Le Le Tun added 2 new photos — with Le Le Tun.
*******************
ရွှေကို လုံးဝ စားလို့ မရပါဘူးဗျို့။ heavy metal poison နဲ့ သေပါတယ်။ ရွှေဆိုင်းလုပ်တဲ့ chemical တွေကလဲ ဒုက္ခပေးပါတယ်။ ရွှေဟာ heavy metal အမျိုးအစားထဲမှာ ပါဝင်ပြီး လူရဲ့ soft tissue တွေထဲမှာ အနည်ထိုင်ပြီး အဆိပ်သင့်တတ်ပါတယ်။ အဆိပ်သင့် လက္ခဏာတွေကတော့...
- အရေပြား ယားနာကွက်ထခြင်း
- ရိုးတွင်းချဉ်ဆီ ချို့တဲ့ခြင်း
- အစာအိမ်နှင့် အူလမ်းကြောင်း သွေးယိုစိမ့်ခြင်း (ချောင်းဆိုး သွေးပါ၊ သွေးအန်၊ ဝမ်းမဲ )
- ခေါင်းကိုက်ခြင်း
- အန်ခြင်း
- ကိုယ်အနှံ့ အသားတုန်ခြင်း၊ ခြေလက်များ အလိုအလျောက် လှုပ်ခြင်း
- အသားဝါခြင်း
- မျက်လုံး ဝါခြင်း၊ ဖြူဆွတ်သွားခြင်း
- ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ပြဿနာများ ဖြစ်ပွားခြင်း
တို့ ဖြစ်တတ်ပါတယ်။
ဒီလက္ခဏာများ ဆိုးရွားလာပါက အသက်ကိုပင် ဆုံးရှုံးစေပါတယ်။ အခုလေးတင် မြန်မာ့ဆေးနည်းကောင်း ဆိုပြီးတော့ ငှက်ပျောသီးကို ရွှေကပ်ပြီး စားခိုင်းတဲ့ post တွေ့လို့ပါ။
အခု comment တွေရော ရှဲထောင်ကျော်တွေပါ တွေ့နေရပါတယ်။ အလွန်ကို စိတ်ပူစရာကောင်းတဲ့ ကိစ္စတစ်ခုပါ။ ဒီလို ပေါက်တကရ ရေးပြီးတော့ လူတွေကို ဒုက္ခဖြစ်စေတဲ့ကိစ္စကို လက်မခံနိုင်ပါ။ လက်လှမ်းမှီသလောက် ရွှေဆိုတာ စားလို့ မရဘူးဆိုတာ ပြောပေးကြပါ။
ပြီးတော့လဲ ကျေးဇူးပြုပြီး အဲ့ဒီ့ တလွဲ post ( https://www.facebook.com/photo.php?fbid=597956993680974 ) ကို report တင်ပေးကြပါဗျို့ ... Promote violence and suicidal နဲ့ တင်ပေးပါ။ နောက်လူတွေ ထပ်မမှားစေဖို့ပါ။
ကျေးဇူးတင်ပါတယ်။
Credit....မှတ်စုကြမ်း
©ကိုခန့်ကြွယ်စိုး
--------------------
- မှတ်စုကြမ်းမှမျှဝေသည်။


No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။