14 November 2012 |By Mobile Guide
အများ ပြည်သူများ စောင့်မျှော်လျက် ရှိသည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို အများပြည်သူများ လေ့လာနိုင်ရန် အတွက် နိုဝင်ဘာလ ၇ ရက် နေ့က နိုင်ငံပိုင်သတင်း စာများမှ တစ်ဆင့် ဖော်ပြပေးခဲ့ကြောင်း တွေ့ရ သည်။
အဆိုပါဥပဒေကြမ်းတွင် အခန်း (၂၀) ပါဝင်ပြီး အမည်၊ သက် ဆိုင်ခြင်းနှင့် အဓိပ္ပါယ် ဖော်ပြချက်အခန်း၊ ရည်ရွယ်ချက် များအခန်း၊ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး ပင်မ ဝင်ပေါက်ထွက် ပေါက်သတ်မှတ် ခြင်းအခန်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း တည်ထောင် လုပ်ကိုင် ခွင့်လုပ်ငန်း လိုင်စင်အခန်း၊ ဆက်သွယ်ရေး ပစ္စည်းဆိုင်ရာ လိုင်စင်အခန်း၊ လိုင်စင်ရရှိသူ၏ တာဝန်များအခန်း ကွန်ရက် အထောက်အကူ ပစ္စည်းနှင့် ဆက်သွယ်ရေး ပစ္စည်းများကို ထောက်ခံချက်ဖြင့် ပြည်တွင်းသို့ တင်သွင်း ခြင်းနှင့် ပြင်ပသို့ တင်ပို့ခြင်း အခန်း၊ လှိုင်းနှုန်းစဉ်နှင့်ဂြိုဟ်တု ပတ်လမ်း ကြောင်း တည်နေရာ တို့ကို စီမံခန့်ခွဲခြင်း၊ ဆက်သွယ်ရေးနံပါတ် လျာထား သတ်မှတ်ချက်နှင့် အီလက်ထရောနစ် လိပ်စာလျာထားသတ်မှတ် ချက်အခန်း၊ နည်းပညာ ဆိုင်ရာ စံချိန်စံညွှန်းများ အခန်း။ အသုံးပြုသူကို အကာ အကွယ်ပေး ခြင်းအခန်း၊ ချိတ်ဆက် အသုံးပြုခြင်းနှင့် အပြန်အလှန် ဆက်သွယ်ခြင်း အခန်း၊ ပြိုင်ဆိုင် မှုကို ဆန့်ကျင်သည့် လုပ်ဆောင်ချက် များကို တားမြစ်ခြင်းအခန်း၊ အငြင်းပွားမှုများကို ဖြေရှင်းခြင်း အခန်း၊ ကွန်ရက် အထောက်အကူပြု ပစ္စည်းများ တပ်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြုပြင်မွမ်းမံခြင်းအခန်း၊ အများပြည်သူ အကျိုးဌာ နေရာဒေသမရွေး အခြေခံ ဆက်သွယ်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းခြင်းအခန်း၊ စစ်ဆေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းအခန်း၊ စီမံခန့်ခွဲရေး နည်းလမ်းအရအရေးယူခြင်း အခန်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်းနှင့် အထွေထွေဟူပြီး စုစုပေါင်းအခန်း (၂၀) ပါဝင်ကြောင်း တွေ့ရသည်။
ယင်းဥပဒေကြမ်းဖော်ပြချက်တွင် အဆိုပါ ဥပဒေကြမ်းဖြင့်The Myanmar Telegraph Act,1885 နှင့်The Myanmar Wireless TelegraphyAct,1934 အစရှိသည့် ဥပဒေများ ကို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။