Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 26, 2013

အယူအဆပြင်းသူရဟန်းတပါး၏ရုပ်ပုံလွှာ

 
Ko Nyo
အယူအဆပြင်းသူရဟန်းတပါး၏ရုပ်ပုံလွှာ

ထားထားမြင့်(Time မဂ္ဂဇင်းပါဆောင်းပါးကို ဘာသာပြန်ခွင့်ဝယ်ယူပြီး 7days သတင်းစာတွင် ဘာသာပြန် ဖော်ပြ ထားပြီးဖြစ်ပါသည်။
ဆောင်းပါးလင့်ကို လွတ်လပ်စွာရှယ်ယာနိုင်ပါသည်။ သတင်းလင့်များမှ စာသားများကူးယူပြီး တခြားနာမည်နှင့်ပြန်တင် ပါက Facebook သို့ တိုင်ကြားအရေးယူပါမည်။)



သူ၏မျက်နှာပြင်ကရုပ်တုတခုလို တည်ငြိမ်အေးချမ်းသယောင် ရှိပါသည်။ မြန်မာဘင်လာဒင်ဟု နာမည်ပေးတင်စားကြသော
ဘုန်းတော်ကြီးဦးဝီရသူက သူ၏တရားကို စဟောကြားသည်နှင့်
သူ့ ရှေ့ မှာထိုင်နေ သော ရာနှင့်ချီသော ပရိဿတ်များက လက်အုပ်ကလေးများချီကာ တရားနာကြပါသည်။

ရာသီဥတုပူပြင်းသည့်အတွက် တရားနာသူတို့ ၏ကျောဘက်မှာ
ချွေးများက တဒီးဒီးစီးကျနေသည်။ ဘုန်းတော်ကြီးက လိုက်ဆိုရန် အချက်ပြလိုက်သည်နှင့် ပရိဿတ်များက လိုက်ဆိုကြသည်မှာ တရားသံများ မန္တလေးမြို့ က မစိုးရိမ်တိုက်သစ် ကျောင်းဝန်းအနှံ လွင့်ပျံသွားပါသည်။ ထိုမြင်ကွင်းကိုကြည့်ရသည်မှာ အေးချမ်းမှုရှိသော်လည်း ဦးဝီရသူ၏တရားဟောသံက အမုန်းတရားများနှင့်ပြည့်နေ၏။

‘ဒီအချိန်ဟာ အေးအေးဆေးဆေးနေရမယ့် အချိန်မဟုတ်ဘူး။ ဒီအချိန်ဟာနိုးကြတက်ကြွရမယ့် အချိန် သွေးပူနေရမယ်။’

မြန်မာနိုင်ငံက လူနည်းစု မွတ်ဆလင်ဘာသာဝင်များကို သူဘာကြောင့် မနှစ်မြို့ ရသည်ကို ဦးဝိရသူက နည်းလမ်းမျိုးစုံဖြင့် မိနစ်ကိုးဆယ်ကြာအောင်ရှင်းလင်းပြောပြတရားဟောကြားနေခြင်းဖြစ်ပါသည်။

မြန်မာဟု ခေါ်သည် ဗမာပြည်မှာ ဗုဒွဘာသာဝင်တို့ ၏သွေးများ ကြွနေသလို မွတ်ဆလင်များ၏သွေးများကလည်း စွန်းထင်းနေ ခဲ့ပါပြီ။ ပြီးခဲ့သည့်နှစ်က ဗုဒွဘာသာဝင်များက မွတ်ဆလင်များကို ပစ်မှတိထားတိုက်ခိုက်ခဲ့ကြပြီး ဦးဝိရသူနှင့်တခြားစိတ်ဓာတ်
ပြင်းထန်သည့်  သံဃာတော်များ၏ အစွန်းရောက်ဘာသာရေးမျိုးချစ် စကားများကလည်း ဘာသာရေး အစွန်းရောက်များကို မီးလောင်ရာ
လေပင့်ပေးနေသကဲ့သို့ ဖြစ်နေသည်။ မြန်မာအစိုးရ၏ တရားဝင် ထုတ်ပြန်ချက်များအရ မွတ်ဆလင်ဘာသာဝင်များ အမြောက်အများ
သေဆုံးရသည်ဟု သိရပြီးနိုင်ငံတကာလူ့အခွင့်အရေးလှုပ်ရှားသူ များကမူ သေဆုံးသူ ရာဂဏန်းထိရှိသည်ဟု ဆိုပါသည်။

ရခိုင်ဒေသကဘင်္ဂလီရိုဟင်ဂျာများလူမျိုးများကစခဲ့ သည့် အကြမ်းဖက် သွေးထွက်သံယိုမှုများက ဘုန်းကြီးဦးဝိရသူနေထိုင်သည့် မြန်မာနိုင်ငံ အလယ်ပိုင်းအထိ ပျံနှံ့ရောက်ရှိခဲ့ပါသည်။ အသက် ၄၆နှစ်အရွယ်ရှိ ဥိးဝီရသူက မြန်မာပြည်လူဦးရေ၏ ၅ရာခိုင်နှုန်းသာ ရှိသည့်
မွတ်ဆလင် ဘာသာဝင်များကို တိုင်းပြည်၏ယဉ်ကျေးမှုကို
ခြိမ်းခြောက်နေသူများအဖြစ် သဘောထားပါသည်။

မွတ်ဆလင်တွေက သားဖွားနှုန်းလည်းမြန်တယ်။ ကျုပ်တို့ မြန်မာအမျိုးသမီးတွေကိုလည်းလုတယ်။ မုဒိန်းကျင့်တယ်။ သူတို့ ကနိုင်ငံကို သိမ်းချင်တယ်။ ဒါမျိုးတော့ ကျုပ်ကအဖြစ်မခံနိုင်ဘူး။
မြန်မာဗုဒ္ဒဘာသာဘဲဖြစ်ရမယ်။’

ယခုလို အမုန်းတရားပါသော ဦးဝိရသူ၏ တရားများက ရာစုနှစ်တ၀က် ခန့် ကြာအောင် စစ်အုပ်ချုပ်ရေးလက်အောက်ကရုန်းထွက်ကာစ တိုင်းရင်းသားလူမျိုးပါင်း ၁၃၅ စုခန့် နေထိုင်နေသည့် မြန်မာနိုင်ငံ၏ နုနယ်သောနိုင်ငံရေး၊ စီးပွားရေးစနစ်ကိုခြိမ်းခြောက်လာနေသည်။

ဗုဒ္ဓဘာသာလူမျိုးရေးဝါဒက မြန်မာနိုင်ငံတွင်သာမက အာရှတွင်လည်း ကျယ်ပြန့် လာသည်။ သီရီလင်္ကာမှာလည်း ယခုနှစ်အတွင်း အစိုးရ အရာရှိကြီးများနှင့် ချိတ်ဆက်ထားသည့် ဗုဒ္ဓဘာသာအမျိုးသားရေး အဖွဲ့ များက နိုင်ငံတွင်းရှိ မွတ်ဆလင်နှင့် ခရစ်ယာန်ဘာသာဝင်များ၏ ပိုင်ဆိုင်မှုများကိုဖျက်ဆီးခဲ့သည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်း မွတ်ဆလင်သူပုန်ထကြွမှုကြောင့် ပြီးခဲ့ သည့် ၂၀၀၄ခုနှစ်ထဲကစပြီး
သေဆုံးသူ ၅၀၀၀ ကျော်ရှိသွားပြီဖြစ်သည်။

နိုင်ငံအသီးသီး၏ရာဇ၀င်တွင် ဗုဒ္ဓဘာသာလူမျိုးရေးဝါဒကနိုင်ငံ နယ်နမိတ်အတွင်းဖြစ်ပွားခဲ့သော်လည်း အင်တာနက်သုံးနိုင်လာ သည်နှင့်အမျှ အမုန်းတရားအာဃာတနှင့်ကောလဟလများက
ဖေ့ဘုတ်တွစ်တာ စာမျက်နှာများကနေ အဆက်မပြတ် မီးလောင်ရာ
လေပင့်ပေးနေကြသည်။ အကြမ်းဖက်မှုများက နိုင်ငံနယ်နမိတ်များကို အလွယ်တကူဖြတ်ကျော်လာနိုင်ပြီး မြန်မာရွေ့ ပြောင်းလုပ်သမားများရာနှင့်ချီရှိသည့် မလေးရှားနိုင်ငံတွင်ယခုလဆန်းက မြန်မာဗုဒ္ဓဘာသာများ အသတ်ခံခဲ့ရသည်။

သေချာလေ့လာကြည့်မည်ဆိုပါက ဘာသာရေးအစွန်းရောက်လောက တွင် ဟိန္ဒူအမျိုးသားရေးဝါဒစွဲများ၊ မွတ်ဆလင်စစ်သွေးကြွ၊ ခရစ်ယာန်နှင့် ဂျူးဘာသာအစွန်းရောက်များရှိသော်လည်း ဗုဒ္ဓဘာသာကမူ အဆိုပါလမ်းကြောင်းနှင့်သွေဖီနေခဲ့ပါသည်။ လွန်ခဲ့သည့် နှစ် ၂၅၀၀ကျော်က ဂေါ်တမမြတ်စွာဘုရားက အကြမ်းမဖက်မှုနှင့် မေတ္တာဂရုဏာကိုသာ ဟောကြားပြသ
တော်မူခဲ့သည်။

သို့ သော်တခြားဘာသာဝင်များကဲ့ သို့  ဗုဒ္ဓဘာသာဝင်များနှင့် ဘုန်းတော်ကြီး များကလည်း နိုင်ငံရေးနှင့်ဘာသာရေးထိပါးမှုများကို သည်းခံနိုင်စွမ်း မရှိကြပါ။ အာရှတိုက်မှာ အုပ်ချုပ်သူများနှင့်ဖိနှိပ်မှု များကို ဆန့်ကျင့်သည့်အခါတိုင်း ဗုဒ္ဓဘာသာဘုန်းကြီးများက ဦးဆောင်ပါဝင်ခဲ့ကြသည်။တချို့ ဆိုလျှင် သူတို့ ၏ဘ၀ကိုပင် စတေးခဲ့ ကြသည်။

ဗီယက်နမ်နိုင်ငံတွင် တောင်ဗီယက်နမ်အစိုးရ၏ ဖိနှိပ်မှုကို တိုက်ပွဲ ၀င်ရင်း ဘုန်းကြီးအချို့ သေဆုံးခဲ့သလို ၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံ
တွင်ဖြစ်ပွားခဲ့ သည့် ရွှေဝါရောင်တော်လှန်ရေးတွင်လည်း သံဃာတော် များက ငြိမ်းချမ်းစွာတိုက်ပွဲဝင်ခဲ့ရာ ကမ္ဘာတ၀ှန်းက ဂရုဏာသက်မှုကို ရရှိခဲ့ လေသည်။ သို့ သော်လည်း ဘာသာတရားတိုင်း၌ အဖျက်တရားက ၀င်ရောက်နှောင့်ယှက်သည့်အခါ မူလပုံသဏ္ဍန်နှင့် ကင်းကွာကွဲပြားသွားရသည်။ ယခုမှု ဗုဒ္ဓဘာသာအပေါ် အမြင်က ပြောင်းလာလေပြီ။

အမုန်းတရား

မန္တလေးမစိုးရိမ်ကျောင်းသစ်က ပုလ္လင်ပေါ်မှာ တင်ပလ္လင်ခွေထိုင်နေရင်း ဦးဝီရသူက သူ၏ကမ္ဘာ့ရေးရာအမြင်တွေကို ပြောကြားနေပါသည်။
ဘေးကနံရံမှာ ဦးဝီရသူ၏ပုံတူပန်းချီကားကို ရေးဆွဲထားပါသည်။
အမေရိကန်သမ္မတအိုဘားမားသည် လူမည်းသွေးပါနေပြီး သူနာမည်နှင့် အာရပ်အကြမ်းဖက်သမားတယောက်နှင့်ခိုင်ခိုင်မာမာ ဆက်စပ်မနေလင့်ကစား အာရပ်များက ကုလသမဂ္ဂကို တရားမ၀င်သိမ်းပိုက်ထားသည်ဟု ဦးဝိရသူကထင်မြင်သည်။ ၉၀ ရာခိုင်နှုန်းသော မြန်မာပြည်က မွတ်ဆလင်များသည် လူမျိုးရေး ၀ါဒရှိသူများ၊ လူဆိုးများဟု ဦးဝီရသူကဆိုသည်။ ဦးဝိရသူက ၂၀၀၃ခုနှစ်က မွတ်ဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့်
ထောင်ဒဏ်ခုနှစ်နှစ်ကျခဲ့ဖူး၏။ ယခုအချိန်တွင် သူက ၉၆၉ ဟုခေါ် သည့် တခြားဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ ကွဲပြားစေသည့် ဂဏန်းသင်္ကေတလှုပ်ရှားမှုကို သူကဦးဆောင်နေသည်။

‘ကိုယ့် ဘာသာသာသနာနဲ့ လူမျိုးကို ကာကွယ်တာ ဒီမိုကရေစီထက် အရေးကြီးတယ်”ဟု ဦးဝီရသူကပြောကြားသည်။

သူ၏ပြောစကားများက ဗုဒ္ဓဘာသာဘာသာရေး အယူဝါဒများနှင့် ကွဲပြားခြားနေသော်လည်း သူ၏စကားများက မာန်ပါလှပြီး လူပြိန်းကြိုက်စကားများဖြစ်သည်။ မြန်မာအများစုရှိသော နိုင်ငံတွင် သာမက အရှေ့ တောင်အာရှနိုင်ငံများတွင် ဗုဒ္ဓဘာသာသည် မွတ်ဆလင်ဘာသာအောက်ရောက် နေပြီဟု အများစုက ခံစားနေကြသည်။ ဗုဒ္ဓဘာသာနိုင်ငံများဖြစ်ခဲ့သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်စသည့် နိုင်ငံများမှာ မွတ်ဆလင်များက အနိုင်ယူလွှမ်းမိုးသွားခဲ့ကြပြီး ယခုအခါ နယ်မြေသစ်ကို ရှာဖွေနေကြသည်။ သက်သေမပြနိုင်သော်လည်း ဒေသခံဗုဒ္ဓဘာသာလူမျိုးများက မွတ်ဆလင်လူဦးရေ သူတို့ထက်ပိုများလာမှာကြောက်ရွံလာသလို အရှေ့အလယ်ပိုင်းနိုင်ငံများကလည်း ဗလီတွေအတွက် ငွေများ လှူနေတာကိုလည်း စိတ်ပူလာကြသည်။

၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သားအစိုးရကို အာဏာလွဲပေးအပြီး ဒီမိုကရေစီစနစ်ကိုကူးပြောင်းရေး လုပ်ငန်းစဉ် သည် အစွန်းရောက်အယူအဆများကို ပိုမိုခွင့်ပြုလိုက်သလို ဖြစ်လာ ခဲ့သည်။ ပြီးခဲ့သည့်မတ်လက မြန်မာနိုင်ငံအလယ်ပိုင်းမိထ္ထီလာတွင် မွတ်ဆလင်အိမ်များ မီးလောင်ကျွမ်းခဲ့ပြီး မွတ်ဆလင်များကြောင့်
မြန်မာသံဃာတော်တပါးသေဆုံးခဲ့အပြီးမှာ မွတ်ဆလင်များကိုလည်း ဗုဒ္ဓဘာသာလူအုပ်ကြီးကစီးနင်းတိုက်ခိုက်ခဲ့သည်။ ယခုအချိန်ထိ မွတ်ဆလင်များထောင်နှင့်ချီပြီး ဒုက္ခသည်စခန်းများတွင်နေနေရဆဲ
ဖြစ်သည်။ မီးလောင်ထားသော ဗလီပျက်နားတခုတွင် သားသေဆုံးခဲ့သည့် မွတ်ဆလင်မိခင်တယောက်ကိုတွေ့ ခဲ့ရပါသည်။ သူ၏သားနှင့်အတူမွတ်ဆလင်ကျောင်းမှ ကျောင်းသား ၂၀ သေဆုံးခဲ့ ပါသည်။

‘ကျမသားလေးသေသွားတယ်။ ဘာလို့ လဲဆိုတော့ မွတ်ဆလင်မို့ပါ။ ဘာအကြောင်းမှမဟုတ်ပါဘူး။’

မြန်မာနိုင်ငံနှင့်အိမ်နီးနားချင်း ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဗုဒ္ဓဘာသာ များက သူတို့ ၏ကိုးကွယ်ယုံကြည်မှုကြောင့် ပစ်မှတ်ထား တိုက်ခိုက် ခံရသည်ဟု ဆိုပါသည်။

အဆိုပါထိုင်းတောင်ပိုင်းဒေသသည် ထိုင်းနိုင်ငံပြည်နယ်တခု မဖြစ်ခင် က မလေးရှားနိုင်ငံဆုလတန်ဒေသဖြစ်ခဲ့ပြီး လူဦးရေ ၈၀ ရာခိုင်နှုန်းက မွတ်ဆလင်ဘာသာဝင်များဖြစ်ပါသည်။ ခွဲထွက်ရေးသူပုန်များ ၂၀၀၄ ခုနှစ်မှာ ပေါပေါ်က်လာပြီးနောက် ဆရာများ၊ အစိုးရ၀န်ထမ်းများအဖြစ် ထိုင်းပြည်နယ်အုပ်ချုပ်ရေးနှင့်ဆက်စပ်နေသော ဗုဒ္ဓဘာသာဝင်များကို ပစ်မှတ်ထားတိုက်ခိုက်လာခဲ့သည်။ ရဟန်းတော်များ အတိုက်ခိုက်ခံခဲ့ ရသည်။ ထို့ ကြောင့်ထိုင်းစစ်တပ်က လုံခြုံရေးတပ်များကို ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများကို စေလွှတ်စောင့်ရှောက်ခဲ့သည်။ ထိုအခါ မွတ်ဆလင်ဘာသာဝင်တို့ အတွက် စိုးရိမ်စရာဖြစ်လာပြန်သည်။ ထိုဒေသရှိ Phratong Jiratamo အမည်ရှိဘုန်းကြီးတပါးက ‘မွတ်ဆလင်ဘာသာက အကြမ်းဖက်ဘာသာဘဲ။ ဒါကိုလူတိုင်းသိတယ်’ ဟုဆိုသည်။

မြန်မာဘင်လာဒင်ဦးဝိရသူက အဆိုပါအယူအဆကို အခိုင်အမာ ကိုင်စွဲထားသူဖြစ်ပါသည်။
ဗုဒ္ဓဘာသာအများစုရှိသောမြန်မာပြည်မှာ ယခုကဲ့သို့  မွတ်ဆလင် ဆန့်ကျင်ရေး ၀ါဒများပျံနှံနေသည့်အပေါ်ငြိမ်းချမ်းသွားအောင် ကိုးကွယ်ယုံကြည်မှုနှင့်ဘယ်လိုပြန်လည်ညှိနှိုင်းမလဲဆိုသည့် မေးခွန်းကို ဦးဝိရသူက ယခုလိုပြောကြားပါသည်။

‘ဗုဒ္ဓဘာသာမှာတော့ သူများကိုရန်စဖို့ ခွင့်ပြုမထားဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ အသိုင်းအ၀ိုင်းကိုကာကွယ်ခုခံပိုင်ခွင့် ကျုပ်တို့ မှာရှိတယ်’

ထို့ နောက်မှာ ဦးဝီရသူက ညနေပိုင်းဘုန်းကြီးကျောင်းမှာ စုဝေးရောက်
ရှိနေသော လူစုကြီးကို ယခုကဲ့သို့ မိန့်ကြားတော်မူပါသည်။

‘ မြန်မာလူမျိုးအတွက် ကိုယ့်ကိုယ်ကိုယ်စတေးမယ်။ ဘုရားကတော့ ကြိုက်ချင်မှကြိုက်လိမ့်မယ်။’

အိမ်ရှင်မများ၊ ကျောင်းသားများ၊ အဘိုးအဘွားအရွယ်များ အပါအ၀င် တရားနာပရိဿတ်ကြီးကလည်း သူတိုင်ပေးသည့်အတိုင်း
အနောက်မှ တညီတညာလိုက်ဆိုကြပါသည်။

Time မဂ္ဂဇင်း၏ မျက်နှာဖုံးဆောင်းပါး The Fa

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။