Kyaw Zay Yar
(လောကမှာ သင်ယူသင့်တဲ့ အရာများ)
၁။ အခက်အခဲကို ရင်ဆိုင်နိုင်အောင် သင်ယူပါ...ဒါဟာ ဘ၀ရဲ့ အရည်အချင်းတစ်ခုဖြစ်တယ်...
၂။ စိတ်ရှည်ခြင်းကို သင်ယူပါ.. တစ်ခါတစ်လေ လောကမှာ အချိန်အခါတစ်ခုကို စောင့်ဖို့ လိုပါတယ်...
၃။ စမ်းသပ်လုပ်ဆောင်နိုင်စွမ်း ကို သင်ယူပါ...မလုပ်ဖူးသေးတဲ့ အရာနဲ့ ကြုံတဲ့အခါ... စမ်းသပ်ကြည့်ခြင်းက လူကို အသိဥာဏ်တိုးစေတယ်..အခွင့်အရေးဆိုတာ စမ်းသပ်လုပ်ဆောင်ကြည့်မှ ပေါ်တတ်တာမျိုးဖြစ်နေလို့ ပါ....
၎။ ကျေးဇူးသိတတ်ခြင်းကို သင်ယူပါ... ကျေးဇူးသိတတ်တဲ့သူဟာ နာမည်ကောင်းရဖို့ လွယ်ကူပါတယ်...
၅။ သည်းခံနိုင်ဖို့ သင်ယူပါ...သည်းခံခြင်းက ပျော်ရွှင်ခြင်းကို သယ်ဆောင်လာတယ်...
၆။ လူတွေနဲ့ ပြောဆိုဆက်ဆံတတ်ဖို့ သင်ယူပါ..အမြင်သစ်တွေကို ရရှိစေနိုင်လို့ ပါ....ဒါဟာ အခက်အခဲတွေ ဖြေရှင်းတဲ့နေရာမှာ လက်နက်တစ်ခုဖြစ်တယ်...
၇။ ငြင်းဆန်တတ်ဖို့ သင်ယူပါ...တစ်ခါတစ်လေမှာ ကိုယ်မလုပ်နိုင်ပဲ ပေးမိတဲ့ ကတိတစ်ခုကြောင့် အခက်တွေ့ နိုင်ပါတယ်...
၈။ ပူးပေါင်းဆောင်ရွက်တတ်ဖို့ သင်ယူပါ...ဒါဟာ သင့်ရဲ့ စီမံခန့် ခွဲနိုင်စွမ်းကို တိုးတက်စေလို့ပါပဲ...
ဇေယျာ 28/Jun/2013 Friday 09:11 pm

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။