👑 အင်ပါယာရဲ့ အရှင်သခင် 👑
အပိုင်း - ၂
ီဲ🎸🎸🎸🎸
အပိုင်း - ၂ ( နောက်ဆုံးပိုင်း )
Q - မဖြစ်မနေ လုပ်ရမည့် နေ့စဉ် လေ့ကျင့်ခန်း
"အဓိကကတော့ သီချင်းနားထောင်၊ များများ နားထောင်တာပေါ့လေ။ သီချင်းမျိုးစုံ၊ ROCK တွေဘာတွေ နားထောင်တယ်။ ကျင့်တာလည်း များများကျင့်နိုင်လေ ကောင်းလေပဲပေါ့။ ဥပမာဆိုရင် ကိုယ့်ရဲ့  ပါရမီလို့ ခေါ်မလား၊ Music ကို နားလည်သဘောပေါက်ပြီး ဖန်တီးနိုင်တဲ့ဟာမျိုးတွေလ ည်း
လိုသေးတာပေါ့လေ။ တကယ်တမ်း ကျင့်တဲ့အခါမှာလည်း ကိုယ်ကျင့်တဲ့ဟာကို
ဒီအတိုင်းကြီးပဲ လျှောက်ပြီးတော့ ကျင့်တဲ့အတိုင်း လျှောက်ပြီးတော့
တီးနေမယ်ဆိုရင်လည်း Music က အသက်ပါမှာ မဟုတ်ဘူးလေ။ ကျင့်တာလည်း
ကျင့်တဲ့အပိုင်း။ ကိုယ်က Music ကို ခံလည်း ခံစားရတာပေါ့လေ။ များများကျင့်လေ
ကောင်းလေပေါ့။ ကိုယ် Feel လာတဲအတိုင်း ကိုယ်ခံစားရသလို လက်က
လိုက်နိုင်တာပေါ့။ ခံစားချက်မရှိဘဲ လက်က ကျင့်တဲ့ဟာတွေချည်း
လျှောက်ထည့်နေရင်လည်း အသက်ပါမှာ မဟုတ်ဘူးလေ"
Q - ဂစ်တာသမားတစ်ယောက်အနေနဲ့ သိထား၊ တတ်ထားသင့်တယ်ထင်တဲ့ အချက်အလက်တွေကို ကိုယ့်အမြင်ဘက်ကနေ ပြောပါဦး??
"ခုနက ပြောသလိုပေါ့လေ။ ကိုယ်တို့ လုပ်ခဲ့တဲ့အပိုင်းမှာ သီချင်းများများ နားထောင်မယ်။ လေ့ကျင့်မယ်။ ကျွန်တော်တို့ စတီးကာစက အခုလိုမျိုး စာအုပ်တွေ ဘာတွေလည်း မပေါ်သေးဘူးလေ။ ခုကတော့ တော်တော် အဆင်ပြေသွားပြီပေါ့လေ။ Notes တွေ ဘာတွေလည်း ကြိုက်သလို၊ ဆရာတွေလည်း အများကြီးပဲ။ သင်ခန်းစာတွေ ဘာညာ၊ ကျွန်တော်တို့တုန်းက အဲဒီလိုမျိုး မရှိဘူး။ Copy တီးရင်းနဲ့ပဲ လေ့ကျင့်ရတာ။ ဘယ်လိုအကျိုးရှိလဲဆိုတော့ ခုနကပြောသလို သူတို့တီးတဲ့အတိုင်း ကျွန်တော်က Recording လိုက်တီးတာဆိုတော့ လေ့ကျင့်တဲ့သဘော ဖြစ်သွားတာပေါ့။ ဥပမာ - နိုင်ငံခြားသီချင်းတစ်ပုဒ် တီးထားတယ်ဆိုရင် ကျွန်တော်က အဲဒီအတိုင်း တစ်ခုကို သူ့အတိုင်း လိုက်ကျင့်လိုက်ရုံနဲ့ မဟုတ်သေးဘူးလေ။ ကျွန်တော်က သူ့အတိုင်း လုပ်ကြည့်ရတာကိုး။ "တကယ် မဟုတ်သေးဘူးဟ" ဘယ်လို အသံထွက်မလားသေးဘူး။ သိတယ်မဟုတ်လား ဖြည်းဖြည်းချင်း ရှာဆိုတော့ သဘောပေါက်သွားတာပေါ့လေ။ Recording အပိုင်း ဘာညာ တကယ်လိုက်ကျင့်ပြီး သူ့လို မထွက်တာမျိုးလည်း ရှိတယ်။ ထွက်တာလည်း ရှိတယ်။ အဲတော့ ကိုယ်က သူတို့လုပ်တဲ့အတိုင်း လက်တွေ့ လုပ်ကြည့်ရသလို ဖြစ်သွားတာပေါ့။ Copy တွေ လိုက်တီးတဲ့အခါကျ အလေ့အကျင့် ရသွားတာပေါ့"
Q - သီချင်းတစ်ပုဒ်ကို Arrangement လုပ်တဲ့နေရာမှာ ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ထားရမယ့် အနေအထားတွေ ပြောပါဦး??
"သီချင်းကို ကြည့်တယ်။ ဘယ်လိုပုံစံမျိုးလဲ ဆိုတာပေါ့လေ။ တချို့ က ရေးကတည်းကိုက ပြောထားပြီးသား ရှိတယ်လေ။ ဒါက ဘယ်လို စတိုင်လေးဆိုတာ။ အဲဒါလေးကို ယူပြီး ဖမ်းပြီးတော့ လုပ်ရတာပေါ့လေ။ ဒါ ဘယ်လိုအကြိုက်မျိုးဖြစ်နိုင်လဲ
ကိုယ်ဘယ်လိုဟာထည့်ရင် ကောင်းမလဲဆိုတာ ကိုယ့်ဟာကိုယ် စဉ်းစားပြီး
ပုံစံလေးကျအောင် လုပ်ရတာပေါ့။ တချို့ ကလည်း အခုနက ပြောသလို ဒီသီချင်းက
ဘယ်လို စတိုင် စပ်ထားတယ်ဆိုတာ စကတည်းက ရှိထားပြီးသားပဲ များတယ်။
အဲလိုဟာမျိုး ဒါဆို Metallica ပုံစံလေးပေါ့နော်။ ဘယ်ဟာက ဘယ်လိုပုံစံမျိုး၊
Direct Live ပေါ့လေ။ သူ့ဟာကြည့်ပြီး လုပ်ရတာပေါ့။
Q - ဂစ်တာနဲ့ ပတ်သက်ပြီး လေ့ကျင့်ခဲ့တဲ့နေရာမှာ ခက်ခက်ခဲခဲအဖြစ်ဆုံး Technique တွေ ရှိရင် ပြန်ပြောပါဦး??
"ခက်ခဲတဲ့ Technique တွေ ရှိတယ် ပြောရမှာပေါ့လေ။ ကိုယ်က အဲဒီတုန်းကတော့ တချို့ ဟာတွေဆို (ဟယ်ရီလင်း အခွေတွေမှာ တီးတဲ့ဟာတွေဆို) နည်းနည်း ခက်ခက်ခဲခဲတွေ ပါတယ်လေ။ ပါတော့ အဲဒီတုန်းက ကိုဇော်ဝင်း (Metal Zone) လည်း ရှိတယ်။ သူ့ဆီကနေ Notes တွေ ကြည့်လိုက်တော့မှ သဘောပေါက်သွားပြီး ကိုယ်က လိုက်တီး၊ Recording မှာပဲ လုပ်သွားတဲ့အပိုင်းပေါ့လေ။ စတာ Recording က စတာဆိုတော့ ခုနက ပြောသလို အလုပ်ထဲကပဲ ကျင့်သွားတဲ့ ပုံစံမျိုးပေါ့လေ။ ကိုယ်က ကျင့်ပြီးတော့ အလုပ်စလုပ်တာ မဟုတ်ဘူးလေ။ စတင်တီးခတ်ကတည်းက ကိုယ်က Professional ဖြစ်သွားသလိုမျိုး ဖြစ်သွားတာပေါ့လေ။ ၁၀ တန်း အောင်ပြီးကတည်းက Oasis တီးဝိုင်းမှာ Recording တွေ စတီးတာဆိုတော့ Professional ပုံစံမျိုး (အပျော်မဟုတ်ဘူး) အဲလို ဖြစ်သွားတာပေါ့။ အဲဒီကနေပဲ သင်ယူသွားတဲ့ ပုံစံမျိုးပေါ့။
Q - ပညာလျှိုတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးနဲ့ ရင်းနှီးပတ်သက်ခဲ့ဖူးပါသလား ??
"အဲလိုမျိုးတော့ ကိုယ်တို့က သိပ်မကြုံဖူးပါဘူး။ ကိုယ်လည်း သိသလောက် ပြောနေတာပဲလေ။ စာအုပ်တွေ ထုတ်ပြ၊ စာအုပ်တွေရှိရင် သူများကို ကိုယ်က ပေးတာမျိုးပေါ့နော်"
Q - "Teamwork" ဆိုတဲ့ စကားလုံးကို ဘယ်လိုနားလည်လက်ခံပါသလဲ??
"Teamwork ကလည်း Band တစ်ခုအနေနဲ့က အရေးကြီးတာပေါ့။ လက်တွဲတာကြာတဲ့အခါ တစ်ယောက်အထာ တစ်ယောက် သိပြီးတော့ အချိတ်အဆက် မိတယ်။ သူ တစ်ခုခုလုပ်မယ်ဆိုရင် ကိုယ်က ဘာလုပ်မယ်ဆိုတာ သိနေပြီသဘောက။ တီးတဲ့အခါမှာလည်း အချိတ်အဆက်က အဲလိုပေါ့နော်။ Band ချင်း မတူပဲ ခုမှ ချက်ချင်း ကောက်တီးတယ် ဆိုလို့ရှိရင် အချိတ်အဆက်က သိပ်မမိဘူး။ Ending ဘယ်လိုလုပ်မယ်ဘာညာကအစ တစ်ယောက်နဲ့တစ်ယောက်က သိပ်မသိသေးဘူးပေါ့။ နောက် ကြာလည်း ကြာလာတော့မှ တစ်ယောက်နဲ့တစ်ယောက် သဘောပေါက်သွားတာ။ Teamwork က အရေးကြီးပါတယ်။ လက်တွဲတာ ကြာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် သဘောပေါက်သွားတာပဲ"
Q - ကိုယ်ကိုင်တဲ့ Instrument အပေါ် ဘယ်လိုသဘောထား ဆက်ဆံခဲ့ပါသလဲ??
"ကိုယ့်ရဲ့ အဖော်မွန်လေးပါပဲ။ Instrument လို ပြောပေမယ့်လည်း ပစ္စည်းတစ်ခုလိုတော့ မဟုတ်ဘူး။ ကျွန်တော်ကလည်း ဖွဲ့ဖွဲ့နွဲ့နွဲ့က မပြောတတ်တော့ ကိုယ်ချစ်ခဲ့ရတဲ့ လူတစ်ယောက်လိုမျိုးပဲလေ။ မြတ်နိုးတယ်ပေါ့လေ"
Q - အရှေ့ တိုင်း Notes နဲ့ အနောက်တိုင်း Notes နှစ်ခုကို ဘယ်ဟာ ပိုအားသန်ပါသလဲ??
"မြန်မာပြည်မှာက အရှေ့ တိုင်းပဲ တီးနေကြတာများတော့ (ရယ်လျက်)
အမှန်မှာတော့ နိုင်ငံခြားမှာ ပတ်ကားနဲ့ တီးကြတာပေါ့လေ။ မြန်မာပြည်က အလွယ်လိုက်တဲ့ ပုံစံမျိုးပေါ့လေ။ အလွယ်လိုက်တဲ့ ပုံစံမျိုးဆိုတာ အခု Notes ဆိုလည်း ဒိုရေမီဖာ အရှေ့ တိုင်း Notes နဲ့ ရေးထားတဲ့အခါကျတော့ ဥပမာ - ကိုယ်ထဲက ရေးထားတာဆိုရင် ဒီကောင့်ကို Key အမျိုးမျိုးနဲ့ ချိန်းပြီး တီးကြည့်လို့ရတယ်။ ဥပမာ - Key D လို့ ရေးထားရင် D နဲ့ ကောက်တီးလို့ရတဲ့ သီချင်းပေါ့။ အဲလို အလွယ်တကူ လိုက်တဲ့ပုံစံမျိုး အဲလိုဆိုတော့ အသုံးလည်းဝင်တာပေါ့။ Pucca Notes ကျတော့ သူက Key ချိန်းလို့မရဘူး။ ရေးထားတာက C နဲ့ဆိုရင် C နဲ့ပဲ တီးလို့ရတယ်။ ဒါကို G နဲ့ D နဲ့ တီးမယ်ဆိုရင် ဘယ်လိုမှမရဘူး။ မြန်မာပြည်ကတော့ အလွယ်လိုက်တဲ့ပုံစံမျိုးပေါ့လေ။ အရှေ့တိုင်းပဲ သုံးကြတာများတယ်။ မြန်မာပြည်မှာ အရှေ့ တိုင်းပဲ ကောက်တီးကြတာ များတယ်"
Q - ကိုယ်ပိုင်ဟန်တစ်ခုကို Creation လုပ်ဖို့ ဘာတွေကို ဘယ်လောက်အထိ Crazy ဖြစ်ခဲ့ရမယ်ထင်လဲ??
"ကိုယ်တို့ တီးတုန်းကဟာကို ပြန်ပြောမယ်ဆိုရင် သီချင်းကို ခံစားပြီးတော့မှ တီးခဲ့တယ်။ သီချင်းကို ခံစားရသွားပြီဆိုရင် တီးလို့ အဆင်ပြေသွားပြီလေ။ တစ်ခါတလေ Owntune လည်း တစ်နေကုန်တီး၊ ဘယ်လိုမှ အဆင်မပြေတာမျိုး ရှိတယ်။ ကြုံဖူးတယ်။ စိတ်တိုင်းမကျနိုင်ဘူး။ တစ်ခါတလေ သီချင်းနဲ့ အံတည့်သွားတဲ့အခါ တစ်ခါတည်းနဲ့ အဆင်ပြေသွားတာမျိုးလည်း ရှိတယ်။ ကိုယ်တို့က သီချင်းတီးတဲ့အခါ Mood ကို အဓိကထားပြီး တီးတာပေါ့နော်။ ကိုယ်သဘောပေါက်တဲ့သီချင်းကျ ရင် လုပ်ရတာ မခက်ဘူးပေါ့လေ"
Q - 6 Strings, 7 Strings, 12 Strings စတဲ့ ဂစ်တာတွေရဲ့  တီးခတ်ပုံ၊ ကြိုးညှိပုံ ကွာခြားမှုတွေကို မသိသေးတဲ့ လူငယ်တွေအတွက် ပြန်ပြောပါဦး??
"6 Strings ကတော့ ရှင်းပါတယ်။ 12 Strings ကြိုးနှစ်ခု၊ Hollow တွေဘာတွေ ရှိတယ်ပေါ့လေ။ 7 Strings ကျတော့ Key က ဘယ်သံတွေပေါ့။ Vamp တွေ တီးတဲ့အခါကျ ... တချို့  Modern Rock တွေ ဘာတွေက အဲဒါနဲ့ တီးတာများတယ်လေ။ အပေါ်ဆုံးက Key တစ်ခု သာသွားတာပေါ့။ ကိုယ်ကျတော့ အဲဒါမျိုးကို သိပ်လည်းမကြိုက်တော့ မဝယ်ဖြစ်ဘူး။ ခြောက်ကြိုးပဲ ကြိုက်တယ်။ အဆန်းထွင်တာ သိပ်မကြိုက်ဘူးဆိုတော့ (ရယ်လျက်)။ ကိုယ်ကလည်း အဲဒါမျိုးတွေ သိပ်မတီးဘူးလေ။ ကိုယ်တို့ပုံစံနဲ့ ကိုယ်တို့ပဲ သွားတယ်။ ခုနကပြောသလို Key တွေ ဘာတွေ Change တာကတော့ အဆင်ပြေတာပေါ့။ အောက်သံတွေ၊ အပေါ်သံတွေ၊ ဘယ်သံတွေ ရှိတယ်ဆိုတော့ အသံ Key တွေကိုလည်း တီးလို့ရတာပေါ့"
Q - နောက်ကနေပဲ ပံ့ပိုးပေးရတဲ့ Player တစ်ယောက်ဘဝမှာ ကြုံခဲ့ရတဲ့ သာယာမှု (သို့မဟုတ်) မသာယာမှုတွေ ပြန်ပြောပါဦး??
"အတွေ့အကြုံကတော့ မျိုးစုံပေါ့လေ။ ဒါပေမယ့် အခုအရွယ်ထိ တီးနေရတာကို ကြိုက်တုန်းပဲ။ ငယ်ငယ်တုန်းကဆို အသက် ၄၀ ကျော်ရင် ဂစ်တာတောင် တီးနေမယ်တောင် မထင်တော့ဘူး။ တစ်ခြားအလုပ်လုပ်နေလိမ့်မယ်
စိတ်က ထင်တာ။ ဒါပေမယ့် လုပ်ရင်းလုပ်ရင်းနဲ့ အသက်ကြီးလာတဲ့အထိ
တီးနေရတုန်းပဲလေ။ ကျွန်တော်က အစကတည်းက ဂစ်တာတီးချင်လို့ တီးနေတာ။ ဂစ်တာကို
ဝါသနာပါလို့ တီးတာပေါ့။ နာမည်ကျော်ကြီး ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း
မရှိဘူး။ ပိုက်ဆံရလို့လည်း မဟုတ်ဘူး။ ကိုယ်တို့ငယ်ငယ်တုန်းက အဲလောက်
ပိုက်ဆံလည်း ရတာမှ မဟုတ်တာ။ ပိုက်ဆံလိုရင် တစ်ခြားဟာ လုပ်မှာဆိုတော့လေ။
အခုတော့ တီးရင်းနဲ့ ပိုက်ဆံက သူ့ဟာနဲ့သူ ရလာတာတော့ ရှိတယ်။ ဒါပေမယ့်
ဂစ်တာကို တီးချင်လို့ကို တီးတာ။ နာမည်ကြီးဖို့ မဟုတ်သလို၊ ပိုက်ဆံရဖို့လည်း
မဟုတ်ဘူး။ နောက်မှ သူ့ဟာသူ ဖြစ်လာတဲ့ အပိုင်းက ဖြစ်လာတာပေါ့ဗျာ"
credit - welcome to rock 'n' roll
အပိုင်း - ၂
ီဲ🎸🎸🎸🎸
အပိုင်း - ၂ ( နောက်ဆုံးပိုင်း )
Q - မဖြစ်မနေ လုပ်ရမည့် နေ့စဉ် လေ့ကျင့်ခန်း
"အဓိကကတော့ သီချင်းနားထောင်၊ များများ နားထောင်တာပေါ့လေ။ သီချင်းမျိုးစုံ၊ ROCK တွေဘာတွေ နားထောင်တယ်။ ကျင့်တာလည်း များများကျင့်နိုင်လေ ကောင်းလေပဲပေါ့။ ဥပမာဆိုရင် ကိုယ့်ရဲ့  ပါရမီလို့ ခေါ်မလား၊ Music ကို နားလည်သဘောပေါက်ပြီး ဖန်တီးနိုင်တဲ့ဟာမျိုးတွေလ
Q - ဂစ်တာသမားတစ်ယောက်အနေနဲ့ သိထား၊ တတ်ထားသင့်တယ်ထင်တဲ့ အချက်အလက်တွေကို ကိုယ့်အမြင်ဘက်ကနေ ပြောပါဦး??
"ခုနက ပြောသလိုပေါ့လေ။ ကိုယ်တို့ လုပ်ခဲ့တဲ့အပိုင်းမှာ သီချင်းများများ နားထောင်မယ်။ လေ့ကျင့်မယ်။ ကျွန်တော်တို့ စတီးကာစက အခုလိုမျိုး စာအုပ်တွေ ဘာတွေလည်း မပေါ်သေးဘူးလေ။ ခုကတော့ တော်တော် အဆင်ပြေသွားပြီပေါ့လေ။ Notes တွေ ဘာတွေလည်း ကြိုက်သလို၊ ဆရာတွေလည်း အများကြီးပဲ။ သင်ခန်းစာတွေ ဘာညာ၊ ကျွန်တော်တို့တုန်းက အဲဒီလိုမျိုး မရှိဘူး။ Copy တီးရင်းနဲ့ပဲ လေ့ကျင့်ရတာ။ ဘယ်လိုအကျိုးရှိလဲဆိုတော့ ခုနကပြောသလို သူတို့တီးတဲ့အတိုင်း ကျွန်တော်က Recording လိုက်တီးတာဆိုတော့ လေ့ကျင့်တဲ့သဘော ဖြစ်သွားတာပေါ့။ ဥပမာ - နိုင်ငံခြားသီချင်းတစ်ပုဒ် တီးထားတယ်ဆိုရင် ကျွန်တော်က အဲဒီအတိုင်း တစ်ခုကို သူ့အတိုင်း လိုက်ကျင့်လိုက်ရုံနဲ့ မဟုတ်သေးဘူးလေ။ ကျွန်တော်က သူ့အတိုင်း လုပ်ကြည့်ရတာကိုး။ "တကယ် မဟုတ်သေးဘူးဟ" ဘယ်လို အသံထွက်မလားသေးဘူး။ သိတယ်မဟုတ်လား ဖြည်းဖြည်းချင်း ရှာဆိုတော့ သဘောပေါက်သွားတာပေါ့လေ။ Recording အပိုင်း ဘာညာ တကယ်လိုက်ကျင့်ပြီး သူ့လို မထွက်တာမျိုးလည်း ရှိတယ်။ ထွက်တာလည်း ရှိတယ်။ အဲတော့ ကိုယ်က သူတို့လုပ်တဲ့အတိုင်း လက်တွေ့ လုပ်ကြည့်ရသလို ဖြစ်သွားတာပေါ့။ Copy တွေ လိုက်တီးတဲ့အခါကျ အလေ့အကျင့် ရသွားတာပေါ့"
Q - သီချင်းတစ်ပုဒ်ကို Arrangement လုပ်တဲ့နေရာမှာ ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ထားရမယ့် အနေအထားတွေ ပြောပါဦး??
"သီချင်းကို ကြည့်တယ်။ ဘယ်လိုပုံစံမျိုးလဲ ဆိုတာပေါ့လေ။ တချို့ က ရေးကတည်းကိုက ပြောထားပြီးသား ရှိတယ်လေ။ ဒါက ဘယ်လို စတိုင်လေးဆိုတာ။ အဲဒါလေးကို ယူပြီး ဖမ်းပြီးတော့ လုပ်ရတာပေါ့လေ။ ဒါ ဘယ်လိုအကြိုက်မျိုးဖြစ်နိုင
Q - ဂစ်တာနဲ့ ပတ်သက်ပြီး လေ့ကျင့်ခဲ့တဲ့နေရာမှာ ခက်ခက်ခဲခဲအဖြစ်ဆုံး Technique တွေ ရှိရင် ပြန်ပြောပါဦး??
"ခက်ခဲတဲ့ Technique တွေ ရှိတယ် ပြောရမှာပေါ့လေ။ ကိုယ်က အဲဒီတုန်းကတော့ တချို့ ဟာတွေဆို (ဟယ်ရီလင်း အခွေတွေမှာ တီးတဲ့ဟာတွေဆို) နည်းနည်း ခက်ခက်ခဲခဲတွေ ပါတယ်လေ။ ပါတော့ အဲဒီတုန်းက ကိုဇော်ဝင်း (Metal Zone) လည်း ရှိတယ်။ သူ့ဆီကနေ Notes တွေ ကြည့်လိုက်တော့မှ သဘောပေါက်သွားပြီး ကိုယ်က လိုက်တီး၊ Recording မှာပဲ လုပ်သွားတဲ့အပိုင်းပေါ့လေ။ စတာ Recording က စတာဆိုတော့ ခုနက ပြောသလို အလုပ်ထဲကပဲ ကျင့်သွားတဲ့ ပုံစံမျိုးပေါ့လေ။ ကိုယ်က ကျင့်ပြီးတော့ အလုပ်စလုပ်တာ မဟုတ်ဘူးလေ။ စတင်တီးခတ်ကတည်းက ကိုယ်က Professional ဖြစ်သွားသလိုမျိုး ဖြစ်သွားတာပေါ့လေ။ ၁၀ တန်း အောင်ပြီးကတည်းက Oasis တီးဝိုင်းမှာ Recording တွေ စတီးတာဆိုတော့ Professional ပုံစံမျိုး (အပျော်မဟုတ်ဘူး) အဲလို ဖြစ်သွားတာပေါ့။ အဲဒီကနေပဲ သင်ယူသွားတဲ့ ပုံစံမျိုးပေါ့။
Q - ပညာလျှိုတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးနဲ့ ရင်းနှီးပတ်သက်ခဲ့ဖူးပါသလား
"အဲလိုမျိုးတော့ ကိုယ်တို့က သိပ်မကြုံဖူးပါဘူး။ ကိုယ်လည်း သိသလောက် ပြောနေတာပဲလေ။ စာအုပ်တွေ ထုတ်ပြ၊ စာအုပ်တွေရှိရင် သူများကို ကိုယ်က ပေးတာမျိုးပေါ့နော်"
Q - "Teamwork" ဆိုတဲ့ စကားလုံးကို ဘယ်လိုနားလည်လက်ခံပါသလဲ??
"Teamwork ကလည်း Band တစ်ခုအနေနဲ့က အရေးကြီးတာပေါ့။ လက်တွဲတာကြာတဲ့အခါ တစ်ယောက်အထာ တစ်ယောက် သိပြီးတော့ အချိတ်အဆက် မိတယ်။ သူ တစ်ခုခုလုပ်မယ်ဆိုရင် ကိုယ်က ဘာလုပ်မယ်ဆိုတာ သိနေပြီသဘောက။ တီးတဲ့အခါမှာလည်း အချိတ်အဆက်က အဲလိုပေါ့နော်။ Band ချင်း မတူပဲ ခုမှ ချက်ချင်း ကောက်တီးတယ် ဆိုလို့ရှိရင် အချိတ်အဆက်က သိပ်မမိဘူး။ Ending ဘယ်လိုလုပ်မယ်ဘာညာကအစ တစ်ယောက်နဲ့တစ်ယောက်က သိပ်မသိသေးဘူးပေါ့။ နောက် ကြာလည်း ကြာလာတော့မှ တစ်ယောက်နဲ့တစ်ယောက် သဘောပေါက်သွားတာ။ Teamwork က အရေးကြီးပါတယ်။ လက်တွဲတာ ကြာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် သဘောပေါက်သွားတာပဲ"
Q - ကိုယ်ကိုင်တဲ့ Instrument အပေါ် ဘယ်လိုသဘောထား ဆက်ဆံခဲ့ပါသလဲ??
"ကိုယ့်ရဲ့ အဖော်မွန်လေးပါပဲ။ Instrument လို ပြောပေမယ့်လည်း ပစ္စည်းတစ်ခုလိုတော့ မဟုတ်ဘူး။ ကျွန်တော်ကလည်း ဖွဲ့ဖွဲ့နွဲ့နွဲ့က မပြောတတ်တော့ ကိုယ်ချစ်ခဲ့ရတဲ့ လူတစ်ယောက်လိုမျိုးပဲလေ။ မြတ်နိုးတယ်ပေါ့လေ"
Q - အရှေ့ တိုင်း Notes နဲ့ အနောက်တိုင်း Notes နှစ်ခုကို ဘယ်ဟာ ပိုအားသန်ပါသလဲ??
"မြန်မာပြည်မှာက အရှေ့ တိုင်းပဲ တီးနေကြတာများတော့ (ရယ်လျက်)
အမှန်မှာတော့ နိုင်ငံခြားမှာ ပတ်ကားနဲ့ တီးကြတာပေါ့လေ။ မြန်မာပြည်က အလွယ်လိုက်တဲ့ ပုံစံမျိုးပေါ့လေ။ အလွယ်လိုက်တဲ့ ပုံစံမျိုးဆိုတာ အခု Notes ဆိုလည်း ဒိုရေမီဖာ အရှေ့ တိုင်း Notes နဲ့ ရေးထားတဲ့အခါကျတော့ ဥပမာ - ကိုယ်ထဲက ရေးထားတာဆိုရင် ဒီကောင့်ကို Key အမျိုးမျိုးနဲ့ ချိန်းပြီး တီးကြည့်လို့ရတယ်။ ဥပမာ - Key D လို့ ရေးထားရင် D နဲ့ ကောက်တီးလို့ရတဲ့ သီချင်းပေါ့။ အဲလို အလွယ်တကူ လိုက်တဲ့ပုံစံမျိုး အဲလိုဆိုတော့ အသုံးလည်းဝင်တာပေါ့။ Pucca Notes ကျတော့ သူက Key ချိန်းလို့မရဘူး။ ရေးထားတာက C နဲ့ဆိုရင် C နဲ့ပဲ တီးလို့ရတယ်။ ဒါကို G နဲ့ D နဲ့ တီးမယ်ဆိုရင် ဘယ်လိုမှမရဘူး။ မြန်မာပြည်ကတော့ အလွယ်လိုက်တဲ့ပုံစံမျိုးပေ
Q - ကိုယ်ပိုင်ဟန်တစ်ခုကို Creation လုပ်ဖို့ ဘာတွေကို ဘယ်လောက်အထိ Crazy ဖြစ်ခဲ့ရမယ်ထင်လဲ??
"ကိုယ်တို့ တီးတုန်းကဟာကို ပြန်ပြောမယ်ဆိုရင် သီချင်းကို ခံစားပြီးတော့မှ တီးခဲ့တယ်။ သီချင်းကို ခံစားရသွားပြီဆိုရင် တီးလို့ အဆင်ပြေသွားပြီလေ။ တစ်ခါတလေ Owntune လည်း တစ်နေကုန်တီး၊ ဘယ်လိုမှ အဆင်မပြေတာမျိုး ရှိတယ်။ ကြုံဖူးတယ်။ စိတ်တိုင်းမကျနိုင်ဘူး။ တစ်ခါတလေ သီချင်းနဲ့ အံတည့်သွားတဲ့အခါ တစ်ခါတည်းနဲ့ အဆင်ပြေသွားတာမျိုးလည်း ရှိတယ်။ ကိုယ်တို့က သီချင်းတီးတဲ့အခါ Mood ကို အဓိကထားပြီး တီးတာပေါ့နော်။ ကိုယ်သဘောပေါက်တဲ့သီချင်းကျ
Q - 6 Strings, 7 Strings, 12 Strings စတဲ့ ဂစ်တာတွေရဲ့  တီးခတ်ပုံ၊ ကြိုးညှိပုံ ကွာခြားမှုတွေကို မသိသေးတဲ့ လူငယ်တွေအတွက် ပြန်ပြောပါဦး??
"6 Strings ကတော့ ရှင်းပါတယ်။ 12 Strings ကြိုးနှစ်ခု၊ Hollow တွေဘာတွေ ရှိတယ်ပေါ့လေ။ 7 Strings ကျတော့ Key က ဘယ်သံတွေပေါ့။ Vamp တွေ တီးတဲ့အခါကျ ... တချို့  Modern Rock တွေ ဘာတွေက အဲဒါနဲ့ တီးတာများတယ်လေ။ အပေါ်ဆုံးက Key တစ်ခု သာသွားတာပေါ့။ ကိုယ်ကျတော့ အဲဒါမျိုးကို သိပ်လည်းမကြိုက်တော့ မဝယ်ဖြစ်ဘူး။ ခြောက်ကြိုးပဲ ကြိုက်တယ်။ အဆန်းထွင်တာ သိပ်မကြိုက်ဘူးဆိုတော့ (ရယ်လျက်)။ ကိုယ်ကလည်း အဲဒါမျိုးတွေ သိပ်မတီးဘူးလေ။ ကိုယ်တို့ပုံစံနဲ့ ကိုယ်တို့ပဲ သွားတယ်။ ခုနကပြောသလို Key တွေ ဘာတွေ Change တာကတော့ အဆင်ပြေတာပေါ့။ အောက်သံတွေ၊ အပေါ်သံတွေ၊ ဘယ်သံတွေ ရှိတယ်ဆိုတော့ အသံ Key တွေကိုလည်း တီးလို့ရတာပေါ့"
Q - နောက်ကနေပဲ ပံ့ပိုးပေးရတဲ့ Player တစ်ယောက်ဘဝမှာ ကြုံခဲ့ရတဲ့ သာယာမှု (သို့မဟုတ်) မသာယာမှုတွေ ပြန်ပြောပါဦး??
"အတွေ့အကြုံကတော့ မျိုးစုံပေါ့လေ။ ဒါပေမယ့် အခုအရွယ်ထိ တီးနေရတာကို ကြိုက်တုန်းပဲ။ ငယ်ငယ်တုန်းကဆို အသက် ၄၀ ကျော်ရင် ဂစ်တာတောင် တီးနေမယ်တောင် မထင်တော့ဘူး။ တစ်ခြားအလုပ်လုပ်နေလိမ့်မယ်
credit - welcome to rock 'n' roll

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။