#ဒါရိုက်တာဝိုင်းထုဆစ်ပုံဖော်ခဲ့တဲ့ #သူ့ရဲ့ဘ၀အကြောင်းတစေ့တစောင်း
Q. အစ်ကို အနုပညာလောကထဲကို စတင်ဝင်ရောက်ဖြစ်ခဲ့ပုံကို ပြောပြပေးပါလား။
A. အနုပညာလောကထဲကို ၁၉၉၂ ခုနှစ်လောက်မှာ စပြီးရောက်ခဲ့တယ်။ အဲဒီတုန်းက ၁၀ တန်းအောင်ပြီး ကျောင်းတွေ ပိတ်ထားတဲ့အချိန်မှာ ဦးကျော်ဟိန်းတို့ ရုပ်ရှင်ရိုက်ကွင်းတွေ လိုက်ကြည့်ရင်းနဲ့ ဒီလောကထဲကို ရောက်ခဲ့တာပေါ့။
Q. အနုပညာလောကထဲ စ၀င်တုန်းက ဘယ်လိုအခက်အခဲတွေနဲ့ ကြုံခဲ့ရပါသလဲ။
A. အစ်ကို အနုပညာလောကထဲ စ၀င်တုန်းက အခု ဒေါ်ထားအဖွဲ့က ကလေးတွေလိုပဲ မင်္ဂလာဆောင်တို့၊ မွေးနေ့ပွဲတို့မှာ ဟေးလားဝါးလားအနေနဲ့ လိုက်ပြီး ထိုင်ရတယ်။ တစ်လနေမှ တစ်ရက်ပဲ လာခေါ်တာတွေ ရှိတယ်။ အခြေခံကနေ စပြီးဝင်ခဲ့ရတော့ အခက်အခဲတွေကတော့ မရေတွက်နိုင်လောက်အောင်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။
Q. အစ်ကို အနုပညာလောကကို ဘယ်လိုရည်ရွယ်ချက်တွေထားပြီး ၀င်ရောက်ခဲ့လဲ။
A. အနုပညာလောကထဲ ၀င်တဲ့သူတိုင်းရဲ့ တစ်အချက်ကတော့ မင်းသား၊ မင်းသမီး ဖြစ်ချင်လို့ ၀င်တာချည်းပဲလေ။ ဒါပေမဲ့ ကိုယ်က ဒီအဆင့်အထိလည်း မရောက်နိုင်ဘူး။ ဒီလောကထဲမှာလည်း ဆက်နေချင်တယ်။ အဲဒီအချိန်တုန်းက ဘ၀အာမခံချက်ရှိတဲ့ မျှော်လင့်ချက်မျိုးလည်း မတွေ့ဘူး။ သို့သော်လည်း ဒီအနုပညာကို ချစ်တဲ့အတွက် ဖြစ်ချင်ရာဖြစ်ဆိုပြီး ဗီလိန်ခန်းလည်း ရိုက်တယ်။ မုဒိမ်းခန်းလည်း ရိုက်တယ်။ အရက်သမားအခန်းလည်း ရိုက်တယ်။ စုံအောင်ကို ရိုက်တယ်။ ကိုယ်က ဒီလောကထဲမှာ ရှင်သန်နေချင်တဲ့အတွက် သူများ မရိုက်ချင်တဲ့ အခန်းတွေ အကုန်ရိုက်တယ်။ အဲဒီတုန်းက အစ်ကိုက တက္ကသိုလ်ကျောင်းသား ဖြစ်နေတဲ့အတွက် မေးကြတယ်။ ဘာလို့ လူအမြင်ကတ်အောင် ရိုက်တာလဲလို့ ပြောကြတယ်။ အစ်ကို့ရဲ့အဓိက ရည်ရွယ်ချက်က အနုပညာလောကထဲမှာ ရှင်သန်နေချင်တာပါ။
Q. အစ်ကို အနုပညာကို ငယ်ငယ်ကတည်းက ၀ါသနာပါခဲ့တာလား။
A. အနုပညာလောကထဲကိုရောက်တာ ခြောက်နှစ်လောက်အကြာမှာ ၀ါသနာပါခဲ့တာပါ။ ၁၆ နှစ်၊ ၁၇ နှစ်မှာဖြစ်တဲ့ စိတ်ကတော့ နာမည်ကြီးချင်တယ်၊ လူတကာက ကိုယ့်ကို သိစေချင်တယ်။ ဒီခေတ် အခေါ်အရ ပြောရရင် ဆယ်လီရောဂါပေါ့နော်။ အသက် ၂၂ နှစ်၊ ၂၃ နှစ်မှာကျတော့ အဲဒီလိုမျိုး မဟုတ်တော့ဘူး။ အနုပညာကို ပိုပြီးချစ်တတ်လာတယ်။ သရုပ်ဆောင်လိုင်းမဟုတ်တဲ့ အခြားအနုပညာနဲ့ ပတ်သက်တာတွေ စိတ်ကူးမိလာတယ်။ ဇာတ်ညွှန်းရေးတာတွေကိုပါ လေ့လာချင်ခဲ့တယ်။
Q. အစ်ကိုက ဗီလိန်ခန်းပဲဖြစ်ဖြစ်၊ မုဒိမ်းခန်းပဲဖြစ်ဖြစ်၊ အရက်သမားအခန်းပဲဖြစ်ဖြစ် သရုပ်ဆောင်ခဲ့တော့ ပရိသတ်မုန်းမှာကို မကြောက်ဘူးလား။ အခုအချိန်မှာကော နောင်တရတာမျိုးရှိလား။
A. အစ်ကို့ကို လူချင်းမုန်းရင်တောင် ဒီအချက်ကို HighLight လုပ်ပြီး ပြောကြတာတွေရှိတယ်။ နစ်နာအောင် ပြောတာတွေရှိတယ်။ ဒါကို အစ်ကို့အနေနဲ့ ရှက်စရာလို့ မယူဆခဲ့ဘူး။ အစ်ကိုက ရုပ်ရှင်ထဲမှာပဲ မုဒိမ်းကျင့်တာပါ။ အပြင်မှာ လူမသိ သူမသိဘဲ မုဒိမ်းကျင့်နေတဲ့သူတွေ အများကြီးပဲလေ။ ကိုယ်က အပြင်လောကမှာ ဒီလိုမျိုးတွေ မလုပ်ဖူးတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံတယ်။ ကြိုက်တာသာပြော၊ အရေးကြီးတာက ငါသည် ငါ့ရဲ့ထမင်းတစ်လုတ်အတွက် ငါ့အလုပ်ကို ဖြူစင်စွာနဲ့ ရှာစားတယ်လို့ သတ်မှတ်ထားတယ်။ လူဆိုတာကတော့ ချစ်လို့ပြောတာရှိသလို၊ မုန်းလို့ ပြောတာတွေလည်း ရှိတယ်။ ဒါကတော့ သူတို့သမိုင်းပဲလေ။ သူတို့ပြောလို့ ကိုယ့်ဘ၀ကို လိုက်ပြင်နေမယ်ဆိုရင် ဘ၀က ကိုယ်ရည်ရွယ်တဲ့လမ်းကို ရောက်မှာကို မဟုတ်ဘူး။ သူတို့လည်း ပြောချင်တာပြော၊ ကိုယ်လည်း ကိုယ် ယုံကြည်တာကို ကိုယ်လုပ်တယ်။
Q. တစ်ခါတစ်ရံ ကိုယ့်ရဲ့အလုပ်နဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျတာတွေ၊ ဒီအလုပ်ကို မလုပ်ချင်တော့အောင် စိတ်ညစ်တာတွေနဲ့ကော ကြုံခဲ့ဖူးပါသလား။
A. အနုပညာလောကထဲ စ၀င်ကတည်းကနေ အခုလို အောင်မြင်တဲ့အထိ ခဏခဏဖြစ်ခဲ့ဖူးတယ်။ တစ်ခါတလေကျရင် ကိုယ်လိုချင်တဲ့ Target မရောက်ရင်၊ ကိုယ်လိုချင်တဲ့ ပုံသဏ္ဌာန်မျိုး ရုပ်ရှင်လောကက ဖြစ်မလာခဲ့ရင် ဒီအလုပ်ကို မလုပ်ဘဲနဲ့ အခြားအလုပ်တစ်ခု ပြောင်းလုပ်ဖို့အထိကို စဉ်းစားဖူးတယ်။ ဒါပေမဲ့လည်း အဲဒီစိတ်ညစ်စရာတွေက တစ်ရက်ထက်တော့ ပိုမခံစားရပါဘူး။ နောက်နေ့မနက်ကျရင် ကိုယ့်ရဲ့ အနုပညာကိုပဲ ဘယ်လိုဖန်တီးရင် ကောင်းမလဲဆိုတာပဲ စဉ်းစားမိတယ်။
Q. ဘယ်လိုအကြောင်းအရာတွေကနေ အစ်ကို့အတွက် စိတ်ဓာတ်ခွန်အားအဖြစ် ယူခဲ့တယ်ဆိုတာ ပြောပြပေးပါလား။
A. အဲဒီလိုအချိန်မှာ အစ်ကို စိတ်သွင်းလိုက်တာ တစ်ခုရှိတယ်။ ကိုယ့်လိုပဲ မအောင်မြင်တဲ့သူတွေ ရှိတယ်။ သူတို့တွေ စိတ်ဓာတ်ကျသွားပြီး နောက်ထပ်နာလန်ပြန်မထူနိုင်ေ တာ့တာတွေ
ရှိတယ်။ အစ်ကိုကတော့ အဲဒီလို မဟုတ်ဘူး။ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ
ကိုယ်အရင်က လုပ်ခဲ့တဲ့ အောင်မြင်တဲ့အလုပ်တွေကို ပြန်ကြည့်တယ်။ ငါ ဒီလောက်
လုပ်နိုင်ခဲ့တယ်။ အဲဒီလို လုပ်နိုင်ခဲ့တာကို ငါ ဘာလို့စိတ်ဓာတ်ကျနေမှာလဲ။
အဲဒီအချိန် ပရိသတ်အားပေးတဲ့၊ အစ်ကိုရိုက်ခဲ့တဲ့ VCD လေးတွေ၊
ဇာတ်ကားလေးတွေကို ပြန်ကြည့်။ အဲဒီမှာ ကြည်နူးမှုလေးတွေရတယ်။ ငါ
အနုပညာမြောက်တဲ့ အလုပ်တွေကို လုပ်နိုင်ခဲ့တာပဲ။ ဘာဖြစ်လို့ ငါရှေ့ဆက်ပြီး
ဖန်တီးလို့ မရရမှာလဲဆိုတဲ့ စိတ်ရဲ့ ခွန်အားကို ရတယ်။ ဒါမှမဟုတ်လည်း
ပရိသတ်တွေနဲ့ Facebook, Messenger တွေကနေ စကားပြောလိုက်တယ်။
ကိုယ့်ကိုယ်ကိုယ် ခွန်အားသစ် ပြန်မွေးရတယ်။
Q. အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာတဲ့အခါ ဝေဖန်တာတွေ၊ ကောလာဟလတွေ ကြုံရရင် အစ်ကို့အနေနဲ့ ဘယ်လိုရင်ဆိုင်ပါသလဲ။
A. ၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားကို မှတ်ထားတဲ့အချိန်မှာ အစ်ကို ဒါတွေကို ခံနိုင်ရည် ရှိသွားခဲ့တယ်။ အဲဒါက ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က သူ အင်တာဗျူးဖြေတဲ့ အခါမှာ မဟုတ်တာတစ်လုံးမှ မဖြေဘူးတဲ့။ သူက သူများနဲ့ စကားပြောလည်း မဟုတ်တာမပြောဘူး။ သူမပြောချင်ရင် ပါးစပ်ပိတ်နေလိုက်မယ်တဲ့။ အဲဒီအခါ ဘာဖြစ်လဲဆိုတော့ နောက်ရှင်းဖို့ မလိုတော့ဘူးတဲ့။ အဲဒီစကားကို အစ်ကိုကြားလိုက်တဲ့အခါမှာ အစ်ကို့ဘ၀ကို အစ်ကိုပြုပြင်ယူလိုက်တယ်။ ဘာပဲပြောပြော အစ်ကို လိမ်မပြောဘူး။ အင်တာဗျူးဖြေရင်လည်း လိမ်မပြောဘူး။ အစ်ကို ဘိန်းထိုးဖူးလားမေးရင် ထိုးဖူးတယ်လို့ ပြောမှာပဲ။ သူ့ဘာသာ နောက်ဆက်တွဲဆက်ပြောတာကတော့ အစ်ကိုနဲ့ မဆိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာသန့်ဖို့က အရေးကြီးတယ်။
Eternal Light Magazine
January 2016
#ဘ၀ကိုထုဆစ်ပုံဖော်ကြရာတွင်
ဓာတ်ပုံ - မင်းခန့်ကျော် (ams)
Q. အစ်ကို အနုပညာလောကထဲကို စတင်ဝင်ရောက်ဖြစ်ခဲ့ပုံကို ပြောပြပေးပါလား။
A. အနုပညာလောကထဲကို ၁၉၉၂ ခုနှစ်လောက်မှာ စပြီးရောက်ခဲ့တယ်။ အဲဒီတုန်းက ၁၀ တန်းအောင်ပြီး ကျောင်းတွေ ပိတ်ထားတဲ့အချိန်မှာ ဦးကျော်ဟိန်းတို့ ရုပ်ရှင်ရိုက်ကွင်းတွေ လိုက်ကြည့်ရင်းနဲ့ ဒီလောကထဲကို ရောက်ခဲ့တာပေါ့။
Q. အနုပညာလောကထဲ စ၀င်တုန်းက ဘယ်လိုအခက်အခဲတွေနဲ့ ကြုံခဲ့ရပါသလဲ။
A. အစ်ကို အနုပညာလောကထဲ စ၀င်တုန်းက အခု ဒေါ်ထားအဖွဲ့က ကလေးတွေလိုပဲ မင်္ဂလာဆောင်တို့၊ မွေးနေ့ပွဲတို့မှာ ဟေးလားဝါးလားအနေနဲ့ လိုက်ပြီး ထိုင်ရတယ်။ တစ်လနေမှ တစ်ရက်ပဲ လာခေါ်တာတွေ ရှိတယ်။ အခြေခံကနေ စပြီးဝင်ခဲ့ရတော့ အခက်အခဲတွေကတော့ မရေတွက်နိုင်လောက်အောင်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။
Q. အစ်ကို အနုပညာလောကကို ဘယ်လိုရည်ရွယ်ချက်တွေထားပြီ
A. အနုပညာလောကထဲ ၀င်တဲ့သူတိုင်းရဲ့ တစ်အချက်ကတော့ မင်းသား၊ မင်းသမီး ဖြစ်ချင်လို့ ၀င်တာချည်းပဲလေ။ ဒါပေမဲ့ ကိုယ်က ဒီအဆင့်အထိလည်း မရောက်နိုင်ဘူး။ ဒီလောကထဲမှာလည်း ဆက်နေချင်တယ်။ အဲဒီအချိန်တုန်းက ဘ၀အာမခံချက်ရှိတဲ့ မျှော်လင့်ချက်မျိုးလည်း မတွေ့ဘူး။ သို့သော်လည်း ဒီအနုပညာကို ချစ်တဲ့အတွက် ဖြစ်ချင်ရာဖြစ်ဆိုပြီး ဗီလိန်ခန်းလည်း ရိုက်တယ်။ မုဒိမ်းခန်းလည်း ရိုက်တယ်။ အရက်သမားအခန်းလည်း ရိုက်တယ်။ စုံအောင်ကို ရိုက်တယ်။ ကိုယ်က ဒီလောကထဲမှာ ရှင်သန်နေချင်တဲ့အတွက် သူများ မရိုက်ချင်တဲ့ အခန်းတွေ အကုန်ရိုက်တယ်။ အဲဒီတုန်းက အစ်ကိုက တက္ကသိုလ်ကျောင်းသား ဖြစ်နေတဲ့အတွက် မေးကြတယ်။ ဘာလို့ လူအမြင်ကတ်အောင် ရိုက်တာလဲလို့ ပြောကြတယ်။ အစ်ကို့ရဲ့အဓိက ရည်ရွယ်ချက်က အနုပညာလောကထဲမှာ ရှင်သန်နေချင်တာပါ။
Q. အစ်ကို အနုပညာကို ငယ်ငယ်ကတည်းက ၀ါသနာပါခဲ့တာလား။
A. အနုပညာလောကထဲကိုရောက်တာ ခြောက်နှစ်လောက်အကြာမှာ ၀ါသနာပါခဲ့တာပါ။ ၁၆ နှစ်၊ ၁၇ နှစ်မှာဖြစ်တဲ့ စိတ်ကတော့ နာမည်ကြီးချင်တယ်၊ လူတကာက ကိုယ့်ကို သိစေချင်တယ်။ ဒီခေတ် အခေါ်အရ ပြောရရင် ဆယ်လီရောဂါပေါ့နော်။ အသက် ၂၂ နှစ်၊ ၂၃ နှစ်မှာကျတော့ အဲဒီလိုမျိုး မဟုတ်တော့ဘူး။ အနုပညာကို ပိုပြီးချစ်တတ်လာတယ်။ သရုပ်ဆောင်လိုင်းမဟုတ်တဲ့ အခြားအနုပညာနဲ့ ပတ်သက်တာတွေ စိတ်ကူးမိလာတယ်။ ဇာတ်ညွှန်းရေးတာတွေကိုပါ လေ့လာချင်ခဲ့တယ်။
Q. အစ်ကိုက ဗီလိန်ခန်းပဲဖြစ်ဖြစ်၊ မုဒိမ်းခန်းပဲဖြစ်ဖြစ်၊ အရက်သမားအခန်းပဲဖြစ်ဖြစ် သရုပ်ဆောင်ခဲ့တော့ ပရိသတ်မုန်းမှာကို မကြောက်ဘူးလား။ အခုအချိန်မှာကော နောင်တရတာမျိုးရှိလား။
A. အစ်ကို့ကို လူချင်းမုန်းရင်တောင် ဒီအချက်ကို HighLight လုပ်ပြီး ပြောကြတာတွေရှိတယ်။ နစ်နာအောင် ပြောတာတွေရှိတယ်။ ဒါကို အစ်ကို့အနေနဲ့ ရှက်စရာလို့ မယူဆခဲ့ဘူး။ အစ်ကိုက ရုပ်ရှင်ထဲမှာပဲ မုဒိမ်းကျင့်တာပါ။ အပြင်မှာ လူမသိ သူမသိဘဲ မုဒိမ်းကျင့်နေတဲ့သူတွေ အများကြီးပဲလေ။ ကိုယ်က အပြင်လောကမှာ ဒီလိုမျိုးတွေ မလုပ်ဖူးတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံတယ်။ ကြိုက်တာသာပြော၊ အရေးကြီးတာက ငါသည် ငါ့ရဲ့ထမင်းတစ်လုတ်အတွက် ငါ့အလုပ်ကို ဖြူစင်စွာနဲ့ ရှာစားတယ်လို့ သတ်မှတ်ထားတယ်။ လူဆိုတာကတော့ ချစ်လို့ပြောတာရှိသလို၊ မုန်းလို့ ပြောတာတွေလည်း ရှိတယ်။ ဒါကတော့ သူတို့သမိုင်းပဲလေ။ သူတို့ပြောလို့ ကိုယ့်ဘ၀ကို လိုက်ပြင်နေမယ်ဆိုရင် ဘ၀က ကိုယ်ရည်ရွယ်တဲ့လမ်းကို ရောက်မှာကို မဟုတ်ဘူး။ သူတို့လည်း ပြောချင်တာပြော၊ ကိုယ်လည်း ကိုယ် ယုံကြည်တာကို ကိုယ်လုပ်တယ်။
Q. တစ်ခါတစ်ရံ ကိုယ့်ရဲ့အလုပ်နဲ့ပတ်သက်ပြီ
A. အနုပညာလောကထဲ စ၀င်ကတည်းကနေ အခုလို အောင်မြင်တဲ့အထိ ခဏခဏဖြစ်ခဲ့ဖူးတယ်။ တစ်ခါတလေကျရင် ကိုယ်လိုချင်တဲ့ Target မရောက်ရင်၊ ကိုယ်လိုချင်တဲ့ ပုံသဏ္ဌာန်မျိုး ရုပ်ရှင်လောကက ဖြစ်မလာခဲ့ရင် ဒီအလုပ်ကို မလုပ်ဘဲနဲ့ အခြားအလုပ်တစ်ခု ပြောင်းလုပ်ဖို့အထိကို စဉ်းစားဖူးတယ်။ ဒါပေမဲ့လည်း အဲဒီစိတ်ညစ်စရာတွေက တစ်ရက်ထက်တော့ ပိုမခံစားရပါဘူး။ နောက်နေ့မနက်ကျရင် ကိုယ့်ရဲ့ အနုပညာကိုပဲ ဘယ်လိုဖန်တီးရင် ကောင်းမလဲဆိုတာပဲ စဉ်းစားမိတယ်။
Q. ဘယ်လိုအကြောင်းအရာတွေကနေ အစ်ကို့အတွက် စိတ်ဓာတ်ခွန်အားအဖြစ် ယူခဲ့တယ်ဆိုတာ ပြောပြပေးပါလား။
A. အဲဒီလိုအချိန်မှာ အစ်ကို စိတ်သွင်းလိုက်တာ တစ်ခုရှိတယ်။ ကိုယ့်လိုပဲ မအောင်မြင်တဲ့သူတွေ ရှိတယ်။ သူတို့တွေ စိတ်ဓာတ်ကျသွားပြီး နောက်ထပ်နာလန်ပြန်မထူနိုင်ေ
Q. အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာတဲ့အခါ ဝေဖန်တာတွေ၊ ကောလာဟလတွေ ကြုံရရင် အစ်ကို့အနေနဲ့ ဘယ်လိုရင်ဆိုင်ပါသလဲ။
A. ၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားကို မှတ်ထားတဲ့အချိန်မှာ အစ်ကို ဒါတွေကို ခံနိုင်ရည် ရှိသွားခဲ့တယ်။ အဲဒါက ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က သူ အင်တာဗျူးဖြေတဲ့ အခါမှာ မဟုတ်တာတစ်လုံးမှ မဖြေဘူးတဲ့။ သူက သူများနဲ့ စကားပြောလည်း မဟုတ်တာမပြောဘူး။ သူမပြောချင်ရင် ပါးစပ်ပိတ်နေလိုက်မယ်တဲ့။ အဲဒီအခါ ဘာဖြစ်လဲဆိုတော့ နောက်ရှင်းဖို့ မလိုတော့ဘူးတဲ့။ အဲဒီစကားကို အစ်ကိုကြားလိုက်တဲ့အခါမှာ အစ်ကို့ဘ၀ကို အစ်ကိုပြုပြင်ယူလိုက်တယ်။ ဘာပဲပြောပြော အစ်ကို လိမ်မပြောဘူး။ အင်တာဗျူးဖြေရင်လည်း လိမ်မပြောဘူး။ အစ်ကို ဘိန်းထိုးဖူးလားမေးရင် ထိုးဖူးတယ်လို့ ပြောမှာပဲ။ သူ့ဘာသာ နောက်ဆက်တွဲဆက်ပြောတာကတော့ အစ်ကိုနဲ့ မဆိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာသန့်ဖို့က အရေးကြီးတယ်။
Eternal Light Magazine
January 2016
#ဘ၀ကိုထုဆစ်ပုံဖော်ကြရာတွင်
ဓာတ်ပုံ - မင်းခန့်ကျော် (ams)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။