ဒီအဖြစ်အပျက်က
လူတစ်ယောက် ကားမှတ်တိုင်မှာ ကားစောင့်နေရင်း ကနေစတင်ခဲ့တာပါ
သူဟာကားထိုင်စောင့်နေတုန်း မတော်တဆနဲ့ သွပ်နန်းကြိုးလေးတစ်ကြိုး ကျနေတာ တွေ
မိလို့ လုပ်စရာ ကိုင်စရာမရှိ လို့ ဘာလုပ်ရမယ်မှန်းမသိ တာနဲ့
သွပ်နန်းကြိုးလေးကိုကောက်ပြီး လိမ်ဆော့ နေ ခဲ့မိပါတော့တယ်
............................
သူ သွပ်ကြိုး ကို ဟိုဖက်လိမ်လိုက်ဒီဖက်လိမ်လိုက်နဲ့ ဆော့နေတုန်း လိုင်းကားကရောက်လာ တာ နဲ့ ကမန်းကတန်း သူလိမ်နေတဲ့ သွပ်နန်းကြိုး ကို သူ့အိပ်ထဲ ထိုးထည့်လိုက်ပြီး ကားပေါ် အလုအယက်တက်လိုက်ပါတော့တယ်
ကားပေါ် မှာ ထိုင်စရာနေရာရ တော့ ထိုင်လိုက်ပါလာရင်း စောစောက သွပ်ကြိုး ကို ဆက်ဆော့ မလို့ အိပ်ထဲ ကနေထုတ်လိုက်တာ ဖြစ်ချင်တော့ အဲ့ဒီသွပ်နန်းကြိုး လိပ်လေးဟာ သူ့အိပ်ထဲ မှာတစ်ရွက်ချင်းစီ ရှိနေတဲ့ စာရွက် ၂ရွက်ကို ပူးကပ်ပြီးသား ကပ်နေအောင် ညှပ်ထားတာသွားတွေ့မိရော
.............................
ဒါနဲ့ သူဟာ စက္ကူတွေကို ကော်မသုံးပဲ ကပ်နေကြအောင် လုပ်တဲ့နည်းကို
ကမ္ဘာ ပေါ်မှာပထမဆုံးတွေ့ရှိခဲ့ပါတော့တယ်
အဲ့ဒီနည်းကိုတွေ့ ပြီးနောက်တစ်နေ့ကျတော့ အဲ့ဒီ အမျိုးသားဟာ အဲ့လို စက္ကူ ကပ်နည်းဟာ လွယ်ကူ ပြီး လက်ကိုကော်တွေ ပေ စက္ကူ တွေ လိုတဲ့အခါ ပြန်ဆွဲဖြဲနေရတဲ့ ဒုက္ခတွေ မကြုံရတော့တာ တွေမိတော့ သူ့ဖာသာအလုပ်နဲ့ အိမ်မှာသုံးဖို့ အတွက် စက္ကူ ညှပ်တဲ့ ကလစ်လေးတွေ ကိုသွပ်နန်းကြိုးလေးတွေ နဲ့ လုပ်ပြီးဆောင်ထားခဲ့ လိုက်ပါတော့တယ်
.............................
သူဖာသာအဲ့လို သုံးလာပြီ ၂နှစ်လောက်ကြာတဲ့အခါ တစ်နေ့ မှာ သူ ဟာ ရုံးတစ်ရုံး ရဲ့ ထမင်းစားရုံ မှာထမင်းသွားစားဖြစ်ခဲ့တယ် သူထမင်းထိုင်စားနေတုန်းသူလုပ်ထားတဲ့ကလစ်လေးတွေ နဲ့ ညှပ်ထားတဲ့ အလုပ် စာရွက် ဖိုင်တွေ ကိုသူ့ရှေ့ ခုံပေါ်မှာတင်ထားမိတယ်
.............................
ဘေးနားက စားပွဲ မှာထိုင် ပြီးကော်ဖီသောက် နေတဲ့ အင်ဂျင်နီယာ လူငယ်လေးတစ်ရောက်ဟာ ဒီဖက်လှည့်လာတော့ အဲ့ဒီစာရွက် ညှပ်ကလစ်လေး တွေ ကိုတွေ့မိပြီးစိတ်ဝင်စားသွားတာနဲ့ ထလာပြီး လာမေးတာ
“ အကို ရေ ဒါလေးတွေက ဘာလေးတွေ လဲ ဗျ စိတ်ဝင်စားစရာကောင်းလိုက်တာ ဘယ်ကနေ ဝယ်လာတာလဲ ကျွန်တော်ကို ပြောပြ ပါအုန်းလားခင်ဗျာ ”
ဆိုတော့ ကလစ်လေးတွေ လုပ်တဲ့ လူက ဂုဏ်ယူ ဝင့်ကြွားစွာနဲ့ ပြန်ဖြေလိုက်တာ
.......................
“ အော် မဝယ် ပါဘူး ခင်ဗျာ ကျွန်တော်ကိုယ်တိုင်လုပ်ထားတာပါ လိုချင်ရင် ယူသွားသုံးကြည့်လေ ကျွန်တော်ပေးပါတယ် ခင်ဗျာ ”
“ ဟင် ..ဟုတ်လား အကို ကိုယ်တိုင်လုပ်ထားတာပေါ့ ..
ကျွန်တော် တောင်းဝယ် လို့ ရ မလားခင်ဗျာ ”
“ ဘာမှမဖြစ်ပါဘူး မဝယ်ပါနဲ့ ကျွန်တော် အလကားပေးပါတယ်ဗျာ
ယူသွားလိုက်ပါ ”
“ အာမလုပ်ပါနဲ့ ပညာ ကိုလေးစားလို့ပါဗျာ ဘာပဲ ဖြစ်ဖြစ်ကျွန်တော်ဝယ်
ပါရစေ ပါ ”
ပြောသွားပြောလာ နဲ့ နောက်ဆုံး မှာ အဲ့ဒီ အင်ဂျင်နီယာလူငယ်လေးက ကလစ်တစ်ချောင်းကို ဒေါ်လာ 20$ ပေးပြီးဝယ်သွားခဲ့တော့တယ်
အဲ့ဒီနေ့ ကလစ်ပိုင်ရှင် အိမ်ကို ဝမ်းသာစွာနဲ့ ပြန်လာခဲ့တော့ တယ် ဘာကြောင့်လဲ ဆိုတော့ သူ သွပ်ကြိုးလေးကနေ လုပ်ဆော့ တဲ့ ကလစ်ကနေ ဒေါ်လာ ၂၀ ကြီးများတောင်ရခဲ့တဲ့ အတွက်ပါပဲ
............................................
ဒါပေမဲ့ တစ်ခြားတစ်ဖက်မှာတော့
အင်ဂျင်နီယာကောင်လေးဟာ ကလစ်လေးကို 20$ နဲ့ ဝယ်လာပြီးတဲ့နောက် သူလုပ်နေတဲ့ ကုမ္မဏီ ရဲ့ ပိုင်ရှင် ရုံးခန်း ရှိတဲ့ တိုက်အပေါ် ထပ်ကို
တက်သွားပြီး
သူ့ခေါင်းဆောင်ကုမ္မဏီ ပိုင်ရှင် ကိုပြောပြလိုက်တာ .
“ ဘော့ ဒီရှေ့လျောက်ကျွန်တော်တို့ ဒီကောင်လေး ကို ထုတ်လုပ် ရောင်းချကြရအောင် အလုပ် ကုမ္မဏီ တိုင်း အော့ဖစ် တိုင်းမှာ လိုအပ်တဲ့အရာဖြစ်တယ် ”
လို့ပြောလိုက်ပါတော့တယ်
အဲ့ဒီကုမ္မဏီ ကတော့ 3M ကုမ္မဏီပါပဲ အဲ့ဒီနောက်တော့ 3M ကုမ္မဏီ ဟာ
ကမ္ဘာပေါ်မှာ စက္ကူ ညှပ်တဲ့ ကလစ် အများဆုံးထုတ်လုပ်ရောင်းချခဲ့တဲ့ ကုမ္မဏီ
ကြီးဖြစ်လာခဲ့ပါတော့တယ်ခင်ဗျာ
အတွေးအခေါ် ပိုင်းဆိုင် ရာ ပိုင်ဆိုင်မှု့ မူပိုင်ခွင့် ဥပဒေ အရ အဲ့ဒီနောက် ၂၅ နှစ်ကြာတဲ့အခါ တစ်ခြား ကလစ်ထုတ်လုပ်တဲ့ ကုမ္မဏီတွေ ဟာ 3M ကုမ္မဏီကို မူပိုင် ခွင့်အခွန်ပေးဆောင်ကြရပါတော့တယ် ခင်ဗျာ
.......................................
အခွင့် အရေးချင်းအတူတူ သေးသေးလေးပဲတွေးတဲ့သူနဲ့ နေရင် သေးသေးမွားမွားလေးပဲ ဖြစ်သွားပြီး ....ကြီးကြီးမားမား တွေးတဲ့လူနဲ့နေတဲ့ အခါ အခွင့် အလမ်းကလည်းကြီးမားသွားပါတော့တယ် ခင်ဗျာ
..........................................
++++++++++++++++++
လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
ကိုယ်ကသာရွေးချယ်မလား ဆိုတာမူတည်သွားတာပါ
-----------------------------------------------------------------
ဒါကြောင့်လည်း တစ်ခါတစ်လေ ကျွန်တော်က ညလုံးပေါက် တွေးပြီး ထိုင်ရေးထားတဲ့ စာတွေ ကို တစ်ချို့ ကသူတို့ ပေ့ထဲ မှာကော်ပီကူးချပြီး သူတို့
နာမည်လေးတပ်လိုက်တဲ့ ယုံနဲ့ ကျွန်တော်ထက်တောင် like တွေ Share တွေ ကွန်မန့် တွေ များကုန်ကြတာတွေ့ နေရပါတော့တယ်
ဒါပေမဲ့ သူတို့ ပြန်မဖတ်ကြည့်တာ က ကျွန်တော် စာလုံးပေါင်း ကိုမှားရေးလေ့ ချန်ရေးလေ့ရှိတယ် ဆိုတာ ပါပဲ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။