Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, January 14, 2016

#ဗေလုဝပြောတဲ့သူ့ဘ၀နဲ့သူ့အကြောင်း

#ဗေလုဝပြောတဲ့သူ့ဘ၀နဲ့သူ့အကြောင်း

Q. ဦးဗေရဲ့ လူငယ်ဘ၀ကို ဘယ်လိုပုံစံမျိုးနဲ့ ဖြတ်သန်းခဲ့ပါသလဲ။
A. ဦးဗေတို့ခေတ်ကတော့ လူငယ်တွေက စာဖတ်ကြတာ များတယ်။ များသောအားဖြင့် စာပေနဲ့ပဲ ဖြတ်သန်းခဲ့တယ်။ အဲဒီတုန်းက လက်ဖက်ရည်ဆိုင်ထိုင်ပြီး စာပေအကြောင်းတွေ ဖလှယ်ကြတယ်။ ဝေဖန်ကြတယ်။ အတွေးအခေါ်နဲ့ ပတ်သက်တာတွေ ဆွေးနွေးကြတယ်။ သင်္ကြန်ဆိုရင်လည်း သံချပ်တွေ ထိုးကြတယ်။ လူငယ်ဘ၀ကတော့ စာပေနဲ့ပဲ ဖြတ်သန်းခဲ့တယ်။

Q. ဦးဗေရဲ့ငယ်ဘ၀ စိတ်ကူးယဉ်အိပ်မက်တွေရှိခဲ့ရင် ပြောပြပေးပါလား။
A. ငယ်ဘ၀တုန်းကတော့ အကြီးမားဆုံး ဖြစ်ချင်ခဲ့တာက စာရေးဆရာကြီးတွေကို အားကျပြီး စာရေးဆရာ ဖြစ်ချင်တယ်။ အနုပညာလည်း ၀ါသနာပါတယ်။ ဦးဗေတို့ ငယ်ငယ်တုန်းကဆိုရင် တေးသရုပ်ဖော်တွေ ကတယ်။ မိန်းမလိုရော၊ ယောက်ျားလိုရော ကတယ်။ စနစ်တကျ မသင်ထားပေမယ့် အချိုးကျကျတော့ ကတတ်တယ်။ မင်းသားလိုတော့ ကတတ်တာ မဟုတ်ဘူး။ သီချင်းတစ်ပုဒ်ကို ကောင်းကောင်းသရုပ်ဖော်တတ်တာပေါ့။

Q. ဦးဗေ အနုပညာလောကထဲကို ရောက်ရှိလာဖြစ်ပုံကိုလည်း ပြောပြပေးပါလား။
A. ဦးဗေရဲ့ အစ်ကိုဖြစ်တဲ့ ဂန္ထ၀င်မောင်ဝိုင်းနောက်ကိုလိုက်ရင်းနဲ့ သူ့ဆီက ပညာတွေ အများကြီးရခဲ့တယ်။ သင်္ကြန်သံချပ်တို့၊ ကက်ဆက်ဇာတ်လမ်းတို့၊ ဇာတ်ညွှန်းရေးနည်း အတတ်ပညာတို့ ရခဲ့တယ်။ အဲဒီကနေ တစ်စတစ်စနဲ့ အနုပညာလောကထဲကို ရောက်ခဲ့တာပဲ။

Q. ဦးဗေ အနုပညာလောကထဲ မရောက်ခင်မှာ ဘာတွေလုပ်ဖြစ်ခဲ့လဲဆိုတာ ပြောပြပေးပါလား။
A. စာအုပ်တွေ ဖတ်တာများတယ်။ အဲဒီအချိန်ကာလတုန်းကတော့ အနာဂတ်က ဖြစ်ဖြစ်မြောက်မြောက် မရှိသေးဘူး။ တောင်ဥက္ကလာမှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် အသိချင်းဖလှယ်တာလောက်ပဲ ရှိတယ်။

Q. ဦးဗေ အနုပညာကို ဘယ်အချိန်လောက်ကစပြီး စိတ်ဝင်စားခဲ့တာလဲ။
A. ဦးဗေက ပညာလည်း ဆုံးခန်းမတိုင်တဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ် ဘာလုပ်မလဲဆိုတာကို စဉ်းစားလိုက်တယ်။ ဦးဗေရဲ့ ခန္ဓာကိုယ် အချိုးအဆစ်အရ ပင်ပင်ပန်းပန်းလည်း မလုပ်နိုင်ဘူး။ အဲဒီမှာ ဘာလုပ်မလဲ စဉ်းစားတော့ အနုပညာက ကိုယ်နဲ့ ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်နေတဲ့အရာဆိုတော့ အောင်မြင်မယ်၊ မအောင်မြင်ဘူးတော့ သိပ်မပြောနိုင်ပေမယ့် ကြိုးစားတယ်။ ဇာတ်ညွန်းတွေ ရေးတယ်။ ကက်ဆက်ဇာတ်လမ်း တစ်ခေတ်တုန်းက အသံတွေသွင်းတယ်။ အဲဒီလိုနဲ့ တစ်စတစ်စ ကိုယ့်အလုပ်ကို စိတ်ဝင်စားပြီး လုပ်ဖြစ်ခဲ့တာ။

ှQ. ဦးဗေက အနုပညာလောကကို ဘယ်လိုင်းနဲ့စပြီး ၀င်ခဲ့တာလဲ။
A. ဇာတ်ညွှန်းရေးဆရာတစ်ယောက်အနေနဲ့ စပြီးဝင်ခဲ့တယ်။ ဦးဗေတို့ခေတ်တုန်းက နေထက်လင်းတို့နဲ့ ပုပ္ပားဘက်တွေ၊ အခြားနယ်ဘက်တွေကို တက်သွားပြီဆိုရင် လနဲ့ချီပြီး တက်ကြတယ်။ အဲဒီမှာ ကိုယ့်ရဲ့ ဇာတ်ညွှန်းထဲမှာပါတဲ့ ဟာသကွက်တွေကို သရုပ်ဆောင်သစ်တွေဆိုရင် ကိုယ်ကိုယ်တိုင် သူတို့ကို လုပ်ပြတယ်။ အဲဒီလိုလုပ်ပြရင်း လုပ်ပြရင်းနဲ့ တစ်ခါတလေမှာ ဒါရိုက်တာတွေက ကိုဗေရယ် ခင်ဗျားပဲ လုပ်လိုက်ပါတော့ဆိုပြီး ၀င်လုပ်ရင်းနဲ့ ဇာတ်ညွှန်းရေးတဲ့ဘက်မှာ အားနည်းသွားပြီး သရုပ်ဆောင်ဘက်ကို ရောက်သွားတယ်။ နောက်ဆုံး ဇာတ်ညွှန်းကို လုံးဝမရေးဖြစ်တော့ဘူး။ နောက်ပိုင်းမှာလည်း ဇာတ်ညွှန်းပြန်ရေးဖြစ်ဖို့အတွက် လက်ရှိမှာ အချိန်သိပ်မပေးနိုင်တော့ ကိုယ့်ကြောင့် သူများ ဒုက္ခဖြစ်မှာစိုးလို့ မရေးတော့ဘူး။ ၀တ္ထုပဲ ရေးဖြစ်ဖို့များတယ်။

Q. ဦးဗေကို ပရိသတ်တွေက ဗေလုဝဆိုပြီး ဘယ်မှာစပြီး သိခဲ့တာလဲဆိုတာ ပြောပြပေးပါလား။
A. ဇာတ်ကားတွေမှာ နှစ်ခန်းပါ၊ သုံးခန်းပါတွေမှာတော့ ပရိသတ်က နည်းနည်းတော့ သတိထားမိတယ်။ ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကိုတော့ “ဘီလူး”ဇာတ်ကားမှာ အပြည့်အ၀ ရရှိခဲ့တာပေါ့။

ှQ. ဦးဗေအနေနဲ့ ပရိသတ်အသိအမှတ်ပြုခံရတဲ့ အနုပညာသမားဖြစ်ဖို့အတွက် ဘယ်လောက်အထိ ကြိုးစားခဲ့ရပါသလဲ။
A. ဒုက္ခတွေကြားကနေ၊ တံတောင်တွတ်တဲ့ လမ်းကနေ လျှောက်ခဲ့ရတယ်။ လမ်းကတော့ မသာယာပေမယ့် ကိုယ့်အတွက် နေရာလေး တစ်နေရာရဖို့ အတင်းရုန်းကန် တိုးထွက်ခဲ့ရပါတယ်။ ဘယ်လိုအခက်အခဲနဲ့ပဲကြုံကြုံ စိတ်ဓာတ်မကျစတမ်းကို ကြိုးစားခဲ့လို့ အခုလို ပရိသတ် အသိအမှတ်ပြုခံရတယ်လို့ ထင်တယ်။

Q. အောင်မြင်တဲ့ အနုပညာသမားတစ်ယောက် ဖြစ်ဖို့အတွက် အဓိက အရေးကြီးဆုံးက ဘာတွေဖြစ်မလဲ။
A. စိတ်ထား ဖြူဖြူထားပါ။ စာများများ ဖတ်ရတယ်။ ကိုယ့်စိတ်ကို ကြည်အောင်ထား၊ ကိုယ့်စိတ်ကြည်တဲ့အခါ ဘာအလုပ်ပဲလုပ်လုပ် အဆင်ပြေပြီး သူ့ရဲ့ တန်ပြန်တုံ့ပြန်မှုက ရလာမှာပဲ။

Q. ဦးဗေက နိုင်ငံရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားတာတွေလည်း တွေ့ရတော့ ဦးဗေ ဘယ်အချိန်လောက်ကစပြီး နိုင်ငံရေးကို စိတ်ဝင်စားခဲ့တာလဲ။
A. လူရယ်လို့ ဖြစ်လာကတည်းက လူတွေအားလုံးက နိုင်ငံရေးလက်အောက်ခံတွေပဲ။ ခေတ်ဆိုး ခေတ်ကျပ်ထဲမှာ မွေးတယ်ဆိုတာ အုပ်ချုပ်သူညံ့လို့။ တိုင်းပြည်ဆင်းရဲတယ်ဆိုတာကလည်း ဦးစီးတဲ့သူညံ့လို့၊ ဒါတွေက ကြုံနေရတာ ဖြစ်တယ်။ ဦးဗေတို့က ခေတ်ဆိုး၊ ခေတ်ကျပ်ထဲမှာ မွေးလာပြီး လူဖြစ်လာရတဲ့အတွက် အလိုလိုနေရင်း နိုင်ငံရေးလက်အောက်ခံတွေ ဖြစ်သွားကြတယ်။ နိုင်ငံရေးနဲ့ ဘယ်သူမှ ကင်းကွာလို့ မရဘူး။ ကျောင်းသားလည်း နိုင်ငံရေးနဲ့ ကင်းကွာလို့ မရဘူး။ ခဲတံတစ်ချောင်း ၃ ကျပ်ကနေ ၅၀ ဖြစ်သွားလို့ သူမ၀ယ်နိုင်ဘူးဆိုရင် ဒီကလေးလည်း နိုင်ငံရေးဒဏ်ကို ခံရတာပဲ။ လူဆိုတာ နိုင်ငံရေးသတ္တ၀ါတွေချည်းပါပဲ။

Eternal Light Magazine
January 2016
#ဘ၀ကိုထုဆစ်ပုံဖော်ကြရာတွင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။