Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။
✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩
8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်
Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်
Saturday, December 26, 2015
+++++++++++++++++++++++
ဒါကို ရမ်းသမ်းပြောတာမဟုတ်ပါဘူး။ ပင်စီဗေးနီးယားတက္ကသိုလ်ဟာ လေ့လာမှုတစ်ခုကို နှစ်နဲ့ချီလုပ်ပြီးတဲ့နောက် ယောကျာ်းတွေဟာ ဘာတစ်ခုမှ မစဉ်းစားဘဲ အသက်ရှုနေနိုင်တဲ့ အစွမ်းရှိတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။
စုပြည့်စုံ
ယောကျာ်းတို့အကြောင်း၊ မိန်းမတို့အကြောင်း
+++++++++++++++++++++++
မိန်းမတွေဟာ ယောကျာ်းတွေထက် ပိုပြီးနားလည်ရခက်ပါတယ်။ ယောကျာ်းတွေကတော့ သိပ်ကိုရိုးစင်းကြပါတယ်။ ဘာကြောင့်လဲသိလား။ ဘာကြောင့်လဲဆိုတော့ ဦးနှောက်တည်ဆောက်ပုံ လုံးဝမတူကြလို့ပါပဲ။ ယောကျာ်းတွေ ဘောလုံးပွဲကြည့်နေချိန်မှာ ဦးနှောက်ထဲမှာ အကန့်ငယ်လေးတွေရှိနေတယ်ဆိုတာ မိန်းမအများစု နားမလည်ကြပါဘူး။ ယောကျာ်းတွေမှာ အရာရာတိုင်းအတွက် အကန့်ငယ်လေးတွေ ရှိတယ်။ ကားအတွက် အကန့်ရှိတယ်။ ပိုက်ဆံအတွက် အကန့်ရှိတယ်။ အလုပ်အကန့်ရှိတယ်။ မိန်းမအကန့်ရှိတယ်။ ကလေးတွေအတွက် အကန့်ရှိတယ်။ ယောက္ခမအတွက် အကန့်ကိုလည်း ဦးနှောက်ရဲ့အောက်ဖက် တစ်နေရာရာမှာ သိမ်းထားလိမ့်မယ်။
ယောကျာ်းတွေအတွက် နေရာတိုင်းမှာ အကန့်တွေရှိတယ်။ နောက်ပြီး အကန့်တွေဟာ သီးသန့်ရှိတယ်။ မရောဘူး။ ယောကျာ်းတစ်ယောက် ကိစ္စတစ်ခုအကြောင်း ဆွေးနွေးတယ်ဆိုပါစို့။ သူက အဲဒါနဲ့ပတ်သက်တဲ့ အကန့်ကို ဖွင့်မယ်။ အဲသည်အကန့်ထဲမှာ ရှိနေတဲ့ အကြောင်းအရာကိုပဲ သီးသန့်ဆွေးနွေးမယ်။ ပြီးသွားရင် အကန့်ကို ပြန်ပိတ်မယ်။ တခြားအကန့်တွေနဲ့ မရောရအောင် ဂရုတစိုက် ပြန်သိမး်ထားလိုက်မယ်။
မိန်းမတွေရဲ့ ဦးနှောက်ကတော့ ယောကျာ်းတွေနဲ့ တော်တော်ကွာပါတယ်။ မိန်းမဦးနှောက်က ဝါယာကြိုးထုံးကြီးတစ်ခုနဲ့ ဖွဲ့စည်းထားတာပါ။ အရာတိုင်းဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတယ်။ ပိုက်ဆံက ကားနဲ့ ဆက်စပ်နေတယ်၊ ကားက အလုပ်နဲ့ ဆက်စပ်နေတယ်။ ကလေးတွေက ယောက်ျားရဲ့အမေနဲ့ဆက်စပ်နေတယ်။ အရာရာတိုင်းက အင်တာနက်အမြန်လမ်းကြီးလို တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။ အဲဒီလမ်းကြောင်းကြီး အလုပ်လုပ်ဖို့အတွက် စွမ်းအင်လိုအပ်ပြီး အဲသည်စွမ်းအင်ကို ခံစားမှုလို့ ခေါ်ကြတယ်။ အဲဒါကြောင့် အမျိုးသမီးတွေက အရာအားလုံးကို မှတ်မိသလို ဖြစ်နေတာပါ။
ဘာဖြစ်လို့လဲဆိုတော့ ဖြစ်ရပ်တစ်ခု ဖြစ်တဲ့အခါ အဲဒါကို စိတ်ခံစားမှုနဲ့တွဲလိုက်ရင် မှတ်ဉာဏ်ထဲမှာ စွဲနေပြီး အဲဒီဖြစ်ရပ်ကို လုံးဝမမေ့တော့ပါဘူး။ ယောကျာ်းတွေမှာလည်း သည်လိုတော့ ဖြစ်တတ်ပါတယ်။ ခဏခဏတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ယောကျာ်းတွေက သိပ်ဂရုမစိုက်လို့ပါ။ မိန်းမတွေကတော့ အားလုံးကို ဂရုစိုက်ကြပါတယ်။ နောက်ပြီး အဲဒီလိုဂရုစိုက်မှတ်သားရတာကိုလည်း ပျော်ကြပါတယ်။
ယောကျာ်းတွေမှာ မိန်းမအများစုမသိတဲ့ အကန့်တစ်ခုရှိပါတယ်။ အဲဒီအကန့်မှာ ဘာမှ မရှိပါဘူး။ အဲဒါကို ဗလာအကန့်လို့ ခေါ်ရမှာပါ။ ဦးနှောက်ထဲက အကန့်တွေထဲမှာ ယောကျာ်းတွေက အဲသည် ဗလာအကန့်ကို အကြိုက်ဆုံးပါပဲ။ ယောကျာ်းတစ်ယောက်ဟာ အခွင့်သာတာနဲ့ ဗလာအကန့်ကို ဖွင့်တတ်ပါတယ်။ အဲဒါကြောင့် ယောကျာ်းတစ်ယောက်ဟာ ဦးနှောက်ကို ဘာအလုပ်မှမလုပ်ဘဲ နာရီပေါင်းများစွာထားနိုင်တာပေါ့။ ငါးမျှားတာကိုကြည့်လေ။
ဒါကို ရမး်သမ်းပြောတာမဟုတ်ပါဘူး။ ပင်စီဗေးနီးယားတက္ကသိုလ်ဟာ လေ့လာမှုတစ်ခုကို နှစ်နဲ့ချီလုပ်ပြီးတဲ့နောက် ယောကျာ်းတွေဟာ ဘာတစ်ခုမှ မစဉ်းစားဘဲ အသက်ရှုနေနိုင်တဲ့ အစွမး်ရှိတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။
မိန်းမတွေက အဲဒီလိုမလုပ်နိုင်ပါဘူး။ မိန်းမတွေရဲ့ ဦးနှောက်က ဘယ်တော့မှ မနားဘူး။ သည်တော့ ဗလာအကန့်အကြောင်း သူတို့လုံးဝနားမလည်ကြပါဘူး။ ဘာလုပ်နေတာလဲလို့ ယောကျာ်းကို မေးတဲ့အခါ ဘာမှမလုပ်ပါဘူးလို့ ဖြေရင် မိန်းမတွေ သိပ်စိတ်ဆိုးကြပါတယ်။ ဘာမှမလုပ်ပါဘူးဆိုတာ မဖြစ်နိုင်ဘူး။ တစ်ခုခုတော့ လုပ်နေရမယ်လို့ ထင်ပြီး ဒေါသထွက်လာတယ်။ ယောကျာ်းမှာလည်း ဖြေစရာမရှိ၊ ဘာမှမလုပ်ပါဘူးလို့ပဲ ထပ်ပြောတယ်။ နောက်ဆုံးတော့ နောင်ဂျိန်ပလေးတဲ့အဆင့် ရောက်ကုန်ကြတာပါပဲ။
ကဲ..ဒီတော့ အမျိုးကောင်းသားတို့ရေ။ ဗလာအကန့်ကို ဖွင့်တဲ့အခါ သတိတော့ ထားကြပါနော်။ မမများကလည်း သူတို့ ဘာမှမလုပ်ဘူးလို့ ပြောတဲ့အခါ နားမလည်ရင်တောင် အသာလေး ငြိမ်နေကြပါလို့။
(အမေရိကန် အိမ်ထောင်ရေးနဲ့ မိသားစုလမ်းညွှန်ရေးရာ ဟောပြောသူ မာ့ခ် ဂန်ဂါရဲ့ ထင်ရှားတဲ့ ဟောပြောမှုတစ်ခုကို ပြန်ဆိုပါတယ်။)
စုပြည့်စုံ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။