Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 24, 2013

"ဂီတနှင့်စွယ်စုံ အနုပညာရှင် ဝင်းဦး"

 
"ဂီတနှင့်စွယ်စုံ အနုပညာရှင် ဝင်းဦး"

သက်တမ်း ၉၃နှစ်ကျော်လာခဲ့ ပြီဖြစ်သော မြန်မာ့ရုပ်ရှင်သည် ကွယ်အတိတ်နှောင်းက အရိပ် ဟောင်းသဖွယ် ကွယ်ပျောက်သွားနိုင် သည်။ မြန်မာ့ရုပ်ရှင်သမိုင်းစဉ်၊ ငွေရတုကာလ (၁၉၂ဝ-၁၉၄၅)စာ အုပ်တွင်ဆရာကြီး ဒဂုန်ဦးမြင့်စိုးက"ဇာတိပုည၊ဂုဏ်မာနဖြင့်၊ သံပဟုန်း စုန်း၊ဘက်မဲ့ကြုံးသား၊ ဝင့်ကြွားတက် ကြွ စွာထက်မြက်လှုပ်ရှားနိုင်ခဲ့သည့်မြန်မာရုပ်ရှင်၏ စည်းရုံးမှုစွမ်းအား ကို ပျက်သုဉ်းမသွားစေလိုကြ" ဟု ရုပ်ရှင်လောကကြီး ပျက်သုဉ်းမသွားစေလိုကြောင်း ဖော်ပြထားသည်။


မြန်မာရုပ်ရှင်သည် အတိတ်ကာလမှ ပစ္စုပ္ပန်ကာလတိုင်အောင် အမျိုး သားရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ တိုးတက်ဖွံ့ဖြိုးရေးစသည့် အခန်းကဏ္ဍများတွင် အုတ်တစ်ချပ်၊ သဲ တစ်ပွင့်အနေဖြင့်ပါဝင်ခဲ့သည်။
ရုပ် ရှင်လောကတွင် စွယ်စုံရအနု ပညာ ရှင်များစွာ ပေါ်ထွန်းခဲ့ရာ ရွှေရတု ကာလတွင် စာရေးဆရာ၊ သရုပ် ဆောင်၊ ဒါရိုက်တာ၊တေးသံရှင်၊ စန္ဒာရုပ်ရှင်ကုမ္ပဏီ၊ စန္ဒာမဂ္ဂဇင်း ထုတ်ဝေသည့် စန္ဒာပုံနှိပ်တိုက်ပိုင် ရှင်ထပ်ဆင့်အကယ်ဒမီဝင်းဦး လည်း အပါအဝင်ဖြစ်သည်။

ဇာတ်ကား ပေါင်းများစွာတွင် သရုပ်ဆောင်ခဲ့ ပြီး၊ တေးသီချင်းသီဆိုရာတွင် လည်း ပါရမီရှိသူတစ်ဦးဖြစ်ခဲ့သည်။

ပထမဦးဆုံး"နှစ်ယောက်တည်း နေချင်တယ်" ရုပ်ရှင်ဇာတ်ကားတွင် ခေတ်လူငယ်အကြိုက် "မီးပုံပွဲ"သီ ချင်းကို သီဆိုခဲ့ ရာ ပရိ သတ် တစ် ခဲနက် အားပေး မှုကို ရရှိခဲ့သည် အဲလ်ဗစ်
ပရက်စလေဆန်သည့် ဝတ် စားဆင်ယင်မှုတို့ဖြင့် အနောက်တိုင်းသံစဉ်ပါ သီချင်းများ ကိုသီဆိုခဲ့သော်လည်းခေတ် လူငယ်အကြိုက် ရောင်းတမ်းဂီတသာဖြစ်ခဲ့သည်။

တကယ်တမ်းနှလုံးသားဂီတ ဖြစ်သည့်မြန်မာသံစဉ်ဂီတကိုသာ နှစ်ခြိုက်ခဲ့သူတစ်ဦးလည်း ဖြစ် သည်။ ရှေးဟောင်းကာလပေါ် သီချင်းများကို သီဆိုခဲ့သည့် ဦးစိန်ကတုံး၊ဂရိတ်ဦးဘိုးစိန်တို့၏ သီချင်းများကိုတလေးတစားသီဆိုခဲ့ပြီး ဆိုင်း ဘမောင်၊ဆိုင်းဦးဟန်ပ၊ စောင်းဦးဘ သန်းတို့ထံမှ သီချင်းကြီး၊ သီချင်းခံ များကိုသင်ယူခဲ့သည်။ စာရေး ဆရာ များဖြစ်ကြသည့်လှည်း တန်းဦးလူ ကလေး၊ ဆရာထာ၊ နန်းတော်ရှေ့ ဆရာတင်၊ ရွှေတိုင်ညွန့်၊ မြို့မငြိမ်း၊ ရွှေပြည်အေးတို့မှသည် ဗိုလ်ကလေး တင့်အောင်အလယ်၊ ကိုထူးအောင်၊ စန္ဒရားလေးလှိုင်တို့အထိ ရေးစပ်ခဲ့ သော တေးသီချင်းများကို သီဆိုခဲ့ သည်။

တူရိယာသံစုံတီးဝိုင်း များ ဖြစ်ကြသည့် ရွှေပြည်အေး၊ အေဝမ်း ခင်မောင်၊စိန်လှမြိုင်၊စိန်ဗိုလ်တင့်မှ စ၍ဂျူအယ်လင်တန်၊ကောင့်ဘေစီ တို့၏ အမေရိကန်သံစုံတီးဝိုင်းများ အထိတွဲဖက်သီဆိုခဲ့သည်။ မြို့မ တူ
ရိယာအဖွဲ့နှင့်ပေါင်းစည်း၍ မန္တလေး သင်္ကြန်ပွဲတော်ကို ၁၁နှစ်တိုင် မြို့မ အဖွဲ့၏ တေးသီချင်းများကို သီဆိုခဲ့ သည်။ ၁၉၆၇ခုနှစ် မန္တလေးမြို့မတူ ရိယာအဖွဲ့နှင့် ဂီတပဒေသာကပွဲ တွင် အတွဲညီခဲ့သောတေသံရှင်ဝင်းဦး သည် ဆရာမြို့မငြိမ်းအပါအဝင်မြို့မအဖွဲ့မှ သီချင်းရေးဆရာများ၏သီ ချင်းများကိုသီဆိုကာအသံ လွှင့် ခဲ့သည်။
ထိုအပြင် Long Playဓာတ် ပြားသွင်း ၍ ပြန်ဆိုခဲ့သည်။

မြန်မာ့ ဂီတကို နှစ် သက်သည့် အနုပညာရှင် ဝင်းဦးသည် ဂီတနှင့် ပတ် သက်လာလျှင် တံခါးဖွင့်ဝါဒကို ကျင့်သုံးပြီး ဓာတ်ပြားတေး၊ ရုပ်ရှင်နောက်ခံတေး၊ တေး စီးရီးတို့တွင် မေတ္တာဖြင့် သီဆိုပေးခဲ့သည်။ တေးသီချင်းသီဆိုရာတွင် ထုတ်လုပ်သူ များ ချီးမြှင့်သည့် အနုပညာဥာဏ်ပူဇော်ခကို ဂီတပညာရှင်ကို ခံစားခွင့် အမြဲပေးလေ့ရှိသည်။ ဂီတမှရရှိ သော အနုပညာဥာဏ်ပူဇော်ခံကို လုံးဝ မယူဟု ခံယူထားသူတစ်ဦး လည်း ဖြစ်သည်။

၁၉၈၅ခုနှစ်၊ မတ်လ ၁၃ရက်နေ့၊ ကန်တော်ကြီးဟိုတယ်တွင် ကျင်းပ သော စွယ်စုံရအနုပညာရှင်ဝင်းဦး၏ နှစ်ငါးဆယ် ရွှေရတု မွေးနေ့ပွဲတွင် ဖခင်ဖြစ်သူ ခေတ်ဟောင်းအဆို တော်ကြီး ချစ်ဒုက္ခ ဦးဘညွန့်နှင့်တွဲ ဖက်၍ ချစ်ဒုက္ခ၊ ဆုထူးရွယ်၊ မှုန်ရွှေ ရည်သီချင်းတို့ကို အမှတ်တရသီဆို ပြီး ရွှေရတုမွေးနေ့အခမ်းအနားကို လည်းဗီဒီယိုဖြင့်မှတ်တမ်းတင်ခဲ့သည်။

စွယ်စုံရ အနုပညာရှင် ဝင်းဦး ၏ ဖခင် ဦးဘညွန့်သည် တယော တူရိယာ ပညာရှင်တစ်ဦးဖြစ်ပြီး အေ ဝမ်းရုပ်ရှင်ကုမ္ပဏီမှ ထုတ်လုပ်သော သဘင်ဝန်ဓာတ်ပြားများတွင် တေး ရေးတက္ကသိုလ်ဖေစန်းရေးသားသည့် "ဆုထူးရွယ်"သီချင်း၊ တေးရေးပြည် သန်းနွယ်ရေးသားသည့် "ချစ်ဒုက္ခ"သီချင်းတို့ကို သီဆိုခဲ့ရာ အောင်မြင် သည့် ဓာတ်ပြားတေးသံရှင်တစ်ဦး လည်းဖြစ်ခဲ့သည်။

၂၁ရာစုမြန်မာ့စာပေသမိုင်း၊ မြန်မာရုပ်ရှင်သမိုင်း၊ မြန်မာတေးဂီ တသမိုင်းတွင် မော်ကွန်းတင်လျက်ရှိ သူ၊ တေးသီချင်းပုဒ်ရေ တစ်ထောင် ကျော်ကို သီဆိုခဲ့သူ စွယ်စုံရ အနု
ပညာရှင်ဝင်းဦးသည် ၁၉၈၈ခုနှစ် ဒီဇင်ဘာ ၁၄ရက်နေ့ နံနက် ၁နာရီ ၁ဝမိနစ်တွင် ကွယ်လွန်သွားခဲ့သည်။

ကြယ်စင်သစ်

(စာကိုး-မြန်မာ့ရုပ်ရှင်ငွေကြယ်ပွင့်တို့ ရုပ်ပုံလွှာ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။