ကမ္ဘာကျော် ကွန်ဖူးပညာရှင်နဲ့ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဂျက်ကီချန်းဟာ သူရဲ့ နောက်ဆုံး အက်ရှင်ဇာတ်လမ်း Chinese Zodiac ကို ရိုက်ကူးနေပြီဖြစ်ပါတယ်။
Chinese Zodiac ဇာတ်ကား ၁၉၉၁ ခုနှစ်က အောင်မြင်ကျော်ကြားခဲ့တဲ့ Armour of God II: Operation Condor ရဲ့ အဆက် ဖြစ်ပါတယ်။ ဒီကားမှာ ဂျက်ကီချန်းဟာ သိုက်တူးသမား Asian Hawk အဖြစ် ဆက်လက် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
ဒီကားရဲ့ နမူနာဇာတ်ကွက်တွေအရ Asian Hawk ဟာ ခိုးယူခံလိုက်ရတဲ့ တရုတ်ရိုးရာ ရာသီခွင် အရုပ် ၁၂ ရုပ်ကို ပြန်လည် ရှာဖွေရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ယွမ် သန်း ၃၀၀ ကုန်ကျပြီး ဂျက်ကီချန်းရဲ့ တချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ လှုပ်ရှားမှုအသားပေး ဟာသ ဇာတ်ကား ဖြစ်ပါတယ်။ ဒီကားမှာ ဂျက်ကီချန်းနဲ့အတူ Laura Weissbecker နဲ့ ကိုရီးယား မင်းသား ကွမ်ဆန်ဝူးတို့ ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြသမယ်လို့ ကြေညာထားပါတယ်။
ဂျက်ကီချန်းဟာ အသက်အရွယ်ကြောင့် အက်ရှင်ဇာတ်ကားတွေကို ရိုက်ကူးတော့မှာ မဟုတ်ပေမယ့် အခြားဇာတ်ကား အမျိုးအစားတွေကိုတော့ ဆက်လက်ရိုက်ကူးဦးမယ်လို့ ဆိုပါတယ်။
Ref: The News Tribe
Hollinaz
Hollinaz

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။