YoYarLay
ဒဏ်ရာရခဲ့သည့် ပရိသတ်များအတွက် ဘက်ခမ်း ဆုတောင်းပေး
သူ့ကိုလာကြိုကြရင်းနဲ့ ဒဏ်ရာရခဲ့တဲ့ ပရိသတ်တွေသက်သာစေကြောင်း
ဖေ့ဘွတ်စာမျက်နှာကနေ ဘက်ခမ်းကဆုတောင်းပေးခဲ့ပါတယ်။ တရုတ်စူပါလိဂ်ရဲ့ ဘောလုံးသံတမန်လည်းဖြစ်၊ တရုတ်လူငယ် ဖွံဖြိုးရေး သံတမန်လည်းဖြစ်တဲ့ ဘက်ခမ်း တရုတ်ပြည်ကို ဒုတိယအခေါက် လာရောက်ခဲ့ရာမှာ ပရိသတ်တွေ ကြိတ်ကြိတ်တိုးစည်ကားခဲ့ပြီး အချင်းချင်း ထိမိ၊ ခိုက်မိ၊ ပိမိတာကြောင့် လူတစ်ချို့ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ဘက်ခမ်းဟာ သူ့ရဲ့မန်ယူဂျာစီကို တရုတ်ပြည်မှာ လှူဒါန်းခဲ့သလို ရန်ပုံငွေမြှင့်တင်ရေးအတွက် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရှန်ဟိုင်းတောင်ဂျီ တက္ကသိုလ်အသင်းနဲ့ တွေ့ဖို့လုပ်ထားတဲ့ သူ့အစီအစဉ်ကတော့ ဧရာမလူအုပ်ကြီးကြောင့် မဖြစ်မြောက်ခဲ့ပါဘူး။ သူ့ကို အံ...မခန်းကြိုဆိုကြတဲ့ ပရိသတ်တွေနဲ့ ပတ်သက်လို့ ဘက်ခမ်းက “ ရှန်ဟိုင်းတောင်ဂျီ တက္ကသိုလ်ကို ကျွန်တော်ရောက်တဲ့ အခါ လူတိုင်းဆီကနေ မယုံနိုင်စရာ ကြိုဆိုမှုတွေရခဲ့ပါတယ်။

ဒါပေမဲ့ အဆမတန် များလွန်းတဲ့ လူအုပ်ကြီးကြောင့် တက္ကသိုလ် ဘောလုံးအသင်းကို မတွေ့ဆုံနိုင်ခဲ့တာကိုတော့ စိတ်မကောင်းပါဘူး။ လူတချို့ ဒဏ်ရာရခဲ့တယ်လို့ သတင်းကြားသပြီး သူတို့မြန်မြန်ဆန်ဆန် ပြန်ကောင်းဖို့နဲ့ အဆင်ပြေစေဖို့ ကျွန်တော် ဆုတောင်းပါတယ်”ဟု၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားဖော်ပြထား
သည်။
http://yoyarlay.com/sport/football/36234-2013-06-20-17-41-56

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။