Shwe Eaim Si
ထမင်း အလွန်မြိန်စေမည့် ဟင်းတစ်ခွက် ကရင်ငပိချက်....
==============================
ခုချိန်မှာ ရာသီဥတုကလည်း ပူပြင်းလှ တာကြောင့် စားသမျှ ခံတွင်းမတွေ့သည့် မိတ်ဆွေ တွေ အတွက်
ဆန်နှစ်ဗူးချက်လောက် ကုန်သွာလောက်အောင် ထမင်းမြိန်စေမည့် ဟင်းတစ်ခွက်နဲ့ မိတ်ဆက်ပေးပါရစေ...

ကျွန်တော် တို့ ကျေးလက်တော ရွာနေ ကရင်လူမျိုးတွေ ရဲ့ ထမင်းဝိုင်းမှာ မပါမဖြစ် ကရင်ငပိချက်ပဲ ဖြစ်ပါတယ်.... လိုအပ်တဲ့ အရာတွေ ကတော့
- ငါးငပိရည်ကျိုကောင်းကောင်း ၁၀ သား
- ငါးခူ (သို့) ငါးရံ့ (သို့) ငါပြေမ အရွယ်တော် ၂ ကောင်
- ငရုတ်သီးစိမ်း အနည်းငယ်
- ကြက်သွန်ဖြူ အနည်းငယ်
-ငရုတ်သီး အကျက်မှုန့် အနည်းငယ်
-ဆီအနည်းငယ်
-ဟင်းချို မှုန့် အနည်းငယ် ..... တို့လိုအပ်ပါတယ်.....
ရှေးဦ. စွာ ငါပိရေကျိုကို ရေအနည်းငယ် ထည့်ပြီး မိနစ် 20 ခန့် ကျိုချက်ရပါမည်...... ထို့နောက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ကို ညက်အောင် ထောင်းပြီး ဆီအနည်းနှင့် ဆီသတ်ပါမည်။ ထို့နောက် ရေစင်အောင်ဆေးထားသော ငါးများကို ထည့်ပြီး မိနစ် အနည်းငယ်ခန့် ဆီနှင့် လှိမ့်ပေးပါမည်.... ထို့နောက် ကျိုချက်ထားသာ ငါးပိရည်ကျိုများကို အရိုးများစစ်ပြီး ဆီသတ်ထားသော ငါးအိုးအတွင်းသို့ လောင်းထည့်လိုက်ရပါမည်........ ထို့နောက် သင့်တင့် သည့် မိနစ်အနည်း ငယ် အထိ ဟင်းအိုးကို ဆူပွတ်အောင် ထားရပါမည်......
ထို့နောက် သင့်ပျံသောရနံ့ နှင့် ချက်ချင်းထမင်းဆာလောက်အောင် ဆွဲဆောင်ပေးနိုင်သည့် ကရင်ငပိချက်တစ်ခွက်ကို ရရှိပါမည်........ အစပ်များများကြိုက်သူများအတွက် ငရုတ်သီး အကျက်မှုန့်ကို လိုအပ်သလို ဖြူးကာ ကြိုက်နှစ်သက်သည့် တို့စရာ တို့ဖြင့်ထမင်းမြိန်စွာ သုံးဆောင်နိုင်ပြီဖြစ်ပါသည်....။
(သီချင်းနှင့် စာတမ်းထိုးသည်............. စား...စား....စားကြမယ်ဟေ့ မကောင်းတကောင်း...... စား...စား..စားကြမယ်ဟေ့မကောင်းတကောင်း@#@%$%^^5467))
စီစဉ်သူ
သိလာင်္စိုး၏ မောင် အိမ်သာကျိုး
ထမင်းမြိန်ကြပါစေ
ရှိုင်းဆီဇာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။