Royal Hero Media
ဒါလားဟေ့ living together
အစ်ကို မောင်မောင်ရေ အစ်မသန်းထွေးကြူကတွေ့ ချင်လို့ အိမ်ကိုလာခဲ့ပါတဲ့ သန်းထွေးကြူ ရဲ့ မောင်ဖြစ်သူ ကျော်ကျော် က ကျောင်းသွားရင်း ကျွန်တော့်ကို ၀င်ပြော သွားသည်။
သန်းထွေးကြူ နိုင်ငံခြားမှာ အလုပ်သွားလုပ်တာ ၃ နှစ်နီးပါးကြာပြီးနောက် နေမကေင်းသဖြင့် ပြန်လာသည် ကိုတော့ ကြားသည်။
တခေါက်မှ မရောက်ဖြစ်သေး ။ ခုတော့ သူကိုယ်တိုင် ခေါ်ခိုင်းနေပြီမို့  ညနေဖက် အိမ်မှ ထွက်ခဲ့သည်။ အိမ်ရှေ့ တွင်သန်းထွေးကြူရဲ့ ညီမငယ်လေး စုစု ကစားနေ သည်။
ကျွန်တော် အိမ်အပေါ်ထပ်သို့ တန်းတက်ခဲ့သည်။ သန်းထွေးကြူ ကခြေသံကြားသဖြင့် ခေါင်းထောင် ကြည့်သည်။ ကျွန်တော် အနားရောက်သွား သည်နှင့် ။
အကိုမောင်မောင် ကတော့ ငါ့ညီမလေး ဘယ်လိုဖြစ်နေ သလဲလို့  သတင်းတောင် လာမေး ဖေါ်မရဘူး။ ခေါ်ခိုင်းမှပဲ ပေါ်လာတော့ တယ်နော်။
မဟုတ်ပါဘူး သန်းထွေးကြူရယ် အကိုလည်း ဒီရက်မှာ အလုပ်နဲနဲ များနေလို့ မလာဖြစ် သေးတာပါ။ သန်းထွေးကြူ ပြန်ရောက်တာ အကိုကြားပါတယ်။
သန်းထွေးကြူကို ကြည့်ရတာ အသားအရေ ဖြုဖတ်ဖြုရော် နှင့်တော်တော်လဲ ပိန်သွားသည်။ ဟိုတုံးက သန်းထွေးကြူ နှင့်လုံးဝမတူတော့။
သန်းထွေးကြူ နှင့်ကျွန်တော်က ၄ နှစ်ကွာသည် ။ ငယ်ငယ်ကတည်းက အိမ်နီးချင်း နေလာသည်မို့ မောင်နှမ အရင်းကဲ့သို့ သံယောဇဉ် ရှိသည်။
တခုတော့ရှိသည် သန်းထွေးကြူ က ဘယ်တော့မှ ကျွန်တော့်ကို အကိုဟု မခေါ်။ ကျွန်တော့် နာမည်ပါ တွဲခေါ်သည်။
သူ့ ကိုယ်သူတော့ သန်းထွေးကြူ ကညီိမလေးက ဟုပြောတတ်သည်။
တနေ့ တွင် သန်းထွေးကြူ က ကျွန်တော့်အား။
အကိုမောင်မောင် ပြောစရာရှိလို့ 
ပြောလေညီမလေး ဘာပြောမလို့ လဲ
အစ်မ၀မ်းကွဲ မမသက်ကို သိတယ် မဟုတ်လား
အင်းသိတယ်လေ သူက နိုင်ငံခြားမှာ မဟုတ်လား
ဟုတ်တယ် သူခေါ်လို သန်းထွေးကြူ အဲဒီကို လိုက်သွားပြီး အလုပ်သွား လုပ်မလို့ 
ဖြစ်ပါ့မလား သန်းထွေးကြူရယ် ခုချိန်ထိ ကျောင်းတက်တာက လွဲပြီး ဘာအလုပ်မှ မလုပ်ဘူးတဲ့ သူက နိုင်ငံခြားမှာတောင် အလုပ်သွား
လုပ်မယ်ဆိုတော့ ။
ဖြစ်ပါတယ် အကိုမောင်မောင်ကလဲ ဒီခောတ်မှာ လူတိုင်းပဲ တော်တော် များများ သွားလုပ်နေကြတာ အထူးအဆန်းမှ မဟုတ်တာ။
သန်းထွေးကြူ ပြောတာ ဟုတ်ပါတယ် ဒါပေမဲ့ ။
ဘာမှဒါပေမဲ့ မနေနဲ့ အကိုမောင်မောင် အဖေက စက်ရုံလုပ်သား အမေက ဈေးထဲမှာ ဈေးရာင်းပြီး သန်းထွေးကြူ တို့ မောင်နှမ ၃ ယောက်ကို လုပ်ကြွေးလာတာ သူတို့ ပင်ပန်းလှပါပြီ ။ဒီတစ်ခါ သန်းထွေးကြူ အလှည့် အောက်မှာ ကလဲ မောင်လေးနဲ့ ညီမလေးကလဲရှိသေးတယ်
သန်းထွေးကြူ ဟိုမှာ ၃ နှစ် လောက် ကျိုးစားပြီး အလုပ်လုပ်မယ် ပိုက်ဆံ စုမယ်။ပြီးရင် ဒီကိုပြန်လာပြီး စီးပွားရေး လုပ်ငန်း လုပ်မယ် မကောင်းဘူးလား။
သန်းထွေးကြူ ပြောစကားက အကြောင်းပြချက် ခိုင်လုံနေသည်မို့  ကျွန်တော် ဘာမှ မပြောသာတော့။
အင်းလေ ညီမလေး ကောင်းမယ် ထင်တာသာ လုပ်ပါတော့ ။ ဒါနဲ့ ကုန်ကျ စရိတ်ကရော။
အဲဒါဘာမှ ပူစရာမလိုဘူး မမ သက်က သူစိုက်ပေးထားမှာ ဟိုရောက်တော့မှ အ လုပ်လုပ်ပြီး ပြန်ဆပ်ရမှာ။
သန်းထွေးကြူ သွားသည့်နေ့  မင်္ဂလာဒုံလေဆိပ်တွင်။
သန်းထွေးကြူ ညီမလေး အကိုတစ်ခုတော့ ပြောချင်တယ်။
တစ်ခုမပြောနဲ့ ဆယ်ခုပြော ။သန်းထွေးကြူ က မျက်စောင်း ထိုးရင်း ပြောသည်။
တကယ်ပြောမလို့ မနောက်နဲ့ ။
ကဲပါ အကိုမောင်မောင်ပြောတာ သန်းထွေးကြူ နားထောင်မယ်။ ပြီးတော့ လိုက်နာပ့ါမယ် ဂတိပေးပါတယ်ရှင်။
အင်း ဒါဆိုလဲပြီးရော ။ညီမလေးဟိုရောက်ရင် အလုပ်ကိုကျိုးကျိုးစားစားလုပ်။ပိုက်ဆံကိုသေသေချာချာစု။
သူငယ်ချင်း ပေါင်းရင်လဲ သတိထားပြီးပေါင်း။ အားရင်စာဖတ် ။ ပြီိးတော့ ဘုရားလဲရှိခိုး။
မိဘတွေကိုလည်း ညတိုင်း ကန်တော့ပြီးမှ အိပ်နော်။
ဟုတ်ကဲ့ပါ အစ်ကိုကြီး ဒါပဲလား ကျန်သေးလား။ သန်းထွေးကြူ ကငေါ့ပြီးမေးသည်
ကျမ္မာရေးလဲဂရုစိုက်နော် ဒါပဲ
သန်းထွေးကြူ အမေကလဲဝင်ပြောသည်။
သမီးအကို ပြောတာတွေကို သေသေချာချာ မှတ်ထားနော်။ ကဲ သမီးသွားတော့ ဟိုမှာ သူများတွေတောင် ၀င်နေပြီ။
သန်းထွေးကြူ က သူ့ အဖေ နှင့် အမေအား ထိုင်ကန်တော့ပြီး ကျွန်တော့်အား။
အကိုမောင်မောင် အဖေနဲ့ အမေကို ဂရုစိုက်ပေးနော်။ မောင်လေးနဲ့ ညီမလေးကို ရောပဲ။
အေးပါ ညီမလေးရယ် ဒါတွေ ဘာမှပူမနေနဲ့ ။ အကို့ တာဝန်ထား ။ အကိုအားလုံး ကူညီမယ်။ ကဲ ညီမလေး သွားတော့။
ီဒီလိုနဲ့ သန်းထွေးကြူ နိုင်ငံခြားသို့ ထွက်သွား တော့သည်။။။
အကိုမောင်မောင် ဘာတွေ စဉ်းစားနေတာလဲ ညီမလေးခေါ်နေတာ ဆယ်ခွန်းလောက် ရှိနေပြီ။
သန်းထွေးကြူ စကားသံကြားမှ ကျွန်တော်လည်း သတိပြန်လည် လာပြီး။
သြော် ဘာမှ မစဉ်းစားပါဘူး ညီမလေးရယ်။
ကျွန်တော်က ပိန်သွယ်နေသော သန်းထွေးကြူ လက်ဖမိုးလေးအား အုပ်ကိုင်ယင်း။
ညီမလေးက ဘာရောဂါ ဖြစ်တာလဲ လိုအပ်ရင် ဆေရုံ တက်လိုက်ပါလား။
သန်းထွေးကြူ က ခေါင်းကို ခါရမ်းယင်း ။
အကိုမောင်မောင် သန်းထွေးကြူ အဖေနဲ့ အမေကို ပြန်မပြောပါဘူးလို့ ဂတိပေး ပါလား။
ဘာတွေ ပြောမှာမို့ လို့ လဲညီမလေးရယ်။
မရဘူး အကိုမောင်မောင် ဂတိအရင် ပေးပြီးမှ ညီမလေးပြောမှာ။
ကဲပါ ညီမလေးရယ် ဂတိပေးပါတယ် ဘယ်သူ့ ကိုမှ မပြောပါဘူး ကဲ ပြောတော့
ဒီလို အကိုမောင်မောင်ရဲ့  သန်းထွေးကြူ အဲဒီကိုရောက်တော့ စားသောက်ဆိုင် တစ်ဆိုင်မှာ စားပွဲထိုး လုပ်ရတယ်။
အားလုံး မိန်းကလေး ၆ ယောက် ရှိတယ်။ အားလုံးကို အုပ်ချုပ်တဲ့ စူပါဗိုက်စာ တရုပ်မလဲ ရှိတယ်။
သန်းထွေးကြူ က ရောက်ခါစ ဆိုတော့ သူတို့ ဆီမှာ ပြောတဲ့ စကား မတတ်သေးတော့ အင်္ဂလိပ်လိုပဲ ပြောရတယ်။
ဒီလိုနဲ့  ၆ လလောက် ကြာလာတော့ စကားလဲ တတ်လာပြီ ။ လုပ်ငန်းလဲ ကျွမ်းကျင်လာပြီ။
ပြီးတော့ ဆိုင်ကို အမြဲလာစားနေကျ ဖေါက်သယ်တွေနဲ့ လဲရင်းနှီးလာပြီ။ သန်းထွေးကြူ က အလုပ်ကို မခိုမကပ်လုပ်တော့
သူဌေးကလည်း သဘောကျတယ်။ လာစားတဲ့ ဖေါက်သယ် တွေကလဲ ခင်ကြတယ်။ သူဌေးက သန်းထွေးကြူ ကိုတဖြည်းဖြည်းန့ဲ လစာတိုးပေးတယ်
ဒီလိုနဲ့ တစ်နှစ်လောက်ကြာတော့ မိုက်ကယ် လို့ ခေါ်တဲ့ အဖြူ တယောက်နဲ့ ခင်မိတယ်။ဆိုင်ကိုလာရင်လဲ တခြားစားပွဲထိုးတွေကိုမခေါ်ပဲ
သန်းထွေးကြူ ကိုပဲခေါ်တယ် ။အဲ ဒီမိုက်ကယ် နဲ့ သူငယ်ချင်းတွေ လာစားရင် စကားကို ယဉ်ယဉ် ကျေးကျေးပြောပြီး ခိုင်းတတ်တယ်။
စားပြီးလို့ ပြန်ရင်လဲ ငွေရှင်းလို့ ပိုတဲ့ပိုက်ဆံဆိုရင် သန်းထွေးကြူ ကို အမြဲပေးတယ်။ ဒီလိုနဲ့ တနေ့  တော့သန်းထွေးကြူ နဲ့ အတုတူ လုပ်တဲ့အစ်မ မငယ် က
သန်းထွေးကြူ နင့်ကို မိုက်ကယ် က ကြိုက်နေတယ် ငါ့ကိုပြောပေးပါလို့ ပြောတယ် နင်ဘယ်လို သဘောရသလဲ။
ဟာ အစ်မကလည်း ဘာဖြစ်လို့ ပြန်ကြိုက်ရမှာလဲ သန်းထွေးကြူ တို့ က ပိုက်ဆံလာရှာတာ အချိန်တန်ရင် အိမ်ပြန်ကြရမှာ။ အပူ မရှာချင်ပါဘူး။
အေးလေ စဉ်းစားပါဦးဟာ အချိန်တွေ ရှိသေးတာပဲ။
မငယ် ကလဲ အားတိုင်း သန်းထွေးကြူ ကို အဲဒီ အကြောင်းပဲ ပြောတယ်။ တနေ့ သန်းထွေးကြူ တို့ ဆိုင်ပိတ်လို့  မြို့ ထဲသွားဖို့ ကားစောင့်နေတုံး
မိုက်ကယ် ကားနဲ့ ရောက်လာပြီး။
မငယ် တို့ ပါလား ဘယ်သွားမလို့ လဲ။
ကျွန်မတို့ မြို့ ထဲသွားလို့ ပါ။
သန်းထွေးကြူ လဲပါတာကိုး လာ ကျွန်တော်လဲ မြို့ ထဲသွားမှာ လိုက်ခဲ့ပါလား။
ရပါတယ် ဘတ်စ်ကားနဲ့ ပဲသွားမယ် ကျေးဇူး တင်ပါတယ်။ သန်းထွေးကြူ ငြင်းလိုက်တယ် ။
မိုက်ကယ် က မငယ် ကိုကြည့်လိုက်ပြီး ။
လာပါ ဘာမှ အားနာနေစရာ မလိုပါဘူး လူရင်းတွေပဲ တစ်ခါတစ်လေ လမ်းကြုံ လို့ ကူညီရတာပါ။
အေးလေ သန်းထွေးကြူ ကလဲ မိုက်ကယ် ကို အားနာစရာကြီး လာပါဟာ။
မငယ် လဲ သူ့ ဘက်ပါသွားပြီမို့  သန်းထွေးကြူ လဲအားနာနာ နဲ့ ပဲ မိုက်ကယ် ကားနဲ့ မြို့ ထဲကို လိုက်ခဲ့ ပါတော့တယ်။
မြို့ ထဲ ရောက်တော့ မိုက်ကယ် ကတစ်ခုခု ကျွေးပါရစေ ဆိုတာနဲ့  ဆိုင်တစ်ဆိုင်မှာ ၀င်စားကြ ပြန်ပါတယ်။
ပြီးတော့မှ မိုက်ကယ် လည်း နှုတ်ဆက်ပြီး ထွက်သွား ပါတော့တယ်။
အဲဒီနောက်ပိုင်း သန်းထွေးကြူ တို့ အပြင်ထွက်တိုင်း မိုက်ကယ် ရောက်ရောက် လာတာ တွေ့ ရတယ်။
ကြည့်ရတာမငယ် နဲ့ မိုက်ကယ် အဆက်အသွယ် ရှိပုံရပါတယ်။
ဒီလိုနဲ့ နှစ်သစ်ကူးမှာ သန်းထွေးကြူ တို့ ဆိုင် ၅ ရက်ပိတ်ပါတယ်။
အဲဒီပိတ်ရက်မှာ မိုက်ကယ် ကသန်းထွေးကြူ နဲ့ မငယ် ကို ဟန်းဖုန်း တစ်လုံးစီ ၀ယ်ပြီး လက်ဆောင် ပေးပါတယ်။
သန်းထွေးကြူ က အတန်တန် ငြင်းပေမဲ့ မငယ် က နှစ်သစ်ကူး လက်ဆောင် ဆိုတာ မငြင်း ကောင်းဘူးဆိုတာနဲ့ ယူလိုက်ရပါတယ်
ဟန်းဖုန်းလဲရရော ညဖက် ဆိုင်သိမ်းပြီးလို့ အိမ်ရောက်တာနဲ့  မိုက်ကယ် ကသန်းထွေးကြူ ဆီ အကြောင်း မရှိအကြာင်းရှာပြီး ဖုန်းဆက် ပါတော့တယ်။
မငယ် ကလည်း ပြောတယ်။
သန်းထွေးကြူ ကလဲ အဖြူ သူဌေး သားက ကိုယ့်ကို ကြိုက်နေတာပဲ ပြန်ကြိုက်ပီး ချူစားပေါ့ ဟ။
ဟာ မငယ် ကလဲ ပြန်ကြိုက်ရုံ ကြိုက်လို့ ရမလား နောက်ပိုင်း မတော် တရော်တွေ ဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲ
့ကျွန်မပဲ စိတ်ဆင်းရဲရမှာ။
သန်းထွေးကြူ ကလဲ အဲဒီအတွက် မပူပါနဲ့ ဟယ် ငါကူညီမှာပေါ့။
အဲဒီအချိန်ကစပြီး သန်းထွေးကြူ လူပေါင်းမှားပြီဆိုတာ သတိ မထားမိခဲ့ပါဘူး။
ဒီလိုနဲ့ သန်းထွေးကြူ နဲ့ မိုက်ကယ် ချစ်သူတွေ ဖြစ်သွားကြတယ် ဆိုပါတော့။
မိုက်ကယ် ကားလေးနဲ့ သန်းထွေးကြူ တို့ သွားလေရာ မငယ် လဲပါတယ် ။သန်းထွေးကြူ ကိုဘာပဲ ၀ယ်ပေးပေး မိုက်ကယ် က မငယ် ကိုလည်း ၀ယ်ပေးတယ်။
မငယ် လဲ ပျော်နေတာပေါ့။ နားနဲ့ မနာ ဖ၀ါးနဲ့ နာပါ အကိုမောင်မောင် ။နောက်ပိုင်း ချစ်သူတို သဘာဝ လွတ် ၂ လပ် ၂တွေ့ ကြတော့
သန်းထွေးကြူ အရမ်းကြောက်တယ် ။ အဲဒီမှာပဲ ဆရာမကြီး မငယ် က ဆေးခန်းတစ်ခုကို ခေါ်သွားပြီး လိုအပ်တဲ့ အကာအကွယ်တွေ အားလုံး
လုပ်ပေးတယ် ။ လတိုင်း လဲ မိုက်ကယ် က လခ နီးပါးပဲ ပိုက်ဆံတွေပေး လိုချင်တာတွေ ၀ယ်ပေးတော့ သန်းထွေးကြူ လဲ မိုက်ကယ် နဲ့ 
နေရတာ ပျော်လာတယ် အကိုမောင်မောင်။
အိမ်ကိုလဲ လတိုင်း ပိုက်ဆံများများပို့ နိုင်တော့ အမေတို့ လဲပျော်နေကြတာပေါ့။
ဒီလိုနဲ့ သန်းထွေးကြူ မိုက်ကယ် နဲ့ တွဲနေတာ တစ်နှစ်လောက်ကြာတော့ ကျမ္မရေး နဲနဲ ချူချာလာတယ်။ အစကတော့ အလုပ်ပင်ပမ်းလို့ 
ဖြစ်တယ်လို့ ပဲ ထင်ထားတာ ။ တစ်ခါ တစ်ခါဆိုရင် ချည့်နဲ့ ပြီး အားကုန် သွားသလိုပဲ မလှုပ်ချင်တော့ဘူး။
သန်းထွေးကြူ အဲဒီလိုဖြစ်တာ နိုင်ငံခြားမှာ အလုပ်လုပ်တာ ၃ နှစ်ထဲကို ၀င်လာတဲ့ အချိန်ပဲ ။ အဲဒီလို သန်းထွေးကြူ နေမကောင်း ဖြစ်စမှာပဲ
မငယ် လဲ မြန်မာပြည်ကို ပြန်သွားတယ်။ မိုက်ကယ် လဲ သန်းထွေးကြူ နေမကောင်း ဖြစ်နေတော့ ပိုက်ဆံတွေလဲပေးတယ် ဂရုလဲစိုက်တယ်။
ဒီလိုနဲ့ သန်းထွေးကြူ နေမကောင်းတာ ကြာလာတော့ မိုက်ကယ် မလာတော့ဘူး။
ဖုန်းခေါ်ရင်လဲ မကိုင်ဘူး နောက်ဆို ဖုန်းကို ပိတ်ထားတော့တယ် ။ နောက်ပိုင်း သန်းထွေးကြူ ချောင်းအရမ်း ဆိုးလာတာနဲ့ 
တီဘီရောဂါ ဖြစ်မှာစိုးလို့ ဆေးခန်းတစ်ခုမှာ သွားပြလိုက်တယ်။ အဲဒီမှာ ဆရာဝန်က သန်းထွေးကြူ ကိုဆေးစစ် တယ်။
အဲဒီလို စစ်လိုက်တဲ့ အချိန်မှာပဲ သန်းထွေးကြူ ဘ၀ဆုံးသွားပြီ ဆိုတာ သိလိုက်ရတယ် အကိုမောင်မောင်။
ဆရာဝန် က အမျိုးသမီး ဆရာဝန် ဆိုတော့ ကောင်းပါတယ်။ သန်းထွေးကြူ ကိုမေးတယ်။
ညီမလေး ဘာအလုပ်လုပ်တာလဲ ။
စားသောက်ဆိုင်မှာ စားပွဲထိုးပါ ။
ယောင်္ကျားရှိသလား ။
လက်မထပ်ရသေးတဲ့ ချစ်သူတော့ရှိပါတယ် ။
အတူတူ နေကြတာလား ။
ဟုတ်ကဲ့ ။ ၂ ရက်ခြား ၃ ရက် ခြားတော့တွေ့ ဖြစ်ကြပါတယ် ။
အဲဒီလူနဲ့ အတူတူနေတာ ဘယ်လောက်ကြာပြီလဲ ။
တစ်နှစ်ခွဲ လောက်ရှိပါပြီ ။
သူ့ ကိုရော ဒီဆေးခန်း ကို ခေါ်လာလို့ ရမလား ။
အဲ့ဒီလိုမေးတော့ သန်းထွေးကြူ မျက်ရည်စို့ လာပြီး
ခေါ်လို့ မရတော့ဘူး ဒေါက်တာ ကျွန်မဆီလဲ မလာတော့ဘူး ။ ဖုန်းခေါ်ရင်လဲ ပိတ်ထားတယ်။
အင်း စိတ်မကောင်းပါဘူး ညီမလေးရယ် သေခြာပါပြီ ဒီရောဂါ အဲ ဒီလူဆီက ကူးတာပဲ ဖြစ်မယ်။
ကျွန်မ ဘာဖြစ်တာလဲ ဒေါက်တာ ပွင့်ပွင့် လင်းလင်းပြောပါ ။ကျွန်မ လိုအပ်တာ အားလုံးလုပ်ပါ့မယ်။
စိတ်ခိုင်ခိုင်ထားနော် ညီမလေး အရမ်းလဲ အားမငယ်နဲ့  ညီမလေးရောဂါက AIDS
ရှင် သန်းထွေးကြူ မေ့လဲ မတတ်ဖြစ်သွားတယ် ။
ဒါဆို ကျွန်မ သေတော့မှာပေါ့နော် ။ အငမ်းမရ မေးလိုက်တယ် ။
ချက်ချင်းတော့ မသေနိုင်သေးပါဘူး ညီမရယ်။
အဲဒီလို သိလိုက်ရတော့ သန်းထွေးကြူ လေ ဒေါက်တာရှေ့ မှာငိုနေတာ တော်တော်ကြာတယ်။
ဆရာဝန်ကသန်းထွေးကြူ ကို
နေမကောင်းဘူးလို့ ပြောပြီး မြန်မာပြည်ကို ပြန်လိုက်ပါညီမရယ်
အဲဒီလိုဖြစ်မှပဲ ရှေးလူကြီးတွေ ပြောခဲ့ကြတဲ့ ငါးစာသာမြင်ပြီး ငါးမျှားချိတ် မမြင်ဘူ ဆိုတဲ့ စကားပုံကို သွား သတိရ မိလိုက်တော့တယ်။
ငါးမျှားချိတ်မှာ ချိတ်မိတဲ့ ငါးဟာပြန်လွတ်ရိုး ထုံးစံမရှိသလို သန်းထွေးကြူ ဘ၀လဲ အသက်ပေး ရတော့မယ်ဆိုတာ သိလိုက်ပါပြီ။
သန်းထွေးကြူ ကပြေလဲပြော ငိုလဲငို နှင့်မို့ ကျွန်တော် ကြည့်ရင်း တော်တော် စိတ်မကောင်း ဖြစ်ရသည် ။
ဘယ်လို အားပေးစကား ပြောရမှန်းပင် မသိတော့။
သန်းထွေးကြူ ပြောခဲ့ချင်တာက သန်းထွေးကြူ ကို ငွေမက်ပြီး ချူစားချင်လာအောင် မက်လုံးပေးပြီး ကူညီသလိုနဲ့ စည်းရုံးသိမ်းသွင်း ဖျက်ဆီးတတ်ကြတဲ့ မငယ် သတိထားစေချင်လို့ ပါ။
ဘာပဲဖြစ်ဖြစ် အကိုမောင်မောင် စကားကို နားမထောင်ပဲ နားယောင်ခဲ့မိတဲ့ သန်းထွေးကြူ ကိုယ်တိုင်ရဲ့ အမှားလဲ ပါ ပါတယ်။
တော်ပါတော့ ညီမလေးရယ် ရော့ ရေသောက်လိုက်ဦး။
ကျွန်တော် ရေတစ်ခွက် ခပ်ပေးလိုက်ရင်း ပြောလိုက်ပါတယ်။
သန်းထွေးကြူ လဲ ရေသောက်ပြီး မောသွားတာကြောင့် ဘာမှမပြောတော့ပဲ ကျွန်တော့်ကိုသာ စိုက်ကြည့် နေပါတော့တယ်။
နောက် ၄ လလောက် ကြာတော့
သန်းထွေးကြူ လဲအဲဒီရောဂါနဲ့ ပဲ လူ့ လောက ကနေ အြ့ပီးအပိုင် ထွက်ခွါသွားပါ တော့တယ်။
ယောင်္ကျား တစ်ယောက်နဲ့ တရားဝင် လက်မထပ်ပဲ သိုသို သိပ်သိပ် နေခဲ့ကြပြီး သန်းထွေးကြူ လို ဘ၀ ဆုံးသွားသော မိန်းကလေးများ
ဘယ်လောက် ရှိနေဦးမည်ကိုလဲ မမှန်းတတ်တော့ပါ ။ ကျွန်တော်ကတော့ သြော် ။။။။။။။။။။။။။။
ဒါလားဟေ့ living together ဟုပင် ငြီးတွားနေချင်ပါတော့သည် ။။
သူငယ်ချင်းအားလုံးကို ချစ်ခင်လေးစားလျှက်
Singapore Feel

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။