လူထုကျန်းမာရေး(မမျှော်လင့်
ကူးစက်ရောဂါများမဟုတ်သည့် နာတာရှည်ရောဂါများဖြစ်သည့် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ အ၀လွန်ရောဂါများ ဖြစ်ပွားမှု တဖြည်းဖြည်းများပြားလာပြီး ထိုရောဂါများသည် နည်းအမျိုးမျိုးဖြင့် အသက်အန္တရာယ်အား ခြိမ်းခြောက်မှု များပြား လာသည့်ရောဂါများဖြစ်သည်။
... ထိုရောဂါများ ဖြစ်ပွားခံစားကြရသည့်အခါ အသက်အန္တရာယ်အထိထိခိုက်စေနို
ယခုလ ၁၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် အ၀လွန်နေသူ အမျိုးသားတစ်ဦး အလုပ်ကိစ္စခရီးသွားရင်း သန့်စင်ခန်းဝင်စဉ် အသက်သေဆုံးခဲ့ကြောင်း ပါရှိခဲ့သည်။ ထိုသေဆုံးမှုအား ရေစကြိုရဲစခန်းမှ တာဝန်ရှိသူများက စစ်ဆေးရာတွင် နှလုံးသွေးလျှံပြီး သွေးပုပ်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။ နေ့စဉ်ကျန်းမာရေး အတွက် မဖြစ်မနေ အသုံးပြုရသည့် သန့်စင်ခန်းအသုံးပြုမှုတွင် သာမန်သူများအတွက် ပြဿနာမရှိသော်လည်း နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အ၀လွန်ရောဂါ၊ ဒူးနာရောဂါများမှာ ပိုမိုဆိုးရွားလာခြင်း၊ ပြင်းထန်စွာမောပန်းခြင်း ဝေဒနာများခံစားကြရနိုင်သည့်
“နှလုံးရောဂါကု ဌာနတွေမှာဆိုရင် သန့်စင်ခန်းထဲမှာ အမောဖောက်ပြီး သေဆုံးတာတွေခဏ၊ ခဏဖြစ်တယ်။ အဲဒါကြောင့် အဲဒီဌာနတွေမှာဆိုရင် သန့်စင်ခန်းအသုံးပြုရင် ဂျက်မထိုးထားဖို့ ရေးသားထားတာတွေတောင်ရှိတယ်”
အ၀လွန်သူများတွင်လည်း မြန်မာလူမျိုးများသုံး အိမ်သာအသုံးပြုသည့်အခါ ပေါင်နှစ်ဖက်သည် ဗိုက်ကိုဖိပြီး တွန်းထား သလို ဖြစ်သည့်အတွက် အသက်ရှူရခက်ပြီး အသက်ရှူလို့ မ၀သည့် ဝေဒနာခံစားရနိုင်သည့်အပြင် အချိန်ငါးမိနစ်ခန့်သည်ပင် အလွန်ပင်ပန်းသည့် ဝေဒနာခံစားရနိုင်ပြီး ၀မ်းချုပ်သည့်အချိန်ကဲ့သို့
နှလုံးရောဂါ၊ သွေးအလွန်တိုးလေ့ရှိသည့် ရောဂါအခံရှိသူများသည် ပင်ပန်းမှုအပြင် တစ်ခါတစ်ရံ ရောဂါအခံပေါ်မူတည်၍ မမျှော်လင့်ဘဲ သန့်စင်ခန်းအသုံးပြုနေစဉ် နှလုံးတိုက်ခိုက်ခံရခြင်း၊ ဦးနှောက်သွေးကြောပြတ်ပြီး အသက်သေဆုံးမှုများနှင့်လည်း ရင်ဆိုင်ရနိုင်ကြောင်း ဒေါက်တာ လှိုင်စိုးဝယ်က ဆက်လက်ပြောသည်။
“မြန်မာများအသုံးပြုသည့် ဆောင့်ကြောင့်ထိုင်သည့် သန့်စင်ခန်းပုံစံသည် ထိုကဲ့သို့ အန္တရာယ်များအပြင် ရောဂါတချို့ကိုလည်း ပိုမိုဆိုးရွားသွားစေသည့် ပုံစံမျိုးလည်းဖြစ်ကြောင်း ဒေါက်တာလှိုင်စိုးဝယ်ကပြောသည
“အသက်ကြီးတော့ ဒူးနာလာတာ သန့်စင်ခန်းသုံးပြီးချိန်ဆိ
နေ့စဉ်အသုံးပြုနေသည့် သန့်စင်ခန်းအား ပြောင်းလဲသုံးရန် မဖြစ်နိုင်ကြသေးသည့်အခါ လူအများအနေဖြင့် မိမိတွင် နာတာရှည် ခံစားရနိုင်မည့် ရောဂါများမဖြစ်ပွားစေရန် သတိပြုနေထိုင်ခြင်းနှင့် ထိုကဲ့သို့ မမျှော်လင့်ဘဲ အသက်သေဆုံးမှု မရှိစေရန် မိမိရောဂါအခြေအနေအား ကျွမ်းကျင်ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးခြင်းသည် အကောင်းဆုံးနည်းလမ်းများဖြစ
Myanmar News Update
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။