မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)လက်ရှိ ဒုတိယ ဥက္ကဋ္ဌဦးလွင်မြင့် စိတ်ကူးကို ဂီတစာဆိုမောင်မောင်လေး ၏ အကြံဥာဏ်၊ ဂီတလောက သားများ ပူးပေါင်းကြိုး ပမ်း ဆောင်ရွက်မှု တို့ဖြင့် လာမည့် ဇွန်၂၇ရက်နေ့ကို ” မြန်မာနိုင်ငံဂီတနေ့” အဖြစ်တရား ဝင်သတ်မှတ်ပြဋ္ဌာန်းကာ မြန်မာ့ဂီတသမိုင်းအတွက် မှတ်တိုင်သစ် တစ်ခု စိုက်ထူတော့မည် ဖြစ်ပါသည်။”
မြန်မာနိုင်ငံဂီတနေ့”ကို ဇွန်၂၇ရက်နေ့အဖြစ်ရွေးချယ်ခဲ့ရခြင်းက ယနေ့ထက်တိုင်တည်ရှိနေ ဆဲမြန်မာ နိုင်ငံ၏ နိုင်ငံတော် သီချင်း ဖြစ်တည် လာရန် မြစ်ဖျားခံခဲ့ သော”တို့ဗမာ”သီချင်းဖြစ်တည်မှုနှင့်ဆက်နွှယ်နေပါ သည်။ “တို့ဗမာ”သီချင်းကို ၁၉၃ဝ ပြည့်နှစ်က ဝိုင်အမ်ဘီ ဆရာတင်ကိုယ် တိုင်ရေးစပ် ခဲ့ခြင်းဖြစ်ရာမြန်မာပြည် လွတ်လပ်ရေးကြိုးပမ်းမှုမှာ စဉ်ဆက်မပြတ်တိုက်ပွဲဝင် ခဲ့သည့် “တို့ဗမာအစည်းအရုံးကြီး”၏ သန္ဓေ တည်ရာ သီ ချင်းဖြစ် သည်။ထိုသီချင်းကို ၁၉၃ဝပြည့်နှစ်ဇူလိုင် ၁၉ရက်နေ့က ရန်ကုန်တက္က သိုလ်သထုံဆောင်တွင် ပထမ အကြိမ်စတင်သီဆိုခဲ့ပြီး ၁၉၃ဝပြည့်နှစ် ဇူ လိုင်၂ဝ က ရွှေတိဂုံဘုရားတောင်ဘက် မုခ်၌ပြည်သူလူထုတွေ ရှေ့တွင်ဒုတိယအကြိမ်အနေ ဖြင့်သီဆိုပြခဲ့ရာမှ မြန်မာအနှံ့သွားခဲ့သည်။
၁၉၃၆ခုနှစ်၊ဇွန်၂၇တွင် တတိယအကြိမ်အနေဖြင့် “တို့ဗမာ”သီချင်းကို မြင်းခြံမြို့ မှာပြုလုပ်ခဲ့သည့်တို့ဗမာအ စည်းအရုံးကြီး၏ဒုတိယ မြောက်ညီလာခံကျင်းပချိန် ၌သီဆိုခဲ့ခြင်းကြောင့် “မြန်မာနိုင်ငံဂီတနေ့” ဟု သတ်မှတ်ပြဋ္ဌာန်းရန်လက်ရှိမြန် မာနိုင်ငံဂီတအစည်းအရုံး(ဗ ဟို)က ရွေးချယ်သတ်မှတ်ခဲ့ သည်။ ထိုသို့ ရွေးချယ်သတ်မှ တ်ရခြင်းအကြောင်းမှာ “တို့ဗမာ”သီချင်းကို ပထမအကြိမ်သီဆိုခဲ့သည့် ဇူလိုင်၁၉ ကလည်းအာဇာနည်နေ့ဖြစ်နေသည်က တစ်ကြောင်း၊ ဒုတိယအကြိမ်သီဆိုခဲ့သော ဇူလိုင်၂ဝ ကလည်း အာဇာနည်နေ့နှင့် မရှေးမနှောင်းဖြစ် နေသည်ကတစ်ကြောင်း၊ထို့ ကြောင့် တတိယအကြိမ်သီဆို သော ဇွန်၂၇ရက်နေ့ကိုသာ “မြန်မာနိုင်ငံ ဂီတနေ့” အဖြစ် သတ်မှတ်ရွေးချယ်ရန် စီစဉ် ခဲ့ခြင်းဖြစ်ပါသည်။
ထို့အပြင် “မြန်မာနိုင်ငံဂီတနေ့” ကို သတ်မှတ်ပြဋ္ဌာန်း သည်ကား၁၉၆၃ခုနှစ် ဇွန်လအတွင်း ကပေါ်ပေါက် ဖြစ်တည်လာ ခဲ့သော မြန်မာ နိုင်ငံဂီတကောင် စီပေါ် ပေါက်လာ ခဲ့ခြင်းအား ဂုဏ်ပြုလိုခြင်းအကြောင်းအရင်းနှင့် ဆက်နွှယ်မှုရှိနေပေသည်။ထို့ကြောင့် “မြန်မာနိုင်ငံဂီတနေ့” အဖြစ်နှစ်စဉ်မြန်မာ့ ပြက္ခဒိန်တွင်ဇွန် ၂၇ရ က် နေ့ကို တရားဝင်သတ်မှတ်ပြ ဋ္ဌာန်းမည်ဖြစ်ရာ ဂီတအသိုင်း အဝန်းမှသာမကဂီတ လောက သားများပါဂုဏ်ယူ မဆုံးဖြစ်ကြမည်ဖြစ်သော ကြောင့်၎င်းတို့၏ ဂုဏ်ယူ စကားသံများ ကိုစုစည်း ဖော်ပြလိုက်ပါသည်။
ချိုပြုံး
ဇွန်၂၇ရက်နေ့လို့ဂီတနေ့ကိုအထိမ်းအမှတ်နေ့ တစ်နေ့အနေနဲ့ပေးတဲ့ အတွက် တအားသဘောကျ ပါတယ်။တို့မြန်မာမှာ နေ့ထူး နေ့မြတ်တွေအများကြီးရှိ တယ်။ အခုဂီတနေ့ဆိုပြီး သတ်မှတ်လိုက်တာ ကောင်း တယ်။ ဒါပေမဲ့ တစ်ခုသတိ ပေးချင်ပါတယ်။တရား သဘောအမြင်နဲ့ အန်တီချို သတိပေးချင်တာက အဲဒီ နေ့မှာဂီတလော ကမှာ ဘဝ တစ်ပါးပြောင်း သွားတဲ့လူကြီး တွေအတွက်မှတ်မှတ်ရရ ဒါန လုပ်စေချင်တယ်။
နော်လီဇာ
” ဒါကောင်းတဲ့အ ရိပ်လက္ခဏာပါပဲ။ ဒီဂီတနေ့ တစ်နေ့မှာ ဘာတွေလုပ်မလဲ၊ အနုပညာနဲ့ပတ်သက်တာ တွေတင်ပြခွင့်၊ခံစားခွင့်၊ အိပ်မက်တွေအကောင် အထည်ဖော်နိုင် မှာပေါ့။ ဒီအစီအစဉ်တွေက ကောင်း ပါ တယ်။ မနော်တို့ခေတ်ကဆို ဒီလိုတွေမရှိဘူးလေ။ အဲဒီလို စိတ်ကူးလေးတွေရှိအောင် လုပ်ပေးတဲ့လူတွေကို ကျေးဇူး တင်ပါတယ်” လို့ပြောပါတယ်။
ရွှေဂျော်ဂျော်
ကျွန်တော်တို့က တော့ ဂီတသမား ဆိုတော့ အခုလို ဂီတနေ့ လည်းရှိလာတာ ဝမ်းသာပါ တယ်။ ဂီတနဲ့ ပတ်သက်လို့ နေ့တိုင်းမှာကောင်းတာတွေပဲ ဖြစ်စေချင်တယ်။ ဂီတနေ့ကတော့ ကျွန် တော်တို့အတွက် အထိမ်းအမှတ်နေ့ လေးပါပဲ။
ဆောင်းဦးလှိုင်
ဂီတနေ့လို့သတ်မှတ်လိုက်တယ်ဆိုတော့ ဂီတသမား တွေ အားလုံး နဲ့သက် ဆိုင်တဲ့နေ့လေး တစ်နေ့ ဖြစ်သွား တာပေါ့။ ဂီတနေ့ လေးသတ်မှတ်လိုက်တဲ့ အခါမှာ ဂီတပညာရှင် တွေက ဂီတလောကတိုးတက် ရေးအတွက်အထူးအလေး ထားပြီးတော့ တွေ့ဆုံညှိနှိုင်းကြပြီးပြည်သူလူ ထုကိုလည်း နှိုး ဆော်နိုင် တဲ့နေ့လေး တစ် နေ့ဖြစ်နိုင်ရင်ပိုကောင်းတာပေါ့
ဓိရာမိုရ်
ဂီတနေ့အဖြစ် သတ်မှတ်တယ်ဆိုတာ တအားကောင်းပါတယ်။ အဲဒီနေ့မှာ ဂီတနဲ့ပတ်သက် ပြီးတော့ ဖိဖိစီးစီးပိုစဉ်းစားမိကြမယ်။ဂီတဆိုတာက လူတိုင်းနဲ့လည်း ပတ် သက်နေတာကိုး။ဂီတနဲ့ မပတ် သက်တဲ့ သူကရှိမှမရှိဘဲ။ ဂီတကို တန်ဖိုးထားပြီးတော့ အဲဒီလိုသတ်သတ် မှတ်မှတ် လုပ်လိုက်တဲ့အတွက် တအား ကောင်းပါတယ်။ အမှန်က တော့ဂီတနဲ့ပတ်သက်တဲ့ ဆုတွေလည်းပေးသင့်ပါ တယ်။ဖန်တီးမှု စွမ်းအား ကောင်းတဲ့ ဂီတဆုတွေကို အဲဒီနေ့မှာပေးသင့်တယ်။ နောက်ပြီးတော့ င်္Friendship Concert တွေ၊ မတူညီတဲ့ ဂီတတွေပေါင်းစပ် ပြီးတော့ မြူးဇစ် Concert လေးတွေ ကိုလုပ်သင့်ပါတယ်”
မာရဇ္ဇ
အထိမ်းအမှတ် တစ်ခုအနေနဲ့ သတ်သတ်မှတ်မှတ်လုပ်ပေး တာကောင်း ပါ တယ်။ဂီတနေ့ ဆိုတာ အမှန် တော့ တစ်ရက်တည်း ရှိတာမဟုတ်ပါဘူး။ လုပ်မယ် ဆိုအချိန်တိုင်းလုပ်လို့ရတာ ပေါ့။ဘယ်လိုပဲဖြစ်ဖြစ် ဂုဏ် ယူပါတယ်။ဂီတနေ့မှာ ဂီတချစ်သူတွေအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေလို့ တောင်းဆုခြွေပေးပါတယ်
ဖိုးကာ
ဒီလိုမျိုးပြုလုပ်၊ ဖန်တီး ပြီးသတ်မှတ်ပေးတာ ကောင်းပါတယ်။ အထိမ်းအမှတ်လေးတစ်ခုအဖြစ် အမှတ်တရဖြစ်သွားတာပေါ့။ဂီတနေ့ကို ဂီတ တွေလွှမ်းမိုးသွားစေချင်တယ်
စည်သူလွင်
ဒီလိုနေ့ကို သတ်သတ်မှတ်မှတ်ပေးတာဝမ်းသာ ဂုဏ်ယူစရာပေါ့။ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက တကယ့်ကိုနာမည်ကြီးခဲ့တဲ့ ဂီတသမားတွေအတွက်ကို ဂုဏ်ပြု ရာရောက်တာပေါ့။ အခုအစ်ကိုတို့က ဂီတ လောကထဲမှာ ရှိတဲ့သူတွေဆို တော့လည်းကိုယ့်ရဲ့ဂီတ လောကအစား ဝမ်းသာ ပီတိဖြစ်မိပါတယ်”
ပိုးအိစံ
“အဲဒီလို သတ်မှတ်လိုက်တာ ကောင်းပါတယ်။ အရင် တုန်းကအဲဒီလိုမျိုး သတ်သတ်မှတ်မှတ်မရှိခဲ့ဘူးလေ။ ဂီတလောကအတွက် အထိမ်း အမှတ်လေးတစ်ခုဖြစ်သွား တာပေါ့။အဲဒီနေ့မှာစည်း စည်းလုံးလုံးနဲ့ အမြင်တူ သူရော၊ မတူ သူရောအား လုံးပါဝင်ဆင် နွှဲတဲ့ပုံစံလေးဖြစ်စေချင်တယ်
ထူးအယ်လင်း
ဂီတကို ဝါသနာပါသူတွေရော၊လက်ရှိလျှောက်လှမ်းနေတဲ့သူတွေရော၊ ဂီတကို ချစ်မြတ်နိုးသူအားလုံး ဒီဂီတနေ့ကစပြီး အားလုံး ဒီ့ထက်ပိုအဆင်ပြေပါစေ
ထွန်းထွန်း
မသတ်မှတ်တာ ထက် စာရင်သတ်မှတ်လိုက်တာ ပိုပြီးစည်းကမ်းရှိတယ်လို့ မြင်တဲ့အတွက်ကောင်းပါတယ်။အဓိကကတော့ ဂီတအမျိုးအစားကွဲတဲ့အပေါ်မှာ လိုက်ပြီးကွဲတာမဟုတ်ဘဲ စည်းစည်းလုံးလုံးနဲ့ လုပ်သွားရမှာပေါ့။ပရိ သတ်တွေကလည်း အရာအားလုံးကိုအ ကောင်းမြင်စိတ်နဲ့ပံ့ပိုးပေးကြပါ
ရန်ရန်ချန်း
ဂီတနေ့ဆိုတာ ဖြစ်သင့်နေတာကြာပါပြီ။ ဒီလိုနေ့မျိုးဆိုတာရှိလာပြီဆိုတော့ ကျွန်တော့်အနေနဲ့ ကြိုဆိုပါတယ်။ ဂီတနေ့မှာ ဂီတနဲ့ပတ်သက်တဲ့ ဆုပေးပွဲတွေဘာတွေလုပ် မယ်ဆိုလည်းကောင်းပါတယ်။ ဂီတသမားအချင်းချင်း ပေးသင့်ပေးထိုက်တဲ့ လူ တွေကိုပေးရင်ကောင်းပါ တယ်။အဲဒီအခါကျတော့ ဂီတအစည်း အရုံးက ပေးမယ်ဆို ရင်စေ့စေ့ စပ်စပ်ရှိမယ်လို့တော့ထင် တာပဲ။ဂီတနေ့ကို ပြက္ခဒိန်မှာ သာ ထည့်ပေး မယ်ဆို တအားပျော်ဖို့ ကောင်းမှာပဲ။ကျွန်တော် ပထမဦးဆုံးကြိုဆိုတဲ့ သူဖြစ် လိမ့်မယ်
ဖော်ကာ
အခုလို ဂီတနေ့လေး ပေါ်လာတော့ဂီတကိုချစ် မြတ်နိုးသူ၊ရူးသွပ်သူတွေ အတွက်အထိမ်းအမှတ်နေ့ဖြစ် တာပေါ့။ဝမ်းသာစရာပါပဲ
သီရိဆွေ
ဂီတတစ်ခုလုံးအတွက် ရှိသင့်တဲ့နေ့တစ်နေ့ပါ။ ဘာပဲပြောပြောပိုလွတ်လပ်လာ တယ်လို့ပြောလို့ရတယ်။ တစ်ခါမှ အဲဒီလိုမကြုံဖူး တော့ပျော်ပျော်ရွှင်ရွှင်နဲ့ စည်စည် ကား ကားဖြစ်မယ့် ပွဲတစ်ပွဲလောက် ကျင်းပသင့် တယ်အဲဒီလိုမျိုး ဖြစ် လာရင်တော့ တတ်နိုင် တဲ့ဘက်ကနိုင်တဲ့ဝန်ထမ်းရမှာပေါ့
ရတနာမိုင်
ဒီလိုမျိုး ဂီတနေ့အ ဖြစ်သတ်မှတ်လိုက်တဲ့အတွက်မိုင်လေးတို့ ဂီတအနုပညာရှင်တွေကိုယ်စားဝမ်း မြောက်ဂုဏ်ယူမိပါတယ်။နိုင်ငံခြားတွေမှာဆိုရင် ဆုပေးပွဲတွေ ဘာတွေရှိတယ်။ ဒီမှာ လည်းရှိတော့ ရှိပေမယ့်တကယ့်ကို သီးသန့်ကြီး၊ဆုအမျိုးအစား အစုံအလင်တော့မရှိဘူး။ ဂီတနေ့မှာ အဲဒီလိုမျိုးဆုပေး ပွဲကြီးကျင်းပ သွားရင်တော့ ပိုကောင်း မယ်ထင်ပါတယ်
မိစန္ဒီ
ပြည်သူတွေ ကလည်း ဒီနေ့ ကဂီတ နေ့အ ဖြစ် သတ်မှတ်ထားတယ်ဆိုတာသိအောင်၊ အပြင်က Public ကြားမှာ အသိ အမှတ်ပြုခံရအောင်အဲဒီလို ပွဲလေးတို့၊ အထိမ်း အမှတ်တစ် ခုခုဖြစ် အောင်လုပ်သင့်တယ်လို့ထင်ပါတယ်
Bobby Soxer
ဂီတအစည်း အရုံးကနေပြီး ဂီတနေ့သတ်မှတ်လိုက်တော့ ဘာပဲဖြစ်ဖြစ်ဂီတနေ့ ဆိုပြီးပြောစမှတ်တွင်သွား တာပေါ့။နောက်နှစ်တွေ၊ နောက်နှစ်တွေကျလို့ ပရိ သတ်ေ တွရော၊ အဆိုတော် တွေရောသိလာကြပြီး ပွဲလမ်း တွေ လုပ်ပြီးတော့ဘာ ပဲပြော ပြော ပျော်စရာကောင်းတဲ့နေ့ တစ်ခုဖြစ်အောင်လုပ်ပြီး တော့ပွဲလမ်းတွေ လုပ်လာကြလိမ့် မယ်လို့ ထင်ပါတယ်။
G-Tone
မြန်မာနိုင်ငံ ဂီတအစည်း အရုံးကနေပြီးတော့ ဂီတနေ့ကိုသတ်မှတ်လိုက်တော့ကျွန်တော့်အနေနဲ့ ဝမ်းသာပါတယ်။ဂီတအစည်း အရုံးမှာကျွန်တော်တို့ဖတ်ဖို့ ဗဟုသု တဖြစ်စေမယ့် စာအုပ်တွေနဲ့စာကြည့်တိုက် အကြီး စားရှိလာရင် ပိုကောင်းတာပေါ့
နန်းဆုရတီစိုး
ဂီတနေ့ဖြစ်လာတဲ့အတွက် ဝမ်းသာပါတယ်။ ဂုဏ်လည်းယူပါတယ်။ ဂီတနေ့သတ်မှတ်လိုက်တဲ့ အတွက်လည်း နန်းဆုတို့လို ဂီတဖန်တီးနေတဲ့ အနုပညာ ရှင်တွေအတွက် ဘဝမှာ အမှတ်တရတွေလည်း ဖြစ်လိမ့်မယ် ။
ပေါ်ပြူလာအဖွဲ့

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။