Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, January 7, 2016

မတူညီခြင်းများ

မတူညီခြင်းများ
----------------------------------------------------------------

လူတစ်ယောက်နဲ့ တစ်ယောက်အမြင်ချင်း အတွေးအခေါ်ချင်း ထပ်တူကျဖို့ဆိုတာ မလွယ်ပါဘူး... တစ်ယောက်ချင်းစီရဲ့ ပင်ကိုယ်အရည်အသွေး.. ပညာသင်ကြားလေ့လာခဲ့ရမှု... ပတ်ဝန်းကျင်အခြေအနေ.. စိတ်ခံစားမှုအခြေအနေ... စတဲ့အချက်တွေအပေါ်မူတည်ပြီး အနည်းနဲ့အများဆိုသလို ကွဲပြားခြားနားကြပါတယ်... တစ်မိထဲကမွေးတဲ့ မောင်နှမသားချင်းများတောင်မှ မတူညီတဲ့အချက်လေးတွေရှိနေတာပါပဲ....

တစ်ယောက်နဲ့ တစ်ယောက်တွေ့ဆုံဆက်ဆံကြပြီဆိုရင် အဲ့ဒီလိုမတူညီမှုတွေကို စတင်ထိတွေ့ရပါလိမ့်မယ်... ကိုယ်နဲ့အတွေးအခေါ်ချင်း အယူအဆချင်းမတူညီတဲ့သူတွေနဲ့ တူညီတဲ့ ရည်မှန်းချက်တစ်ခုအတွက် လက်တွဲလုပ်ဆောင်လာရပါတယ်.... အကြောင်းအရာတစ်ခုကို ဆွေးနွေးပြောဆိုတဲ့နေရာမှာတောင် မတူညီတဲ့ ရှုထောင့်အသီးသီးက အမြင်အသီးသီးကို ထုတ်ဖော်ပြောဆိုနေကြပါလိမ့်မယ်....

အရေးကြီးတဲ့အချက်က လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် ထပ်တူမကျနိုင်ဘူးဆိုတာကို သိမြင်လက်ခံထားဖို့လိုပါတယ်.... လူတွေရဲ့ အတ္တစိတ်အရ ကိုယ်နဲ့ယှဉ်ပြီးစဉ်းစားတဲ့အတွက် ကိုယ့်လောက်အရည်အချင်းမရှိသူတွေနဲ့ ထိတွေ့ရတဲ့အခါတိုင်းမှာ စိတ်တိုင်းမကျတာတွေ ဖြစ်လာရပါတယ်... ကိုယ့်ထက်သာသူတွေနဲ့ နှိုင်းယှဉ်မိတဲ့အခါတိုင်းမှာလည်း အလိုမကျတာတွေခံစားရပြန်ပါတယ်....

အရည်အချင်းတိုးတက်မြင့်မားလာအောင် လေ့ကျင့်သင်ကြားပေးလို့ရပေမဲ့ အချိန်တစ်ခုလိုပါတယ်... သင်ယူမယ့်သူရဲ့ အရည်အသွေးပေါ်မူတည်ပြီး အတိုင်းအတာတစ်ခုထိပဲ ခရီးရောက်ပါလိမ့်မယ်... ဒါကြောင့် လူတိုင်းကို တပြေးညီသတ်မှတ်လို့မရတဲ့အတွက် ဘယ်လုပ်ငန်းမှာမဆို တာဝန်တွေ အဆင့်တွေ အသီးသီးသတ်မှတ်ပေးထားရတာဖြစ်ပါတယ်... ကိုယ့်တာဝန်ကိုယ်ကျေဖို့သာ အဓိကဖြစ်ပါတယ်...

အရာရာမှာ ကိုယ်ကချည်းအမြဲမှန်တယ်လို့လည်း ယူဆနေလို့မရပါဘူး... လက်ထောင်ပြလိုက်တဲ့အခါ လက်ဖမိုးကိုမြင်တဲ့သူက လက်ဖမိုးလို့ဆိုပြီး လက်ဖဝါးကိုမြင်တဲ့သူက လက်ဖဝါးလို့ဆိုကြပါလိမ့်မယ်... လက်ဖမိုးပဲဖြစ်ဖြစ် လက်ဖဝါးပဲဖြစ်ဖြစ် လက်တစ်ခုဖြစ်တယ်ဆိုတဲ့ အမှန်တရားကို မျက်ကွယ်ပြုလို့မရပါဘူး.... ဒင်္ဂါးတစ်ခုမှာ ခေါင်းနဲ့ပန်းရှိပေမဲ့ ဒင်္ဂါးရဲ့တန်ဖိုးသာ ပဓာနကျပါတယ်...

၂ နဲ့ ၄ ပေါင်းရင် ၆ ရတယ်လို့ သိထားတိုင်း ၁ နဲ့ ၅ ပေါင်းတာဟာ ၆ မဟုတ်ဘူးလို့ ငြင်းနေလို့မရပါဘူး... ကိုယ်သိထားတဲ့ နည်းလမ်းဟာ အဖြေတစ်ခုကိုရဖို့အတွက် တစ်ခုထဲသောနည်းလမ်းမဟုတ်ပါဘူး... တခြားနည်းလမ်းတွေအများကြီး ရှိနေနိုင်ပါတယ်... ဒါကြောင့် တခြားသူတွေဘယ်လို စဉ်းစားလဲဆိုတာကိုလည်း အလေးအနက်ထား နားထောင်တတ်ဖို့လိုပါတယ်....

လောကကြီးမှာ မတူညီတဲ့သူတွေဟာ မတူညီတဲ့ လှုပ်ရှားရှင်သန်မှုမျိုးနဲ့ အသက်ရှင်နေထိုင်နေကြပါတယ်... အဲ့ဒီလိုမတူညီတဲ့အတွက် အဆင့်အတန်းအမျိုးမျိုး လုပ်ပိုင်ခွင့်အမျိုးမျိုး ခွဲခြားသတ်မှတ်ပေးထားတာဖြစ်ပါတယ်... တစ်ယောက်နဲ့တစ်ယောက်ရဲ့ မတူညီမှုတွေကို အပြန်အလှန်လေးစားမှုရှိမှသာ ရေရှည်ဆက်ဆံရေးမှာ အဆင်ပြေနိုင်ပါလိမ့်မယ်... မတူညီတဲ့ နည်းလမ်းပေါင်းစုံက တွေးတောလုပ်ဆောင်တာဟာလည်း အောင်မြင်မှုကို ရရှိစေနိုင်မယ့် နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်...

သင့်ပတ်ဝန်းကျင်မှာ သင်နဲ့မတူညီတဲ့သူတွေကို ထိတွေ့ဆက်ဆံရတဲ့အခါ သူတို့ကို လေးစားမှုရှိပါ... သူတို့ရဲ့အတွေးအခေါ်တွေကို လေးစားပါ... မတူညီမှုတွေဟာ တူညီတဲ့ရည်မှန်းချက်တစ်ခုအောင်မြင်ဖို့ အထောက်အပံ့ကောင်းတွေဖြစ်လာပါလိမ့်မယ်... မှန်ကန်တဲ့ နှလုံးသွင်း၊ ခိုင်မာတဲ့ရည်မှန်းချက်နဲ့ မျှတတဲ့စိတ်ထားတို့ကို လက်ကိုင်ထားမယ်ဆိုရင် မတူညီမှုတွေကို အကျိုးရှိရှိအသုံးချနိုင်မှာသေချာပါတယ်...

---------------------------------------------------------------
#နှိုင်းရင့်နွေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။