိုအပ်ဘဲ အချိန်တွေ ဖြုန်းနေသလိုဘဲ။
(၄) အကောင်းမြင်စိတ်ဓါတ် မွေးမြူကြဖို့ ထားရှိကြဖို့ အရေးကြီး -
မြန်မာတွေ အများစု အဆိုးမြင်ကြတာ လုပ်ငန်းခွင်မှာရော ကျောင်းတွေ
မှာရော ပြင်ပလူမှုရေးနယ်ပယ်တွေမှာေ
(၅) အဲဒီတော့ ဖြစ်နိုင်တဲ့ဆိုတဲ့ စိတ်ထားမွေးမြူဖို့ လိုတယ် -
Should have can do attitude - မဖြစ်နိုင်ဘူးလို့ စစဉ်းစားလို့ကတော့ ဖြစ်ကိုမဖြစ်တော့ဘူး။ ဖြစ်နိုင်တယ်လို့ စပြီးတွေးတော - ပြီးတော့ ဖြစ်နိုင်တဲ့အချက်အလက်တွေရှ
(၆) လူ၊ အမည်နာမကို မကြည့်ဘဲ ပြဿနာကိုသာ အာရုံစိုက်
ဖြေရှင်းဖို့လို
- မြန်မာတွေ အများစုဟာ များသောအားဖြင့် ပြဿနာတွေ ပဋိပက္ခတွေ ဖြစ်ကြပြီဆိုရင် လူ၊ အမည်နာမ၊ အဖွဲ့အစည်းအနေနဲ့ ကြည့်ရှုပြောဆိုပြီး
လူ၊ အမည်နာမ၊ အဖွဲ့အစည်းလိုက် မုန်းတီး ကြည့်မရဖြစ်တတ်ကြတယ်။ အာဃာတတွေ ထားတတ်ကြတယ်။
တစ်ကယ်အရေးကြီးတာက ဖြစ်တဲ့ပြဿနာ ပဋိပက္ခကို ပြေလည်အောင်ဖြေ
ရှင်းဖို့ - ဒါကြောင့် ပြဿနာ ပဋိပက္ခတွေ ပေါ်ပေါက်လာရင် ထိုကိစ္စရပ်အပေါ်
ဘဲ အာရုံစိုက်ပြီး ပြေလည်အောင်ဖြေရှင်းသွားသင်
ရရင် ဖြစ်သူပြောဆိုဖြေရှင်းသူအချ
တစ်ခုဖြစ်အောင် လုပ်ဖို့ မြန်မာတွေ လိုအပ်နေတယ်။
Michael Aung (Myanmar-Network)
K.K(ကနောင်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။