စားဖိုမှူးညီအမ
ငါးထမင်းနယ် နယ်စားမယ်
____________________
____________________
ငါးထမင်းနယ်က တခြားစားဖိုမှူးအန်တီတွေ
အမတွေလဲ တင်ထားကြတယ်နော်....
ခုညီမက ညီမတို့ ဆိုင်မှာနယ်တဲ့ ပုံစံလေးပြောပြမယ်
ပုံစံကော အရသာပါ သိချင်ရင်တော့ ဆိုင်ကိုသာ ကြွခဲ့ပါလို့........
ငါးထမင်းနယ်ပါဝင်ပစ္စည်းများ
_____________________
ငါး
ထမင်း
ခရမ်းချဉ်သီး
ဆား
အချိုမှုန့်
ဂျူးမြစ် (အနည်းငယ်)
ကြက်သွန်မြိတ် (အနည်းငယ်)
ကြက်သွန်ဖြူ
နနွင်းမှုန့်
ဆီ
ငရုတ်သီးအခြောက်
ပြင်ဆင်နည်း
___________
ငါးကို ဆားနဲနဲလေးထည့်ပြီး ပြုတ်ပါ။
ပြုတ်ပြီးငါးကို အရိုးနွှင်ထားပါ။
ခရမ်းချဉ်သီးကို ပြုတ်ပါ။
ပြုတ်ပြီးသား ခရမ်းချဉ်သီးကို ကြေအောင်ချေပါ။
(Blender နဲ့မွှေတော့ ပိုအဆင်ပြေတာပေါ့)
ကြက်သွန်ဖြူကို ပါးပါးလှီးပြီး နနွင်းလေးနဲ့ ဆီချက် ချက်ထားပါ။
ဂျူးမြစ်နဲ့ ကြက်သွန်မြိတ်ကိုလဲ သန့်အောင်သင်ထားပါ။
ငရုတ်သီးခြောက်ကိုလဲ ဆီနည်းနည်းနဲ့ကြော်ပါ။
ပြုလုပ်နည်း
_________
ထမင်းဖြူ ကို ငါး ခရမ်းချဉ်သီးအနှစ် တို့ထည့်ပြီး
အရသာအတွက် ဆား အချိုမှုန့် သင့်သလိုထည့်ပါ
ပြီးလျှင် ထမင်းကို နယ်ပါ.........
(တစ်ချို့က စေးမှဆိုတော့ အာလူးလေး ထည့်လဲရတယ်)
နယ်ပြီးပြီးဆို အရသာလေးမြည်း ရပြီဆို
လက်သီးဆုပ်လောက် အလုံးလေးတွေလုံး
ပန်းကန်ထဲထည့် အလုံးလေးကို နဲနဲလေးပြား
အပေါ်ကနေ ကြက်သွန်ဖြူဆီချက်လေးဆမ်း
ငရုတ်သီးခြောက်ကြော်လေးရယ် ဂျူးမြစ်လေးရယ်
ကြက်သွန်မြိတ်လေးရယ် တစ်လှည့်စီကိုက်
အရသာရှိတဲ့ ငါးထမင်းနယ်လေး ရပြီပေါ့

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။