အလွမ်းတွေ ဖရိုဖရဲနဲ့
စိတ်ကူးတွေ မရိတ်သိမ်းရသေးတဲ့ လမ်းမပေါ်
အမှတ်တမဲ့ ခြေချမိတိုင်း
သတိရခြင်းတွေက မိုးရနံ့ပါးပါးနဲ့
ငါ့ဆီ အလည်လာတယ် . . .
အတိတ်တွေ ရေးခြစ်ထားတဲ့
လေပြည်တွေနဲ့
မငိုပါနဲ့ မုတ်သုန်ရယ် . .. .
ကစဉ့်ကလျား ကန့်လန့်ကာနောက်က
အလဲအကွဲ မိုးစက်တွေ
လေပြည်တွေ ပွေ့ဖက်လိုက်တိုင်း
ရင်ခွင်ဆီ အလုအယက်နားခို
အလွမ်းတွေနဲ့ ရွှဲစိုလို့
တမ်းတခြင်းက ရင်ကိုလာဆွတယ်
ခပ်ရိုင်းရိုင်း နိမိတ်ပုံနဲ့
ကြေကွဲခြင်းက သစ်တစ်ပင်လို
နင်ကျင်မှုတွေ တဖြုတ်ဖြုတ်ခြွေချ
မလွမ်းလောက်ဘူး ဆိုတာတွေက
အမှန်တကယ်
မလွမ်းစစ်စစ်တွေ ဖြစ်လာကြတဲ့အခါ
အထီးကျန်ခြင်းနဲ့တော့ ရင်းနှီးဖူးပါရဲ့
ဒါပေမဲ့ . .. . ဇာတ်သိမ်းခန်းကို ငါကြောက်တယ် . .. .။ ။
ခန့်ညားနိုင်
http://yatimagazine.com/archives/8449
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။