ချီကိုမန်ဒဲစ် - Chico Mendes
ချီကိုမန်ဒဲစ်ဟာဘရာဇီးနိုင်ငံရဲ့အမြဲစိမ်းတောဒေသမှာကြီးပြင်းလာသူတယောက်ဖြစ်ပါတယ်။ သူဟာသစ်တောပြုန်းတီးအောင်လုပ်ဆောင်ခဲ့တဲ့သစ်ကုမ္မဏီတွေ၊နွားမွေးမြူရေးလုပ်ဆောင်သူတွေနဲ့အခြားပိုက်ဆံငွေကြေးကြီးပွါးအောင်လုပ်ချင်သူတွေကိုပြန်လည်ရင်ဆိုင်ခုခံပြီးသစ်တောပြုန်းတီးမှူကိုကာကွယ်ခဲ့သူဖြစ်ပါတယ်။
သူ့အမည်ရင်းက Francisco Alves Mendes Filho ဖြစ်ပြီးလူတိုင်းကချီကို (Chico Mendes) လိုသိကြပါတယ...်။ သူဟာ၁၅ရက်ဒီဇင်ဘာ၁၉၄၄မှာမွေးဖွားခဲ့ပါတယ်။
သူ့မိဘတွေဟာဇာပူရီလို့ခေါ်တဲ့မြို့လေးနဲ့နီးတဲ့နေရာဖြစ်တဲ့ဘရာဇီးကအမေဇုံရဲ့အနောက်တောင်ထောင့်နေရာမှာနေပါတယ်။သူ့မိသားစုဟာအင်မတန်မှဆင်းရဲပါတယ်။သူတို့မိသားစုဟာဘရာဇီးနိုင်ငံရဲ့အရှေ့မြောက်ဒေသကနေနောက်ပိုင်းမှာအမြဲစိမ်းတောဒေသဖက်ကိုအသက်မွေးဝမ်းကြောင်းပြုဖို့ပြောင်းရွှေ့ခဲ့ပါတယ်။
ချီကိုဟာရာဘာစိုက်ခင်းတွေမှာအသက်ကိုးငှစ်အချိန်ကစပြီးလုပ်ငန်းခွင်ဝင်ရောက်ခဲ့ပါတယ်။
အမြဲစိမ်းတောတောင်ဒေသမှာစာသင်ကျောင်းမရှိလို့စာမသင်ရပေမဲ့ချီကိုဟာသူ့ကိုစာတတ်အောင်ထွက်ပြေးလွတ်မြောက်နေတဲ့ထောင်ထွက်တဦးကစာဖတ်တတ်အောင်သင်ပေးခဲ့ရုံမကနိုင်ငံရေးကိုပါနားလည်အောင်သင်ကြားပေးခဲ့ခြင်းကိုခံခဲ့ပါတယ်။
နှစ်ပေါင်းများစွာအမေဇုန်တောဟာလယ်သမားတွေ၊နွားမွေးမြူရေးလုပ်ငန်းလုပ်သူတွေကသစ်တောပြုန်းတီးအောင်ဖျက်ဆီးခဲ့ကြပါတယ်။သစ်ပင်တွေဟာသစ်ကုမ္မဏီတွေအတွက်ခုတ်ခံရသလိုလမ်းဖောက်ဖို့၊အိမ်ဆောက်ဖို့အတွက်ပါမြောက်မြားစွာခုတ်ပစ်ခြင်းခံရပါတယ်။ချီကိုမန်ဒဲစ်ဟာအခြားသောဒေသခံလူတွေနဲ့အတူပူးပေါင်းပြီးဇန်ပူရီကျေးလက်ဒေသအလုပ်သမားသမ္မဂ္ဂကိုဖွဲ့စည်းခဲ့ပါတယ်။
သူတို့အဖွဲ့ဟာနွားမွေးမြူရေးလုပ်ကိုင်နေတဲ့သူတွေ၊သူတို့ရဲ့မွေးမြူရေးအတွက်မြေနေရာချဲ့ထွင်ရာမှာသိတောတွေကိုခုတ်ထွင်ရှင်းလင်းနေတာတွေကိုဆန္ဒပြခဲ့ပါတယ်။အဲဒီလိုလုပ်ဖို့ကြိုးစားတာတွေကိုလဲတားမြစ်နေရာအနေနဲ့လုပ်လို့မရအောင်ဝိုင်းဝင်းတားစီးခဲ့ပါတယ်။
ချီကိုဟာသစ်ခုတ်တာတွေနဲ့သစ်တောရှင်းတဲ့ဒေသတွေကိုတားမြစ်ကန့်သတ်တဲ့နယ်မြေတွေပြုလုပ်ဖို့အကြံပြုခဲ့ပါတယ်။သူကတားမြစ်တဲ့နေရာဒေသမှာသိခုတ်တာတွေကိုတားဆီးရာမှာသစ်သီးများခူးခွင့်၊သစ်တွေကနေတန်ဖိုးရှိတဲ့ထွက်ကုန်အတွက်သာအသုံးပြုဖို့သင့်တယ်လို့အကြံပြုခဲ့ပါတယ်။သူယုံကြည်တာကဒီလိုဖြစ်လာရင်အဲဒီအမြဲစိမ်းတောနားမှာနေတဲ့ဒေသကလူတွေဟာအကျိုးရှိရှိသာဆောင်ရွက်နိုင်ရင်ဒီသစ်တောကြီးဟာသူတို့ပြန်လုပ်ကြွေးသွားနိုင်မယ်လို့ယူဆခဲ့ပါတယ်။
၁၉၈၅ခုနှစ်မှာချီကိုဟာတခြားရာဘာပင်တွေဆီကအဆီထုတ်တဲ့လုပ်ငန်းကိုလုပ်ဆောင်သူတွေနဲ့အတူအမျိုးသားရာဘာပင်အဆီထုတ်လုပ်ငန်းလုပ်ဆောင်သူများကောင်စီကိုဖွဲ့စည်းခဲ့ပါတယ်။
ဒီကောင်စီဟာအမြဲစိမ်းတောကိုကာကွယ်ရမယ်ဆိုတာကိုလက်ခံပြီးတခြားလုပ်ဆောင်သင့်တဲ့အကျိုးဖြစ်ထွန်းစေမဲ့ထုတ်ကုန်တွေအတွက်အသုံးပြုတာကိုလက်သင့်ခံခဲ့ပါတယ်။ခြံစည်းရိုးကာခြင်းအတွက်သာသော်လည်းကောင်း၊မွေးမြူရေးလုပ်ငန်းအတွက်မြေချဲ့ထွင်ခြင်းကိုလည်းကောင်းပြုလုပ်ခြင်းသက်သက်ထက်စာရင်ချီကိုအကြံပေးသလိုလုပ်တာဟာပိုမိုသင့်မြတ်တယ်လိုလက်ခံခဲ့ကြပါတယ်။
ချီကိုဟာအမေရိကားကိုခရီးထွက်ပြီးသူ့ရဲ့အကြံညာဏ်ကိုရှင်းလင်းချပြဖို့အတွက်နိုင်ငံတကာအဖွဲ့အစည်းတော်တော်များများနဲ့တွေ့စုံခဲ့ပါတယ်။ဒါပေမဲ့တော်တော်များများအဖွဲ့တွေဟာသစ်ပင်ခုတ်တဲ့သစ်ကုမ္မဏီတွေနဲ့ပါဝင်ပတ်သက်နေကြပါတယ်။
ဒီလိုသွားရောက်တွေ့စုံခဲ့တဲ့အတွက်သူရဲ့နာမည်ဟာကမ္ဘာကအာရံစိုက်စေဖို့ဖြစ်လာခဲ့ပါတယ်။ပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့တွေဟာဒီအမြဲစိမ်းသစ်တောတွေပျက်သုန်းမှူကိုပိုမိုပြီးအာရုံစိုက်အလေးထားလာပါတယ်။ဒီလိုသစ်တောသစ်ပင် တွေကိုခုတ်တာဟာသစ်ပင်မြောက်မြားစွာပျက်သုန်းပြီးအမြဲစိမ်းသစ်တောနားမှာမှီတင်းနေထိုင်သူတွေရဲ့လူနေမှူဘဝတွေကိုပါပျက်စီးစေခဲ့ပါတယ်။
ချိကိုရဲ့အတွေးအခေါ်ဟာနွားမွေးမြူရေးလုပ်ဆောင်နေတဲ့သူတွေကိုအကြီးအကျယ်ဒေါသထွက်စေခဲ့ပါသည်။
သူဟာဒီလိုသစ်တောပြုန်းတီးမှူအကြောင်းတခါပြောရင်တခါဆိုသလိုသူ့အသက်အန္တာရယ်ရှိကြောင်းကိုသိပေမဲ့သူ့အသံကြားစေဖို့အတွက်စက်လက်လုပ်ဆောင်ဖို့ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။
ခရစ်စမတ်အတိုင်ခင်၁၉၈၈ခုနှစ်မှာချီကိုဟာဘရာဇီးနိုင်ငံသူ့နေအိမ်ရဲ့အပြင်ဖက်မှာလုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။
ချီကိုမသေခင်လေးမှာပဲဘရာဇီးနိုင်ငံအစိုးရဟာသူ့ရဲ့အတွေးအခေါ်ယူဆချက်တွေကိုလက်ခံပြီးပထမဆုံးအကြိမ်သစ်တောကြိုးဝိုင်းဥပဒေကိုပြငှန်းခဲ့ပါတယ်။သစ်ခုတ်တာကိုတားမြစ်တဲ့ဧရိယာတွေကိုချမှတ်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာ၁၉၈၈ခုနှစ်ကထဲကနေသဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့တွေဟာငွေကြေးတွေစုပြီးဒီလိုတားမြစ်နယ်မြေတွေထားဖို့အတွက်ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
ဥမ္မာဦး
Photo: google
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။