Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, June 30, 2013

နိုင်ငံခြားက ပြန်ရောက်လာသူတစ်ယောက်ရဲ့ ပုံရိပ်တစ်ခုပါ...

 
အစိမ်းရောင် လွင်ပြင်
နိုင်ငံခြားက ပြန်ရောက်လာသူတစ်ယောက်ရဲ့ ပုံရိပ်တစ်ခုပါ...
ဒီပုံလေး မြင်လိုက်ရတော့ ရင်ထဲမှာ ဖော်မပြနိုင်လောက်အောင် ခံစားရပါတယ်။ အများအားဖြင့်တော့ နိုင်ငံခြားက ပြန...်လာသူ ဆိုရင် လှလှပပ ကြော့ကြော့ မော့မော့ တွေကိုချည်း မြင်ဖူးကြတာ များပါလိမ့်မယ်။ သို့ပေမဲ့ နိုင်ငံရပ်ခြားမှာ ရရာ အလုပ်ကလေး လုပ်ပြီး မိမိရဲ့ မိသားစုကို ရှာဖွေ ကျွေးမွေးနေရတဲ့ သူတွေအများကြီး ရှိနေပါတယ်။ ဒီကြားထဲ ဒုက္ခတွေ အန္တရာယ်တွေ အမျိုးမျိုးနဲ့ ကြုံရသူတွေလည်း မနည်းပါဘူး။ ခုလို နည်းနဲ့တောင် အိမ်ပြန်မရောက်နိုင်ကြသူတွေ ဒုနဲ့ဒေးပါ။ ဒီလို ဆင်းရဲဒုက္ခ ခံနေရတဲ့ နိုင်ငံသားတွေ တရုတ်၊ ထိုင်း၊ မလေး စတဲ့ နိုင်ငံတွေမှာ အများကြီးပါ။ ကိုယ့်တိုင်းပြည်က အောက်ကျနောက်ကျ၊ ဆင်းရဲ မွဲတေ၊ အလုပ်အကိုင်နဲ့ ထိုက်တန်တဲ့ ဝင်ငွေ ရှာဖွေဖို့ ခက်လေတော့ မိသားစုကို ခွဲခွာလို့ တိုင်းတစ်ပါးကို ထွက်ခွာကြရသူ တွေမှာလည်း ရင်ထဲ ဘယ်ချိပါ့မလဲနော်။ မြန်မာပြည်ကြီး ဒီမိုကရေစီ ရပြီ၊ ပိတ်ဆို့တာတွေ ဖွင့်ပေးလိုက်ပြီ ဆိုတဲ့ သတင်းတွေ ကြားကြရတဲ့အခါ တိုင်းတစ်ပါးမှာ အလုပ် လုပ်နေကြတဲ့ သူတွေအားလုံး ကိုယ်ကာယကို အသုံးပြုပြီး ပင်ပင်ပန်းပန်း အလုပ် လုပ်နေကြရသူတွေ တင်မက လစာကောင်းကောင်းရပြီး အသိပညာ၊ အတတ် ပညာနဲ့ အလုပ်လုပ်နေကြသူတွေပါ “ငါတို့တိုင်းပြည်ကြီးတော့ တိုးတက်လာတော့မယ်၊ ပွင့်လင်း လာတော့မယ်၊ ငါတို့တော့ ကိုယ့်တိုင်းပြည်မှာ ပြန်ပြီး အလုပ် လုပ်ကြရတော့မဟဲ့ ” လို့ ဝမ်းသာအားရ ကြွေးကြော် ခဲ့ကြတာ နားနဲ့ဆတ်ဆတ် ကြားခဲ့ဖူးပါတယ်။ တိုင်းပြည်သာ တကယ်ကို တိုးတက်လာရင် ပြည်ပကို ရောက်နေတဲ့ သန်းနဲ့ ချီသော နိုင်ငံသားတွေရဲ့ အင်အားတွေ ပြန် ဝင်ရောက် လာကြမှာ အသေအချာပါ။ “တိုင်းပြည်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်လာ၊ အဲဒီမှာ ကိုယ့်နိုင်ငံသားတွေက အလုပ်ပြန်ဝင်” တွေးကြည့်လိုက်ရင် ဘယ်လောက်များ စိတ်ချမ်းသာဖို့ ကောင်းမလဲနော်။ သို့ပေမဲ့ တိုင်းပြည်တိုးတက်ဖို့ လမ်းကြောင်းတွေ ပိတ်ဆို့ ကာဆီး ထားရင်တော့ အဲဒီ စိတ်ကူးတွေက ဘယ်မှာလာ လက်တွေ့ ဖြစ်နိုင်ပါတော့မလဲ။ တိုင်းပြည်ရဲ့ အစိုးရကလည်း တိုင်းပြည် တိုးတက်ရေး လမ်းကြောင်း တွေကို မှန်မှန်ကန်ကန် ဖော်ဆောင်၊ ကျွန်မတို့ ပြည်သူတွေ တစ်ဦးချင်း ကလည်း တိုင်းပြည် တိုးတက်ရေး လမ်းကြောင်းမှာ ပိတ်ဆို့ ကာဆီးထားသူတွေ မဖြစ်စေရဘဲ အသိစိတ် ကိုယ်စီနဲ့သာ တတ်နိုင်သမျှ အားလေးနဲ့ ဝိုင်းကူကြမယ် ဆိုရင် စိတ်ကူးယဉ်တဲ့ အတိုင်း မဖြစ်လာနိုင်စရာ ဘာများ ရှိမလဲနော်။ မိမိကိုယ်ကို သေချာ ပြန်မေးကြည့်ရအောင် ။ ကျွန်မတို့တွေဟာ ဆင်းရဲမွဲတေပြီး ကမ္ဘာ့ နိုင်ငံအလယ်မှာ မျက်နှာငယ် အောက်ကျခဲ့ရတဲ့ အချိန်တွေမျိုး ပြန်မရောက်ချင် ကြဘူး မဟုတ်လား။
နှစ်ပေါင်းများစွာ ဆင်းရဲ အောက်ကျခဲ့တဲ့ နိုင်ငံလေးကို ကမ္ဘာ့အလယ်မှာ ခေါင်းမော့ခွင့်၊ ဂုဏ်ယူဝံ့ကြွားခွင့်၊ တိုးတက်ခွင့်လေး ပေးကြပါဦးစို့လားရှင်။
Photo credit : သက်တံ့ရောင် ပုံရိပ်များ, Nay Htet Wai

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။