Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 14, 2012

စိုးမြတ်နန္ဒာနှင့်တွေ့ဆုံခြင်း

စီးပွားရေးအလုပ်လုပ်တယ်ဆိုတာက အနုပညာအလုပ်ဘက်မှာ ကိုယ်လုပ်ချင်တာ၊ ကိုယ်ရွေးချယ်ချင်တာကို ရွေးချယ်လို့ရအောင် တစ်ဖက်က ထောက်ကူလိုက်တဲ့သဘောပါ
အနုပညာအလုပ်ကို မိသားစုက တိုက်တွန်းလို့လုပ်ခဲ့ပေမယ့် အနုပညာသက်တမ်း ၁၅ နှစ်နီးပါးကြာတဲ့အထိ အကယ်ဒမီထူးချွန်ဆုနှစ်ဆုကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်မင်းသမီးက အများက ချစ်စနိုးနဲ့ ဒါဒါလို့ခေါ်ကြတဲ့ စိုးမြတ်နန္ဒာဖြစ်ပါတယ်။ စတားကိုလာကြော်ငြာထဲက ဒါဒါရဲ့ဆံပင်စတိုင်လ်နဲ့အကျက မြန်မာပြည်မြို့၊ ရွာ၊ ကျေးလက်မကျန် နှစ်ထပ်အကျ၊ ဒါဒါ့ဆံပင်လို့ ခေတ်စားသွားတဲ့အထိ ဖက်ရှင်ထွင်ခဲ့သူလည်းဖြစ်ပြီး ခုချိန်မှာတော့ မင်းသမီးကိုကြည့်လိုက်ရင် ပေါ့ပေါ့ပါးပါးနဲ့ ဘ၀ကိုအေးအေးဆေးဆေး ဖြတ်သန်းနေတဲ့ မိခင်တစ်ဦး
အဖြစ်ကို မြင်တွေ့ရပါလိမ့်မယ်။ သားတစ်ယောက်ရဲ့မိခင်ဘ၀နဲ့ အနုပညာသက်တမ်း ဆယ်စုနှစ်တစ်ခုအကျော်မှာ အာရုံဝင်စားတဲ့ အနုပညာအလုပ်တွေကိုပဲ ရွေးချယ်လုပ်ကိုင်နိုင်ဖို့ သူငယ်ချင်းနှစ်ဦးနဲ့အတူ Karat ပိုးထည်ဆိုင်ကို ဖွင့်လှစ်လိုက်ပြီး စီးပွားရေးလောကထဲကို ခြေတစ်လှမ်းစလှမ်းဖြစ်ခဲ့တဲ့ စိုးမြတ်နန္ဒာနဲ့ ဒီတစ်ပတ်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့အတွေ့အကြုံက ဘယ်လိုရှိလဲ။
စီးပွားရေးလုပ်ငန်းလုပ်တာ ခေါင်းစားတယ်။ ဒါဒါတို့ မင်းသမီးလုပ်တဲ့ အလုပ်နဲ့တော့ မတူဘူး။ တစ်ခါမှမလုပ်ဖူးတော့ အခက်အခဲတော့ရှိတယ်။ ဈေးလည်းမရောင်းတတ်ဘူး။ ဆိုင်မှာ ဈေးလာဝယ်လို့ လျှော့ပေးပါပြောရင် ဘယ်လိုလုပ်ရမလဲမသိဘူး။ ကိုယ့်သဘောသာဆို လျှော့ပေးလိုက်မှာ။ ဒါကြောင့် ရောင်းတာကို ဒါဒါမလုပ်ဘူး။ ဒါဒါ့သူငယ်ချင်းတွေက လုပ်ကြတယ်။ ကိုယ့်အနုပညာအသိုင်းအ၀ိုင်းက ဆိုင်မှာ ရိုက်ချင်တယ်ဆိုရင် နည်းနည်း ကူညီပေးတာတော့ရှိတယ်။
ဒီအလုပ်အတွက် မဒါ ဒီဇိုင်းပညာ လေ့လာနေတယ်လို့လည်း သိရပါတယ်။ ဒီဇိုင်နာလုပ်ဖို့ ရော အစီအစဉ်ရှိလားရှင့်။
ဒါဒါကတော့ ကိုယ်ဒီဇိုင်နာလုပ်မယ်ဆိုတာထက် ဒီအလုပ်ကို လုပ်တဲ့အချိန်မှာ သူများကို ပြောပြရမှာဆိုတော့ အလုပ်ရဲ့အခြေခံကိုမှမသိရင် ပြောပြလို့မရဘူးလေ။ ဒါဒါတို့လည်း တစ်သက်လုံး အကျဝတ်လာတာပဲ။ ဒါပေမဲ့ အကျဘယ်နားမှာ ဘာရှိတယ်။ ဘယ်လိုဆိုတာ ကိုယ်က
သိပ်မသိဘူး။ ဒါပေမဲ့ အခု Pattern တွေကို သင်လိုက်တော့ ကိုယ်ကပြောနိုင်သွားတာပေါ့။ ဘယ်နားလေး ဘာလိုတယ်ဆိုတာလောက် သိရဖို့အတွက် ဒါဒါသင်တာပါ။ ကိုယ်တိုင်ဒီဇိုင်းချပေးဖို့ ဆိုတာကတော့ နှစ်နဲ့ချီပြီး သင်ရမယ့်အလုပ်လေ။ ပုံသေနည်းအတိုင်းလည်း မဟုတ်ဘူး။ သူ့စိတ်ကူးအတိုင်းပဲ သွားတာဆိုတော့ ခုကောက်သင် ခုအကျချုပ်လို့တော့ မရဘူးပေါ့။
ဒီရက်ပိုင်းမှာ မဒါ အလှူတွေ ဆက်တိုက်လုပ်ဖြစ်နေတာ တွေ့ရပါတယ်။ လှူဖို့အကြောင်းအရာကို ဘယ်လိုရွေးချယ်ပါသလဲ။
ဒီရက်ပိုင်းကလည်း လှူတဲ့ရာသီဖြစ်နေတာကိုး။ သားကို ကိုရင်ဝတ်ပေးတာကတော့ ပထမတုန်းက ရှင် ၁၈ ပါးကို လှူဖို့ သွားတာ။ ဟိုရောက်တော့ သူလည်း ၀တ်ချင်တယ်ဆိုတာနဲ့ စတိပေးဝတ်လိုက်တာပါ။ ကိုလူချောတို့အဖွဲ့ကို ဆန်အိတ် ၁၀၀ ညီအစ်မလေးယောက်စုပြီး လှူဖြစ်တာက မကြီး(စိုးမြတ်သူဇာ) စီစဉ်တာပါ။ နောက်ပိုင်းတော့ ညီအစ်မလေးယောက်စုပြီး တစ်ခုခု လုပ်ဖို့ သူ့မှာစိတ်ကူးရှိပါတယ်။
မဒါရဲ့ပိုးထည်ဆိုင်ကို ညီအစ်မလေးယောက်နဲ့ ကြော်ငြာရိုက်ထားတာ ပရိသတ်တွေ အတော်လေးကြိုက်ကြတယ်နော်။ အဲဒီစိတ်ကူးက ဘယ်လိုရတာပါလဲ။
အဲဒါ မကြီးအိုင်ဒီယာပါ။ နဂိုတည်းက သူက ညီအစ်မလေးယောက် ရိုက်ဖို့စိတ်ကူးရှိပေမယ့် ချိန်းလို့မရဘူး။ ခုကျတော့ ဒါဒါ့ ဆိုင်ဆိုတော့ နည်းနည်းပြောလို့ရတာပေါ့။
အစ်မရဲ့ဆိုင်ကို မကြီးစိုးက ဘာများအကြံဉာဏ်ပေးဖြစ်ပါသလဲ။
မကြီးလည်း ကူညီပါတယ်။ ဒါပေမဲ့ ဆိုင်ကိုတစ်ခေါက်လား နှစ်ခေါက်လားပဲ ရောက်သေးတယ်။ အိမ်မှာပဲ ဘယ်လိုမျိုးလုပ်၊ ဘယ်လိုဒီဇိုင်းလုပ်ဆိုပြီး အကြံပေးတာတော့ရှိပါတယ်။
စီးပွားရေးတစ်ဖက်နဲ့ဆိုတော့ တစ်ဖက်မှာ ကိုယ်လုပ်ချင်တဲ့ ရိုက်ချင်တဲ့ ဇာတ်ကားတွေကို လက်လွှတ်လိုက်ရသေးလား။
အဲဒီဘက်တော့နည်းနည်း လျှော့တာပေါ့နော်။ လျှော့တယ်ဆိုတာ ကိုယ့်စိတ်က အဲဒီဘက်ကို သိပ်မရောက်တော့ဘူး။ ဆိုင်ဘက်ကိုပဲ လုပ်ဖြစ်ခဲ့တယ်။ ခုကျတော့ နည်းနည်းသွေးအေးသွားပြီဆိုတော့ ဒီ ၉ ရက်မှာ ပြန်ရိုက်တော့မယ်။
ဒါက အနုပညာအလုပ်ဘက်မှာဆို သိပ်ပြီးလောဘမရှိသလိုပဲ။ ပရိသတ်တွေကလည်း မချင့်မရဲဖြစ်ကြတော့ ကိုယ်တိုင်ရော ဒါကို ဘယ်လိုပြန်သုံးသပ်ဖြစ်လဲ။
စိတ်ကတော့ အရင်ကတည်းက ဒီတိုင်းပဲ။ ဒါပေမဲ့ အရင်ကတော့ ၀ါသနာမပါဘဲလုပ်တယ်။ နောက်တော့ ဒီအလုပ်တစ်ခုပဲ လုပ်တတ်လို့ ဆက်လုပ်တယ်ပေါ့။ အဲဒီလိုလုပ်ရာကနေ ဒီအလုပ်ပေါ်မှာ သံယောဇဉ်ဖြစ်လာတယ်။ ခုဆိုလုပ်လာတာလည်း ၁၄ နှစ်၊ ၁၅ နှစ်လောက်ရှိပြီဆိုတော့ နည်းနည်းတော့ငြီးငွေ့တယ်။ အမှန်အတိုင်းပြောရရင် သိပ်စိတ်မပါဘဲ ရိုက်ရတဲ့ကားတွေရှိတယ်။ ကိုယ်မရိုက်ချင်ဘဲ ရိုက်ရတဲ့ကားတွေရှိသလို အရမ်းရိုက်ချင်လို့ မုဒ်ဝင်ပြီး ရိုက်တဲ့ကားတွေလည်းရှိပါ တယ်။ စီးပွားရေးအလုပ်လုပ်တယ် ဆိုတာက အနုပညာအလုပ်ဘက်မှာ ကိုယ်လုပ်ချင်တာ၊ ကိုယ်ရွေးချယ်ချင်တာကို ရွေးချယ်လို့ရအောင် လုပ်လို့ရအောင်လို့ တစ်ဖက်က ထောက်ကူလိုက်တဲ့သဘောပါ။
မဒါနဲ့ မဒါရဲ့သားတို့ဘ၀မှာ ကိုယ်တစ်ယောက်တည်း ဦးဆောင်နေရတော့ မဒါရဲ့အရင်းနှီးဆုံး တိုင်ပင်ဖော်တိုင်ပင်ဖက်က ဘယ်သူများလဲ။
မိသားစုပါပဲ။ ကိုယ်ဘာဖြစ်ဖြစ် ဒီအဖေ၊ အမေတို့၊ အစ်မတို့ရှိနေတော့ ခုချိန်ထိလည်း လိမ်ဖည်လိမ်ဖည်နဲ့တော့ သွားနေတာပဲ။ တစ်ခုခုဆို အမေတို့၊ အစ်မတို့နဲ့ အမြဲတိုင်ပင်တယ်။
သားအတွက်ကိုရော မဒါက တာဝန်ကျေတဲ့မိခင်ဖြစ်အောင် အစ်မ စိတ်ဓာတ်ခွန်အားတွေ၊ လုပ်အားတွေကို ဘယ်လိုတည်ဆောက်လဲ။
ကိုယ်ကသူ့ကိုမွေးထားတော့ ကျွေးရမွေးရမယ့်တာဝန် ကိုယ့်မှာရှိတယ်လေ။ တတ်နိုင်သလောက်ကို လုပ်ပေးမှာပါ။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ သူ့ကိုထားနိုင်မယ့်အဆင့်နဲ့ ညီအောင်တော့ ချင့်ချိန်ရတာပေါ့။
သူကမိခင်အပေါ် ဒီအရွယ်လေးနဲ့ ဘယ်လိုနားလည်မှုမျိုး ပေးတတ်နေပြီလဲ။
သူကတော့ တော်တော်လေး နားလည်ပါတယ်။ အင်္ဂလိပ်ကျောင်းတက်တယ်ဆိုတော့ Control တော့ လုပ်ရတာပေါ့လေ။ ယဉ်ကျေးမှုနဲ့ သိပ်မဝေး အောင် ပြောပြဆုံးမရတာပေါ့။ လိမ္မာဖို့ဆိုတာလည်း ဒါနဲ့ပဲ လိမ္မာအောင် လုပ်ရတာပဲလေ။ တစ်ခုခုဆို ဘုန်းကြီးနဲ့တိုင်မယ်တို့ ဘာတို့ ပြောရတာပေါ့။ အဲဒါမျိုးဆိုရင်တော့ သူကကြောက်တယ်။ အရမ်းဆိုးပြီး ဂျီတအားကျတဲ့အထဲမှာတော့ သားကမပါဘူး။
အကယ်ဒမီအတွက် ဘာများ ကြိုတင်ပြင်ဆင်နေပါပြီလဲ။
ဘာမှကိုမပြင်ရသေးဘူး။ ကိုယ်ဝတ်ဖို့အတွက်လည်း မပြင်ရသေးဘူး။ ဒါပေမဲ့ ဆိုင်ကတော့ ၀တ်မယ့်အနုပညာရှင်တွေအတွက် ရက်ကန်းကိုကြိုပြောထားတာတော့ရှိတယ်။ ခုလောလောဆယ်တော့ အနုပညာရှင်တွေကို by name နဲ့ ဘယ်သူတွေဆိုတာတော့ မသေချာသေးတော့ မပြောချင်ပါဘူး။
လက်ရှိ မဒါ ရိုက်ချင်နေတဲ့ ကာရိုက်တာဆိုရင်...
ခုချိန်မှာတော့ ဒါဒါက ဒရာမာပိုင်းကိုပဲ အငြိမ်ရိုက်ချင်တယ်။ ဒါဒါ့အသက်အရွယ်နဲ့ဆို လိုက်ဖက်မယ့်ပုံစံပဲ ရိုက်ချင်ပါတယ်။
ရုပ်ရှင်ကရတဲ့ပိုက်ဆံနဲ့ ရုပ်ရှင်ထဲကို ပြန်ပြီးစီးဝင်တာ နည်း တယ်။ ရုပ်ရှင်သမားတွေက တခြားလုပ်ငန်းတွေပဲ လုပ်ကြတယ်။ ရုပ်ရှင်လောက ကျဆင်းတဲ့အပိုင်းမှာ ဒါလည်းအချက်တစ်ချက်လို့ ပြောကြတဲ့အပေါ် အပြင်စီးပွားရေးလုပ်နေတဲ့ မဒါက ဘာများပြောလိုပါသလဲ။
ရုပ်ရှင်ကျတော့ Operation အရမ်းများတယ်။ ကိုယ်တိုင်ဆို ဒါမျိုးကိုလုပ်ဖို့ စိတ်ကူးကိုမရှိဘူး။ ကိုယ့်ဆိုင်အတွက် ကြော်ငြာရိုက်တာတောင်မှ မင်းသား၊ မင်းသမီးတွေ ချိန်းရတာ အရမ်းပင်ပန်းတယ်။ လုပ်ငန်းစဉ်ကိုလည်း သိနေပေမယ့် မကျွမ်းကျင်ဘူး။ လူအများကြီးနဲ့လုပ်ရမှာ။ မန်နေဂျာ တွေလည်းထားရမှာ။ ဒါတွေကြောင့် မလုပ်ဖြစ်တာပါ။
မဒါကို ပရိသတ်အများစုက နောက်ထပ်အိမ်ထောင်မပြုဖို့ အကြံပြုကြတယ်။ အချစ်နဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ မဒါ ရဲ့သဘောထားက ဘယ်လိုရှိပါ သလဲ။
(ရယ်လျက်) နောက်အိမ်ထောင်တော့ မပြုပါဘူး။ ခုခေတ်ကြီးမှာ နောက်အိမ်ထောင်ပြုဖို့ လိုမှမလိုတာ။ ဒါဒါ့ဘ၀က သားရှိတယ်။ သားကြီးလာမယ်။ သားနဲ့ ဒါဒါနဲ့ ဘ၀ပဲပေါ့။
                                                      
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။