Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 14, 2012

ဆေးဘက်ဝင် ပင်စိမ်း။


တစ်နေ့ပန်းသီးတစ်လုံး = ဆရာဝန်မလို။

နေ့တိုင်း ပင်စိမ်းရွက် =ကင်ဆာရောဂါမဖြစ်။

တစ်နေ့ သံပုရာသီးတစ်လုံး = အဆီမရှိ။

တစ်နေ့နို့တစ်ခွက် = အရိုးပြဿနာမရှိ။

တစ်နေ့ရေ ၃ လီတာ = ရောဂါမရှိ။


Tulsi ဟာပင်စိမ်းမျိုး ဖြစ်ပါတယ်။ သဘာဝအလျောက်ပေါက်သော်လည်း ၎င်းကို ဟင်းခတ် အမွှေးအကြိုင်၊ ဘာသာရေးနှင့်ဆေးဝါး အတွက်စိုက်ပျိုးကြပါတယ်။ ဟိန္ဒူဘာသာဝင်များ Tulsi အပင်နှင့် အရွက်ကို ရှစ်ခိုး ပူဇော်ကြပါ တယ်။




ခေတ်မှီလေ့လာမှုများက ၎င်းသည် အနာသက်သာစေခြင်း၊ အသက်အရွက်ကြီးသူတို့ တွင် ဖြစ်သောဆီချိုရောဂါကိုသက်သာစေခြင်း၊ သွေးတွင်းအဆီလျော့ကျစေခြင်း၊ ဓါတ်ရောင်ခြည်၏ ဆိုးကျိုး များမှကာကွယ်ခြင်း၊အတွင်းတိမ်ဖြစ်ပွါးမှုကိုကာကွယ်ခြင်း၊ ရောဂါပိုး (bacteria) များသေစေနိုင် ခြင်း၊ ကိုယ်ခံအားမြှင့်တင်ခြင်း စသည့်အစွမ်းများရှိတာကိုတွေ့ရှိကြပါတယ်။ ၎င်းရဲ့ ကင်ဆာကာကွယ်နိုင်မှုကို တော့ ဆက်လက် စမ်းသပ်ရအုံးမှာဖြစ်ပါတယ်။


၎င်းကိုဟိန္ဒူဆေးများတွင်နှစ်ပေါင်းထောင်ချီ၍သုံးဆွဲခဲ့ကြပါတယ်။ ၎င်းသည် ကိုယ်ခန္ဓာရှိ လုပ်ငန်းဆောင်တာများ ဟန်ချက်ကျကျလုပ်ဆောင်နိုင်ရန် ညှိနှိုင်းပေးခြင်းနှင့် စိတ်ဖိစီးမှု (stress) များ ကိုကိုင်တွယ်ဖြေရှင်းရာ၌လည်းပါဝင်လုပ်ဆောင်သည်ဟုယူဆကြပါတယ်။ ၎င်းကို အအေးမိခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာအိမ်ရောဂါ၊ နှလုံးရောဂါ၊အဆိပ်မိခြင်း၊ငှက်ဖျားရောဂါနှင့် ရောင်ရမ်းရောဂါ (inflammation) များမှာအသုံးပြုကြပါတယ်။


၎င်းကို ရေနွေးတွင်ခတ်၍ လက်ဘက်ရည်ကြမ်းကဲ့သို့သောက်ခြင်း၊ အရွက်များစားခြင်း၊ ထောပတ်ဖြင့်ရော်နှော်သုံးဆောင်ခြင်း၊ အဆီအဖြစ်ဖြင့်ဆေးများတွင်နှင့် အလှဆီများတွင် အသုံးပြုကြ ပါတယ်။ အရွက်ခြောက်ကို စပါးစသည့် အစေ့အဆန်များနှင့်ရော်လျက်ပိုးကောင် (insect repel) များ မလာအောင်အသုံးပြုကြပါတယ်။


င်စိမ်းပင်သည် မြန်မာနိုင်ငံနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်းဒေသတွင် ပိုမိုပေါက်တတ် ကြသည်။ မျိုးစေ့မှတဆင့် အပင်စိုက်ရန် လွယ်ကူသောအပင် ဖြစ်သည်။ မြေသြဇာ အထူးမလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ရယူနိုင်၏။ နောက် ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ်သည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။


ပင်စိမ်းပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့်အထိရှိ၏။ အရွက်မှာ သေးပြီး စိမ်းလျက် နူးညံ့၏။ ရွက်နားမှာ လွှသွားပုံရှိသည်။ အပွင့်ဖြူကလေးများပွင့်တတ်ကာ ရနံ့အလွန်မွှေး သဖြင့် ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုကြသည်။ အပွင့်များ အခိုင်လိုက်ပွင့်၍ ပွင်ချပ်များပေါ်တွင် အမွေးနုကလေးများရှိသည်။ တပေါင်း တန်ခူးလများ၌ ပွင့်တတ်ကြသည်။ အရသာမှာ ပူစပ်သော အရသာဖြစ်ကာ ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင်ပင်ဟူ၍ ပင်စိမ်းအမျိုးမျိုးရှိကြသည်။


မြန်မာဆေးကျမ်း အလိုအရ ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကို နိုင်၏၊ ဆီးကိုနိုင်၏၊ လေကိုသက်စေပြီး သွေးကို တက်စေနိုင်သည်၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကို နိုင်၏၊ ချောင်းဆိုးနာ၊ ပိုးနာ၊ ထိုးကျင်သောအနာကို ပယ်နိုင်၏။


အစာကြေခြင်း၊ ခံတွင်းကောင်းခြင်း၊ အနံ့ကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ရရှိ စေသည်။ လူကို အကျိုးပွားစေသည်။


ပင်စိမ်းရွက် ပင်စိမ်းစေ့များကို မြန်မာ့ဆေးဝါးအဖြစ် အသုံးပြုပုံများမှာ -

(၁) နားကိုက်=ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက်ကျအောင် ညှစ်ထည့် ပေးပါ။


(၂) သွားကိုက်=ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများ လုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။


(၃) ကလေး ကျောပူ ခေါင်းပူ=ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်း ငယ်ဖြင့် ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)


(၄) ခေါင်းတခြမ်းကိုက်=ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကို ယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။


(၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ=နှမ်းစေ့နှင့် ပင်စိမ်းစေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။ ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါ များ ပျောက်၏။


(၆) သားသမီး ဝေးလိုသော်=ပင်စိမ်းရွက် လက်တဆုပ် ပြုတ်ရည်တပန်းကန်ကို ဥတုသွေး လာပြီးသည့် နောက် သုံးရက်ဆက်တိုက် သောက်ပေးပါ။


(၇) အဖျားနာတာရှည်=နံနက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းတဇွန်းခန့် သောက်ပေးပါ၊ အဖျားကျသွားပါမည်။


(၈) ငှက်ဖျား=ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ်ကောင်းစေ့အနက် သုံးစေ့၊ တပတ်လျှင် နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။


(၉) ပွေးနာ၊ အရေပြား ယားနာ=ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊ ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ။ အုံပေးပါ။


(၁၀)အစာမကြေ၊ ဝမ်းကိုက်=ပင်စိမ်းရွက်ပြုတ်ရည်ကို သောက်ပေးပါ။


(၁၁)လည်ချောင်းနာ၊ အသံဝင်=ပင်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။


(၁၂)အိုင်းအနာ၊ အဖုအနာ=ပင်စိမ်းရွက်ပြုတ်ရည်ကို အဖုအနာများနှင့် အိုင်းနာများအပေါ် ဖန်ရည်ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက်ခြောက်မှုန့်ကို ဖြူးပေးပါ။


(၁၃)အရေပြားအနာများ=(အရေပြားရောဂါဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ(၁၅)ကျပ်သား ရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည်အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။ ယင်းဆီသည် ရေနွေးအကြမ်းပန်းကန် တလုံးထဲသို့ ဆီနှစ်စက် သုံးစက်ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါက နှာစေး အအေးမိ ချောင်းဆိုးရောဂါများကိုပင် ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ခြင်များ မကိုက်ပါ။


(၁၄)ဗိုက်ကြောပြတ်=(ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်းရွက်ခြောက် မှုန့် ဖြူးပြီး ပွတ်သပ်ပေးပါ။


(၁၅)ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။


(၁၆) ကလေး သန်ကျ=ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။


(၁၇)နားအူ၊ နားကိုက်၊ နားပြည်ယို=ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့်ထည့်၍ မီးဖြင့်အပူပေးပါ။ ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။


(၁၈)နှာခေါင်းနှာပိတ်၊ နှာခေါင်းအတွင်းမြှေးရောင်=ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေ အောင် အမှုန့်ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။


(၁၉)ငှက်ဖျားတုန်ချမ်း=ပင်စိမ်းအမြစ်ကို ရေသုံးခွက်တခွက်တင် ကျိုပြီး သောက်ပေးပါ။ ချွေးထွက်လာပြီး အဖျားကျသွားပါမည်။


(၂၀)ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။


(၂၁)လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး=ပင်စိမ်းပွင့် အပွင့်လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့် ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်းစေပါသည်။


(၂၂)သားသမီး ဝေးလိုသော=အမျိုးသားများ ပင်စိမ်းရွက်ဆယ်ရွက်ကို နေ့စဉ်စားပေးပါ။ ကျန်းမာရေးကို လုံးဝမထိခိုက်စေဘဲ ပိုမို၍ သွက်လက်ထက်မြက်စေကြောင်း အိန္ဒိယဆေး သုတေသနမှ ထုတ်နုတ်ဖော်ပြ ခဲ့၏။


(၂၃)ချောင်းဆိုးပျောက်=ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူရောပြီး တနေ့သုံးကြိမ် သောက် ပေးပါ။ သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက်စေ၏။


(၂၄)အစာအိမ်အချဉ်ပေါက်လေနာ=ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍ ရေနွေးကြမ်း သောက် သလို သောက်ပေးပါ၊ ကလေးများ လေထိုး၊ လေအောင့်ရောဂါပါ ပျောက်ကင်းစေနိုင်ပါသည်။


(၂၅)အအေးမိ၊ နှာစေး၊ ချောင်းဆိုး=ပင်စိမ်းရွက်အစိုကို သုံးခွက်တခွက်တင်ကျိုပြီး ပူပူလေး သောက်ပေးပါ။ တုပ်ကွေးရောဂါများကိုပင် ပျောက်ကင်းစေနိုင်ပါသည်။


(၂၆)အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ=မျောက်သားကိုကင်၍ ပင်စိမ်းနိုင်နိုင်နှင့် ကြော်စားပါ။


(၂၇)လေငန်း၊ လေဖြတ်၊ အဆစ်ရောင်=ပင်စိမ်းပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။


(၂၈)မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက=ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ်ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့် နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။


(၂၉) သူငယ်နာ ကျောပူခေါင်းပူ=ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ် ရော ကြိတ်၍ ကလေးကို ခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျားအထိ သပ်ချပေးပါ။


(၃၀) မီးဖွားပြီးစ အပုပ်ဆန်=ပင်စိမ်းရွက် ကြော်စားပါ။


(၃၁)ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်=ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ ကြော်စားပေးပါ။(သို့) ငါးပနော်နှင့် ကြော်စားပါ။


(၃၂)ဆီးရောဂါ=ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။


(၃၃) ကင်းမြီးကောက်ကိုက်=ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။


(၃၄)ချောင်းဆိုးနပန်းနာ=ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။


(၃၅)သလိပ်ကပ် ချွဲကျပ်=ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည်ထွက်စေရန် ကြိတ်ခြေ ညှစ်ပေးပါ။ ထွက်လာသည့် အရည်အား ရေကျက်အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။ နေ့လယ်မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။


(၃၆)ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်=ပင်စိမ်းအစေ့ကို အခြောက်လှန်းပြီး အနည်းငယ်ထောင်းပါ၊ နွားနို့ သကြားတို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမက သွေးအကျိတ်အခဲ ရောဂါများပင် ပျောက်ကင်းစေပါသည်။


(၃၇)ဆီးအောင့်၊ အမောသက်သာ=ပင်စိမ်းစေ့ကို သကြားရည်နှင့် ဖျော်ရည်ပြု၍ သောက်ပေးပါ။


(၃၈)မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက် ပေးပါ။


(၃၉)နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့=ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူကြိတ်၍ ပျားရည်နှင့် တေပါ။ နံနက် တလုံး၊ ညအိပ်ရာဝင်တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်းများအပြင် ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက်ရောဂါများကိုပါ ပျောက် ကင်းစေပါသည်။


(၄၀)သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့်=ပင်စိမ်းရွက်ကို ငါးကျည်း ခြောက်နှင့်ကြော်စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွားပြီးစ အပုပ်ဆန်တတ်သော ရောဂါများပင် ပျောက်ကင်းစေပါသည်။ အစားမှား၍ ဆေးမှား၍ အော့အန်ခြင်းများကိုပင် ပျောက်ကင်းစေ၏။


ကျမ်းကိုး။
၁။ ဆေးဖက်ဝင် ပင်စိမ်းပင် http://www.mawluu.com/2011/07/blog-post_8475.html
ကသစ်ဦး(ကျိုင်းတုံ) (သူရဇ္ဇ ၂၀၀၃-စက်တင်ဘာ)
၂။ http://en.wikipedia.org/wiki/Ocimum_tenuiflorum
၃။ Basil (ပင်စိမ်းမွှေး) http://arogyamonline.com/commodity/materials/?raw=1

http://machunlay.blogspot.no/ မှ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။