စာအုပ်တစ်အုပ်သာရောင်းတဲ့ စာအုပ်ဆိုင်ကိုပြပါဆိုရင် ဂျပန်နိုင်ငံ တိုကျိုမြို့ Ginzaမှာရှိတဲ့ Morioka စာအုပ်ဆိုင်ကိုပြရမယ်ထင်ပါတ ယ်။ ဂျပန်မှာ Ginzaလိုနေရာမျိုးက ဆိုင်ခန်းခ အဆမတန်ဈေးကြီးတဲ့နေရာဖြစ်တ ယ်။ အဲဒီနေရာမှာပဲ Moriokaလို့ခေါ်တဲ့လူရွယ်တစ် ဦးက သူ့နာမည်နဲ့စာအုပ်ဆိုင်တစ်ဆိုင်ဖွင့်ခဲ့ပြီး စာအုပ်ဆိုင်မှာ တစ်ပတ်ကို စာအုပ်တစ်အုပ်တည်းပဲ သူတင်ပါတယ်။
စစချင်းအဲဒီဆိုင်ခန်းကို သူအငှားရတော့ မိသားစု၊ သူငယ်ချင်းတွေက အမြတ်များများရနိုင်မယ့်၊ ထူးခြားတဲ့ပစ္စည်းတွေရောင်းဖို့
အကြံပေးခဲ့ပါတယ်။ ဒါပေမယ့် Moriokaက စာအုပ်ပဲရောင်းဖို့ စိတ်ကူးခဲ့ပြီး
သူဖတ်ခဲ့တဲ့စာအုပ်ထဲက အကောင်းဆုံးလို့သူထင်တဲ့၊ လူအများဖတ်ရှုသင့်တယ်လို့
သူထင်တဲ့စာအုပ်တစ်အုပ်ကိုပဲ တစ်ပတ်ကြာ သူတင်ရောင်းပါတယ်။
သူဒီလိုစိတ်ကူးရခဲ့တာကလည်း သူအရင်က ခရီးသွားလမ်းညွှန်လုပ်ခဲ့ဖူး တဲ့ အတွေ့အကြုံနဲ့ဆိုင်ပါတယ်။ ခရီးသွားဧည့်သည်တွေကို ပစ္စည်းဝယ်ဖို့လိုက်ပို့တိုင်း စစချင်းမှာ လူတွေက ဟိုဟာဝယ်ရမလို၊ ဒီဟာပဲကောင်းသလိုနဲ့ တောင်ရွေးမြောက်ရွေး ဆုံးဖြတ်ချက်မချနိုင်ဖြစ်ခဲ့ ပါတယ်။ ကားထွက်ခါနီးမှ တွေ့ကရာ အမြန်ကောက်ဝယ်ယူတာမျိုးရှိတ တ်ခဲ့ပြီး ကိုယ်ဝယ်တဲ့ပစ္စည်းမကောင်ြးေ ကာင်း၊ ဟိုဟာလေးဝယ်သင့်ကြောင်း မကျေမနပ်ပြောဆိုတာမျိုးတွေ ရှိခဲ့ပါတယ်။ ဒါဟာ ရွေးချယ်မှုများရင်ဖြစ်တတ်တဲ့  "ရွေးချယ်ရခက်ရောဂါ"ဖြစ်ပါတ ယ်။
အဲဒီအတွေ့အကြုံနဲ့ Morioka ဟာ စာအုပ်ဆိုင်ဖွင့်ချိန်မှာ တစ်ပတ်ကို စာအုပ်တစ်အုပ်တည်းတင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ စာအုပ်တစ်အုပ်သာရောင်းတဲ့ စာအုပ်ဆိုင်ကို လူတွေစိတ်ဝင်စားပါ့မလား။ ဆိုင်ခန်းခ ကာမိပါ့မလား.. မိသားစုနဲ့ မိတ်ဆွေတွေက စိုးရိမ်ခဲ့ကြတယ်။
"တစ်ဆိုင်လုံးမှာ တစ်အုပ်" ဆိုတဲ့ ထူးခြားချက်ကြောင့် ဆိုင်ထဲဝင်လာသူတိုင်းဟာ ထုတ်ပြထားတဲ့စာအုပ်ကို ဝယ်ယူသွားတတ်ကြပါတယ်။ စာအုပ်ဆိုင်ထဲမှာ အနုပညာပန်းချီကားတွေ အများအပြားချိတ်ဆွဲထားပါသေး တယ်။ လူတွေဟာ စာအုပ်ရွေးစရာမလိုတဲ့ တင်ရောင်းထားတဲ့စာအုပ်ကိုယူ ပြီး အနုပညာအသက်အငွေ့တွေပြည့်နေတဲ့ ဆိုင်ထဲမှာပဲ အေးအေးလူလူ စာအုပ်ကိုထိုင်ဖတ်ကြပါတယ်။ တချို့က မိနစ်အနည်းငယ် မြည်းစမ်းဖတ်ရှုပြီး စာအုပ်ကိုဝယ်ယူသွားကြပါတယ်။
အဲဒီလို အချိန်ကာလတစ်ခုကြာရောင်းပြီးတဲ့နောက် Moriokaစာအုပ်ဆိုင်မှာတင်တဲ့  စာအုပ်တိုင်းဟာ အဲဒီတစ်ပတ်မှာ အရောင်းရဆုံးစံချိန်စာအုပ်ြ ဖစ်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒီအကြောင်းကို စာအုပ်ထုတ်ဝေရေးတွေကသိသွားေ တာ့ ကိုယ့်စာအုပ်တိုက်မှာထွက်တဲ့  အကောင်းဆုံးစာအုပ်ကို Moriokaဆီ ပေးပို့ကြပါတယ်။ Morioka က သူအရင်ဆုံးဖတ်ကြည့်ပြီးနောက် စာဖတ်သူတွေအတွက် ဆိုင်ပေါ်တင်ပါတယ်။ Moriokaစာအုပ်ဆိုင်ဟာ ဖွင့်ပြီး တစ်နှစ်မပြည့်ခင်မှာပဲ အမြတ်အစွန်းတွေနဲ့ အောင်မြင်ခဲ့ပါတယ်။
စာအုပ်ဆိုင်တွေဟာ စာဖတ်သူတွေကို ဘာအနှောင့်အယှက်မှမပေးဘဲ တစ်ပတ်မှာ စာအုပ်တစ်အုပ်ဝယ်ယူဖတ်ရှုဖို့  ဘာကြောင့်မလုပ်ပေးနိုင်သလဲဆိုတဲ့ Moriokaရဲ့အတွေးက အခုချိန်မှာ သူ့စာအုပ်ဆိုင်ကို အောင်အောင်မြင်မြင်ဖွင့်စေနိုင်ခဲ့တဲ့အတွေးပဲဖြစ်ပါတယ် ။
http:// www.spoon-tamago.com/2015/ 09/06/ morioka-shoten-ginza-a-book store-that-only-carries-on e-title-per-week/
နိုင်းနိုင်းစနေ (Jan. 22. 2016)
စစချင်းအဲဒီဆိုင်ခန်းကို သူအငှားရတော့ မိသားစု၊ သူငယ်ချင်းတွေက အမြတ်များများရနိုင်မယ့်၊ ထူးခြားတဲ့ပစ္စည်းတွေရောင်းဖ
သူဒီလိုစိတ်ကူးရခဲ့တာကလည်း သူအရင်က ခရီးသွားလမ်းညွှန်လုပ်ခဲ့ဖူး
အဲဒီအတွေ့အကြုံနဲ့ Morioka ဟာ စာအုပ်ဆိုင်ဖွင့်ချိန်မှာ တစ်ပတ်ကို စာအုပ်တစ်အုပ်တည်းတင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ စာအုပ်တစ်အုပ်သာရောင်းတဲ့ စာအုပ်ဆိုင်ကို လူတွေစိတ်ဝင်စားပါ့မလား။ ဆိုင်ခန်းခ ကာမိပါ့မလား.. မိသားစုနဲ့ မိတ်ဆွေတွေက စိုးရိမ်ခဲ့ကြတယ်။
"တစ်ဆိုင်လုံးမှာ တစ်အုပ်" ဆိုတဲ့ ထူးခြားချက်ကြောင့် ဆိုင်ထဲဝင်လာသူတိုင်းဟာ ထုတ်ပြထားတဲ့စာအုပ်ကို ဝယ်ယူသွားတတ်ကြပါတယ်။ စာအုပ်ဆိုင်ထဲမှာ အနုပညာပန်းချီကားတွေ အများအပြားချိတ်ဆွဲထားပါသေး
အဲဒီလို အချိန်ကာလတစ်ခုကြာရောင်းပြီ
စာအုပ်ဆိုင်တွေဟာ စာဖတ်သူတွေကို ဘာအနှောင့်အယှက်မှမပေးဘဲ တစ်ပတ်မှာ စာအုပ်တစ်အုပ်ဝယ်ယူဖတ်ရှုဖို
http://
နိုင်းနိုင်းစနေ (Jan. 22. 2016)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။