အချစ်နဲ့တခဏ
------------------
အိအာ့စ် (Eos) နတ်မိမယ်ဟာ.. နေ၀င်းဆည်းဆာရဲ့ နတ်မိမယ်ပဲဖြစ်တယ်..။ သူမဟာ လှပခြင်းအရာမှာ ပြိုင်စံရှားလို့တောင် ပြောနိုင်အောင်ပဲလှပတယ်.။ သူမရဲ့ ဆည်းဆာရောင်ခြည်တွေ လောကကိုဖြန့်ကျက်အခါ.မှာတော့  လူသားတွေရဲ့စိတ်ဟာ.. ကြည်နူးရွှင်ပြလာပြန်တယ်..။ သူမှရဲ့ လှပခြင်းရောင်စဉ်တွေဟာ အကျဉ်းတန်အရုပ်ဆိုးသူကိုတော င်မှ လှပစေနိုင်တယ်..။ သူမရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ထိတွေ့မိတဲ့လူသားတွေဟာ လှပလာတတ်တဲ့အတွက်
"အကျဉ်းတန်လှချိန်" ရယ်လို့.. နေ၀င်ဆည်းဆာချိန်ကို တင်စားကြရတဲ့အထိပဲ..။
အဲဒီလို အလှအပတွေနဲ့ အိအာ့စ်ဟာ ပုရိသအပေါင်းကို ဆွဲဆောင်နိုင်ပြန်တယ်..။
လူသားတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုအိုမင်လာကြလေ့ရှိပေမယ့်.. အိအာ့စ်ကတော့ ထူးခြားတယ်.. နေ၀င်ဆည်းဆာချိန်ရောက်တိုင်းမှ သူမှရဲ့ အလှအပတွေဟာ အသစ်ပြန်လည်ဖြစ်ပေါ်လာတယ်..။ အသစ် အသစ်သော အလှအပတွေထပ်ဆောင်းလာပြန်တယ် ..။ အဲဒီလို လှပလွန်းတဲ့ဆည်းဆာနတ်သမီးဟာ .. အိုမင်းခြင်းအကြောင်းကိုလည်း နားမလည်ခဲ့..။ သေဆုံးခြင်းလည်းမရှိခဲ့။ သူမဟာ လှပခြင်း၊ နုပျိုခြင်း တို့နဲ့ပြည့်နှက်နေတဲ့ နတ်သမီးလေး တစ်ပါးပဲဖြစ်တယ်..။
တစ်နေ့တော့ နတ်မိမယ်ဟာ.. နေ၀င်ဆည်းဆာနဲ့အတူ ပျော်ရွှင်မြူးထူးနေပြန်တယ်. . မိုးရွာပြီးစ လှပလွန်းတဲ့သက်တန့်တံတားပေါ် မှာ
လျှောက်လှမ်းရင်း.. တစ်စုံတစ်ယောက်ကို သူတွေ့မိခဲ့တယ်..။
အဲဒီတွေ့ခဲ့သူဟာလည်း သူမရဲ့ နှလုံးသားတံခါးပေါက်ကို
စတင်ခေါက်သူလည်းဖြစ်နေပြန်တ ယ်..။ သူကတော့ တီသိုနီးယပ်စ် လို့အမည်ရတဲ့ အိမ်ရှေ့မင်းသားလေးတစ်ပါးပဲ ဖြစ်တယ်..။ အိမ်ရှေ့မင်းသားဟာလည်း. အင်မတန်ယောက်ျားပီသပြီး မိန်းမပျိုတို့ရဲ့အသည်းနှလုံးကို လှုပ်ကိုင်နိုင်သူဖြစ်နေပြန် တယ်..။
အလှအပကို တန်ဖိုးထားမြတ်နိုးလှတဲ့ ဆည်းဆာရဲ့နတ်မိမယ်ဟာ.. တီသိုးနီးယပ်စ်
မင်းသားလေးကို အင်မတန်မှ ချစ်မြတ်နိုးမိပြန်တယ်..။ မင်းသားလေးဟာလည်း..
ဆည်းဆာနတ်မိမယ်ရဲ့ အလှအပမှာ နစ်မြောမိရင်း သူတို့နှစ်ဦးဟာ.. အပြန်အလှန်
ပြင်းစွာတွယ်တာမိကြပြန်တယ်. .။ အင်မတန်ချစ်ကြ၊ ကြင်နာကြတဲ့ ချစ်သူတွေဖြစ်လာကြပြန်တယ်.. ။
ဆည်းဆာရဲ့နတ်မိမယ်ဟာ.. သူ့ချစ်သူမင်းသားလေးကို စကြ်ာဝဠာအနှံ့အပြားရဲ့ အလှပဆုံးသော နေရာတွေဆီ ခေါ်ဆောင်သွားခဲ့ပြန်တယ်..။ လှပတဲ့ပန်းခင်းတွေ၊ သာယာတဲ့ တောတောင်တွေ၊ စမ်းချောင်းကလေးတွေ အနှံ့ ဖြန့်ကျက်ပြီး သူတို့နှစ်ဦးရဲ့ ချစ်ဗိမာန်ကို လှပစွာ တည်ဆောက်ခဲ့ပြန်တယ်.။ ချစ်သူကလွဲရင်..တစ်လောကလုံး မှာရှိတဲ့အရာတွေဟာ အိအာ့စ်အတွက်.. အရေးမကြီးဘူးလို့ဆိုနိုင်တယ်.။ တီသိုးနီးယပ်စ်မင်းသားလေးအတွက်လည်း.. အိအာ့စ်ဟာ သူ့ရဲ့ဘ၀ပဲဖြစ်တယ်၊ သူ့ရဲ့ အသက်ဝိဥာဉ်နဲ့ နှလုံးသည်းပွတ်ပဲဖြစ်တယ်။
အဲဒီလိုချစ်မြတ်နိုးမှုတြွေေ ကာင့်လည်း အိအာ့စ်ဟာ တီသိုးနီးယပ်စ်မင်းသားလေးကို သူ့လိုမျိုး ထာဝရရှင်သန်ခွင့် ရရှိစေလိုတယ်..။ သူဟာနတ်ဒေ၀တာဖြစ်တာကြောင့် သေဆုံးခြင်းမရှိပေမယ့်.. တီသိုးနီးယပ်စ်မင်းသားလေးဟာ တချိန်မှာ သေဆုံးရမှာပဲဖြစ်တယ်..။ အဲဒီလို သေဆုံးခြင်းနဲ့ခွဲခွာသွားခဲ့ ရင်တော့ သူမဟာ နှလုံးကြေကွဲ..ရူးသွပ်ရမှာပဲဖြစ်တယ်..။
အဲဒီလို အတွေးတွေနဲ့အတူ.. အိအာ့စ်နတ်မိမယ်ဟာ ပူလောင်လာပြန်တယ်..။ သူမရဲ့
ချစ်ရသူကို သူမအနားက ဘယ်လိုနည်းမျိုးနဲ့မှ.. ခွဲခွာဖို့
ခွင့်ပြုနိုင်မှာမဟုတ်ဘူး.. ။ ဒါကြောင့်လည်း.. အိအာ့စ်ဟာ သူမရဲ့ချစ်သူကို ထာဝရရှင်သန်ခွင့် ရစေလိုတာဖြစ်တယ်..။ ချစ်သူနဲ့အမြဲထ၀ရ ချစ်နေချင်ခဲ့တယ်..။
ဆည်းဆာရဲ့ နတ်မိမယ်ဟာ.. ချစ်သူလက်ကိုဆွဲပြီး ဇုနတ်မင်းကြီးဆီကို အရောက်လာခဲ့တယ်..။ အဲဒီနောက်မှာတော့ ဇုနတ်မင်းကြီးကို ဒီလိုဆုတောင်းခဲ့တယ်
"စကြ်ာဝဠာရဲ့သခင်..အရှင်ဇုန တ်မင်းကြီး.။ ကျွန်တော်မျိုးမဟာ.. တီသိုးနီးယပ်စ်မင်းသားလေးကို.. အသက်နဲ့ထပ်တူ ချစ်မြတ်နိုးလှပါတယ်။ သူဟာ သာမာန်လူသားတစ်ယောက်ဖြစ်တဲ့ အတွက် တစ်နေ့မှာ သေခြင်းတရားကို ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ အဲဒီလိုသေခြင်းတရားနဲ့ကြုံေ တွ့လာတဲ့အခါ..ကျွန်တော်မျိုးမနဲ့
ချစ်သူမင်းသားလေးဟာ သေကွဲကွဲရပါလိမ့်မယ်။ ကျနော်မျိုးမဟာလည်း
နှလုံးကွဲကြေ ရူးသွပ်ရပါလိမ့်မယ်..။ ဒါကြောင့် တီသိုးနီးယပ်စ်မင်းသားလေးကို.. ထာဝရအသက်ရအောင် ဖန်ဆင်းပေးပါအရှင်"
လို့ ဆုတောင်းခဲ့တယ်..။ ဇုနတ်မင်းကြီးဟာ.. ဆည်းဆာနတ်မိမယ်ရဲ့ ဆုတောင်းကိုဖြည့်ဆည်းပေးတဲ့ အနေနဲ့.. တီသိုးနီးယပ်စ်မင်းသားလေးကို ထာဝရအသက်ပေးအပ်ခဲ့တယ်..။
အိအာ့စ်ဟာအင်မတန်မှပျော်ရွှင်ခဲ့တယ်..။ ချစ်သူနဲ့ထာဝရနေနိုင်ပြီဖြစ်တဲ့အတွက်.. သူမဟာအပျော်ရွှင်ဆုံးတစ်ယောက်ဖြစ်လာခဲ့ပြန်တယ်..။ သူတို့နှစ်ဦးရဲ့အချစ်ဟာ အမြဲထာဝရရှင်သန်နိုင်တော့မယ်လို့ သူမထင်ထားခဲ့တယ်...။
ဒါပေမယ့်လည်း.. သူမရဲ့မင်းသားလေးဟာ..သေဆုံး ခြင်းမရှိပေမယ်..
အချိန်ကြာလာတာနဲ့အမျှ.. နုပျိုခြင်းတွေ ပျောက်ကွယ်လာပြန်တယ်..။
သူမခိုမှီရာ လက်မောင်းအစုံဟာ.. ချည့်နဲ့ပြီး အရေပြားများတွန့်လိပ်လာခဲ့တ ယ်..။
သူမမြတ်နိုးစွာ ငေးမောခဲ့တဲ့ မျက်ဝန်းတစ်စုံဟာ..
အိုမင်းခြင်းတိမ်လွှာတွေနဲ့ မှုံဝါးလာခဲ့ပြန်တယ်.. ချစ်သူရဲ့
သာယာဖွယ်အသံလေးတွေဟာ.. အဖိုးအိုတစ်ယောက်ရဲ့ အသံအဖြစ်..တုန်ရီစွာ
ကူးပြောင်းလာခဲ့တယ်.. သူမရဲ့မင်းသားလေးဟာ အိုမင်းလာခဲ့တယ်...။ သူမဟာ
အိုမင်းခြင်းအတွက် ဆုတောင်းဖို့ မေ့လျော့..ခဲ့တယ်။
အဲဒီအခါမှာတော့..အိအာ့စ်ရဲ့ အချစ်တွေဟာလည်း.. ချစ်သူရဲ့ဇယာနဲ့အတူ.. ပျက်သုဉ်းခဲ့တယ်... သူမဟာ တီသိုးနီးယပ်စ်မင်းသားရဲ့အနားကို.. ယောင်လို့တောင်မလှည့်ချင်ဘဲ ဖြစ်လာတယ်.. ။ မျက်နှာလွှဲနေခဲ့ပေမယ့်.. ကြက်သရေမရှိတဲ့ ချစ်သူရဲ့ ညဉ်းညူသံကိုကြားနေရပြန်တယ်. .။
သူမနေရတဲ့ ဗိမာန်မှာတောင်မှ အိုမင်းခြင်းရနံ့တွေနဲ့ ဖုန်းလွှမ်းလာသလို
ခံစားလာခဲ့ရတယ်..။ သူမရဲ့ လှပခြင်းနဲ့ ချစ်သူရဲ့ အိုမင်းခြင်းဟာ..
လိုက်ဖက်ညီမှုမရှိတော့ဘဲ ဖြစ်လာပြန်တယ်..။
ဒါကြောင့်လည်း ဆည်းဆာရဲ့နတ်မိမယ်ဟာ.. ချစ်သူကို လုံခြုံတဲ့အခန်းကျဉ်းလေးထဲမှာ.. လှောင်ပိတ် အကျဉ်းချထားပြီး သူမရဲ့..မြင်ကွင်းက ကွယ်ပျောက်နေစေတယ်..။ ဒါမေယ့်လည်း.. တီသိုးနီးယပ်စ်အဖိုးကြီးရဲ့
ညဉ်းညူသံတွေဟာ သူမရဲ့စိတ်နှလုံးကို နောက်ကျိစေပြန်တယ်..။
သူ့ရဲ့ဆိုးဝါးလှတဲ့အသံဟာ.. သူမအတွက် တစ္ဆေတစ်ကောင်ရဲ့ အော်ဟစ်သံလို
ကြောက်မက်ဖွယ်ဖြစ်လာခဲ့ပြန် တယ်..။ အဲဒါကြောင့်လည်း..သူမဟာ ချစ်သူကို နှံကောင်တစ်ကောင်အဖြစ် ပြောင်းလဲဖန်ဆင်း ပစ်ခဲ့တယ်..။
-------------------
ဒီပုံပြင်လေးကတော့ ဂရိဒဏ္ဍာရီရဲ့ ဆည်းဆာနတ်သမီးရဲ့ ပုံပြင်တစ်ပုဒ်ပဲဖြစ်တယ်..။ တစ်ခါတစ်ရံမှာ.. ကျနော်တို့တွေရဲ့ချစ်ခြင်းဟာ.. နုပျိုလှပခြင်းတွေနဲ့ တွဲနေတတ်တယ်လို့ဆိုတယ်..။ ကျနော်တို့တွေဟာ သူ့အကျိုးကိုလိုလားခြင်းဆို တဲ့ ဖြူစင်တဲ့ချစ်ခြင်းကို မေ့လျော့ နေတတ်ကြတယ်..။ ဖြူစင်တဲ့ချစ်ခြင်းကိုမေ့လျော့ရုံမျှမကဘဲ အပေါ်ယံအချစ်တွေကိုသာ အထင်ကြီးသာယာနေလေ့ရှိပြန်တယ်။ အဲဒီလို အပေါ်ယံအလှအပကို သာယာတတ်တဲ့ချစ်ခြင်းဟာ လှပခြင်း၊ နုပျိုခြင်းတွေ ပျောက်ကွယ်ခြင်းနဲ့အတူ.. ပျောက်ကွယ်တတ်သေးတယ်လို့ဆို တယ်..။ အိအာ့စ်ဟာ တီသိုနီးယပ်စ်ရဲ့ လှပနုပျိုခြင်းတွေကိုသာ ချစ်မြတ်နိုးတာပဲဖြစ်တယ်..။ အဲဒီလို အပေါ်ယံလှပခြင်းကိုသာလျင် မြတ်နိုးတဲ့အတွက်..အိုမင်ြး ခင်းကြောင့် နုပျိုလှပခြင်းတွေ ကုန်ဆုံးသွားတဲ့အချိန်မှာတော့ သူမရဲ့အချစ်ဟာလည်း ပျောက်ကွယ်သွားခဲ့ရတယ်..။
တချို့သောလူတွေဟာ.. တစ်ဦးနဲ့တစ်ဦးကောင်းကျိုး အပြန်အလှန်လိုလားပြီး မေတ္တာအခြေခံတဲ့ချစ်ခြင်းကို ..တည်ဆောက်ကြတယ်။ သူတို့တွေရဲ့အချစ်တွေဟာ သေတပန်သက်တစ်ဆုံးခိုင်မြဲပြီး ရိုးမြေကျ ခိုင်မြဲလေ့ရှိကြပြန်တယ်။ ဘယ်လို အကြောင်းအရာကမှ သူတို့ရဲ့ အချစ်ကို မပြောင်းလဲစေတဲ့ Unconditional Love ပဲဖြစ်တယ်။
တချို့ကတော့ အပြန်အလှန်မက်မောခြင်းတွေနဲ့ 
လောဘချစ်ခြင်းတွေကို တည်ဆောက်နေကြပြန်တယ်..။ သူတို့တွေရဲ့အချစ်ဟာ
မက်မောစရာတွေ မရှိတော့တဲ့အခါ.. ချစ်သူ၊ မိတ်ဆွေ၊ အကြင်လင်မယား အဖြစ်ကနေ
တစ်ဦးနဲ့တစ်ဦး မြင်တောင်မမြင်ချင်တော့တဲ့ ရန်သူတွေ အဖြစ်
အဆုံးသတ်ကြရပြန်တယ်။ အခြေအနေပေါ်မူတည်ပြီးအခြေခံထားတဲ့ချစ်ခြင်းတရား Conditional Love ပဲဖြစ်တယ်.။
လောကမှာ ကျနော်တို့ဆီကနေ တစ်စုံတစ်ရာကိုမှ မမျှော်လင့်ပဲ ကျနော်တို့ရဲ့ကောင်းကျိုးကိုလာလိုလားတဲ့
မေတ္တာအခြေခံတဲ့ ချစ်ခြင်းကို ပေးနေတဲ့သူတွေလည်း ရှိနေကြတယ်..။
သူတို့တွေဟာ.. ကျနော်တို့ရဲ့ မိတ်ဆွေ၊ မိဘ၊ ဆွေမျိုး၊ ချစ်သူ၊ ဇနီး၊
သားသမီး စတဲ့ ကျနော်တို့နဲ့ပတ်သက်နေတဲ့ သူတွေလည်းဖြစ်ကောင်းဖြစ်နို င်သေးတယ်..။ ဒါပေမယ့်လည်း ကျနော်တို့ဟာ.. အဲဒီလို တန်ဖိုးရှိလှတဲ့ချစ်ခြင်းတွေကို မျက်ကွယ်ပြုပြီး လှပခြင်းအခြေခံတဲ့ ချစ်ခြင်းတွေကို တစိုက်မတ်မတ် ရှာဖွေနေတတ်ကြတယ်လို့ဆိုတယ် .။
အဲဒီလိုရှာဖွေရင်းနဲ့ပဲ.. တစ်ဦးနဲ့တစ်ဦး လောဘအခြေခံတဲ့အချစ်တွေနဲ့
တုပ်နှောင်မိကြပြန်တယ်..။ အဲဒီလို လောဘအချစ်တွေနဲ့
တုတ်နှောင်ပြီးတဲ့အခါမှာလည်း...
ဒီချစ်ခြင်းကိုပဲ.. အချစ်စစ်၊ ခိုင်မြဲတဲ့အချစ်၊ တသက်တာအချစ် လို့
ထင်နေလေ့ရှိကြပြန်တယ်..။ ဒါပေမယ့်လည်း အချိန်ကာလရဲ့တိုက်စားခြင်းနဲ့အတူ.. ကိုယ့်မှာရှိတဲ့ ပစ္စည်းဥစ္စာ၊ ငွေကြေး၊ ရုပ်ရည်၊ ပညာ စတဲ့ ပိုင်ဆိုင်မှုတွေ ပျောက်ကွယ်သွားတဲ့အခါမှာတော့ .. ကိုယ်ထာဝရချစ်သူလို့ထင်မှတ် ထားသူတွေဟာ ကိုယ့်ကို တစ်ချက်မျှငဲ့မကြည့်ဘဲ စွန့်ခွာသွားတတ်သေးတယ်လို့ဆိုတယ်။ အဲဒီအခါမှာတော့ တီသိုးနီးယပ်စ် မင်းသားလို ပူလောင်ငိုညဉ်းကြရမှာပဲဖြစ် တယ်..။
အသိမိတ်ဆွေတွေမှာလည်း.. အကျိုးကိုလိုလားတဲ့ မေတ္တာအခြေခံတဲ့ချစ်ခြင်းရှိ သလို၊ ငွေကြေး၊ အခွင့်အရေးကိုမှီတွယ်ပြီး..
အလိုလိုက် အကြိုက်ပေးပေါင်းကြတဲ့ လောဘ ချစ်ခြင်းကို တည်ဆောက်ကြသူတွေလည်း
တွေ့နိုင်သေးတယ်..။ တကယ်တော့ လောဘချစ်ခြင်းဟာ.. မက်မောစရာကောင်းလှတဲ့
အဆိပ်သီးနဲ့တူလှတာကို ဆင်ခြင်သင့်လှတယ်..။ သကာရည်ဖျန်းထားတဲ့
အဆိပ်သီးသာလျင်ဖြစ်တယ်..။
The only love worthy of a name is unconditional.
ဆိုတဲ့စကားလို.. လောဘအခြေခံတဲ့ ချစ်ခြင်းဟာ.."အချစ်"ဆိုတဲ့ အမည်နာမနဲ့တောင် ထိုက်တန်ခြင်းမရှိဘူးလို့ ဆိုချင်တယ်..။
ချစ်ခြင်းတရားများ..အမြဲထာဝ ရ ထုံမွှမ်းနိုင်ကြပါစေ
(ဖြိုးသုတ)
— with တစ်ဦး တည်းသော သား.------------------
အိအာ့စ် (Eos) နတ်မိမယ်ဟာ.. နေ၀င်းဆည်းဆာရဲ့ နတ်မိမယ်ပဲဖြစ်တယ်..။ သူမဟာ လှပခြင်းအရာမှာ ပြိုင်စံရှားလို့တောင် ပြောနိုင်အောင်ပဲလှပတယ်.။ သူမရဲ့ ဆည်းဆာရောင်ခြည်တွေ လောကကိုဖြန့်ကျက်အခါ.မှာတော
လူသားတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုအိုမင်လာကြလေ့ရှိပေမယ
တစ်နေ့တော့ နတ်မိမယ်ဟာ.. နေ၀င်ဆည်းဆာနဲ့အတူ ပျော်ရွှင်မြူးထူးနေပြန်တယ်.
ဆည်းဆာရဲ့နတ်မိမယ်ဟာ.. သူ့ချစ်သူမင်းသားလေးကို စကြ်ာဝဠာအနှံ့အပြားရဲ့ အလှပဆုံးသော နေရာတွေဆီ ခေါ်ဆောင်သွားခဲ့ပြန်တယ်..။ လှပတဲ့ပန်းခင်းတွေ၊ သာယာတဲ့ တောတောင်တွေ၊ စမ်းချောင်းကလေးတွေ အနှံ့ ဖြန့်ကျက်ပြီး သူတို့နှစ်ဦးရဲ့ ချစ်ဗိမာန်ကို လှပစွာ တည်ဆောက်ခဲ့ပြန်တယ်.။ ချစ်သူကလွဲရင်..တစ်လောကလုံး
အဲဒီလိုချစ်မြတ်နိုးမှုတြွေေ
ဆည်းဆာရဲ့ နတ်မိမယ်ဟာ.. ချစ်သူလက်ကိုဆွဲပြီး ဇုနတ်မင်းကြီးဆီကို အရောက်လာခဲ့တယ်..။ အဲဒီနောက်မှာတော့ ဇုနတ်မင်းကြီးကို ဒီလိုဆုတောင်းခဲ့တယ်
"စကြ်ာဝဠာရဲ့သခင်..အရှင်ဇုန
လို့ ဆုတောင်းခဲ့တယ်..။ ဇုနတ်မင်းကြီးဟာ.. ဆည်းဆာနတ်မိမယ်ရဲ့ ဆုတောင်းကိုဖြည့်ဆည်းပေးတဲ့
အိအာ့စ်ဟာအင်မတန်မှပျော်ရွှင
ဒါပေမယ့်လည်း.. သူမရဲ့မင်းသားလေးဟာ..သေဆုံး
အဲဒီအခါမှာတော့..အိအာ့စ်ရဲ့
ဒါကြောင့်လည်း ဆည်းဆာရဲ့နတ်မိမယ်ဟာ.. ချစ်သူကို လုံခြုံတဲ့အခန်းကျဉ်းလေးထဲမ
-------------------
ဒီပုံပြင်လေးကတော့ ဂရိဒဏ္ဍာရီရဲ့ ဆည်းဆာနတ်သမီးရဲ့ ပုံပြင်တစ်ပုဒ်ပဲဖြစ်တယ်..။
တချို့သောလူတွေဟာ.. တစ်ဦးနဲ့တစ်ဦးကောင်းကျိုး
တချို့ကတော့ အပြန်အလှန်မက်မောခြင်းတွေနဲ
လောကမှာ ကျနော်တို့ဆီကနေ တစ်စုံတစ်ရာကိုမှ မမျှော်လင့်ပဲ ကျနော်တို့ရဲ့ကောင်းကျိုးကိ
အသိမိတ်ဆွေတွေမှာလည်း.. အကျိုးကိုလိုလားတဲ့ မေတ္တာအခြေခံတဲ့ချစ်ခြင်းရှိ
The only love worthy of a name is unconditional.
ဆိုတဲ့စကားလို.. လောဘအခြေခံတဲ့ ချစ်ခြင်းဟာ.."အချစ်"ဆိုတဲ့
ချစ်ခြင်းတရားများ..အမြဲထာဝ
(ဖြိုးသုတ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။