YoYarLay
Dennis လည်း ကွန်ပြူတာ ဆရာတစ်ဆူပါ
စတိဂျော့ကွယ်လွန်တဲ့အချိန်ကာလက အော်တိုဘာလ ၅ ရက်၊ ၂၀၁၁ ခုနှစ်၊ နောက်တစ်ဦး ဖြစ်တဲ့ Dennis Ritchie ကတော့ အောက်တိုဘာ လ ၁၂ ရက်၊ ၂၀၁၁ ခုနှစ် မှာ ကွယ်လွန်ပါတယ်။
သို့ပေမယ့် လူအများ သိထားမိလိုက်တာကတော့ Apple တည်ထောင် သူ စတိဗ်ဂျော့ကိုပဲ ဖြစ်ပြီး မီဒီယာများကလည်း အလေးပေး ဖော်ပြ ပါတယ်။ ဒီတော့ Dennis Ritchie ရဲ့  ကွယ်လွန်မှုကို သိရှိ၊အလေးထား သူ နည်းသွားပါတယ်။
စတိဗ်ဂျော့သာ မရှိခဲ့ရင် Apple ရဲ့  iPhone, iPod, iMac , iOS နဲ့ အခြားသော နာမည်ကြီး Apple ပစ္စည်းများ ဖြစ်လာဖို့ မသေချာပါဘူး။
...

Dennis Ritchie သာ မရှိခဲ့ဘူးဆိုရင်တော့
• No Windows.
• No Unix.
• No C.
• No Programs.
...
တကယ်ပါ။ C programming တီထွင်သူက Dennis ဖြစ်ပါတယ်။ Unix Operating System ကလည်း သူ့လက်ရာပါပဲ။ သူသာ မဖန်တီးဘူး ဆိုရင် Computing World ဟာ အတော်လေး ခေတ်နောက်ကျနေ အုံးမှာပါ။ Generic-text Languages ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။ Language အားလုံးကို Binary နဲ့ပဲ ဖတ်ရမယ့် အနေအထား အထိတောင် ဖြစ်နိုင်တယ်လို့ ပြောဆိုကြပါတယ်။
ဒီတော့ Dennis Ritchie ရဲ့  တီထွင်ဖန်တီးမှုကို လေးစား၊ အသိအမှတ် ပြုတဲ့အနေနဲ့ ဒီ Post လေးကို Share နိုင်ပါတယ်။
--
Ref: wiki
ရိုးရာလေး နည်းပညာ
--
http://www.yoyarlay.com/science-tech/computer/36337-dennis-is-a-computer-professional

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။