Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 26, 2015

ဒေါ်အောင်ဆန်းစုကြည် ရေလိုက်လွဲနေသလား

ဒေါ်အောင်ဆန်းစုကြည် ရေလိုက်လွဲနေသလား

အခု ထိုင်းမှာဖြစ်နေတဲ့ ဝင်းနဲ့ဇော်အမှုနဲ့ ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ်
ပြည်သူလူထုဆီက စကားသံနှစ်မျိုးထွက်လာပါတယ်။ တခုက ဒေါ်စုအပေါ်အားကိုး
မျှော်လင့်တဲ့ အားမလိုအားမရ မချိတင်ကဲ အသံဖြစ်ပြီး ၊ နောက်တခုက ဒေါ်စုကိုနိုင်ငံရေးအပုတ်ချ ချောက်ချချင်တဲ့လှည့်ကွက်အသံပါ ။

ဒီနေရာမှာ ကျနော်တို့ ဒေါ်စုရဲ့ရပ်တည်ချက် သမိုင်းကြောင်းကိုပြန်ကြည့်စေချင်ပါတယ် ။

ဒေါ်စုကို ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ရခိုင်မှာ ပြဿနာဖြစ်တယ် ဘာမှလုပ်မပေးလို့ ။
လက်ပံတောင်းတောင်မှာ ဖြစ်တယ် ဘာမှလုပ်မပေးလို့ ။
ဒေါ်ခင်ဝင်း ၊ ကိုပါကြီး တို့အသတ်ခံရတယ် ဘာမှရပ်တည်မပေးလို့ ။
ဒါ့ထက် လက်ပံတန်းကျောင်းသားဆန္ဒပြမှုအကြမ်းဖက်မှုတွေ ၊ မတရားဖမ်းဆီးခံရတာတွေကို မလုပ်ပေးလို့ ။
မြစ်ဆုံစီမံကိန်းဝင်မရပ်ပေးလို့ ။
ကချင်မှာ စစ်ဖြစ်တယ် ငြိမ်းချမ်းအောင်မလုပ်ပေးလို့။

ဆိုပြီး အမှုကိစ္စတက်တိုင်း ဒေါ်စုကိုယုံကြည်သူတွေက အမေသာပြောပေးရင်၊ပါပေးရင်ဆိုပြီး မချိတင်ကဲမျှော်လင့်ခဲ့ကြသလို ၊ တဖက်ကလော်ဘီတွေကလည်း နိုဘယ်ဆုရှင်ကြီးဘာလုပ်နေလဲဆိုတာမျိုးတွေနဲ့ နိုင်ငံရေးသွေးခွဲဖို့အစဉ်အမြဲချောင်းနေတာပါ ။ ဥပမာ ရဲမိုးတို့လို ကောင်မျိုးတွေနဲ့နောက်လိုက် အာဏာရှင်အရိုးကိုက်စစ်ခွေးတွေကအမြဲချောင်းနေတာပါ ။

သို့သော် ဘယ်သူတွေဘာပဲပြောပြော ဒေါ်စုဟာ တိုင်းပြည်အတွက်အကောင်းဆုံးနဲ့အလုပ်သင့် ဆုံးအမှန်ဆုံးလမ်းတွေကြီးရွေးလျှောက်သွားခဲ့တာပါ ။

အမေစုကွလို့သွားမြှောက်ပေးလို့လည်း မြောက်ပြီး ထင်ရာလျှောက်လုပ်မှာမဟုတ်သလို ။
မလုပ်ပေးလို့သွားဆဲနေလို့လည်း မထောက်ခံမှာကြောက်ပြီး တောင်းဆိုတာလုပ်ပေးမှာမဟုတ်ပါဘူး ။

ဒေါ်စုကိုထင်ရာပြော ၊ ဝေဖန်ပြီးဦးနှောက်သေးသေးလေးတွေနဲ့လိုက်တွက်ချက်တိုင်း အလွဲကြီးတွေလွဲတာကြီးပါပဲ ။ သမိုင်းကြောင်းတလျှောက်ကသက်သေပြနေပြီးပါပြီ ။ နောက်တချက်ဒေါ်စုလုပ်လိုက်လို့ တိုင်းပြည်နှစ်နာခဲ့တာတချက်မှမရှိသေးပါဘူး ။

နောက်အများနဲ့သဘောထားကွဲလွဲနိုင်တဲ့ ဒေါ်စု
အပေါ်ကျနော့်ခံယူချက်က....

ဒေါ်စုကို အကြောင်းကိစ္စ အစုံအတွက် ပါဝါကုန်သုံးပြီးမလုပ်စေချင်ပါဘူး ။ ဒေါ်စုပါဝါကို နေရာနှစ်မျိုးမှာပဲ သုံးစေချင်ပါတယ် ။

(၁) ပျက်ဆီးနေတဲ့ တိုင်းပြည်ကိုပြန်လည်တည်ဆောက်တဲ့နေရာ

ဒီကိစ္စကတော်တော်ကိုခက်ခဲနေဆဲအခြေအနေပါ ၊ လက်ရှိအာဏာလွှဲပေးဖို့ လိုနေသေးသလို ၊ နောက်လက်ကျန်သုံးလအတွင်းအကျင့်ယုတ်ပြီးပြဌာန်းဖို့ကြိုးစားနေတဲ့ ကာလုံဥပဒေတွေ၊အခွန်ဥပဒေတွေဟာ တိုင်းပြည်စီးပွားရေးနဲ့နိုင်ငံရေးကိုချောက်ထဲဆွဲချနေတဲ့ပုံစံတွေဖြစ်နေပြန်ပါတယ် ။ နောက်အဖက်ဖက်ကယို့ယွင်းနေတဲ့ အစိတ်အပိုင်းကဏ္ဍတွေကို ပြုပြင်ဖို့ထက် ယိုင်နေတာလေးကိုတည့်ဖို့တောင် အများကြီးပြုပြင်ပြင်ဆင်ရမယ့်အခြေအနေအကြပ်အတည်းကြီးကိုလည်းမြင်စေချင်ပါတယ် ။

(၂) ဒေါ်စုအလွန်နိုင်ငံရေးအတွက်

ဒီကိစ္စကတော်တော်များများစဉ်းစားကြမယ်မထင်ပါဘူး ။ ကျနော်ကိုမေးရင်တော့အဲ့အခြေအနေကိုအစိုးရိမ်ဆုံးပဲလို့ပြောပါရစေ ။ ဘာဖြစ်လို့လဲ
ဒေါ်စုဟာ အသက်နဲ့လူသားပါ ၊ Natural resource မဟုတ်သလို Immortal လည်း မဟုတ်ပါဘူး ။ အခုပဲအသက်အရွယ်အတော်လွန်နေတဲ့ အဘွားအိုတယောက်ဖြစ်နေတယ်ဆိုတာ အားလုံးစိတ်ထဲသတိတချက်ဝင်စေချင်ပါတယ် ။ ဒေါ်စုလုပ်နိုင်တဲ့ နိုင်ငံရေးကာလဟာအချိန်အပိုင်းအခြားအကန့်အသတ်တော်တော်များနေပါပြီ ။

အဲ့ဒီအချိန်ကိုပဲ ကျားချောင်းချောင်းစောင့်နေတဲ့ တိုင်းပြည်ဖျက်မယ့်အကောင်တွေအများကြီးရှိနေပါတယ် ။ ဒီတော့ဒီအချိန်အကန့်အသတ်အတွင်းမှာ ဒေါ်စုဟာ တချို.ကိစ္စတွေအတွက်အချိန်
ဖြုန်းခိုင်းလို့မရတော့ပါဘူး ။ ဒေါ်စုအလွန်နိုင်ငံရေးအတွက် ဒေါ်စုအများကြီးကြိုးစားပြင်ဆင်ဖို့လိုနေပါပြီ ။

ဗိုလ်ချုပ်အောင်ဆန်း အချိန်မတိုင်ခင်သေဆုံးခဲ့လို ၊ ကောင်းမွန်တဲ့မူဝါဒတွေမလည်ပတ်ခင်သေဆုံးခဲ့လို့တိုင်းပြည်ပျက်ရတာကို နမူနာယူနိုင်သလို ။

လီကွမ်းယုကောင်းမွန်တဲ့မူဝါဒတွေခိုင်ခိုင်မာမာချနိုင်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားကိုလည်စေခဲ့လို့ စင်္ကာပူအခု လီမရှိဘဲ ရပ်တည်နေနိုင်တယ်ဆိုတာလည်းတချက်နမူနာယူကြပါ ။

အခုလည်း ပြည်သူလူထု မျိုးချစ်စိတ်ထကြွနေတာကိုအခွင့်ကောင်းယူပြီး ကာလုံဥပဒေတွေနဲ့ ဖားကန့်ကို အပျောက်ဖျောက်ဖို့တွေလုပ်နေပြန်ပါပြီ။
မြန်မာနိုင်ငံမှာအမှုအခင်းပေါင်းများစွာ ၊ မတရားမှုများစွာဟာနေရာအနှံမှာဖြစ်ပျက်နေတာပါ ၊ အခုကိစ္စဟာလူသိထင်ကြား ကမ္ဘာအထိပျံ.လို့သာ ဒီလောက်အထိအုံ.ကြွလာတာပါ။ဘယ်သူမှမသိဘဲ တိုင်းတပါးမှာအသက်ခံရ၊မုဒိန်းကျင့်ခံရတာတွေဟာလည်းမရေမတွက်နိုင်ပါ။ပြည်တွင်းမှာရောထိုနည်းတူစွာပါပဲ ။

ဒီလိုအဖြစ်အပျက်တွေဖြစ်ဖြစ်သမျှဒေါ်စုခေါ်နေတာ သိပ်တော့အဓိပ္ပါယ်မရှိလှပါဘူး ။ ဒေါ်စုဟာအဲ့ဒီလိုအဖြစ်ဆိုးတွေမကြုံရအောင်တိုင်းပြည်ကိုအစွမ်းကုန်တည်ဆောက်ဖို့ဘဝတစ်ခုပါရင်းထားပေးတယ်ဆိုတာ မြင်ရင်မေးနေစရာအကြောင်း တောင်မရှိတော့ပါဘူး ။ ဒေါ်စုဘက်ကနေစဉ်းစားကြည့်ရင်ဒေါ်စုအသက်အရွယ်နဲ့ မြန်မာနိုင်ငံဟာ စင်္ကာပူလိုမျိုးနိုင်ငံလိုမျိုးဖြစ်သွားတာမြင်နိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဒီလိုမျိုးမမြင်နိုင်ပေမယ့် အဘိုးအိုနဲ့မင်းသားလို နောက်လာနောက်သားတွေအတွက်သရက်ပင်စိုက်ပေးနေတယ်ဆိုတာကိုတော့ မြင်အောင်ကြည့်တတ်ဖို့လိုပါတယ် ။

နောက်တချက်က အခုကိစ္စမှာ ဒေါ်စုဘာမှတာဝန်မယူနိုင်ဘူး အာဏာထိခိုက်မှာစိုးလို့ဆိုပြီးဖွနေတာတွေကို ရှယ်နေတဲ့၊လာမေးတဲ့ ကျနော်မိတ်ဆွေတွေရှိနေပါတယ် ။ ကျနော်ကတော့ ကိုယ့်အသိဉာဏ်နဲ့ယုံကြည်ချက်ကိုသာ ပြန်စမ်းစစ်စေချင်တော့တာပါပဲ ။ ဒီလောက် အဓိပ္ပါယ်မရှိတာကိုတောင် ယုံမှားသံသယဖြစ်နေသေးတယ်ဆိုရင်တော့ လက်သန်းမှင်တို့ဟာ ယောင်ကန်းကန်းမှင်တို့တာပါပဲ ။ သူများယောင်လို့လိုက်ယောင်တာပဲလို့ ကျနော်ကတော့ပြောပါရစေ ။

တချက်ပဲထပ်ပြောပြချင်ပါတယ် ၊ ဒေါ်စုကိုအသည်းအသန်ကာကွယ်နေတာမဟုတ်သလို ၊ ခြိမ်းခြောက်တာလည်းမဟုတ်ဘူးဆိုတာကို ပြောချင်ပါတယ် ။ ကိုယ့်အသိဉာဏ်နဲ့စဉ်းစားပါ ။

ဒေါ်စုသာ အသက်အရွယ်အပိုင်းအခြားအရ နိုင်ငံရေးသက်တမ်းအတွင်း အမျိုးမျိုးသောမတရားမှု
အကြောင်းကိစ္စတွေကို လိုက်ဖြေရှင်းရင်းအချိန်ကုန်ခဲ့မယ်ဆိုရင် ......

ခိုင်မာတဲ့မူဝါဒတွေမချနိုင်ခဲ့ရင်...
ထိရောက်တဲ့အရေးယူမှုတွေမလုပ်နိုင်ခဲ့ရင်...
မသင့်လျှော်တဲ့အခြေခံဥပဒေတွေမပြင်ဆင်နိုင်ခဲ့ရင်.
နေရာမမှန်တဲ့ စစ်သားတွေမထွက်သွားရင်..
ဒီမိုကရေစီနည်းမကျတဲ့ ဥပဒေတွေထပ်ပြဌာန်းခွင့် ရခဲ့ရင်...
ဒေါ်စုအလွန်နိုင်ငံရေးအတွက် သေချာတဲ့လေ့ကျင့်ပျိုးထောင်မှုမရှိခဲ့ရင်

အဲ့ဒီဟာတွေသာ ဒေါ်စုမကိုင်တွယ်နိုင်ရင်တော့ တတိုင်းပြည်လုံး ခွေးထပ်ဖြစ်ပါမယ် ။

ဒေါ်စုရဲ့အစိုးရသက်တမ်းအတွင်းရော ၊ သက်တမ်း အလွန်မှာ

ဝင်းနဲ့ဇော်တွေအများကြီးပေါ်လာမယ်၊
ဒေါ်ခင်ဝင်းနဲ့ကိုပါကြီးတွေအများကြီး ပေါ်လာမယ်။
ကျောင်းသားတွေကိုအကြမ်းဖက်မှုတွေ
ကချင်ကဆရာမတွေကို မုဒိန်းကျင့်တာမျိုးတွေ
တိုင်းတပါးမှာဒုက္ခရောက်ရမယ့်မြန်မာတွေ
ဖားကန့်လို့သံယံဇာတဆုံးရှုံးတာတွေ
ခရိုနီနဲ့အာဏာရှင်တွေလက်ဝါးကြီးအုပ်တာတွေဟာ

မရေမတွက်နိုင်အောင်ဖြစ်လာပါလိမ့်မယ်ခမျာ ။
အနာဂါတ်ကိုနည်းနည်းမျှော်တွေးပေးကြပါ ။
ဝင်းနဲ့ဇော်ပြဿနာဟာ လတ်တလော
အရေးကြီးတဲ့ပြဿနာဖြစ်နေပြီး ဘယ်သူကမှဒါဟာအမှန်တရားပါလို့ ဘယ်ဖက်ကမှ
မပြောနိုင်အောင်ငြင်းနိုင်နေတဲ့ အခြေအနေမှာ ဒေါ်စုကိုအတင်းဇွတ်လုပ်ခိုင်းနေတာဖြစ်သင့်မဖြစ်သင့်စဉ်းစားကြပါ ။ ပါတီကလည်းဥပဒေဘောင်အတွင်းကနေလုပ်ပေးသင့်တာလုပ်ပေးမယ်လို့ တရားဝင်ကြေညာထားပြီးပါပြီဗျာ ။

ကျနော်မြန်မာနိုင်ငံသားတယောက်အနေနဲ့ ဒီအဖြစ်အပျက်တွေကိုရင်နာရပါတယ် ။ သို့သော်လွတ်လပ်စွာသဘောထားကွဲလွဲခွင့်အရ ဒေါ်စုကို ဘောင်အပြင်ပကနေ ဟိုဟာတောင်းဆိုခိုင်းတာ၊ဟိုဟာပြောခိုင်းဒီဟာပြောခိုင်းဆိုတာမျိုးကတော့ ကျနော်အနေနဲ့ သဘောမတူပါဘူး ။

ဒေါ်စုကလည်း ကင်ဆာရောဂါဖြစ်နေတဲ့လူနာကို ပါရာစီတမော့တိုက်ပြီး ပျောက်မယ်လို့အာမခံမယ့်ခေါင်းဆောင်အမျိုးမစားမဟုတ်ဘူးဆိုတာရယ် ၊ အဲ့ဒီလိုခေါင်းဆောင်မျိုးမဟုတ်လို့လည်း ကျနော်ကရဲရဲဝံ့ဝံ့ထောက်ခံနေရကြောင်းပါခမျာ ။

အလင်းရောင်

ပုံ=အင်တာနက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။