Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 23, 2016

ရော့ခ် " ပုတ် " ထဲက ရော့ခ် " ပဲ " ပါပဲ ဆိုတဲ့ ကေအေတီ

ကိုကေအေတီရဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်လေးကို အရင်ဦးဆုံး ပြောပြပါလား။
အဖ ဦးသိန်းမြင့်၊ အမိ ဒေါ်လှရွှေက မွေးတဲ့ မောင်နှမ ( ၄ ) ယောက်ထဲမှာ အကြီးဆုံးသားပါ။ (၁၈.၄.၁၉၆၆) ရန်ကုန်မြို့မှာမွေးပြီး မုံရွာမြို့မှာ ကြီးပြင်း( ၁၀ ) တန်းအောင်ပါတယ်။ ၁၉၈၇ခုနှစ်မှာ မန္တလေးတက္ကသိုလ်ကနေ သတ္တဗေဒအဓိကနဲ့ ကျောင်းပြီးပြီး ခု ရန်ကုန်မှာ သီချင်းရေးသူ တစ်ယောက်အဖြစ် နေထိုင်လျှက်ရှိပါတယ်။

သီချင်းကို ဘယ်နှခုနှစ်လောက်က စရေးခဲ့ပြီး၊သီချင်းကို ဘယ်အဆိုတော်က ဘယ်စီးရီးထဲမှာ ဘယ်နှခုနှစ်လောက်က စဆိုခဲ့တာ ဆိုတာလေးလည်း ပြောပြပါဦး။ ကိုယ့်ဘာသာကိုယ် ဘာအကြောင်းကြောင့်မှ မဟုတ်ဘဲ သီချင်းရေးချင်လို့ကို ရေးဖြစ်ခဲ့တာကတော့ ဆယ်တန်းစာမေးပွဲပြီးလို့ ကျောင်းတွေပိတ်ထားတဲ့အချိန်မှာပါ။ ကိုယ်ပိုင်သံစဉ်လေးတစ်ပုဒ်ပေါ့။အဲ့ဒီလိုနဲ့ ကိုယ်ပိုင်သံစဉ်လေးတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ရေးကြည့်နေမိတယ်ပေါ့ဗျာ။ မန္တလေးတက္ကသိုလ်မှာ အဆောင်နေကျောင်းသားဘဝကတော့ အများဆုံး ရေးကြည့်မိတဲ့ ကာလပါပဲ။ဘာမှတော့ ကြီးကြီးကျယ်ကျယ် ရည်ရွယ်ချက်မရှိသေးပါဘူး။ ကိုယ်တိုင်ရေး ကိုယ်တိုင်သံစဉ်ရှာ၊ ပြီးရင် ကြုံတဲ့ သူငယ်ချင်းတစ်ယောက်ကို ဆိုပြ။ အဲဒီလို ကျေနပ်နေရာကနေ တက္ကသိုလ်နောက်ဆုံးနှစ်မှာ ရန်ကုန်က အဆိုတော်သစ်တစ်ယောက်က နယ်လှည့် သီချင်းရှာဖွေတုန်း ကျွန်တော်နဲ့တွေ့ပြီး ကျွန်တော့သီချင်းတစ်ပုဒ် ဝယ်သွားပါလေရော။ အလကားမဟုတ်ဘူး မှတ်မှတ်ရရ ပိုက်ဆံ( ၂၀၀ ) ရလိုက်တယ်ဗျ။ သူကတော့ ခွေမထွက်ဖြစ်လိုက်ဘူး။ ကျွန်တော်ကတော့ ပိုးတော်တော် ဝင်သွားတော့တာ။ တကယ်တမ်း ကိုယ်ရေးထားတဲ့သီချင်းကို အဆိုတော်ကဆိုပြီး တိပ်ခွေထဲကနေ ပြန်ကြားခဲ့ရတဲ့ ပထမဆုံးသီချင်းကတော့ သျှိုင်းအောင်ရဲ့ သဇင်မင်း စီးရီးထဲက `အားနည်းချက်နဲ့လူ´ ဆိုတဲ့ ကိုယ်ပိုင်သံစဉ်သီချင်းလေးပါ။ အဲဒီတုန်းက ကျော်အောင်သစ်ဆိုတဲ့ ကဗျာရေးတဲ့ ကလောင်အမည်နဲ့ပဲ ရေးခဲ့တာ။

အခု ကိုကေအေတီရေးခဲ့တဲ့ သီချင်းအပုဒ်ရေ ဘယ်လောက်လောက်ရှိသွားပါပြီလဲ။
အတိအကျတော့ မှတ်မထားမိဘူး။အပုဒ် ၁၀၀ ဝန်းကျင်များ ရှိနေမလားပဲ။

စလုပ်တုန်းက ရန်ကုန်မြို့ကြီးမှာ ရပ်တည်မှုအနေနဲ့ ကျဉ်းထဲကျပ်ထဲက ရင်တထိတ်ထိတ်နဲ့ ခံစားခဲ့ရတဲ့ အခက်အခဲတစ်ခုလောက်ကို အမှတ်တရပြောပြပေးပါဦး။
အဲ့ဒီအချိန် ရင်တထိတ်ထိတ်ခံစားခဲ့ရတဲ့ အခက်အခဲကတော့ လေးဖြူနဲ့အတူတူလိုက်ပါလာပြီ ကန္တာရလမင်းအခွေလည်းသွင်းပြီးရော မုံရွာပဲပြန်ရမလား၊ ရန်ကုန်မှာပဲ အတည်ပေါက်ဆက်နေရမလား၊ ဘာမှဆုံးဖြတ်လို့မရခဲ့တာပဲ။ တော်တော်ကို စဉ်းစားခဲ့ရတယ်။ မုံရွာပြန်သွားတာကမှ ဘွဲ့ရအလုပ်လက်မဲ့ပေမယ့် မိဘကထမင်းတင်ကျွေးထားဦးမယ်။ ရန်ကုန်မှာဆက်နေရင် မုန့်ဟင်းခါး တစ်နပ်၊ ထမင်းတစ်နပ် ဖြစ်မှာကိုး။ အဲ့ဒါနဲ့ မုံရွာကိုခဏလေးပြန်ပြီး ရန်ကုန်မှာအပြီးနေလိုက်တော့တာ အခုထိပဲ။

စိတ်အားထက်သန်တဲ့ Musicကိုလည်း ပြောပြပါဦး။
ကျွန်တော်ကလည်း ရော့ခ် " ပုတ် " ထဲက ရော့ခ် " ပဲ " ပါပဲ။

ရေးခဲ့သမျှထဲမှာ အားအရဆုံး အကြိုက်ဆုံးတစ်ပုဒ်လောက် ပြောပြပါလား။
မဖြစ်မနေ အားအရဆုံး အကြိုက်ဆုံး ပြေပြပါဆိုလို့ မဖြစ်မနေပြောရမယ်ဆိုရင်တော့ လေးဖြူဆိုခဲ့တဲ့ "တစ်ကိုယ်ရေ လွမ်းဆွတ်မှု"၊ နောက်ပြီး အရံအနေနဲ့ "ဂီတ"။

ကိုယ်ရေးပြီး တကယ်ကြိုက်ခဲ့တဲ့ သီချင်းကို ထွက်လာမှ အားမရတာတွေလည်း ရှိမှာပေါ့။ ဘယ်လိုမျိုးတွေ ဖြစ်တတ်ရင် အားမရဖြစ်ရတယ် ဆိုတဲ့ သုံးသပ်ချက်လေးတွေကိုလည်း အမှတ်တရ ပြောပြပေးပါဦး။
အဓိကအချက်က ရေးသူရဲ့ရင်ဘတ်ထဲက ခံစားမှုနဲ့ ဆိုသူရဲ့ ရင်ဘတ်ထဲကခံစားမှု Slip ဖြစ်သွားခဲ့ရင် ကျွန်တော် အားမရခြင်း ဖြစ်တတ်တယ်ပေါ့ဗျာ။ ဒါပေမယ့် ဒီအချက်ကလည်း သီချင်းတစ်ပုဒ် ပရိသတ်ရင်ထဲ ရောက်မရောက်ဆိုတဲ့နေရာမှာ ရာခိုင်နှုန်းပြည့် တာဝန်ရှိမှုကြီးတော့ မဟုတ်ပါဘူး။

ရင်ထဲမှာ အရမ်းရေးချင်တဲ့ အကြောင်းအရာရော ရေးပြီးပြီလား။ ရေးပြီးခဲ့ရင် ဘယ်သီချင်းဆိုတာလေး ပြောပါဦး ။
ကျွန်တော် ရေးပြီးခဲ့တဲ့သီချင်းတိုင်းဟာ ကျွန်တော်ရင်ထဲက အရမ်းရေးချင်လို့ ရေးခဲ့တာတွေပါပဲ။

သီချင်းရေးဖို့လာအပ်ရင် ( လူ ၊Music Style ) စသည်ဖြင့်ပေါ့၊ ကြည့်ပြီးမှ လက်ခံတတ်ပါသလား။
လာအပ်တဲ့ Music (သီချင်း)ကို အဓိကထားပါတယ်။

လာအပ်တဲ့သူက ဒီအကြောင်းအရာလေး ရေးပေးပါဆိုပြီး လာအပ်တာမျိုးရှိပါသလား။ ရှိခဲ့ရင် ဘယ်အပုဒ်တွေဆိုတာ ပြောပြပါဦး။
များသောအားဖြင့်တော့ ကိုယ့်စိတ်ထဲရှိရာ ရေးလိုက်တာတွေပါပဲ။ အရမ်းရင်းနှီးတဲ့ အဆိုတော်ထဲကတော့ ဒီအကြောင်းအရာလေး ရေးပေးစေချင်တယ်ဆိုတာမျိုးလောက် အကြံပေးရုံလောက်ပေါ့။ သူတို့ပြောသလို ဖြစ်တဲ့ဟာလည်းဖြစ်သွားပြီး၊ သူတို့ပြောတုန်းက အင်းဆိုပြီး ကိုယ်ရေးချင်ရာရေးလိုက်တာတွေလည်း ရှိတာပါပဲ။

သီချင်းရေးဆရာတိုင်း သီချင်းရေးရင် တစ်ခါတလေ အရမ်းကြာတတ်ပြီး တစ်ခါတလေ အရမ်းမြန်တတ်ကြပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုအရာတွေကြောင့်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိတာလေး ပြောပြပါဦး။
ကျွန်တော်ပြောပြီးပါပြီကော။ ကျွန်တော်တို့ သီချင်းရေးတာက စိတ်နဲ့အရင်ရေးကြတာလေ။ အဲဒီအပေါ်မှာပဲ မူတည်တာပေါ့။ စိတ်ဆိုတာကြီးက သူလွင့်ချင်သလို လွင့်နေတာကိုး။

သီချင်းရေးရင် ဘယ်လိုအချိန်၊ ဘယ်လိုနေရာမျိုးတွေမှာရေးရတာ အားရကျေနပ်မိပါသလဲ။
အတိအကျကြီးတော့ မရှိပါဘူး။ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ရေးချင်စိတ်ပေါက်လည်း ရေးလိုက်တာပါပဲ။ အိမ်မှာတော့ အမြဲတမ်း ညဘက်ပဲရေးဖြစ်တယ်။

ကိုယ်အရမ်းအားထားရတဲ့သီချင်း ထင်သလိုဖြစ်မလာခဲ့ရင် ကိုယ့်စိတ်ကို ဘယ်လိုဖြေပါသလဲ။
ဘောလုံးစကားနဲ့ပြောရရင် "ဘောလုံးဆိုတာအလုံးကြီး " ဆိုသလိုပေါ့။

အခုနှစ်အတွက်ရော ထုတ်လုပ်ဖို့ဘာတွေ စီစဉ်ထားတာရှိပါသေးသလဲ။
မဒီ "အိပ်မက်ချစ်သူနှင့် အကောင်းဆုံးတေးများ" ၊ ခင်မောင်တိုး၊ ဟယ်ရီလင်း ၊ ဗစ်တာခင်ညို ၊ အငဲ ၊ ဇော်ပိုင် ၊ ဂရေဟန် ၊ ဟန်ထွန်းတို့ အတွဲ "အနှစ်နှစ်ဆယ် " Country Rock သီးသန့်သီချင်းများ။

ကဗျာတွေရော ရေးဖြစ်သေးလား။
ကဗျာတွေ ရေးဖြစ်ပါတယ်။ မဂ္ဂဇင်းတွေထဲ ကြိုကြားကြိုကြားလောက်တော့ ပို့ဖြစ်ပါတယ်။

အခုအချိန်မှာ ဘယ်စာရေးဆရာတွေရဲ့စာအုပ်တွေ အဖတ်များပြီး ကြိုက်နှစ်သက်နေပါသလဲ။
ကြိုက်တာတွေများလွန်းလို့ . . .လစဉ်ထုတ်မဂ္ဂဇင်းတွေထဲက လက်လှမ်းမှီရာ မဂ္ဂဇင်းပါကဗျာအကုန်လုံးလိုလို ဖတ်ဖြစ်တယ်။ မော်ဒန်ကဗျာကို ပိုကြိုက်တယ်။ ရသစာပေကြိုက်တယ်။ နိုင်ငံတကာအကြောင်း သုတကြိုက်တယ်။စာတမ်းတွေကြိုက်တယ်။ တက်ကျမ်းတွေ သိပ်မကြိုက်တတ်တော့ဘူး။

အနုပညာအပြင် တခြားဘာတွေများ ဝါသနာပါသေးလဲ။
ဘောလုံးပွဲကြည့်တာကြိုက်တယ်။ အခုလောလောဆယ်တော့ ဘိလိယက် ( စနုကာ ) ထိုးတာ ပိုးဝင်နေတယ်။

နောက်ပိုင်း ဆက်နွယ်ဖြစ်တည်လာတဲ့ ဂီတသစ်တွေကိုရော ကိုကေအေတီအနေနဲ့ ခံစားရသလောက် ပြောပြပေးပါဦး။
အခုနောက်ပိုင်းဆက်နွယ်ဖြစ်တည်လာတဲ့ ဂီတသစ်တွေထဲကဆို " MODERN ROCK " ကိုကြိုက်တယ်။ Feeling fast မူကို အခြေခံတဲ့ သီချင်းတွေပေါ့။ သူတို့က သိပ်မရှုပ်ထွေးတဲ့ တူရိယာတွေကြားမှာ သူတို့ရဲ့ရင်ထဲကအကြောင်းကို ရင်ဖွင့်ပြနေသလို ခံစားရတယ်။တစ်ခါတစ်ရံ သီချင်းဆိုပြနေတာလို့တောင်မထင်တော့ဘူး။ ဆိုသူက သူ့အကြောင်းကို ဂီတစွက်ပြီး ပြန်ပြောနေသလိုပါပဲ။ သူ့အကြောင်းက ကြမ်းချင်လည်းကြမ်းသလို၊ လွမ်းရင်လည်းလွမ်းသလို အဲ့ဒီသီချင်းကလည်း အဲဒီလိုဖြစ်နေတယ်။

သီချင်းရေးဝါသနာပါတဲ့ လူငယ်လေးတစ်ယောက်က သီချင်းဘယ်လိုရေးလဲလို့ လာမေးရင် ဘယ်လိုများအကြံပေးမလဲ။ သီချင်းရေးတဲ့ ကိုယ်ပိုင် Formula ရှိရင်လည်း ပြောပြပေးပါဦး။
စာများများဖတ် ၊ ခံစားမှုအား ကောင်းသထက်ကောင်းလာအောင် နှလုံးသားတံခါးကိုဖွင့်ထား ၊ နောက်ပြီး သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ် ရေး ရေးကြည့်။ ကျွန်တော်အဲဒီလောက်ပဲ ပြောပြတတ်သေးတယ်။

ကိုကေအေတီရဲ့ဘော်ဒါတွေကို Fashion Imageကတဆင့် ရင်ထဲကစကားတွေ ပြောပြပေးပါဦး။
ကျွန်တော့ခံစားမှုတွေကို စကားလုံးတွေအဖြစ် တေးသွားတွေအဖြစ် ၊ အသက်သွင်းခွင့်ပြုနေတဲ့ ပရိသတ်များသို့ ကျေးဇူးအများကြီးတင်ပါကြောင်း။

နရိန္ဒ

Fashion image
★ ★ ★ မူရင်းကို တချို့အချက်များ ဖြုတ်ထားပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။