Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, June 28, 2013

ဟန်းဖုန်း တစ်လုံးရဲ့ ရာဇဝင်

 
 
ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ကတော့ ကံထူးတဲ့နေ့ ပါပဲခင်ဗျား။
ရပ်ကွက်ရုံးမှာ မဲနှိုက်လိုက်တာ ကျွန်တော် ဖုန်းမဲပေါက်ကြောင်း အိမ်က ရုံးကို လမ်းဘေးဖုန်းနဲ့ ဆက်လာပါတယ်။ လူ ၆၀၀ မှာ ဖုန်းအလုံး ၁၀၀ ပေးတာဆိုတော့ ခြောက်ယောက်မှာ တစ်ယောက် ကံထူးသူပေါ့။ ဟုတ်ကဲ့၊ မရသေးတဲ့ ကျန်တဲ့ ဘဝတူတွေ အတွက်လည်း စိတ်မကောင်းပါဘူး။ နောက်လတွေ ဆိုရင်တော့ ရကြမှာပါ။ သမ္မတကြီးကိုသာ နာနာဖိပြီး မေတ္တာ ပို့လိုက်ကြပါ။
ဟုတ်တယ်လေ။ ဇာတ်လမ်းက အားလုံးသိတဲ့ အတိုင်း သမ္မတ ကိုယ်တိုင် ဝင်ပါလို့ ဒီအခြေ ရောက်တာ မဟုတ်လား။ ပြုတ်သူပြုတ်၊ ပြောင်းသူပြောင်းနဲ့ အတော်ကလေး ပွဲပျက်ပြီးမှ ဒီအ ဆင့် ရောက်လာတာ မဟုတ်ပါလား။ နောက်ဆုံးပိတ် အစည်းအဝေးမှာကို သမ္မတ ကိုယ်တိုင် တက်ပြီး ဝင်ပါခဲ့ရသေးတာ သတင်းစာမှာ တွေ့လိုက်ရတယ် မဟုတ်လား။ ဆိုရှယ် လစ်ကနေ အကူးအပြောင်း၊ အာဏာရှင်ကနေ အကူးအပြောင်းစတဲ့ အကူးအပြောင်း နိုင်ငံ တိုင်းမှာ ဒီလိုအဖြစ်တွေ ကြုံကြရတယ် ဆိုပေမယ့် ကျွန်တော်တို့ဆီမှာ ပိုပြီးတော့ကို နေသလို ပါပဲ ခင်ဗျား။
မီးသတ်ဝတ်စုံလောက် ဝတ်ရရင်တောင် အရပ်ထဲမှာ လွှားလွှား လွှားလွှား လုပ်ချင်လာတာ။ အရာရှိကြီးများဆိုတော့ လုပ်ပိုင်ခွင့်တွေ၊ အာဏာတွေကို မက်မောပေတော့မပေါ့။ လူမျိုးကိုက အဲသလိုဖြစ်နေသလားလို့ ထင်ရတဲ့ အထိ ဖြစ်လာပါတယ်။ တကယ်ကတော့ စနစ်တွေပါ။ အကူးအပြောင်းတွေပါ။ အစိုးရကြီးကြီးလား၊ အစိုးရသေးသေးလား ဆိုတဲ့ ပြဿနာပါ။ အတွေး အခေါ် မှာကိုက စီးပွားရေး လုပ်ငန်းတွေမှာ ပုဂ္ဂလိက ကဏ္ဍကို ဦးစားပေးဖို့ ဆိုတာကို မရှင်းတဲ့ ပြဿနာပါ။ ပုဂ္ဂလိက စားသွားရမှာ၊ အမြတ်စွန်းရ သွားမှာကို အရမ်းမလိုလားတဲ့ ပြဿနာပါ။
အာဏာအားလုံး ကိုယ့်လက်ထဲ ကိုင်ထားရင် ကိုယ်ပဲစားရမယ်။ ကိုယ်ပဲ လုပ်ပိုင်ခွင့်ရှိတယ် မဟုတ်ပါလား။ ဒါပေမဲ့ အရင်း အနှီးကျတော့လည်း မစိုက်နိုင်ပါဘူး။ အရင်းအနှီးဒေါ်လာ သန်း ၉၀၀၊ ၁၀၀၀ စိုက်လိုက်မှသာ တစ်ခါတည်း ဝေါခနဲ လူအားလုံးလက်ကို ဖုန်းတွေရောက်လာ မှာပါ။ ဆက်သွယ်ရေးဌာနကလို ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေလို့ ကတော့ (သမ္မတသာ ဝင်မပါခဲ့ ရင်) နောက်ငါးနှစ်နေလို့လည်း ဒီဈေးနှုန်းကို ရောက်လာမှာ မဟုတ်ပါဘူး။
အိန္ဒိယမှာ အခုတစ်လကို ဖုန်းအလုံးရေ သန်း ၂၀ လောက် ချပေးနေပါတယ်။ ဒါပေမဲ့ သူ့မှာ လည်း နိုင်ငံပိုင် (SOE) လုပ်ငန်းအများအပြား ရှိနေပါသေးတယ်။ ဒါတွေဟာ ယခင် အင်ဒီရာ ဂန္ဒီလက်ထက်က ရုရှားနဲ့ ပေါင်းပြီး လုပ်ခဲ့တဲ့ ဆိုရှယ်လစ်ဆန်ဆန် စီးပွားရေးတွေရဲ့ အကျိုး ဆက်တွေပါ။ အဲဒီတုန်းက တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးမှာ အင်ဒီရာဂန္ဒီက အာလာဒင်မီးခွက်ကို လက်နဲ့ ပွတ်လိုက်တဲ့အချိန်မှာ ဂိုဘာချော့က ဝေ့စ်ကုတ် လက်ပြတ်ကလေးနဲ့ မီးခွက်ထဲက လက်ကလေးပိုက်ပြီး ပေါ်လာတဲ့ပုံနဲ့ ဖော်ပြဖူး ပါတယ်။
အဲဒီအချိန်က နိုင်ငံအနှံ့ ရုရှားက ဆောက်ပေးတဲ့ စက်ရုံပေါင်း ရာကျော်ရှိပါတယ်။ အခု ဒီလို နိုင်ငံပိုင်စက်ရုံတွေ၊ လုပ်ငန်း တွေဆိုတာ အိန္ဒိယစီးပွားရေးမှာ ဖြေရှင်းနေရတဲ့ ပြဿနာတွေ ပါပဲ။ တရုတ် ကတော့ ပိုဆိုးပါတယ်။ အကြီးစားစက်မှု လုပ်ငန်းအားလုံး၊ ဘဏ်ကြီးများ အားလုံး၊ ရေနံကုမ္ပဏီကြီးများ အားလုံးလောက်ဟာ အစိုးရပိုင် လုပ်ငန်းတွေပါ။ အခုနည်းပညာ ကုမ္ပဏီကြီးတွေ မှာလည်း အစိုးရရှယ်ယာတွေ အများစုပါပဲ။ ဒါပေမဲ့ ပုဂ္ဂလိကကဏ္ဍကို တရုတ် အစိုးရက အားပေးလာတာ အခုဆိုရင် ပုဂ္ဂလိက ကဏ္ဍက ၃၀ ရာခိုင်နှုန်း ကျော်အထိ ကြီးထွားလာတယ်လို့ ဆိုပါတယ်။
အိန္ဒိယမှာ SOE တွေကို ပုဂ္ဂလိကပိုင်လုပ်တဲ့ အစီ အစဉ်တွေရှိပေမယ့် တရုတ်မှာတော့ အဲဒီလို မကြားရပါဘူး။ ဒါကြောင့် တရုတ် SOE တွေ ကြီးထွားလာတာနဲ့အမျှ တစ်နေ့ ဘယ်လို ဇာတ်သိမ်း မလဲဆိုတာ စီးပွားရေး ပညာရှင်များ စောင့်ကြည့်နေရဆဲပါ။ ကျွန်တော်တို့ ဆီမှာတော့ ယခင် နဝတအစိုးရ၊ ဗိုလ်ချုပ် ခင်ညွန့် ရှိစဉ်ကတည်းက နိုင်ငံပိုင်စက်ရုံများ ပုဂ္ဂလိ ကပိုင်ပြုရေး ဆိုတာ လုပ်ခဲ့ကြပေမယ့် ဘာမှထိထိရောက်ရောက် ဖြစ်လာတာ မတွေ့ရပါဘူး။ အခုနောက်ဆုံး အသုတ်မှာ စက်ရုံအချို့နဲ့ ဓာတ်ဆီဆိုင်တွေ ပုဂ္ဂလိက နီးစပ်သူတွေကို ပေးလိုက်တာ တွေ့ရပါတယ်။ အချို့စက်မှုဝန်ကြီးဌာန တွေဟာ အများပိုင် သဘောမျိုးတွေ အရင်က ထက်တောင် များလာသလို တွေ့နေရပါတယ်။
အခု တယ်လီဖုန်းဟာလည်း ဒီဖြစ်စဉ်ထဲကပါပဲ။ အခု တင်ဒါ ခေါ်ထားတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ ဝင်လာပြီး အင်နဲ့အားနဲ့ လုပ်မှသာ အမြန်ဆုံး ပြည်သူအများစုလက်ကို ဖုန်းတွေရောက် လာမှာပါ။ သူတို့ ဝင်လာလို့ သူတို့စားသွား တော့မှာပဲလို့ မစိုးရိမ်ပါနဲ့။ သူတို့ဆီက အလုပ် အကိုင် အခွင့်အလမ်းတချို့၊ နည်းပညာတွေနဲ့ ဈေးကွက် သဘောတရား ဆိုင်ရာတွေ ပြန်ရနိုင်ပါသေးတယ်။ အားလုံး ကို ကိုယ်ပဲစားဖို့ဆိုတဲ့ ခေတ်ကတော့ ကျန်နေပါစေ။ သောမတ် အယ်လ်ဖရိုက်မင်ရဲ့ “လက်ဇပ်ကားနဲ့ သံလွင်ပင်” စာအုပ်ထဲမှာ အတော်ကောင်းတဲ့ ဟာသ တစ်ခု ထည့်ရေးထား တာ တွေ့ရ ပါတယ်။
အဲဒါကတော့ တစ်နေ့ အာရှနိုင်ငံ တစ်နိုင်ငံက ဝန်ကြီးတစ်ယောက်ထံ အာဖရိကနိုင်ငံ တစ်နိုင် ငံက ဝန်ကြီးတစ်ယောက် လာလည်တဲ့အခါ အာရှ ဝန်ကြီးရဲ့ ခမ်းနားလှတဲ့အိမ်ကို ကြည့်ပြီး အာဖရိကဝန်ကြီးက အတော်အံ့သြ အားကျဖြစ်ကာ ဘယ်လိုများ ဆောက်နိုင်ခဲ့တာလဲပေါ့။ ဒီလို မေးတဲ့အခါ အာရှဝန်ကြီးက “ဟိုးမှာတွေ့လား။ လမ်းတွေ၊ တံတားတွေ” ဆိုတော့ အာဖရိက ဝန်ကြီးက “တွေ့ပါတယ်” ပေါ့။
အဲဒီအခါ အာရှဝန်ကြီးက ပြုံးပြီး အဲဒါ သူ့အတွက် ၁၀ ရာခိုင်နှုန်းပဲလို့ ပြောလိုက်ပါတယ်။ သြော်၊ သြော်ဆိုပြီး အာဖရိကဝန်ကြီး အတော် သဘောပေါက်သွားပါတယ်။ နောက် လေး၊ ငါးနှစ် ကြာတော့ အာရှဝန်ကြီးက အာဖရိကကို သွားလည်တဲ့အခါ အာဖရိကဝန်ကြီး ဟာ နန်းတော်လောက်ရှိတဲ့ အိမ်ကြီးနဲ့ဖြစ်နေပါပြီ။ အာရှဝန်ကြီးလည်း အံ့သြသွားပြီး ဘယ်လိုများ ဖြစ်လာပါသလဲပေါ့ ဆိုတဲ့အခါ အာဖရိကဝန်ကြီးက “ဟိုးမှာ လမ်းတွေ၊ တံတားတွေ တွေ့လား” ဆိုပြီး ပြပါတယ်။
အဲဒီအခါ သူလက်ညှိုးညွှန်ပြရာ နေရာမှာ ဘာလမ်း၊ ဘာတံတားမှ မရှိပါဘူး။ ဒါနဲ့ အာရှဝန်ကြီး အံ့အားသင့်နေချိန်မှာ အာဖရိကဝန်ကြီးက ပြုံးပြုံးကြီးကြည့်ပြီး အဲဒါ သူ့အတွက် ၁၀၀ ရာခိုင် နှုန်းပေါ့လို့ ပြောလိုက်ပါတယ်။ ဒါကတော့ အပြန် အလှန် ထိန်းကျောင်းမှုမရှိတဲ့၊ ဒီမိုကရေစီ မရှိတဲ့ အာဏာရှင် နိုင်ငံတွေမှာ ကလက်တိုကရေစီ လို့ခေါ်တဲ့ တိုင်းပြည်ဘဏ္ဍာကို ခိုးကြ၊ ဝှက်ကြပုံတွေကို အပြောင်မြောက်ဆုံး သရုပ်ဖော်ထားတဲ့ ဟာသတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီမှာလည်း အခိုင်အမာဖြစ်ရပ်တွေ၊ ဇာတ်လမ်းတွေအရ ပြောရင် ဒီလိုကိစ္စတွေ အများအပြားပါပဲ။
အခု ဟန်းဖုန်းကိစ္စကတော့ ဒီဥပမာထဲကလို ပြောရင် ပြည်သူတွေ အတွက် လက်ကျန် ၉၀ ရာခိုင်နှုန်းထဲက ပဲလား သို့မဟုတ် ၈၀ ရာခိုင်နှုန်း ထဲကပဲလား၊ ဒါမှမဟုတ် ၅၀ ရာခိုင်နှုန်း လောက် ထဲကပဲ ထွက်လာသလား မသိနိုင်ပေမယ့် ကျွန်တော် ဖုန်းတစ်လုံးတော့ သုံးစွဲခွင့်ရ တော့မှာပါ။
ဘမောင်ညို
The Voice News

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။