Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 20, 2015

အပျော်ရွှင်ဆုံးလူ

အပျော်ရွှင်ဆုံးလူ
==========
တစ်ခါက အာဖရိကမြောက်ပိုင်းမှာ လူမျိုးစု ခေါင်းဆောင်တစ်ယောက်ရှိတယ်။ ကျနော်တို့အခေါ်အရတော့ ဘုရင်ကြီးပေါ့ဗျာ။ အဲဒီ ခေါင်းဆောင်ကြီးဟာ အင်မတန်မှ ချမ်းသာတယ်။ ကြင်ယာတော် တွေအမြောက်အများလည်းရှိတယ်။ သားသမီးတွေလည်း အများကြီးမို့ သူ့ဘ၀က ရာရာ ပြည့်စုံခဲ့တယ်။

အဲဒီလို ပြည့်စုံနေပေမယ့်လည်း ခေါင်းဆောင်ကြီးက မပျော်မရွှင်ဖြစ်နေခဲ့ပြန်တယ်။ သူက ဒီလိုတွေးနေခဲ့တယ်

"ငါ့မှာလိုချင်တာ အကုန်ရတယ်။ ဒါပေမယ့်ငါမပျော်ရွှင်ဖြစ်နေရတယ်။ ဘယ်အရာက ငါ့ကို ပျော်ရွှင်စေမလဲမသိတော့ဘူး"

တစ်နေ့မှာတော့ သူ့လက်လက်အောက်ငယ်သားတွေကို ဆူပူကြိမ်းမောင်းတယ်

"မင်းတို့တွေ ငါ့ကို ပျော်အောင်လုပ်ပေးကြစမ်း၊ ငါပျော်လာအောင် ဘာလုပ်ရမလဲ ပြောကြစမ်း"

အဒီအခါ သူ့ရဲ့ငယ်သားတစ်ယောက်က
"ခေါင်းဆောင်ကြီးခင်ဗျား၊ ကောင်းကင်ကြီးကိုကြည့်လိုက်ပါ၊ လှပတဲ့လမင်းကြီးနဲ့ ကြယ်လေးတွေဝိုင်းရံနေကြတယ်။ သူတို့ကို ကြည့်ပြီး ကောင်းမြတ်တဲ့ ဘ၀အရသာကို ခံစားလိုက်ပါ၊ ပျော်ရွှင်လာမှာပါ"

လို့အကြံပေးလိုက်တယ်။ ခေါင်းဆောင်ကြီးက

"အသုံးမကျတဲ့အကြံပဲ၊ အဲဒီလို လတွေနဲ့ ကြယ်တွေကို ငါယူလို့မှမရတာ ဘာလုပ်ရမှာလည်း ပိုပြီးတောင် စိတ်ဆင်းရဲလာသေးတယ်"
အဲဒီအခါနောက် အစေအပါးတစ်ယောက်က ပြောပြန်တယ်

"တေးဂီတသံစဉ်တွေဟာ လူတွေကို ပျော်ရွှင်စေတယ်။ မနက်မိုးလင်းကနေမိုးချုပ် တီးမှုတ်ကခုန်နေမယ်ဆိုရင်ကော"လို့အကြံပေးပြန်တယ်။ ဒီအခါမှာလည်းခေါင်းဆောင်ကြီးက

"မင်းတို့တလွဲအကြံတွေကို ငါတစ်ခုမှ လက်မခံဘူး"
လို့ပြောပြန်တယ်။ အဲဒီအခါ အစေအပါးတစ်ယောက်က

"ခေါင်းဆောင်ကြီးခင်ဗျား၊ အရှင်ပျော်ရွှင်ဖို့အကြံကောင်းတစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးလူတစ်ယောက် ကို အရင်ရှာရပါမယ်။ ပြီးတဲ့အခါ သူ့ရဲ့ အင်္ကျိကို ယူပြီး အရှင်ဝတ်ဆင်လိုက်ရင်တော့ သူ့ဆီကအပျော်တွေ အရှင့်ကို ကူးစက်လာမှာပါ၊ အဲဒီအခါ အရှင်ပျော်ရွှင်ခြင်းကိုရပါပြီ" လို့အကြံပြုတယ်။

အဲဒီအကြံကိုတော့ ခေါင်းဆောင်ကြီးက သဘောကျခဲ့တယ်။ သူ့ရဲ့ လက်အောက်ငယ်သားတွေကို နေရာအနှံအပြားကို စေလွှတ်ပြီး အပျော်ဆုံးသော လူသားကို ရှာဖွေစေတယ်။ သူ့ရဲ့ငယ်သားတွေလည်း ခေါင်းဆောင်ကြီးရဲ့ ပိုင်နက်နိုင်ငံအနှံ့အပြားကို လှည့်လည်ပြီး အပျော်ဆုံးသောလူကို ရှာဖွေတယ်။ ခဲရာခဲဆစ် ရှာဖွေပြီးနောက်ဆုံးမှာတော့ "ကျွန်တော်ဟာ ကမ္ဘာ့အပျော်ရွှင်ဆုံးလူသားပဲ"လို့သူ့ကိုယ်သူ ပြောခဲ့တဲ့ လူတစ်ဦးကိုတွေ့ခဲ့တယ်။ အဲဒီလူဟာ အမြဲတမ်းပဲ ပြုံးရယ်ပြီး သီချင်းညဉ်းနေလေ့ရှိတယ်။

ခေါင်းဆောင်ကြီးရဲ့အစေအပါးတွေဟာ အပျော်ရွှင်ဆုံးလူသားကို ၀မ်းသာအားရ ခေါ်ဆောင်လာပြန်တယ်။ ခေါင်းဆောင်ကြီးရဲ့ နန်းတော်ကို ရောက်တဲ့အခါမှာတော့ အစေအပါးတွေဟာ ခေါင်းဆောင်ကြီးရဲ့အခန်းထဲကို အပျော်ဆုံးလူသားကိုလွှတ်လိုက်တယ်။ အပျော်ရွှင်ဆုံးလူသားလည်း ကခုန်ပြီး ခေါင်းဆောင်ကြီးရဲ့အခန်းထဲကိုဝင်သွားတယ်။ ခေါင်းဆောင်ကြီးက

"မင်းရဲ့ အင်္ကျိကို ချွတ်လိုက်စမ်း" လို့ အမိန့်ပေးခဲ့တယ်။ ဒါပေမယ့် အပျော်ရွှင်ဆုံးလူသားမှာ ၀တ်စရာ အင်္ကျိမရှိခဲ့ဘူး။

အဲဒါကတော့ ပျော်ရွှင်ခြင်းရဲ့ အဓိပ္ပါယ်ကို လှစ်ဟပြနေတဲ့ ပုံပြင်လေးတစ်ပုဒ်ပဲဖြစ်တယ်။ ကျနော်တို့ လူသားတွေရဲ့ ဦးနှောက်ဟာ အခြေအနေပေါ်မူတည်ပြီး ရောင့်ရဲခြင်း အတိုင်းအတာတွေက တူညီလေ့မရှိကြတာကို မြင်နိုင်တယ်။ ဘယ်လောက်ပဲ စည်းစိမ်ဥစ္စာနဲ့ ပြည့်စုံနေပါစေ ရောင့်ရဲတင်းတိမ်ခြင်းမရှိရင် ပျော်ရွှင်ခြင်းမရှိနိုင်ဘူးလို့ ဆိုလိုတာဖြစ်တယ်။ အင်္ကျိတောင် မရှိတဲ့ဘ၀မှာလည်း ပျော်ရွှင်အောင်နေထိုင်နိုင်တဲ့ သူဆင်းရဲရဲ့ ရောင့်ရဲခြင်းကိုလည်း တွေ့မြင်နိုင်တယ်။ အဆိုးဝါးဆုံးအခြေအနေမှာတောင်မှ ရောင့်ရဲတင်းတိမ်နိုင်တဲ့ စိတ်ဓါတ်ဟာ စိတ်ကို အေးမြစေတာတော့ အမှန်ပါပဲ။

လူ့ဘ၀ဟာ ဆုလဒ်တစ်ခုလည်းဖြစ်တယ်-

- တစ်ယောက်ယောက်ကို အပြစ်ပြောချင်တိုင်း၊ စကားတောင်မပြောနိုင်တဲ့ ဆွံ့အသူတွေအကြောင်းကိုစဉ်းစားပါ။

- ဟင်းမကောင်းဘူးလို့ ညဉ်းညူခါနီးတိုင်း၊ ထမင်းတစ်လုပ်အတွက် ဒုက္ခရောက်နေသူတွေအကြောင်း စဉ်းစားပါ။

- ကိုယ့်ဘ၀အဖော် ဇနီး^ခင်ပွန်းတွေကို အပြစ်ပြောဖို့ကြိုးစားတိုင်း၊ ကြင်ဖော်မဲ့နေရှာတဲ့သူတွေအကြောင်းကို တွေးကြည့်ပေးပါ။

- ကိုယ့်ဘ၀ရဲ့ ဆိုးဝါးမှုတွေကို ညဉ်းညူချင်လာတဲ့အခါ၊ ရှင်သန်ခွင့်မရှိတော့ဘဲ လူ့လောကကို စောစီးစွာ စွန့်ခွာသွားသူတွေအကြောင်းကို စဉ်းစားလိုက်ပါ။

- မိမိရင်သွေးတွေရဲ့ ဆိုးသွမ်းမှုကို အပြစ်ပြောမယ်ကြံတိုင်း၊ သားသမီးမရနိုင်လို့ စိတ်ညစ်နေရသူတွေအကြောင်း စဉ်းစားလိုက်ပါ။

-မိမိ နေထိုင်ရာ နေအိမ်ရဲ့ အဆင့်အတန်းနိမ့်ကျမှုကို အားငယ်နေမယ့်အစား၊ လမ်းဘေးမှာ နေထိုင်နေကြတဲ့သူတွေအကြောင်း၊ စဉ်းစားပါ။

-ဘတ်စ်ကားကြပ်တာကို ညဉ်းညူနေမယ့်အစား၊ ကားခချွေတာပြီး လမ်းလျှောက်နေရသူတွေအကြောင်း တွေးလိုက်ပါ။

- အလုပ်ပင်ပန်းမှုကို ညဉ်းညူနေမယ့်အစား၊ အလုပ်လက်မဲ့တွေရဲ့ စားဝတ်နေရေးကြပ်တည်းမှုအကြောင်း စဉ်းစားကြည့်လိုက်ပါ။

- အခြားသူတွေရဲ့ အပြစ်ကို လက်ညှိုးထိုးနေမယ့်အစား၊ အပြစ်ကင်းတဲ့သူမရှိတဲ့အဖြစ်ကို နားလည်လိုက်ပါ။

ကျနော်တို့ဟာ အခက်အခဲတစ်စုံတစ်ရာတွေ့တိုင်း၊ မိမိရဲ့ လက်ရှိအခြေအနေကို စိတ်မကျေမချမ်းဖြစ်ပြီး စိတ်ဓါတ်ကျနေမယ့်အစား၊ ရှင်သန်ခြင်းဆိုတဲ့ ကောင်းမြတ်တဲ့အခွင့်အရေးကျန်နေသေးတာကို ဆင်ခြင်သင့်လှတယ်။ ရောင့်ရဲခြင်းဟာ၊ ပျော်ရွှင်မှုအတွက် အဓိက သော့ချက်လည်းဖြစ်သလို၊ အချိန်အကန့်အသတ်နဲ့သာ ရှင်သန်နေရဲ့ ဘ၀တိုတိုရဲ့ အချိုဆုံး ပျားရည်စက်လည်း ဖြစ်တယ်။

ပျော်ရွှင်ခြင်းများ ရရှိကြပါစေ။

(ဖြိုးသုတ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။