Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 20, 2015

အကောင်းဆုံးပန်းချီကျော်

အကောင်းဆုံးပန်းချီကျော်
===============
တစ်ခါက ရက်စက်ကြမ်းကြုပ်တဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်။ သူဟာ ရက်စက်လှသလို မျက်လုံးတစ်ဖက်လည်း ကန်းနေတာကြောင့် အင်မတန်မှလည်းရုပ်ဆိုးပါသတဲ့။
တစ်နေ့တော့ ဘုရင်ကြီးဟာ သူ့ရဲ့ပုံတူကို ဆွဲစေလိုတာကြာင့် ပန်းချီကျော် သုံးယောက်ကို နန်းတော်ထဲကို ဆင့်ခေါ်ပါသတဲ့။ အဲဒီနောက် ဘုရင်ကြီးက

"မင်းတို့ငါ့ပုံကို ဆွဲတဲ့အခါ မလှမပ ဖြစ်လို့ကတော့ အကုန်ဇက်ပြုတ်ပြီမှတ်၊ အေး လှလှပပနဲ့ အများကြည်ညိုစဖွယ်ဖြစ်အောင် ဆွဲနိုင်ရင်တော့ ဆုတော်လဒ်တော်များ ချီးမြှင့်မယ် မောင်မင်းများ" လို့ပြောခဲ့ပါသတဲ့။

အဲဒီလိုနဲ့ ပန်းချီကျော်တွေဟာ ဘုရင်ကြီးရဲ့ ပုံတူကို စပြီးဆွဲကြတယ်။ ပထမပန်းချီကျော်က ဘုရင်ကြီးရဲ့ ပုံကို ပကတိအတိုင်း မျက်လုံးတစ်ဖက်လပ်နဲ့ဆွဲပေးခဲ့တယ်။ အဲဒီအခါ ဘုရင်ကြီးက

"ငါ့ကို အကြည်ညိုပျက်စေမှုနဲ့ သတ်စေ"

လို့ အမိန့်ချလိုက်ပါသတဲ့။

အဲဒီလိုနဲ့ ဒုတိယပန်းချီကျော်ရဲ့ အလှည့်ကို ရောက်လာတယ်။ ဒုတိယပန်းချီကျော်က ဘုရင်ကြီးရဲ့ မရှိတဲ့ မျက်လုံးတစ်ဖက်ကို ဖြည့်စွက်ပြီး ဆွဲပေးလိုက်ပြန်တယ်။ အဲဒီအခါ ဘုရင်ကြီးက

"ဒါငါ့ကို သက်သက်ရွဲ့တာပဲ၊ သတ်စေ"

လို့အမိန့်ချပြီး ဒုတိယပန်းချီကျော်ကိုလည်း ကွက်မျက်ပြန်တယ်။ အဲဒီလိုနဲ့ နောက်ဆုံးပန်းချီကျော်အလှည့်ကို ရောက်လာပြန်တယ်။ သူဟာ သူ့ရဲ့ ပန်းချီကားကို ဘုရင်ကြီးဆီ ဆက်သလိုက်တယ်။ အဲဒီအခါမှာတော့ ဘုရင်ကြီးက ပြုံးတော်မူပြီး ဒီလိုပြောတယ်။

"မင်းတော်တယ်မောင်မင်း၊ ဆုတော်လဒ်တော်များချီးမြှင့်စေ"လို့အမိန့်ချလိုက်တယ်။

တကယ်တော့ တတိယပန်းချီကျော်ဟာ ဘုရင်ကြီးရဲ့ ဘေးတစ်စောင်းပုံကို မျက်လုံးကောင်းတဲ့ဖက်က လှည့်ဆွဲပေးလိုက်တာပဲဖြစ်ပါသတဲ့။

ဒီပုံပြင်လေးဟာ သက်ဦးဆံပိုင် ဘုရင်တွေရဲ့ အတ္တကြီးမှုကို သရော်ထားတဲ့ ဟာသပုံပြင်လေး တစ်ပုဒ်ပဲဖြစ်တယ်။ တစ်ခါတစ်လေ အမှန်တရားကို ချပြတိုင်းမကောင်းဘူးဆိုတာကို ပထမပန်းချီကျော်က သက်သေပြသွားခဲ့တယ်။

ဒီလိုပဲ အမှန်တရားကို လက်မခံနိုင်သူရဲ့လက်အောက်မှာ ကိုယ်ရောက်နေရတဲ့အခါ ကိုယ့်ရဲ့ အမှန်တရားဟာ ကိုယ့်ရဲ့ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်လာတတ်တယ်ဆိုတာ ပထမပန်းချီကျော်က သက်သေပြနေပြန်တယ်။

ဒုတိယပန်းချီကျော်လို အမှန်တရားကိုချမပြဘဲ မင်းလိုလိုက် မင်းကြိုက်ဆောင်ပြောခြင်းဟာလည်း ကိုယ့်အပေါ်ထားတဲ့ တစ်ဖက်လူရဲ့ ယုံကြည်မှုကို ပျက်စီးစေပြန်တယ်။ ကျနော်တို့ဟာ နောက်ဆုံး ပန်းချီကျော်လို အမှန်တရားလည်းဖြစ်၊ တစ်ဖက်သားလည်း နားခံသာအောင်ပြောနိုင်ပါမှ အဆင်ပြေနိုင်မှာပဲဖြစ်တယ်။

အစွန်းနှစ်ပါး ကင်းလွတ်ကြပါစေ-
(ဖြိုးသုတ)
(ကျန်တာတွေတော့ ကိုယ့်ဟာကိုယ်ပဲဖြည့်တွေးလိုက်ကြ၊ ရေးရင်းနဲ့ ကြောက်လာပီ :-P)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။