တင်အောင် မျိုးဇော်Htoo Eain Thin fan club
လာမဲ.ဇူလှိုင် ၁ ရက်နေ.မှာ ရွှေရတု မွေးနေ. ကျရောက်တဲ. ဂီတငှက်ရဲ. ဘ၀ ကောက်ကြောင်း....
ထူးအိမ်သင်
(၁.၇.၁၉၆၃ - ၁၄.၈.၂၀၀၄)
အဘ ဗမာ လူမျိုး ဦးထွန်းမြင့် အမိ မွန်လူမျိုး ဒေါ်မြရင် တို.မှ သားကြီး သြရသ အဖြစ် ပုသိမ်မြို့တွင် မွေးဖွားခဲ.ပြီး ငယ် နာမည် သန်းထွန်းစိုး ဖြစ်ကာ ကျောင်းအမည်မှာ ကျော်မြင့်လွင်ဖြစ်သည်။ ရင်းနှီးသူ များ က ကိုဘဲဥ၊ ကိုသျှပ်၊ကိုငှက်၊ ကိုလေး ဟု ချစ်စနိုး ခေါ်ကြသည်။
မူလတန်းပညာကို အ.မ.က(၂၀)၊ အထက်တန်းပညာကို အ.ထ.က(၃)တွင် သင်ကြားခဲ့ပြီး ၁၉၇၉ - ၈၀ တွင် ဧရာဝတီတိုင်း၊ ဒေသကောလိပ်၊ ပုသိမ်သို့ တက်ရောက်ခဲ့သည်။ ဂီတာ စတီးတတ်ခါစ စတင် တီးခတ်ခဲ.သော သီချင်းမှာ စိုင်းထီးဆိုင် ၏ နွေဥသြ သီချင်း ဖြစ်သည်။ ၁၉၇၇ ခုနှစ် ပုသိမ်အနောက်မြို.နယ် လူငယ် ဘင်ခရာတီ...းဝိုင်းတွင် ပါဝင်ခဲ.ပြီး ဂီတသင်္ကေတများ ကို ကိုစန်းတင်. ထံမှ ဆည်းပူးခဲ.သည်။ ပုသိမ်မြို. အပျော်တမ်း ဂီတ ပညာရှင် ဦးကျောက်စိမ်း၊ ၁၉၈၀ တွင် ပုသိမ်မြို. အကောင်းဆုံး ဂီတ၀ိုင်း ဖြစ်သော ငုဝါ တီးဝိုင်း ဂီတာဆရာ ဦးတင်ယု ထံမှ သင်ယူခဲ.ပြီး ကိုင်ဇာ ရဲ. အကောင်းဆုံးက ဂီတာတီးနေမယ် သီချင်း ကို စင်ပေါ်မှာ ပထမဦးဆုံး သီဆိုခဲ.သည်။ ၁၉၈၁ တွင် မော်လမြိုင်သို့ မိသားစုဖြင့် ပြောင်းရွှေ့ ပြီး မော်လမြိုင်တက္ကသိုလ်မှ ရုက္ခဗေဒအဓီက ဖြင့် ကျောင်းပြီးခဲ.သည်။ မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး(KC Francis) ထံမှ ဂီတသင်္ကေတနှင့် ဂီတပညာသင်ယူခဲ.သည်။ ပထမဆုံး ရေးသားခဲ.တဲ. ကော်ပီသံစဉ် သီချင်း မှာ ကန္တာရ နှလုံးသား ဖြစ်ပြီး ၁၉၇၉ ခုနှစ်မှာရေးသားခဲ.သည်။ ပထမဦးဆုံးရေးသားခဲ.တဲ. ကိုယ်ပိုင်သံစဉ် သီချင်း မှာ ၁၉၈၂ ခုနှစ်က ရေးသားခဲ.တဲ. ဝေးသွားတဲ.အခါ သီချင်းဖြစ်သည်။ သျှပ်မှူးကျော် အမည်ဖြင့်လည်း ကဗျာ များရေးသားခဲ့သည်။
၁၉၈၆ တွင် ပထမဆုံး တေးစီးရီး နာရီပေါ်မှ မျက်ရည်စက်များ ကို စတင်သွင်းယူ ခဲ.သည်။
၁၄.၈.၂၀၀၄၊ နံနက်(၁၁း ၄၀)တွင် ကွယ်လွန်၍ ဇနီးဒေါ်သွယ်သွယ်အေးနှင့် သမီး မိကွန်ထောတို့ ကျန်ရစ်ခဲ.သည်။
နာရီပေါ်မှ မျက်ရည်စက်များ
မှော်ဆရာအိပ်မက်
သက်ငြိမ်
အတ္တပုံဆောင်ခဲများ
အကြင်နာအိပ်မက်
အရင်အတိုင်း
စကားလုံးမရှိတဲ့ကောင်းကင်
ထူးအိမ်သင်(Unplugged Live)
မြို့ပြလရောင်တမ်းခြင်း
ဝင်ရိုးစွန်းမီး
အမေ(သို့)မေတ္တာတော်ဘွဲ့
အစိမ်းရောင် ရက်စွဲများ
အမှတ်တရဒဏ်ရာ
တစ်နေ့စာအလွဲများ
ချစ်ခြင်းအားဖြင့်
................စသည့် တစ်ကိုယ်တော် တေးစီးရီးများ သီဆိုခဲ့သည့်အပြင် အခြားအနုပညာရှင်များဖြင့် တွဲဖက်သီဆိုထားသော တေးစီးရီးများလည်းရှိခဲ့သည်။

(မှီငြမ်း-ထူးအိမ်သင် ဖေ.စ်ဘွတ်၊ ထူးအိမ်သင် သို.ချစ်ခြင်းများဖြင်. ရုပ်သံအစီအစဉ်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။